Feb 22, 2011

ယွန်း နှင့် DEPRESSION

စာမရေးတာ၁လကျော်သွားလို့  တချို့ သော မိတ်ဆွေ သူငယ်ချင်းများက မေ့ရင်လဲမေ့နေမှာပါ ။
ဒါပေမဲ့ အခုမှ ပို့ စ်အသစ်တင်လို့  စိတ်ကူးပေါက်ပြီး ထရေးတယ်တော့ မထင်ကြလေနှင့် ။
အမြဲတမ်း တက်ကြွနေတတ်သောကျမ ဂျီတော့မှာလဲ ငြိမ်ချက်သားကောင်းနေလို့  မေးတဲ့သူငယ်ချင်း
တွေကလည်းမေးကုန်ကြပြီ ။ တချို့ ကလဲ ကျန်းမာရေးမကောင်းဘူးကြားပြီး မက်ဆေ့ခ်ျတွေထားပြီး
ကျမရဲ့  ကျန်းမာရေးအတွက် ဆုတောင်းပေးကြပါတယ် ။တချို့ ကလဲ ဘလော့ပေါ်မှာ ကွန်မန့် နေရာမှာ
ကျန်းမာရေးဂရုစိုက်ဖို့   သတိတရနဲ့  ကျမအတွက် စိတ်ပူပြီးလာရေးပေးသွား
တဲ့ အစ်မတေ၊ွ မောင်တွေကို  ကျမစိတ်ထဲက ကျေးဇူးတင်မိပါတယ် ။ ကျမကိုအဲလို စိတ်ထဲမှာ
သတိတရရှိပြီး အမြဲမေးတတ်တဲ့ မဒါတို့  ၊ သူငယ်ချင်းမြတ်မွန်တို့  ၊ဗညားတို့ ကို လဲကျေးဇူးပါပဲ ။



နေမကောင်းရတဲ့ အကြောင်းအရင်းကတော့ ဒီလိုပါ ။
ကျမတို့ အရပ်ဒေသက အရမ်းအေးပါတယ် ။ ရာသီဥတုက တွေ၆လ ၊ဆောင်း၆လပါ ။
အဲဒိတော့ နွေဘက်ကျရင်တော့ အင်မတန်ပျော်ပါတယ် ။ပေါ့ပေါ့ပါးပါးဝတ်ပြီး
သွားချင်ရာသွားလို့ ရတာကိုး။ဒါပေမဲ့ ဆောင်းတွင်းရောက်ပြီဆိုရင်တော့
ရှဉ့် ကလေးတွေတွင်းအောင်းသလို အိမ်ထဲမှပဲ အောင်းနေရတာမှတ်လား ။
အရမ်းအေးတော့ ဘယ်မှလဲမသွားနိုင် ။ အလုပ်မရှိတဲ့သူများဆို အိမ်ထဲမှာပဲ
ကုပ်ပြီးစာလေးဖတ်လိုက် ၊ အင်တာနက်လေးသုံးလိုက် ၊ တီဗီလေးကြည့်လိုက် ၊
သီချင်းလေးနားထောင်လိုက်နဲ့ ဒီလိုပဲ ၆လလောက်ဖြတ်သန်းရပါတယ် ။
 အိမ်ကအမျိုးသားကကလေးအပေါ် ဂရုစိုက်မှူလစ်ဟင်းမှာ စိုးရိမ်လို့ ဆိုပြီး
လက်ရှိအလုပ်က ထွက်ခိုင်းလို့ ထွက်လိုက်ရတဲ့အခါ အမြဲတမ်း  တခုခု လုပ်နေပြီး
အကျင့်ပါနေတဲ့ ကျမဟာ အလုပ်ထွက်လိုက်တဲ့အချိန်မှာ  ခြေတွေလက်တွေ
ရိုက်ချိုးသလိုဖြစ်ပြီး အိမ်တွင်းအောင်းနေရတာရော နဂိုနေမကောင်းချင်ဖြစ်နေတာတွေရော
စုပေါင်းပြီး ပိုပြီး မသက်မသာဖြစ်သွားပါတော့တယ် ။မြန်မာပြည်ပြန်ချင်စိတ်ကလဲ
အရမ်းဖြစ်တယ် ။ အိမ်မှာနေလို့  အပြင်ထွက်ဖို့ ခေါ်၇င်လဲအပြင်မှာ
နှင်းကျနေတာကိုကြည့်ပြီး စိတ်အရမ်းညစ်လာတယ် ။ဘယ်နေရာကြည့်ကြည့်
ရေခဲတွေ၊အရိုးတံကျဲကျဲနဲ့  သစ်ပင်တွေတွေ့ တိုင်း ငိုချင်သလိုဖြစ်ဖြစ်လာတယ် ။
ပြီးတော့ ရာသီဥတု ကလည်း နှင်းကျပြီး အမြဲ အုံ့မှိုင်းနေတော့
စိတ်ထဲမှာလဲမကြည်လင်ပါဘူး ။ ပြီးတော့ ဆောင်းတွင်ထုံးစံအတိုင်းညနေ
၎နာရီဆို မိုး စုံးစုံးချုပ်ပါပြီ  ။နေ့ တာအရမ်းတိုသလို နေရောင်ခြည်လဲ
မရတော့ အုံ့ မှိုင်းမှိုင်းနဲ့ပါ။

