Jan 14, 2011
ဘယ်အချိန်လဲ ..ဘယ်တော့လဲ
သူ့ စိတ်တို့ အင်မတန် ပင်ပမ်း နွမ်းနယ်နေသလို ခံစားနေရ၏ ။
ကားမောင်းလို့ ပင်မရနိုင်လောက်အောင်သူရှော့ခ်ဖြစ်သွားခဲ့၏ ။
အမြဲတမ်း ပျော်ပျော်နေတတ် သောသူ့ လို လူမျိုးတစ်ယောက်
ဒီလို ဖြစ်သွားအောင် ဘာအကြောင်းအရာကများ  နက်နက်ရှိုင်းရှိုင်း
ခံစားသွားရစေသလဲဆိုတာ  ...အာရုံထဲတွင်ပြန်တွေးလေ ရုပ်ရှင်ပြကွက်တစ်ခုလို
ပြန်မြင်ယောင်လာလေ ..တသက်လုံး ဘယ်ပုံဘယ်နည်းနှင့်မျှဖျောက်ဖျက်လို့ 
ရနိုင်တော့မှာ မဟုတ်တော့ချေ ..။ 
.......................................................................................................
ကိုသူရတစ်ယောက် အသက်၂၀ တွင် အမေရိကားနိုင်ငံသို့ စရောက်သည် ။
ဘ၀တွင် ပျော်ပျော်နေတတ်ပြီး ဘာကိုမှသိပ် အလေးထားတတ်ခြင်းမရှိ ။
သူငယ်ချင်းများနှင့် ဘ၀တစ်လျှောက်လုံး ဆိုလိုက် တီးလိုက် ပျော်လိုက် 
ပါးလိုက်နှင့် ဘ၀ကို ဖြတ်သန်းနေရခြင်းကို အင်မတန် ပျော်မွေ့ ပါသည် ။
အိမ်ထောင်ကျသောအခါ သူဇနီးမခင်ထားက အနေအေးသည် ။ကြင်နာတတ်ပြီး
သိမ်မွေ့ သော ဒီလိုဇနီးသည်နှင့်မိတ်ဆွေသူငယ်ချင်းများနှင့်  အဆို အတီး
အပျော်အပါးလေးနှင့် ဘ၀ကိုဖြတ်သန်း နေရသည်မှာ သိပ်ပျော်စရာကောင်းသလို 
အရာ၇ာလဲ ပြီးပြည့်စုံနေသကဲ့သို့ ရှိလေသည် ။
အလုပ်ပင်ပမ်းနွမ်းနယ်လာလျှင် ဂစ်တာတီးကာ သီချင်းဆိုမည် ။
သူငယ်ချင်းများကို အိမ်တွင်ဖိတ်ခေါ်ပြီးစိတ်တိုင်းကျ သောက်စား
ပျော်ပါးကြမည် ။ သောက်စားပျော်ပါးလို့ မောလျှင် ၀င်အိပ်လိုက်တော့သည် ။
ဘာသာရေးတွေဘာတွေ စိတ်မ၀င်စား ။ လူ့ ဘ၀တွင် နေရတဲ့အချိန်မှာ
လူဖြစ်ရကျိုးနပ်အောင်  ပျော်ပျော်ကြီး နေပစ်လိုက်မည် ဟုသာ တွေးထားလေသည် ။
သူ့ အသက်က ၃၆ ရှိပြီ ။တခါတလေ ဇနီးဖြစ်သူက
"ကိုသူရရယ် ..ရှင်လဲမငယ်တော့ဘူး ..
ဘာသာရေးလေး ဘာလေး  လုပ်ဖို့ စဉ်းစားပါတော့လား...လူဆိုတာ ဘယ်နေ့ 
သေမယ်ဆို တာ သိတာမဟုတ်ဘူး..သေရင်ကိုယ့်နောက် ဘာမှမပါပဲနေမယ်နော် ..."
ထိုအခါ ကိုသူရတစ်ယောက် ရယ်ကျဲကျဲနှင့် 
"မိန်းမရယ် ..အခုမှ ၃၆ ..၃၇ ..ဆိုတာ လူလတ်ပိုင်းဝင်ရုံ ကဲလို့ ကောင်းတုံးအရွယ်
ပဲရှိသေးတာ ..လူ့ ဘ၀ေ၇ာက်တုံး ပျော်ပျော်ကြီး ကဲပါရစေဦးး ဘာသာရေးကတော့
၄၅ ..၅၀ လောက်မှ လုပ်လဲရပါတယ်ကွာ ..."""
