Sep 30, 2010

အနာဂတ်မှာ ဘာလဲ

နေခြစ်ခြစ်တောက်ပူနေသည်။လူများက ပူလွန်းသဖြင့် ထီး၊ဦထုပ်၊နေကာမျက်မှန် စသဖြင့်နေရောင်မှအကာအကွယ်ရရန် ၀တ်ဆင်ထားကြသည်။
အားလပ်ရက်ဖြစ်သောကြောင့် လူအများဟိုဟိုဒီဒီသွားလာနေကြ၏။
ကမ်းနဘေးတွင်ငါးမျှားသည့်လူများ ၊ အပမ်းဖြေလာကြသည့်လူများနှင့် စည်ကားနေ၏။



နှစ်စဉ်နွေဦးပေါက်ချိန်တွင် ကျမတို့မြို့ လေးကအင်မတန်စည်ကားသာယာလှသည်။
ကျမသည်ထိုမြင်ကွင်းလေးကို ငေးကောင်းကောင်းနှင့်ငေးနေမိလေသည်။
ဒီနေ့ပူလွန်းသောကြောင့် ကျမအပြင်မထွက်ချင်ပါ။
သို့သော် နွေဘက်မှအပြင်မထွက်လျှင် ဆောင်းတွင်းရောက်လျှင်ပိုဆိုးချေတော့မည်။
ခင်ပွန်းသည်က ဆိုင်တဆိုင်ဝင်ကာ အအေးဝယ်နေစဉ် ကျမကားပေါ်မှာ ထိုင်စောင့်နေခဲ့သည်။
နေပူရှိန်ကြောင့် ပတ်ဝန်းကျင်သည် တငွေ့ ငွေ့ ပူပြင်းလျှက်။
ကျမမျက်လုံးများက ပြင်ပတနေရာတွင်စူးစိုက်ရပ်တန့်သွားသည်။
နေပူကျဲကျဲတွင် ထိုအရိပ်ဖြူဖြူသည်တရွေ့ ရွေ့ လှူပ်ရှားနေ၏။
အဝေးမှတဖြည်းဖြည်းနီးလာသောအခါ ထိုအရိပ်မှာပုံစံ သဲကွဲလာသည်။
လက်တွင်တောင်ဝှေးကို အသုံးပြုလျှက် ကားလမ်းနဘေးမှ ဖြည်းဖြည်းချင်းလျှောက်လာနေသည်။
လူဖြူလူမျိုးဖြစ်သည်။ ခပ်ပါးပါးကိုယ်လုံးကိုယ်ထည်နှင့်လက်တဖက်မှ အိတ်ကိုဆွဲထားသေးသည်။
အသက်အားဖြင့် ၇၀ နီးပါးရှိသော ထိုအဘွားအိုသည် တဖက်ကားလမ်းကိုကူးရန် ဟန်ပြင်လိုက်သည်။



သူမမှာမှူန်ဝါးနေသောမျက်လုံးများဖြင့် အားစိုက်ကြည့်နေရသည်ထင်။
သူမမျက်မှာပေါ်မှ အရေးအကြောင်းများကလဲအတော်များနေချေပြီ။
ကားများစီတန်းနေသဖြင့် ကားလမ်းကူးရန် ထိုနေရာတွင် သူမရပ်နေသည်။
ကားများကလဲတော်ရုံနှင့်မရှင်းနိင်သေးပေ။

ကျမထိုဖြစ်ရပ်ကိုအကြာကြီး ကြည့်မနေရက်ပါ။သူမကိုကူညီဖို့ ရာ တစုံတယောက်လိုအပ်ပေလိမ့်မည်။
ကျမ သူမအနားရောက်သွားပြီးစကားစလိုက်သည်။

" အမေ...ကျမဘာကူညီပေးရမလဲဟင်.."

သူမကကျမကိုမော့ကြည့်ရင်း အသိများလားဟုဝေခွဲနေပုံရသည်။

"ဟိုဘက်ကားလမ်းကူးမလို့  မဟုတ်လား"

ကျမထပ်ပြောတော့ သူမခေါင်းငြိမ့်ပါသည်။
ကားလမ်းမကူးခင် ကျမသူ့ ကိုမေးလိုက်သည်။

"အမေ..ဘယ်မှာနေလဲဟင်"

"စီနီယာ အပါ့မန့် (လူအိုရုံကဲ့သို့ သောနေရာ) မှာနေပါတယ်.."

ကျမမေးပြီးမှ အားနာသွားမိသည်။

အမေ့မှာ သားသမီးမရှိဘူးလား ဟုမေးတော့သား၂ယောက်၊ သမီး၁ယောက်ရှိကြောင်း၊
သူတို့ အလုပ်နှင့် သူတို့ မအားသဖြင့် သူမကို ဂရုမစိုက်နိုင်ကြောင်းပြောပြသည်။
သားသမီးများက မအားသဖြင့် ကိုယ်တိုင်ဈေးလာဝယ်ကြောင်းပြောပြတော့ ကျမစိတ်မကောင်းဖြစ်မိသည်။

သူမကိုကားလမ်းတဖက်ပို့ ပေးပြီးတော့သူမက ကျမကိုကျေးဇူးတင်ကြောင်းပြောသည်။

ကျမရင်ထဲ တခုခုကျန်နေခဲ့လေပြီ။ကျမ၏အပြန်လမ်းမှာ တွေးစရာများနှင့်ပြည့်နှက်နေ၏။

တနေ့နေ့ ကျမတို့အသက်များကြီးလာခဲ့သော် ....

