Oct 13, 2010

အမှတ်တရ အောက်တိုဘာ ၁၄


"ဟက်ပီဘတ်ဒေးတူးယူ .... ဟက်ပီဘတ်ဒေးတူးယူ..ဟက်ပီဘတ်ဒေး ယွန်းလေးး 
ဟက်ပီဘတ်ဒေးတူယူ........."
ဘတ်ဒေးသီချင်းကို အသံကျယ်ကြီးနှင့် အော်ဆိုရင်း အခန်းထဲဝင်လာသောသူ့ ကို လှမ်းကြည့်လိုက်မိသည်။
လက်ထဲမှာ ဖယောင်းတိုင်ထွန်းထားသော မွေးနေ့ ကိတ်ဖြူဖြူလေးကိုမ၇င်း သူကျမအနားသို့ 
ရောက်လာသည်။ဘေးနားမှ သားသားကလည်း သူ့ အဖေယူလာတဲ့ မွေးနေ့ ကိတ်ကို စိတ်ဝင်တစားနဲ့  ကိုင်တွယ်ဆော့ကစားချင်နေပုံရပါတယ်။ လက်ညိုးတစ်ထိုးထိုးနဲ့  သူ့ အဖေလက်ထဲကမွေးနေ့ ကိတ်ကို
တောင်းနေလေရဲ့  ။

"ကဲ.. ပျော်ရွှင်သော မွေးနေ့ လေးဖြစ်ပါစေ ..ဖယောင်းတိုင်မီးလေး မှုတ်ကြရအောင်.."
သားသားက ကျမပေါင်ပေါ်တက်ထိုင်ရင်း ကိတ်မုန့် ကိုသာ လက်ညိုးထိုးနေသည် ။ကိတ်မုန့် ပေါ်က ဖယောင်းတိုင်မီး လက်လက်လေးတွေကို ကြည့်ကာ အသည်းယားနေပုံရ၏ ။ ကိုင်လိုက်ရင် ပူမယ်ဆိုတာကိုသိနေတော့ ကျမကိုသာ ယူပေးရန်တောင်းနေတော့တာပေါ့ ။ စကားမပြောတတ်ပေမဲ့
သူလိုချင်တဲ့အ၇ာကို လက်ညိုးတစ်ထိုးထိုးနဲ့  တောင်းတတ်နေတာကြောင့် ကျမ ပြုံးရယ်မိရက်သား ။
အသက်ကတစ်နှစ်ကြီးသွားပေမဲ့ စိတ်ကတော့အရင်အတိုင်း ..ကိုယ့်ကိုကိုယ် ဘာတွေပြောင်းလဲသွားသလဲ
ဆန်းဆစ်ကြည့်လိုက်တော့ ဘာမှမပြောင်းလဲသလိုပါပဲ ။
အားလုံးဟာအ၇င်အတိုင်းးး သူငယ်ချင်းတွေကို စချင်နောက်ချင်နေတုန်း ...
သားသားနဲ့  သူငယ်ချင်းလိုပေါင်းတုန်း .......
ခင်ပွန်းသည်အပေါ် ဆိုးနွဲ့ တုန်း ...........
ဘလော့ဂါသူငယ်ချင်းတွေ ကြပ်လို့ ကောင်းတုန်း......
ဘတ်ဒေးကိတ်ပေါ်မှာ ဖယောင်းတိုင်မီးလေး နောက်တစ်ပွင့် တိုးလာတာနှင့်အမျှ စိတ်တွေကိုလည်း
တစ်ထစ်တိုးလာအောင် ဆွဲတင်နေမိတယ် ။  စိတ်ဆိုတာမျိုးက ဖယောင်းတိုင်ဘယ်နှပွင့်တိုးတိုး
သူက ဒီနေရာမှာပဲ နေတတ်တာကလားး။ ရင့်ကျက်ခြင်းဆိုတဲ့ စည်းဝိုင်းထဲမှာ နေလို့ မပျော်ဘူးထင်ပါတယ်။
သူကတော့ဟော်လိုဂစ်တာလေးဆွဲပြီး ဘတ်ဒေးသီချင်းကို ပျော်ရွှင်စွာဆိုညည်းနေတယ်။
သားသားကတော့ သူတီးတဲ့ ဂစ်တာသံစဉ်အလိုက် ကိုယ်လုံးလေးကို ဘယ်ညာ လိုက်ယိမ်းနေတယ်။
ပြီးတော့ တဟားဟားရယ်တယ် ။ သားသားအရမ်းပျော်နေတယ်  ။ ပြီးတော့သားသားက ကျမပါးကို
သူ့ နုတ်ခမ်းလေးနဲ့ ထိရင်းအာဝါးပေးတယ် ။ ရင်ထဲကို ငြိမ့်ညောင်းနူးညံ့သွားတော့တယ် ။ ကလေးတွေရဲ့ 
မိခင်ဘ၀ကိုကျမပိုပြီး  နှစ်သက်သွားမိတော့တယ် ။ဖယောင်းတိုင်မီးလေးတွေကိုသားသားနဲ့အတူတူ
ငြိမ်းတယ် ။ပြီးတော့မှသားသားလက်ထဲကို ပလတ်စတစ်ဒါးလေးထဲ့ပေး၇င်း သူ့ လက်ကလေးကို
ကျမလက်နဲ့အုပ်မိုးကိုင်ပြီး မွေးနေ့ ကိတ်လှီးကြတယ် ။
သိပ်ပျော်စ၇ာကောင်းတဲ့ မိသားစုမွေးနေ့ ပွဲလေးပါ ..။

