Aug 11, 2010

ကဗျာဆရာနှင့် ကဗျာည

ကဗျာဆရာတေစ်ယောက်ဟာ ဖြစ်လိုက်ရင် ဒီလိုချည်း။

တခါတလေ တွေးလိုက်၊ ငေးလိုက် ၊ မှိုင်လိုက် တွေလိုက်နဲ့  တခါတရံပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲဆိုတာ 

မေ့နေတတ်ပါတယ် ။ ကဗျာဇ ကရှိတော့ တွေ့ ရာမြင်ရာ ကဗျာလေးကောက်စပ်လိုက်ရမှ 

နေသာထိုင်သာရှိသူ ။ဘ၀ကဗျာ ၊ရင်တွင်းဖြစ် ကဗျာ ၊ နိုင်ငံရေး ကဗျာက အစ အချစ်ကဗျာအဆုံး ဖတ်ရမှ 

ကျေနပ်နှစ်သက်တတ်သူ။



သို့ သော်လည်း လူတို့ ဝတ္တရားအတိုင်း စားဝတ်နေရေး ဆိုတာ ရှိသေးတာကိုး ။ဘ၀ ရပ်တည်ဖို့ အတွက်

အလုပ်ကလေးကလည်း လုပ်ရသေးတယ်။ ဒီလိုနဲ့ ကဗျာဆရာ တစ်ယောက် အမေရိကန်ေ၇ာက်စ 

အလုပ်ရှာပေးတဲ့ အေဂျင်စီတစ်ခုမှာ အင်တာဗျူးဝင်ရတယ် ။ အေဂျင်စီက ပုဂ္ဂိုလ်က မေးခွန်းထုတ်တယ် ။

မြန်မာပြည်မှာ ဘာလုပ်ခဲ့သလဲတဲ့ ။ အမှန်တိုင်းပဲဖြေလိုက်တယ် ။

ကဗျာစပ်တယ်ပေါ့ ..။ ဟိုလူ အူကြောင်ကြောင်ဖြစ် သွားတယ်။ နောက်တမျိုးထပ်မေးတယ် ။

ထိုင်းမှာနေခဲ့ ဘူးတယ်ဆို ..အဲမှာရော ဘာလုပ်ခဲ့လဲတဲ့...။ ကဗျာဆရာ အားကြိုးမာန်တက် ဖြေရှာတယ်၊

ကဗျာစပ် ပါတယ်ခင်ဗျ..တဲ့ ။ ဟိုလူ တော်တော် ခေါင်းစားသွားတယ်။ အမေရိကန်မှာ ကဗျာစပ်ရတဲ့ စက်ရုံ

မရှိလေတော့ ဘယ်လို ဆက်မေးရမှန်း ..ဘယ်လို အလုပ်မျိုး သွင်းပေးရမှန်း မသိဖြစ်သွားတယ် ။

ဖြစ်ပုံက အဲလို ...။

ဒီလိုနဲ့  ကဗျာဆရာတစ်ယောက်  ပေါင်မုန့် ဖုတ်တဲ့ စက်ရုံလေးမှာ အလုပ်ရပြီး ၆လလောက်ကြာတော့ 


ကဗျာတစ်ပုဒ်စပ်ပြီး သူ့ သူငယ်ချင်းကိုပြတယ် ။ 


လက်နှစ်ချောင်းက ပေါင်မုန့် ကိုကိုင် ..
လက်နှစ်ချောင်းက ... ( ဘာဖြစ်တယ်ဆိုလဲ.. မမှတ်မိတော့ပါ)
လက်နှစ်ချောင်းက  billတွေကို ရှင်းလို့ 
လက်နှစ်ချောင်းက Tax အတွက်ဆောင် ရတယ် 
ဒီလောက် ရုန်းကန်နေတာတောင်
နှစ်ကုန်တော့ လက်နှစ်ချောင်းစာပဲ ပြန်ရတယ် ...
ချစ်သူရေ..
ငါဟာ လက်ဆယ်ချောင်းနဲ့  ရေဘ၀ဲ တစ်ကောင်သာ 
ဖြစ်ချင်မိတော့တယ်...

