” ထပ်တူမကျမှူ ”ဆိုတဲ့
စကားတစ်ခွန်းမှာ
အချစ် ဆိုတဲ့စကားနဲ့ 
တစ်ခါသတ်တိုင်း
ဒီရင်ခွင်မှာ
အခါခါ သေခဲ့ရတယ်..
ဖြစ်ချင်တာထက်
ဖြစ်သင့်တာတွေက များလွန်းတော့
တခါတလေ
အိမ်မက်နက်နက်တွေထဲ
ငါ့ကိုယ်ငါတောင် ပြန်ရှာမတွေ့ ခဲ့ဘူး...
ဘ၀ဆိုတာ
ခပ်လောလော စီးဆင်းနေတဲ့ မြစ်တွေလို
နောက်ဆုတ်မရတဲ့ သေချာခြင်းတွေပဲလား
ဒီလိုဆို
ခပ်ကျဲကျဲ ပစ္စုပန်တွေအစား
(မလှပရင်နေပါစေ)
သိမ်မွေ့ တဲ့ အနာဂတ်တစ်ခုကိုပဲ
ငါတည်ဆောက်ချင်မိတယ်..........
(စိတ်ကူးတည့်ရာ လျှောက်ခြစ်ထားတာလေးပါ ... ကဗျာမဖြစ်သေးတဲ့ ကဗျာလိုလို ဟိုမရောက်
ဒီမရောက်လေးကို လာဖတ်ပေးကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးပါ )
ဒီမရောက်လေးကို လာဖတ်ပေးကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးပါ )
ချစ်ခင်လေးစားစွာဖြင့်
ယွန်း
14 comments:
ပင့်သက်ရှိုက်ပြီးဖတ်သွားရတယ်ယွန်းရေ..။
လှပတဲ့စိတ်ကူးအိပ်မက်တွေနဲ့ပြည့်နေမဲ့အနာဂတ်ကို
တည်ဆောက်နိုင်ပါစေနော်..။
ခင်မင်စွာ
သဒ္ဓါ
မင်းနုတ်ဖျားက
အချစ် ဆိုတဲ့စကားနဲ့ 
တစ်ခါသတ်တိုင်း
ဒီရင်ခွင်မှာ
အခါခါ သေခဲ့ရတယ်..
...
ကဗျာဖြစ်ရုံတင်မကဘူး ယွန်းရေ.. တော်ဝင်တဲ့ ကဗျာတန်းထဲဝင်နေပြီ။ ဖတ်ရတာ အရသာရှိလိုက်တာ။
မယွန်းရေ..
စကားလုံးတိုင်းကို ကြိုက်တယ်ဗျာ..
ဖြစ်ချင်တာထက်
ဖြစ်သင့်တာတွေက များလွန်းတော့
တခါတလေ
အိမ်မက်နက်နက်တွေထဲ
ငါ့ကိုယ်ငါတောင် ပြန်ရှာမတွေ့ ခဲ့ဘူး...
ဒီအပိုဒ်လေးကတော့ ကျွန်တော်တို့အားလုံးနဲ့ အရမ်းကို ပတ်သက်နေတယ်... တခါတခါ ကိုယ့်ကိုယ်ကို ဘယ်နေရာရောက်နေမှန်းတောင် မသိတော့ဘူး...
ခင်မင်တဲ့
နေ၀သန်
” ထပ်တူမကျမှူ ”ဆိုတဲ့
စကားတစ်ခွန်းမှာ
မျှော်လင့်ချက်တွေ အသက်မဲ့ခဲ့ရတယ်..အဲဒီစာသားတွေကိုနှစ်သက် မိတယ်ဗျာ ကောင်းလိုက်တဲ့ကဗျာလေး။
ခင်တဲ့(ချိုကျ)
ကျနော်လည်း ကျနော့်ကိုယ်ကျနော် တစ်ခါတလေ အိပ်မက်နက်နက်တွေထဲ ပြန်ရှာရတာ အမောပါပဲ ။
ကဗျာဖြစ်ပါတယ်ဗျ။
ကဗျာလေး ကို လာရောက် ခံစားသွားပါတယ် ယွန်းရေ
ခင်မင်တဲ့
ရွှေစင်ဦး
ဘ၀ဆိုတာ
ခပ်လောလော စီးဆင်းနေတဲ့ မြစ်တွေလို
နောက်ဆုတ်မရတဲ့ သေချာခြင်းတွေပဲလား
ဒီလိုဆို
ခပ်ကျဲကျဲ ပစ္စုပန်တွေအစား
(မလှပရင်နေပါစေ)
သိမ်မွေ့ တဲ့ အနာဂတ်တစ်ခုကိုပဲ
ငါတည်ဆောက်ချင်မိတယ်..........