မွေးနေ့ ကိတ်လှီးရင်းပထမဆုံးသတိရမိတာ မေမေ့ ကိုပါ ။ ဒီနေ့ ဟာ မေမေဟာ နာကျင်ခံစား ပြီး
အသက်နဲ့ ရင်းပြီး ကျမကိုလူ့ လောကထဲရောက်အောင်ဆွဲခေါ်ခဲ့တဲ့ နေ့ လေးဖြစ်တာကြောင့်
သတိအရဆုံးလူကိုပြပါဆိုရင် မေမေကိုပါပဲ ။ အဝေးမှာေ၇ာက်နေတဲ့ သမီးတစ်ယောက်အဖြစ် မေမေ့ကို
မွေးနေ့ မှာ စိတ်မှန်းနဲ့ သာ ဦးချကန်တော့နိုင်ခဲ့တယ်။

ဒုတိယ သတိရစရာကိုပြပါဆိုရင်တော့ ဘလော့ဂါမောင်နှမတွေကိုပါပဲ  ..။
အနီးအနားမှာ အတူတူရှိကြမယ်ဆိုရင်တော့ အင်မတန်ပျော်စရာကောင်းမှာပါ ။ 
ခုလိုတစ်ယောက်တစ်နိုင်ငံဆီ တနေရာဆီ ..ဆိုတော့ မဆုံကြတဲ့အတူတူ ဒီဘလော့လေးပေါ်မှာပဲ
မွေးနေ့ ပွဲလေးအကြောင်း အမှတ်တရရေးလိုက်ပါတယ်ရှင် ။
မွေးနေ့ မရောက်ခင် အီးမေးလ်နဲသော်၎င်း ၊  fbမှသော်၎င်း မွေးနေ့ ဆုတောင်းပေးခဲ့သော 
သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်လို့  ။

အားလုံးကိုချစ်ခင်လေးစားစွာဖြင့်
ယွန်း
(Oct 14 , 2010)

18 comments:

ရွှေရတုမှတ်တမ်း said...

မွေးနေ့ရှင်ရေ..မနက်မှ Happy birthday အော်တော့မယ်

ဘကျောက်

မိုးယံ said...

ဒေါ်ယွန်းရေ ပျော်ရွှင်ဖွယ် မွေးနေ့ မှ သည် နောင်နှစ်ပေါင်း များစွာ တိုင် မိသားစုနှင့် အတူ ဘ၀ကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ပါစေဗျာ။


မွေးနေ့တွေ လိုက်စားပြီး မွေးနေ့ မလုပ်တဲ့ကောင်
မိုးယံ

မေပယ်လ် said...

ဟက်ပီးဘက်ဒေးပါ မယွန်း..
ပျော်ရွှင်ကြည်နူးစရာကောင်းသော မိသားစုလေး
ထာဝရ ထက် ထာဝရပေါင်းများစွာ....

ချော(အစိမ်းရောင်လွင်ပြင်) said...

Happy Birthday ဒေါ်ရွှေယွန်း
မွေးနေ့မှသည် နောင်နှစ်ပေါင်း ရာကျော်တိုင် ချစ်သောသူ ၊ ချစ်သော သားသမီးများနဲ့ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ပါစေ
စာတွေလဲ အများကြီးရေးနိုင်ပြီး မိဘကျေးဇူးကိုလည်း အထူးတလည် ပေးဆပ်နိုင်သူဖြစ်ပါစေရှင်။
ကိတ်မုန့်လေး ပိုစားသွားတယ်နော်။

ချစ်ကြည်အေး said...