ဟုလက်သုံးစကားဖြင့် ပြန်ချေပမြဲ ။ဇနီးသည်မှာ ဘာမှ ပြန်မပြောနိုင်တော့ပဲ
သက်ပြင်းအတွင်တွင်ချကာ ကိုသူရကိုသာ စိတ်ပျက်လက်ပျက်ဟန်ဖြင့်
ကြည့်နေလေတော့သည် ။
မခင်ထားက ကိုသူရကို ဘာသာရေးလုပ်စေချင်သည် ။
ဘာသာတရား ကိုင်းရှိုင်းသော လူတစ်ယောက်အဖြစ်မြင်ချင်သည် ။
သို့ သော် ကိုသူရ၏ ပြင်မရသော အကျင့်ကိုသိသောကြောင့် ဘာမှ မပြောသာပဲရင့်ကျက်ပြောင်းလဲလာမည့်နေ့ ကိုသာ စိတ်မောစွာမျှော်လင့်
စောင့်စားနေလေတော့သည် ။
တနေ့ တွင် ကိုသူရတစ်ယောက် ထုံးစံအတိုင်း အိမ်တွင် သောက်စားပျော်ပါးလို့ 
ကောင်းတုန်းအချိန်တွင် ဖုံးထမြည်လာလေသည် ။
"ဟဲလို "
""အေး..သူရလားး""
""အေးမောင်မောင် ..မင်းဘယ်ရောက်နေတုန်း ..အိမ်ကိုလာမယ်ဆို .."""
""အေး..ငါ့ကား downtown မှာ ဘက်ထရီကုန်ပြီး ထိုးရပ်သွားလို့ ...မင်းအိမ်နဲ့ နီးနီးလေးပဲ ..
မင်းဘက်ထရီလာနိုးပေးလို့ ရမလားးး ""
""အေးရတာပေါ့ကွ""
"""ဘယ်နားမှာလဲ""
""စာကြည့်တိုက်ကြီးအောက်က ကားမှတ်တိုင်နားမှာကွ.."""
အေး..အေးးခုလာပြီ..အဲမှာပဲစောင့်..
ဒီလိုနဲ့  ကိုသူရနှင့် အခြားသူငယ်ချင်းတစ်ဦးတို့  ကားစက်နိုးပေးရန်ထွက်လာလိုက်ကြလေသည် ။
မြို့ ထဲရောက်တော့  မောင်မောင်က ကားကိုအဆင့်သင့် တွေလေရာ သူ့ ကားကို
ကူပြီးဘက်ထရီချိတ်ကာ စက်နိုးပေးနေခိုက်..
""ကယ်ကြပါဦး ..ကယ်ကြပါဦးး ..ကျေးဇူးပြုပြီး 911 ခေါ်ပေးကြပါ .."""
ဟု ရုတ်တရပ် အော်သံကြားသောကြောင့် လှမ်းကြည့်မိရာ ..မနီးမဝေး
ကားမှတ်တိုင်တွင် လူတစ်ယောက်လဲနေသည်ကို  တွေ့ ရလေသည် ။
အချိန်က နေ့ လည်နေ့ ခင်း ဖြစ်သောကြောင့် ဘေးပတ်လည်မှလူများ
ထိုနေရာတွင် ၀ိုင်းအုံသွားကြသည် ။  ကိုသူရတို့ ၃ယောက်လည်း
ကားများကိုစက်ပိတ်ကာ ထိုနေရာသို့ ရောက်သွားကြလေတော့သည် ။
မြင်ရသည့်မြင်ကွင်းမှာလဲကျနေသော လူမဲတစ်ယောက်ကို
အမေရိကန်မ တစ်ယောက်က ပွေ့ ထားရင်း ရှေးဦး သူနာပြုစုနည်းဖြင့်
အသက်ကယ်ပေးနေသည်ကိုတွေ့ ရသည် ။ထိုမိန်းကလေးကြည့်ရသည်မှာ
သူနာပြုဝတ်စုံဝတ်ထားပြီး  သူလဲဘတ်စ်ကား စောင့်နေသူ
ထဲမှတစ်ယောက်ဖြစ်ဟန်တူသည် ။ ဘေးတွင် သူမ၏ လွယ်အိတ်နှင့်
ထမင်းဘူးကိုချထားသည် ။ဝိုင်းကြည့်နေသူထဲမှတစ်ယောာက်က
လူနာတင်ကားခေါ်ပြီးပြီဟု အကြောင်းကြားသည် ။
မိန်းကလေးက ခေါင်းတချက်ငြိမ့်လိုက်ပြီး သူအလုပ်သူဆက်လုပ်နေသည် ။
ထိုဝေဒနာခံစားနေရသူမှာ အသက်အရွယ်အားဖြင့် ၄၀..၄၅ ၀န်းကျင်လောက်
သာရှိဦးမည် ။လူနာက အခြေအနေသိပ်မဟန်တော့ပေ ။
ကြည့်ရသည်မှာ လက်သည်းခွံများညိုလျှက် မျက်ဖြူလန်နေပေပြီ။
""ဘယ်လိုဖြစ်တာလဲဗျ""
မောင်မောင်က ဘေးကလူကိုစပ်စုသည် ။
""မသိပါဘူးဗျာ ..ကားရပ်စောင့်နေရင်း လဲကျသွားတာပဲ ..ခုနကတော့ အကောင်းကြီးဗျ..