ကျမတို့ ပိုင်ဆိုင်ရမဲ့ အနာဂတ်ကဘာများလဲ...

ကျမဆက်မတွေးရဲချေ...

ကျမနောက်ကိုပြန်လှည့်ကြည့်မိသည။် သူမသည် ဦးတည်ရာသို့ တဖြည်းဖြည်းသွားနေဆဲ...

ကျမမျက်ဝန်းထဲ သူမအရိပ်သည် မှူန်ဝါးကာ တဖြည်းဖြည်း ..ရွေ့နေဆဲ.....


ချစ်ခင်လေးစားစွာဖြင့်
ယွန်း

20 comments:

မိုးယံ said...

တစ်ယောက်တည်းလာပြီး တစ်ယောက်တည်းပြန်ရတာ မျိုးပါပဲလေ။ ကိုယ့်ကိုယ်ကို ကိုယ်ကလွဲ ပြီး ဘူလူမှ ကယ်မ မပေးနိုင်ပါ။ မြန်မာပြည်မှာတော့ မိအိုဘအို ကို ကျေးဇူးရှင်အဖြစ် အိမ်ဦးခန်းမှာ ထားပြီး ကျေးဇူးဆပ်သော်လည်း တိုင်းတစ်ပါးပြည်များမှာ တော့


ဒွတ်ခ ဒွတ်ခ

Anonymous said...

ဒို့တွေ လည်း အသက်ကြီးရင်တော့ အဲလိုဘဲ နေရမယ် ထင်တယ် ဘော်ဘော်တွေနဲ့

ခင်မင်တဲ့
ရွှေစင်ဦး

ကိုဇော် said...

ဟုတ်တယ်။ ခဏ ခဏ တွေးမိတဲ့ အကြောင်းအရာပေါ့။

thawzin said...

မိမိရဲ့ အနာဂတ်ဟာ အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ခြေရာတွေသာဖြစ်မယ်ထင်တယ်ဗျ။
အားပေးလျှက်။

အင်ကြင်းသန့် said...

တစ်ခါတစ်လေကျတော့လည်း အဲဒီလိုတွေ တွေးကြည့်ပြီး တုန်လှုပ်မိတယ်။ အရာရာကို ခံနိုင်ရည်ရှိအောင် ကိုယ့်ကိုကိုယ် ကြိုတင်ပြင်ဆင်ထားရဦးမယ်။

ချိုကျ said...

လောကဓံ တဲ့ယွန်းရေ.... ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ဆက်လျှောက်ပြီး ကိုယ့်နောက်ပါမယ့်ဟာတွေ ရွေးလုပ်ရမှာပေါ့။ ကိုယ့်နောက်ပါမယ့်ဟာတွေလုပ်နိုင်ရင် အကြောက်တရားလည်း စိတ်ကနေကွာကြသွားပါလိမ့်မယ်ဗျာ။

ခင်တဲ့ ( ချိုကျ )

ကိုကိုမောင်(ပန်းရနံ့) said...

ရှောင်လွဲမရတဲ့ လောကဓံတရားတွေပေါ့လေ။ တစ်နေ့မဟုတ်တစ်နေ့တော့ စောစောမသေရင် အိုရဦးမှာ မုချပေဘဲ။ အတွေးပွါးစေပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုအောင်(ပျူနိုင်ငံ) said...

ဒီလိုပါပဲ သူတို့က အိမ်တစ်အိမ် မိသားစု တစ်စုမှာ မျိုးဆက်နှစ်ဆက်ထက် မနေကြဘူး။

blackroze said...

ဖတ်ပြီးတော့စိတ်မကောင်းဖြစ်မိတယ်...ယွန်းရယ်..
တနေ့မှာကျမတို့လည်းအိုလာရဦးမှာဘဲလေ..
အဲလိုကျတော့လည်း..သားသမီးတွေမွေးထားပေမဲ့
လည်းဘာမှအားကိုးမရပါလားနော်...
ဒါကြောင့်ခုခေတ်မှာအပျိုကြီးတွေများလာတာနေမှာ

ချော(အစိမ်းရောင်လွင်ပြင်) said...

**ငါသည် တစ်နေ့ အိုရမည် အချိန်ပိုင်းသာ လိုတော့သည်။**
ကိုယ့်အလှည့်မှာ ပြုစုစောင့်ရှောက်သူတွေ ရှိလာဖို့
ကိုယ်ကလည်း သူများကို အရင်ပြုစုရမယ် နော်။

မြစ်ကျိုးအင်း said...