(မိုက်တယ်နော် ..စာသားတွေက လန်ထွက်တယ်  ..ဟဟဟ)



ကဗျာဆ၇ာရဲ့  ကဗျာလေးကို မှတ်မိသလောက် ပြန်ရေးပြထားတာပါ ။ အမေရိကန်လူနေမှူဘ၀လေးကို

ပေါ်လွင်အောင် ခပ်ရွတ်ရွတ်ရေးထားတာလေးကို သဘောကျမိတာတော့ အမှန်ပဲ..။

ကဗျာဆရာက ကဗျာသာစပ်ရမယ်ဆို ထမင်းမေ့ ဟင်းမေ့ပါပဲ ။ဝါသနာကလည်းကြီးရှာတယ် ။ကဗျာမာန် 

ဝင်လာပြီဆိုရင်ဖြင့် လူကြားသူကြားထဲလည်း မရှက်တော့ဘူး ၊ အောင်မြင်ထည်ဝါတဲ့ အသံကြီးနဲ့ 

ရွတ်တော့တာပါပဲ ။ ပညာရဲရင့် ပွဲလည်တင့်ပေါ့လေ ။ 

တစ်ခါကလည်း ရပ်ဝေးက မိတ်ဟောင်း ဆွေဟောင်းတွေ ရောက်နေတယ်ကြားလို့  အလုပ်ဆင်းဆင်းခြင်း 

အိမ် တန်းမပြန်ပဲ ဧည့်သည်တွေ တည်းတဲ့ အိမ်ကို သွားတွေ့ တယ် ။

မိတ်ဟောင်းဆွေဟောင်း တွေဆိုတော့ စကားပြောရင်းပြော၇င်းနဲ့  ညနက်သွားလေရဲ့  ။


အရက်ကလေး ကလည်းဝင် ၊ ဘော်ဒါတွေကလည်းစုံ ၊ အမြည်းလေးကောင်း ဆိုတော့ ကဗျာရွတ်ချင်စိတ်က 

ပေါ်ပေါ်လာတယ် ။ မိတ်ဟောင်းဆွေဟောင်း တွေဆိုတော့ ကဗျာဆရာရဲ့ ဇ ကိုသိတဲ့ တစ်ယောက်က 

လက်တို့ တယ် ။ 

“ လုပ်စမ်းပါဦး တစ်ပုဒ်လောက် ..ဟဲရအောင်..“ ဆိုတော့ ကဗျာဆ၇ာလဲ ဘယ်နေလိမ့်မလဲ ။

ကဗျာတစ်ပုဒ်ကိုစ ဆိုတယ် ။စစခြင်းတော့ ရိုးရိုးလေးပဲ ။ဒါပေမဲ့ ရွတ်ရင်းနဲ့  မုဝင်လာတယ် ။

ကဗျာဆိုတာ အားနဲ့ မာန်နဲ့ ရွတ်မှ ပိုအသက်ဝင်တာ မှတ်လား ။ အာဘောင်အာရင်းနဲ့ အားနဲ့ မာန်နဲ့ 

ရွတ်ချလိုက်တယ် ။

"တစ်တောလုံးကြွေတယ်လို့   ဘယ်သူပြောလဲ

တစ်တောလုံး   ကြွေတယ်လို့   ဘယ်သူပြောလဲ...................''""""

အဲလို ကဗျာဆရာ အရွတ်ကောင်းနေတုန်းရှိသေး ။ နောက်ဖေးမှာ ချက်ပြုတ်ပေးနေတဲ့  ကရင်မကြီးက

(သူ့ စိတ်ထင် ရန်ဖြစ်တာလားပေါ့ ..)ယောက်မကြီးကိုင်လို့  ကပြာကယာထွက်လာပြီးး 


ဟဲ့..ကလေးတွေ ပြောလိုက်ကြလေ ....ဘယ်သူပြောလဲဆိုတာ ..

အမိုးလဲ မပြောမိပါဘူးကွယ်... တကယ်ပါ....

ကဗျာဆရာလေးရယ်  စိတ်မဆိုးပါနဲ့   ............

