Aug 26, 2010

မိခင်၏ ချစ်ခြင်းဟူသည်

ညနေခင်းတစ်ခုမှာ ကလေးတစ်ဦးဟာ ညနေစာ ပြင်ဆင်နေတဲ့ သူ့ မိခင်ရှိရာ
မီးဖိုချောင်ထဲသို့ ဝင်လာခဲ့တယ် ။ပြီးတော့ကလေးငယ်လေးဟာ သူ့ မိခင်ကိုင်ထားတဲ့ စာရွက်ပိုင်းလေးကိုယူပြီး စာတချို့ ကိုရေးချလိုက်တယ် ။ မိခင်ဖြစ်သူက ရေစိုနေတဲ့
သူမရဲ့ လက်တွေကို အခြောက်ခံပြီးတဲ့အခါမှာကလေးငယ်လေး  ရေးထားတဲ့စာကို
ယူဖတ်လိုက်တယ် ။ ဘာရေးထားလဲဆိုတော့....


မြက်ပင်တွေရှင်းပေးရတဲ့အတွက်  ............$5.00


ဒီတစ်ပတ်မှာ ကျတော့အခန်းကို သန့် ရှင်းရေး လုပ်ရတဲ့အတွက်..........$1.00
အမေ့အတွက် ဈေးဆိုင်သွားပေးရတဲ့အတွက်................$.50


အမေဈေးဝယ်သွားတဲ့အချိန် ညီလေးကိုထိန်းပေးရတဲ့အတွက်..............$.25  


အမှိုက်သွားပစ်ပေးရတဲ့အတွက်..................$1.00


လစဉ် ရီပို့ စ်ကတ် မှာအမှတ်ကောင်းအောင် ကြိုးစားရတဲ့အတွက်...........$5.00  


ခြံထဲမှာ သန့် ရှင်းရေးလုပ်ပြီး ပန်းပင်တွေကူစိုက်ပေးရတဲ့အတွက် ............$2.00
စုစုပေါင်း ငွေပေးချေရန်.................$14.75

မိခင်ဖြစ်သူက ထိုစာကိုဖတ်ပြီး ကလေးငယ်ကို ကြည့်လိုက်ပြီး ဘောပန်ကိုယူကာ
ထိုစာရွက်နောက်ကျောမှာပဲ စာအချို့ ကိုရေးချလိုက်တယ် ။


အမေ့ဝမ်းဗိုက်ထဲမှာ မင်းကြီးထွားလာဖို့ ၉လလုံးလုံး ဂရုစိုက် သယ်ပိုးထားခဲ့ ရတဲ့အတွက်...........ငွေပေးချေရန်မလိုပါ


ညတိုင်းမင်းအတွက် ကျန်းကျန်းမာမာမွေးဖွားလာဖို့  ဘု၇ားမှာ
ဆုတောင်းခဲ့ရတာတွေ၊ဆရာဝန်နဲ့ ဆွေးနွေးဂရုစိုက်ခဲ့ရတာတွေအတွက်
............ငွေပေးချေရန်မလိုပါ


မင်းအတွက် မျက်ရည်တွေနဲ့  ကြိုးစားရုန်းကန်လာရတဲ့  အချိန်တွေအတွက်
............ငွေပေးချေရန်မလိုပါ


ရှေ့ဆက်ရမဲ့မင်းရဲ့ ဘ၀ခရီးအတွက် ညတိုင်း စိုးရိမ်ပူပမ်ခဲ့ရတာတွေအတွက်.
..............ငွေပေးချေရန်မလိုပါ

အရုပ်တွေ၊ စားစ၇ာ၊ ကစားစရာတွေအတွက်သော်၎င်း ၊ မင်းကို သန့် ရှင်းရေး
လုပ်ပေးခဲ့တဲ့အတွက်သော်၎င်း.............................. ငွေပေးချေရန်မလိုပါ


ပြီးတော့ အဲလိုလုပ်ပေးဖို့  ဖြစ်ပေါ်လာစေတဲ့ မင်းအပေါ် ထားတဲ့ အမေ့ရဲ့
ချစ်တဲ့စိတ်အတွက်လည်း...........ငွေပေးချေရန်မလိုပါ




မိခင်ရေးထားတဲ့စာကို ဖတ်ပြီးတဲ့ ကလေးလေးဟာ သူ့ မိခင်ကို ကြည့်ပြီး မျက်ရည်တွေ
စီးကျလာခဲ့တယ်။ပြီးတော့ သူ့ နုတ်ဖျားကလည်း မေမေ့ကို ကျတော် အရမ်းချစ်တာ
အသေအချာပါပဲ လို့ ရေရွတ်လိုက်တယ်။ကလေးလေးဟာ  ဘောပန်ကိုယူပြီး
သူ့ ငွေစာရင်းရှင်းတန်းမှာ စာတစ်ကြောင်းကို ခပ်ကြီးကြီးရေးချလိုက်တယ် ။ 
အမေဟာ ကျတော့အတွက်  အားလုံးကို ပေးချေပြီးပါပြီ တဲ့...။