သားသမီး ကောင်းမကောင်းဆိုတာလည်း ငယ်စဉ်က ပြုပြင်ထိန်းသိမ်းမှုရယ် ကိုယ့်ရဲ့ အိုဇာတာ ကံ အနေအထားရယ်နဲ့ ဆိုင်မယ်ထင်တယ်။

မအိုခင်ထဲက အိုစာမင်းစာ ရှာထားတာ အသေချာဆုံးပါပဲ

ရွှေရတုမှတ်တမ်း said...

Nursing home မှာ ဒီလိုနေကြတာပါပဲ..
အသက်ကြီးတော့ ကံကိုပဲ ပုံချလိုက်ပါတယ်..

လင်းခေတ်ဒီနို said...

ဒီမှာနေရတာကိုက ငါကြောက်တာ အဲဒါပဲ

ngwelamin said...

ပို့စ် လေးက မနေ့က ကမ္ဘာ့ သက်ကြီးရွယ်အိုများနေ့ အမှတ်တရ နဲ့တိုက်ဆိုင်သွားတယ်နော် မချော ပို့စ်မှာလဲ ဘိုးဘွားတွေ အကြောင်းဖတ်ရတယ် ဟူးးး တွေးကြည့်ရင် စိတ်မောတယ် အသက်ကြီး၇င် ပြုစုမဲ့သူ မရှိရင် ဒုက္ခ..

Anonymous said...

ယွန်းလေးးးးးးးးးးးးးးးးးးးးးးး
အရင်ကဖတ်ဖူးသလိုပဲ ဟုတ်တယ်မှလားဟင်

Anonymous said...

ဝမ်းနည်းမိတယ်...

သူတို့ ဆီမှာ စီနီယာ အပတ်မန့် ရှိသေးတယ်..

မြန်မာပြည်က ဆို ဘယ်လို လုပ်ကြမလဲ....

ကျနော့မေးလ်ထဲကို ဖော်ဝပ်တစ်ခုရောက်လာသေးတယ်. ပြန်ရှာတွေ့ မှ ပို စ့်တင်ပြီး လင့်လာချိတ်ပေးမယ်..

ကျနော် ကိုယ်တိုင် ရန်ကုန် မြို့လည်က တောင်းရမ်း ပြီး အသက်ရှင်နေရတဲ့ အဘိုး အဘွားတွေ ကို မြင်မိ၊ ကူညီမိ ဘူးတယ်...

ကျနော့ရဲ့ ရည်ရွယ်ချက်တစိခုရှိတယ်.. ကျနော် ခန္ဓာ မစဲခင် လူအိုရုံတစ်ခု မြန်မာပြည်ထဲမှာ ဖန်ကောင်းကောင်း နဲ့  ဆောက်နိုင်ရစေမယ်လို့  ပါ...

ကျေးဇူးတင်ပါတယ်

အမှောင်ထုထဲက အလင်းစက်များ

သဒ္ဓါလှိုင်း said...

အသက်အရွယ်ကြီးလာရင် ဘယ်လိုရင်ဆိုင်ရမလဲ
ဆိုတာတွေးမိတယ်..။ နွေးထွေးမှုမေတ္တာမရှိတဲ့
ဘ၀လေးတွေကိုစာနာဖေးမသင့်တာပေါ့နော်..။

ခင်မင်စွာ
သဒ္ဓါ

sosegado said...

တောင်းရန်းနေတဲ့သူတွေက လွယ်လို့တောင်းကြတာပါ၊ ဒီဘက်မှာ တောင်းရန်းခွင့်ရရန် တောင်းကြမဲ့သူတွေ အပုံကြီး၊ သူ့နည်းသူ့ဟန်နဲ့ တောင်းနေကြရတာ၊ လူအိုရုံ စီနေယာအပတ်မန့်မှာ နေရဘို့လွယ်တယ်ထင်သလား၊
မြန်မာပြည်လည်း တစ်နေ့ဒီလိုဖြစ်လာမှာ အဖိုးတွေအဖွားတွေကို ဘယ်သူ့မှဂရုစိုက်တော့မှာ မဟုတ်ဘူး၊ ပြောင်းလဲခြင်း ဂလိုဘယ်လိုက်ဇေးရှင်းလိုက်သွားမှာပဲ၊ မိရိုးဖလာ ကနေ ဗုဒ္ဒဘာသာစစ်စစ်ကို ပြောင်းနိုင်ခဲ့ရင်တော့ တစ်မျိုးပေါ့။

အနမ်း said...

ယွန်းရေ.. အနာဂတ်မှာဘာဖြစ်ကြမယ်ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူးလေ။
ပျော်ရွှင်ပါစေ..

Moe Cho Thinn said...

မကြာခဏ တွေးမိတဲ့ အတွေးပဲ။ အမတို့ဆို သားသမီးလဲ မရှိတော့ တယောက်ယောက်များ ပဲ့သွားရင် အတော် အထီးကျန်မယ် ထင်မိတယ်။ သွားမဲ့သွား ကိုယ်အရင်သာ သွားချင်တယ်။ ဘယ်တတ်နိုင်မလဲ ရင်ဆိုင်ရမှာပေါ့။

There was an error in this gadget

About me

Blogger templates