ချက်ချင်းကြီးထဖြစ်တာ..""
""ဘယ်ကလဲဗျ ""
""မသိဘူးလေဗျာ""
'"ဒီမိန်းကလေးကရော..""
""သူလဲဒီမှာရပ်ပြီး ကားစောင့်နေတာ..သူက သူနာပြုထင်တယ်ဗျ..""
ကိုသူရမှာ သူတို့ ပြောနေတာတွေ နားထောင်ပြီး အာရုံက မိန်းကလေးဆီပြန်ရောက်သွားသည် ။
ဝေဒနာခံစားနေရသူ၏လက်ကို ကြင်ကြင်နာနာ ဆုပ်ကိုင်ရင်း နုတ်ကတတွတ်တွတ်ပြောနေသည် ။
သူမဘာပြောနေသည်ကို သေချာနားထောင်ကြည့်တော့ သူနားမလည်သော
ကျမ်းစာတချို့ ရွတ်ပြနေခြင်းဖြစ်လေသည် ။ထိုမန်းကလေးက ကျမ်းစာရွတ်ဆိုပြီးသောအခါ
ဝေဒနာခံစားနေရသူနဖူးထက်  လက်ဝါးကပ်တိုင် အမှတ်အသားပြုလုပ်ပေးပြီး
မင်းရဲ့ အာရုံတွေကို ဘုရားသခင်ဆီမှာပို့ ထားလိုက်ပါ ။ ဘုရားသခင်က မင်းနဲ့ 
အတူရှိနေပါတယ် လို့ပြောလိုက်တယ် ။
ကိုသူရစိတ်ထဲ တမျိုးကြီးဖြစ်သွားမိတယ် ။ မြန်မာအယူအဆနဲ့ ဆို ဒါဟာ 
ဘ၀ကူးကောင်းအောင် လုပ်ပေးတဲ့သဘောဖြစ်တယ် ဆိုတာ သဘောပေါက်သွားတယ် ။
ဒီလိုနဲ့ ဆေးရုံကားမရောက်ခင်မှာပဲသူဟာထိုမိန်းကလေးရဲ့ လက်ပေါ်မှာ
ဘ၀ကူးသွားခဲ့တယ် ။ လူတစ်ယောက် ကိုယ့်ရှေ့မှာပဲအသက်ထွက်သွားတာမျိုးကို
တခါမှမမြင်ဘူးတဲ့ ကိုသူရဟာ ထိုဖြစ်စဉ်တွေကိုကြည့်ပြီး ပါးစပ်အဟောင်းသားနဲ့ 
တုန်လှူပ်နေမိတော့တယ် ။ 
သေခြင်းတရားဆိုတာ ဘယ်အချိန်လာမလဲ ..ဘယ်နေရာလဲ .. ဘယ်တော့လဲဆိုတာ
ဘယ်သူမှ မသိနိုင်ဘူး နေရာမရွေးအချိန်မရွေး အသက်အရွယ်မရွေးဘူး
ဆိုတာကို သူကောင်းကောင်းနားလည်သွားမိတယ် ။
ဆေးရုံကားရောက်လာပြီး ထိုလူကို ကားပေါ်သယ်နေတုန်းမှာ သူဟာ
သူနာပြုဆရာမလေးကို စကားသွားပြောခဲ့တယ် ။
"မစ္စ... က သူနာပြုလား..""