ထပ်တူထပ်မျှပါပဲ ကျွန်တော် ဖြစ်ချင်တာကို မယွန်းရေးချပေးလိုက်သလိုပါပဲ
ခင်မင်စွာဖြင့်
ဗညား
အခုဟာ ဒုတိယအကြိမ်ပြန်မန့်ရတာ။ ပထမမန့်တာ ဘယ်ရောက်သွားလဲမသိဘူး
ကဗျာတွေက ကာရံလဲလိုက် အဓိပ္ပါယ်လဲ ရှိပါတယ်။
အားပေးလျှက်ပါ။
ယွန်းရေ..
ကဗျာလေး ဖြစ်နေပါပီကွာ..
တို့ကတော့ ကဗျာဆိုရင် မစပ်ကို မစပ်တတ်လို့ စပ်တတ်တဲ့သူတွေကို တအား အားကျတာသိလား
ယွန်းကိုလည်း အားကျတယ်း))
ဒါနဲ့ ယွန်းကို လင့်ခ်ပြီးသားမှတ်နေတာ မလင့်ခ်ရသေးဘူးဖြစ်နေတယ်...။ တခါတည်း လင့်ခ်သယ်သွားတယ်နော်
(......ဖြစ်ချင်တာထက်
ဖြစ်သင့်တာတွေက များလွန်းတော့
တခါတလေ
အိမ်မက်နက်နက်တွေထဲ
ငါ့ကိုယ်ငါတောင် ပြန်ရှာမတွေ့ ခဲ့ဘူး...)
ယွန်းရေ....အဲဒါလေးက တော်တော်ထိသွားတယ်။ ယွန်း....ပျောက်နေတယ်နော်။ ပြောစရာရှိတယ်....အရေးတော့ မကြီးပါဘူး။ သိမှာပါ ဘာအကြောင်းလဲဆိုတာ။ :P
ရေးထားတာလေးကချစ်စရာကောင်းတဲ့
ကဗျာတပုဒ်ပါဘဲ
ခပ်ကျဲကျဲ ပစ္စုပန်တွေအစား
(မလှပရင်နေပါစေ)
သိမ်မွေ့ တဲ့ အနာဂတ်တစ်ခုကိုပဲ
ငါတည်ဆောက်ချင်မိတယ်..........
ကျမရောဘဲယွန်းရယ်...
သိမ်မွေ့တဲ့အနာဂတ်တခုကိုလိုချင်မိတယ်..
ထပ်တူမကျပေမဲ့ နားလည်မှုတွေ ရှိနေရင် သိမ်မွေ့တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်နိုင်ပါတယ်..
တစ်နေ့နေ့ ဆန္ဒတွေပြည့်လာမှာပါ..
ပြည့်လာပါစေလို့ ဆုတောင်းပေးသွားတယ်နော်
မယွန်းရေ..
ပင့်သက်ရှိုက်သံသဲ့သဲ့လေး..နားထောင်သွားတယ်။
“ဖြစ်ချင်တာထက်
ဖြစ်သင့်တာတွေက များလွန်းတော့
တခါတလေ
အိမ်မက်နက်နက်တွေထဲ
ငါ့ကိုယ်ငါတောင် ပြန်ရှာမတွေ့ ခဲ့ဘူး.”
ဒီအပိုဒ်လေးဆိုထိထိမိမိလေးနဲ့ခံစားချက်လေးပီပြင်လွန်းတယ်။ကြိုက်တယ်။
ကဗျာမည်ပါတယ်။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
Post a Comment