မိခင်တွေက သားသမီးတွေကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုယ်တိုင်
မိခင်ဖြစ်လာမှာနားလည်လာတတ်ကြပါတယ် ။ သူတို့ ဟာ အပြောမဟုတ် အလုပ်နဲ့ 
သက်သေပြတဲ့သားသမီးတွေ အတွက် ပေးဆပ်သူတွေပါပဲ။ငွေကြေးတွေ
ဘေးဖယ်ထားလိုက်ဦး။ သူတို့ ရင်ထဲမှာ သူတို့ သားသမီးလေးတွေ အမြဲရှိပါတယ် ။
အဲဒါကြောင့် အမေဟာ သင်တို့ အနားမှာရှိနေချိန်မှာ သူ့ အပေါ်နားလည်မှူတွေ ၊
ချစ်ခင်မှူတွေ ၊ အနမ်းတွေ တ၀ကြီးပေးလိုက်ပါ။
တကယ်လို့  အဝေးမှာရှိနေခဲ့၇င် မကြာခဏ ဖုန်းဆက်ပါ ။ သတိရကြောင်းပြောပါ ။
တကယ်လို့  သူမရှိတော့ဘူးဆို၇င် သူ့ အတွက် ဘုရားမှာအမြဲ ဆုတောင်းပေးကြပါစို့  ။


Abraham Lincoln A MOTHER'S LOVE  ကိုဘာသာပြန်ဆိုပါသည်။


ချစ်ခင်လေးစားစွာဖြင့်
ယွန်း

14 comments:

သဒ္ဓါလှိုင်း said...

မိခင်တွေရဲ့ပေးဆပ်မှုတွေဟာဘာနဲ့မှနှိုင်းယှဉ်လို့
မရပါဘူးနော်..။သားသမီးတွေသာပြန်ပေးဆပ်နိုင်
ကြရဲ့လား..။ပြောရင်းအမေကိုသတိရသွားပြီ..

ခင်တဲ့
သဒ္ဓါ

နွေဆူးလင်္ကာ said...

ဘလော့ကို လာလည်ဖို့ အင်တာနက်ဆိုင်ဖိုး ငါးမိနစ်စာ ၁၀ကျပ်ကျပါတယ် ... ဒါပေမယ့် ငွေပေးချေရန်မလိုပါတွေ ဖတ်လိုက်ရတဲ့အတွက် ကျနော့်ကိုလည်း ပြန်ပေးချေရန် မလိုတော့ပါ :-)

ညိမ်းနိုင် said...

မိဘတွေရဲ့ သားသမီးတွေအပေါ်ထားတဲ့ ချစ်ခြင်းတရား
တွေကို ခုထိကျွန်တော် လေးစားအံသြလို့ မကုန်နိုင်သေး
ဘူး...။

SHWE ZIN U said...

ညီမ ရေ

ချစ်စရာ တန်ဘိုးထားစရာ ဘာသာပြန်လေးကို ဖတ်သွားတယ်နော်

ခင်တဲ့
ရွှေစင်ဦး

ညလင်းအိမ် said...

မိဘမေတ္တာဟာ အလွန်ပဲ အေးမြစေပါတယ် ...

မိုးယံ said...

ကဲဘယ်သူတွေ ဘာပြောပြော ဒီစာလေး ဖတ်ပြီး မှ အမေ့ကို ဖုန်းမှန်မှန်ဆက်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီဗျာ။
အရင်ကထက်ပို ပြီး ဂရုစိုက်ပါ့မယ်။

ရေးပေးတဲ့ ယွန်းကို ကျေးကျေးပါ

ငြိမ်းချမ်းပါစေ

မိုးယံ

လင်းခေတ်ဒီနို said...

သိပ်ကောင်းတဲ့ ပို့စ်လေးပဲ ယွန်း တကယ်ကို ကောင်းလွန်းတဲ့ မိဘမေတ္တာပို့စ်လေး တစ်ပုဒ် တင်သွားပေးသွားတာပဲး)

ချော(အစိမ်းရောင်လွင်ပြင်) said...

မိဘမေတ္တာကို ထင်သာ မြင်သာ ရှိစေတဲ့ စာကောင်းလေးတစ်ပုဒ်ပါ..

ခိုင်နုငယ် said...

မယွန်းရေ.. မိခင်မေတ္တာဖွဲ့စာစုလေး
အရောက်လာလို့ ဖတ်ရူမှတ်သားသွားပါတယ်။
နောက်ကို ဒီလိုဘာသာပြန်လေးတွေ
များများတင်ပေးပါနှော်။
ကျေးဇူးပါနှော်။။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

မြတ်မွန် said...

သီချင်းလေးတစ်ပုဒ်နဲ့ တူတယ်နော်..ယွန်း..

မိဘမေတ္တာဆိုတာ အနှိုင်းမဲ့ပါပဲယွန်းရယ်..။

မြစ်ကျိုးအင်း said...

သားသမီးတွေက ရယူဖို့ ကြိုးစားနေချိန် မိဘတွေက ဘာထပ်ပေးရမလဲပဲ တွေးနေကြတယ်။ ဒါဟာ သားသမီးနဲ့ မိဘရဲ့ အဓိက ခြားနားချက်ပဲပေါ့။

အင်ကြင်းသန့် said...

တော်ပြီ....မေမေ့ကို ဖုံးဆက်တော့မယ် ဒါပဲ....း)

TTS said...

Good

Aung Kyaw Min said...

အားပေးခဲ့ပါတယ်. မိဘမေတ္တာဆိုတာ ကိုယ်တိုင် မိဘဖြစ်မှ ပိုသိမှာပါခင်ဗျာ. သားသမီးနေရာကခံစားရင် မမှီနိုင်ပါဘူး. ဒါအမှန်ပါပဲ. ကျွန်တော်တို့လူသားတွေဟာ ငယ်ရာကကြီးပြင်းရင်း ဘ၀မှာ ကိုယ်က သားသမီးဖြစ်ရမလို မိဘအုပ်ထိမ်းသူ လည်းဆင့်ကဲဖြစ်လာခဲ့ရင် ဒါဟာ လောက အမှန်တရားတစ်ခုပါပဲ. အမှတ်တရများနဲ့ရှိနေနိုင်ပါစေခင်ဗျာ...

About me

Blogger templates