""ဟုတ်ပါတယ်.."
""ခုနက သူသေတော့မယ်ဆိုတာ မင်းသိတယ်ပေါ့..""
""ကျမရဲ့ အလုပ်အတွေ့ အကြုံအ၇ ..သိပါတယ်..""
""ခုနက မင်းသူ့ အတွက်ဆုတောင်းပေးနေတာလား..."'
""ဟုတ်တယ်.. ကောင်းကင်ဘုံကိုရောက်အောင်လို့ ကျမ အတတ်နိုင်ဆုံး
ကူညီပေးလိုက်တာပါသူဟာ အသက်ရှင်စဉ်မှာ အပြစ်ဘယ်လောက်များများ
လုပ်ခဲ့တယ်ဆိုတာ ကျမတို့ မသိနိုင်ဘူးသေခါနီးလူတစ်ယောက်ကို ဒီလိုပဲ လုပ်ပေးတာ
သဘာဝပဲ ဆေးရုံမှာဆို ဘုန်းကြီးပင့်ပြီးကျမ်းစာဖတ်ပေးပါတယ် ..
အခုသူ့ အတွက် အခြေအနေအရ ဘာသာတူအခြင်းခြင်းလုပ်ပေးလိုက်တာပါ
ဒါနဲ့  ..ရှင့်ကြည့်ရတာ ကတ်သလစ်မဟုတ်ဘူးထင်တယ် ။'''
"""ဟုတ်ကဲ့ ..ကျတော်ဗုဒ္ဓဘာသာပါ....  ဒီနေ၇ာလေးမှာ ကျတော်တို့ ဘာသာနဲ့တူနေလို့ 
လေ့လာကြည့်တဲ့သဘောပါ ...""
""ဟုတ်လား ..ရှင့်လေ့လာမှူအတွက်ကျေးဇူးတင်ပါတယ် ...""'
""'၀ဲလ်ကမ်းပါဗျာ..""
..............................................................................................................
ဒီလိုနဲ့ ကိုသူရတစ်ယောက် အပြန်မှာ ကားမမောင်းနိုင်လို့  သူငယ်ချင်းက
မောင်းပေးလာရတယ်။ အိမ်ပြန်ေ၇ာက်လာတော့လဲ ဘာမှမသောက်မစားပဲ 
တွေဝေ နေတော့တယ် ။နောက်တစ်နေ့ နံနက်ရောက်တော့ .
.ကြည်ကြည်လင်လင်နဲ့  သူ့ အမျိုးသမီးကိုပြောလာတယ် ။
ခင်ထားရေ..ငါ ဒုလ္လဘရဟန်း ၀တ်ချင်တယ်ကွာတဲ့ ..
သူ့ ဇနီးသည်မှာ သောက်လက်စ ကော်ဖီတောင်သီးတဲ့အထိပဲ ..မျက်လုံးအပြူးသားနဲ့  
အံ့သြနေခဲ့တယ် ။နောက်နေတာလား ဒါမှမဟုတ် အိပ်မက်များလားရယ်လို့ 
လင်တော်မောင်ကို သေချာအောင်ထပ်ခါတလဲလဲ ပြန်မေးကြည့်နေတယ် ။  
သူမ အသားတွေဆိတ်ဆွဲရလွန်းလို့  လက်သည်းရာထပ်နေပြီ ။
ဒါတကယ်ပဲဆိုတာ ရင်ထဲမှာ ထပ်ခါတလဲလဲ ပြန်ပြောနေရင်း
ဝမ်းသာစိတ်ကြောင့် ရူးသွားပြီလားလို့ တောင်ထင်ခဲ့ရတယ် ။
တည်ငြိမ်တဲ့အရိပ်အယောင်တွေ လွှမ်းလို့ ။ခင်ထားတစ်ယောက် 
ပျော်ရွှင်ခြင်းများစွာနဲ့  ရဟန်းဒကာမအဖြစ် ခံယူဖို့ တွေးနေတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် သူဒီလိုပြောင်းလဲသွားအောင် ဖန်တီးလာတဲ့ အခြေအနေ 
အကြောင်းတရားတို့ ကိုလဲ  ရင်ထဲကနေ ကြိတ်ပြီး ကျေးဇူးတင်နေမိတော့တယ် ။ 
ဒုလ္လဘ ရဟန်းခံ အလှူပွဲကြီး အတွက် ရှေ့ကိုဆက်လှမ်းနေတဲ့ သူမရဲ့ 
ခြေလှမ်းတိုင်းဟာ ကလေးတစ်ယောက်ရဲ့ ခြေလှမ်းတွေလို သွက်လက် ပေါ့ပါးလို့ ......။
ချစ်ခင်လေးစားစွာဖြင့်
ယွန်း
11 comments:
မိုးယံ said...