ညီမယွန်း ချစ်သော မိသားစုနဲ့ အတူ ပျော်စရာ မွေးနေ့များစွာ ရှေ့ဆက် ပိုင်ဆိုင်ပါစေ ညီမလေးရေ....:)

မြစ်ကျိုးအင်း said...

တူမကြီးအတွက် ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေ။
သာယာပျော်ရွှင်သော အချိန်တွေကို မိသားစုနဲ့ အတူ ဖြတ်သန်းနိင်ပါစေနော်။

Unknown said...

မွေးနေ့မှာ ပျော်ရွှင်ပါစေအစ်မရေ....
မိသားစုနဲ့အတူတူ ကြည်ကြည်နူးနူး မွေးနေ့ကို မဖြတ်သန်းဖူးဘူး.. အားကျကြည်နူးသွားတယ်ဗျာ...

ချိုကျ said...

happy birthday ပါ ယွန်းရေ....ပျော်ရွှင်ဖွယ်ရာ မွေးနေ့မှသည် နောင်နှစ်ပေါင်ူ များစွာ မိသားစုနဲ့အတူ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးတယ်နော်

ခင်တဲ့ ( ချိုကျ )

ဖိုးကြယ် said...

မွေးနေ့မှာ ဆုမွန်ကောင်းတောင်းပေးပါတယ် ယွန်းရေ.....

ခင်မင်စွာဖြင့် ( ဖိုးကြယ် )

အုပ်ကြီး said...

happy birthday ပါခင်ဗျာ ..
နောက်ကျတာ ခွင့်လွှတ်ပါ

သူကြီးမင်း (တုံးဖလား) said...

အခုမွေးနေ့ကစတင်ပြီး မိသားစုဘ၀ နွေးနွေးထွေးထွေးလေးနဲ့ ချမ်းချမ်းသာသာ လောကကြီးထဲ လျောက်လှမ်းနိုင်ပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်။ Happy Birthday ပါ ယွန်းရေ...

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ငွေလမင်း said...

မယွန်း ..မွေးနေ့မှသည် ချစ်ခင်ပွန်းနှင့် ချစ်သားလေးတို့ နဲ့ ပျော်ပျော်၇ွှင်ရွှင် နှစ်ပေါင်းများစွာ မွေးနေ့များ ဆင်နွဲနိုင်ပါစေ

လင်းခေတ်ဒီနို said...

ဟက်ပီး ဘတ်ဒေး ယွန်းး)))

သဒ္ဓါလှိုင်း said...

Happy Birthday ပါယွန်းရေ..
ပျော်ရွှင်စရာမွေးနေ့ပေါင်းများကို ချစ်သောမိသားစုနဲ့
အတူတကွ ဖြတ်သန်းနိုင်ပါစေနော်..

ခင်မင်စွာ
သဒ္ဓါ

Moe Cho Thinn said...

Happy Birthday ပါ ညီမရေ..
ပျော်စရာ မိသားစုလေးနဲ့အတူ ဘ၀ကို အတူရင်ဆိုင် ပျော်ရွှင်ပါစေ။

Ingjin said...

နာနင့်ကို fbပေါ်မှာ အစောကြီးကတည်းက ဆုတောင်းပေးပြီးသွားပြီနော် တူနယ်ဂျင်း...

မြတ်မွန် said...

ဟေး ယွန်းရေ..ဆော်တီးပါကွယ်။
မွန် ကွန်ပြူတာ မဖွင့်ဖြစ်လို့။
ယွန်းရဲ့ ဦးလေး ပြောမှ သိတာ:P

ယွန်းမွေးနေ့လေးမှာ ပျော်ရွှင်သွားတဲ့အတွက်..
အချိန်တိုင်းမှာလဲ သားသားလေးနဲ့ ချစ်ချစ်ကြီးနဲ့ ထာဝရ ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးတယ်နော် ယွန်း။ သာယာကြည်နူးဖွယ် မိသားစုလေးဘဝလေး ပျော်ရွှင်ကြည်နူးမှုများနဲ့သာ တွေ့ဆုံရပါစေလို့ ဆုတောင်းပေးပါတယ်။

* မွေးနေ့လက်ဆောင် *
အာဘွား (အဝေးကစ်စ်)
မွန်

Mon Petit Avatar said...

Happy belated Birthday!

About me

Blogger templates