ကလေးတွေ ပြောမိသေးလားပေါ့ ....။ ကစားနေတဲ့ ကလေးတွေကလည်းး မပြောမိပါဘူးပေါ့ ..။

 ကရင်မကြီးကလည်း ကဗျာဆ၇ာဘက်လှည့် ပြီး တောင်းပန်ပါတယ် သူတို့ လေးတွေပြောမိ၇င်လဲ

အမိုက်အမဲလေးတွေမို့  ခွင့်လွှတ်ပါပေါ့ ..။ ကဗျာဆ၇ာလေးကို ကြည့်လိုက်တော့ မျက်နှာကြီးနီလို့ ..။

ဘေးကပေါင်းအသင်းတွေက တ၀ါးဝါးနဲ့  ပွဲကျလို့ မဆုံးတော့ ။


ချစ်ခင်လေးစားစွာဖြင့်
ယွန်း


14 comments:

ညိမ်းနိုင် said...

အနော်လဲ ပြောဘူးနော်.....
( စတာ ) ရီလိုက်ရတာဗျာ...အော်...ကဗျာဆရာ နှယ်...
ဖြစ်မှဖြစ်ရပလေတယ်..။

ချိုကျ said...

ဟုတ်ပဗျာ.....ကဗျာဆရာဆိုတာ မူးလာလေ ကဗျာအကြောင်းပိုပြောချင်လာလေပဲနည်းနည်းတော့သတိထားမှ ကဗျာရွတ်ခါနီး ဟီး

ခင်တဲ့(ချိုကျ)

နွေဆူးလင်္ကာ said...

ကျနော့်မွေးနေ့ မဟုတ်ပါဘူး ... ကျနော့်သူငယ်ချင်းမွေးနေ့ပါ .. ပျော်ရွှင်ပါတယ် ကျေးဇူး ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရင်းပြုံးမိတယ်..
ဘ၀ကိုသရော်ထားတဲ့ ကဗျာလေးလို့နားလည်ခံစားမိတယ်...

Anonymous said...

ယွန်းရေ

အာဘောင်အာရင်း သန်တဲ့ ကဗျာဆရာ တွေ သတိထား စရာပါဘဲဗျာ

သာမန်လူတွေက သာမန်ဘဲတွေးတော့ မှာပေါ့

ခင်တဲ့
ရွှေစင်ဦး

blackroze said...

ကဗျာပိုးရှိတဲ့သူများ...
တွေ့သမျှမြင်သမျှကဗျာစပ်ချင်နေမိတတ်တယ်
အပေါ်ကကဗျာလေးကတော့မိုက်တယ်ဗျို့...

မောင်ပါလ said...

ရောက်လာပါတယ်ခင်ဗျာ။

Maung Myo said...

ဖြစ်ရလေ ကဗျာဆရာက မုဝင်နေတုန်း အမိုးက ၀င်နှောက်သွားတယ်း) သူပြောတာလည်းဟုတ်သား ဘယ်သူပြောတာလည်းဆိုတာ စိတ်ပူပြီး သတိပေးတာနေမယ် ။

အင်ကြင်းသန့် said...

"တစ်တောလုံးကြွေတယ်လို့  ဘယ်သူပြောလဲ

တစ်တောလုံး ကြွေတယ်လို့  ဘယ်သူပြောလဲ...................''""""

နာပါ ၀င်ရွတ်သွားတယ်ကွာ။ မရဘူးနော်။ စိတ်ကြီးတယ်။

ပုံ/မဖြစ်ညစ်ကျယ်ကဗျာများကိုစပ်တတ်သူ

သူကြီးမင်း (တုံးဖလား) said...

ဟုတ်ပါ့။ ဘယ်သူပြောလဲ... ဘယ်သူပြောလဲ...

ဘယ်သူမှဟုတ်ဘူး။ ယွန်းပြောတာဘဲ ဖြစ်ရမယ်... ဟာ ဟ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဆင်တဲကဖေး said...

ဆင်တဲကဖေး မှ လည်း ထပ်ရောက်လာ ပါကြောင်း ...

နေ၀သန် said...

:)))....

ညလင်းအိမ် said...

ပြုံးမိသွားတယ် ... ကဗျာဆရာရဲ့ အလွဲက ကဗျာဆန်တာပေါ့ဗျာ ...

မြတ်မွန် said...

ကဗျာစရာတွေရဲ့စိတ်ကူးကို..
ပုံဖော်ဖို့ ခက်တယ်..
ရင်ထဲကို ထိုးဖောက်ဖို့..ခက်တယ်ယွန်း..

About me

Blogger templates