သေခြင်း တရားသေခြင်းတရား...
မတွေ့ချင်လဲ တွေ့ရမှာမို့. ပြင်ဆင်ထားတာ အသင့်တော်ဆုံးပါဗျာ..
မိုးယံ said...
ပျောက်ပျောက် သွားတယ်။ ပေါ်ပေါ်လာတယ်. ပြောင်းပြောင်းပစ်တယ်.. (တန်းပလိတ်)။
ဒေါ်လေးယွန်း ငြိမ်းချမ်းပါစေ
Anonymous said...
ညီမ ရေ
တရားရစရာလေး ဖတ်သွားတယ်
ကျေးဇူး
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ချော(အစိမ်းရောင်လွင်ပြင်) said...
ကောင်းလိုက်တာ
ယွန်းက အတော်ရေးတတ်တယ်
အီး ကိုယ့်ကိုယ်ကိုလဲ ပြန်ဆင်ခြင်ရဦးမယ်
ဘု၇ားတရားကို စောသေးတယ်ဆိုပြီး အေးဆေးနေနေတာလေ.. ကျေးဇူးပါယောက္ခမး)
ဒါနဲ့ ယွန်းရဲ့ ဘလော့ဂ်က တို့ဆီမှာ update မတက်ဘူး ပိုစ့်အသစ်တင်လဲ မပြဘူး ဖြစ်နေတယ်.. ဘာဖြစ်တယ် မသိ
နေကန်းတယ်နော် ယောက္ခမ သားလေးရော ကျန်းမာရဲ့လားး)
ချော(အစိမ်းရောင်လွင်ပြင်) said...
ခုတော့ ပြန်ချိတ်တာ ရသွားပြီ
ဟိဟိ ပျော်လိုက်တာ
သူကြီးမင်း (တုံးဖလား) said...
မိရွှေယွန်း...
အဲဒီဒုလ္လဘ၀တ်မဲ့ သူက မိရွှေယွန်းနဲ့ ဘာတော်စပ်လဲ မသိဘူး။းဝ))
လူတိုင်း ဒီလိုပါဘဲ အလင်းတန်းလေးတစ်ချက် ၀င်သွားဖို့ဘဲ အရေးကြီးတယ်။ သေခြင်းတရားဆိုတာ နေရာမရွေးဘူး အချိန်မရွေးဘူး။
အဆင်ပြေပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မြစ်ကျိုးအင်း said...
သေခြင်းတရားက ကိုယ်နဲ့နီးနီးကပ်ကပ် မတွေ့ရမချင်း မေ့နေတတ်တဲ့အရာပဲ။ အပျော်အပါးတွေထဲ စိတ်နစ်ပြီး ကျန်တာတွေကို မေ့နေမိတာ။
သဒ္ဓါလှိုင်း said...
သတိတရားရစေတဲ့ ပိုစ့်လေးပါယွန်းလေးရေ.။
သေခြင်းတရားဆိုတာ အသက်ငယ်တယ် ကြီးတယ်
မရှိဘူးနော်. ဆင်ခြင်သတိပွားမှ...
ကျန်းမာရေးဂရုစိုက်နော်ယွန်း..
ခင်မင်တဲ့
မဒါ
နေ၀သန် said...
အင်း.. သေခြင်းတရားက လက်တစ်ကမ်းမှာပါပဲဗျာ....
ခင်မင်တဲ့
နေ၀သန်
အင်္ဂါဟူး said...
မင်္ဂလာပါ အန်တီလေး ၊ ပျောက်နေလို့ အရောက်ကျဲတယ်။
ငြိမ်းချမ်းပါစေ
သဒ္ဓါလှိုင်း said...
ရောက်ခဲ့တယ်ယွန်းရေ..။
အလုပ်တွေများနေလား.. နေမှကောင်းရဲ့လားလို့ စိတ်ပူနေတာ.။
ခင်မင်တဲ့
မဒါ
About me
Blogger templates