စာလဲမရေးဖြစ်သလို လူလဲဘာမှမလုပ်ချင်ပဲ မြန်မာပြည်ကိုပဲ ပြန်ချင်စိတ်ဖြစ်နေမိတယ် ။
အလုပ်လဲမရှိ ၊တနေ့ တနေ့  ပြတင်းပေါက်က အပြင်ကိုကြည့်လိုက်ရင် ရေခဲတွေ ၊ သစ်ပင်သေတွေလို
ထိုးထိုးထောင်ထောင် အရွက်မရှိတဲ့အပင်တွေ ၊ တနေ့ တနေ့  တွေ့ နေရတဲ့ ဒီလူ ..ဒီမျက်နှာတွေ
ကိုပဲ ထပ်တလဲလဲတွေ့ နေ မြင်နေရတော့ စိတ်ထဲမှာတော်တော်ကို ငြီးငွေ့ လာပါတယ် ။
တွေ့ မြင်နေရတဲ့ သူတို့ လဲ ကိုယ့်လိုပဲ ။မဖြစ်လို့ သာ ဒီရာသီဥတုကို ဖြတ်သန်းနေရတဲ့သူတွေပါ။
တချို့ တွေ နှင်းကို မမြင်ဘူးသေးရင်တော့ အရမ်းမြင်ချင်ကြတယ် ။အရမ်းပျော်ကြပါတယ် ။
ဒါပေမဲ့ နှင်းထဲက ကြုံရတဲ့ ဒုက္ခကိုတော့ နေဘူးတဲ့ သူတွေပဲသိကြမှာပါ။
အင်မတန်ကို မုန်းစရာကောင်းတဲ့ နှင်းပါ ။


ဒီလိုနေရတာ ကြာလာတော့ ကိုယ်စားနေကျ ထမင်းတောင် မစားချင်တော့ဘူး ။မြန်မာပြည်က
မုန့် တွေပဲ မျက်လုံးထဲမြင်လာတယ် (တကယ်ပါ) ။ တနေ့ တနေ့  အိမ်ထဲမှာပဲ မိုးလင်းမိုးချုပ်သွားရတာမျိုး
ရေရှည်ကြုံလာတဲ့အခါ ကျမတကယ်ကို စိတ်ညစ်လာတယ်။ ဒါတောင်အလုပ်ထွက်လိုက်ရတာ
၂လမပြည့်သေးဘူး ။ ကျမမစားနိုင်မသောက်နိုင်နဲ့  ၀ိတ်ပါကျသွားတယ်။
ဆရာဝန်ဆီသွားပြတော့   Depression နဲနဲဝင်တာပါတဲ့ ။ မလိုအပ်လို့ ဆေးမသောက်ခိုင်းပဲ အပြင်ထွက်လည်တာတို့ သူငယ်ချင်းတွေနဲ့  တပတ်တခါဆုံတာမျိုး ၊ မြန်မာပြည်က
ဆွေမျိုးတွေနဲ့ မကြာခဏ စကားစမြည် ပြောတာမျိုး လုပ်ခိုင်းတယ် ။ခရီးထွက်ခိုင်းတယ်  ။
ဒါမျိုးက ကျမတို့ လို ယဉ်ကျေးမှူမတူ လူမျိုးခြားတွေမပြောနဲ့   အမေရိကန်မှာမွေးတဲ့
ဒီမှာကြီးပြင်းတဲ့လူတွေတောင် ဖြစ်တတ်တဲ့ အခြေနေမို့ စိုးရမ်စ၇ာမရှိပါဘူးတဲ့ ။
ဆရာဝန်က ပြောလိုက်သေးတယ် ။တကယ်လို့  ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ချင်စိတ်တို့ ဘာတို့ ဖြစ်လာရင် ဆေးခန်းကို
အချိန်မရွေး အကြောင်းကြားပါတဲ့  (ဟီးဟီးး) ဆရာဝန် အဲလိုပြောတော့ ရီချင်လိုက်တာမှ
ပြောမနေနဲ့ ။ အဲဒါနဲ့ ကျမလဲပြန်ပြောလိုက်တယ် ။ ကိုယ့်ကိုကိုယ် နာကျင်အောင်တော့မလုပ်ရဲပါဘူး
ဒါပေမဲ့  အပြင်မှာ ရေခဲတုံးတွေမြင်ရင် ဒါမှမဟုတ် အပြင်ထွက်ရင် ကိုယ့်ကိုကိုယ် ကောက်ညှင်းထုပ်လို  အထပ်ထပ်ထုပ်ပိုးရတာကို ငိုချင်တာပါလို့ ။  :))

ကျမတို့ ပတ်ဝန်းကျင်မှာရော အသိုင်းအ၀ိုင်းထဲမှာရော depression ရနေတဲ့လူတွေအများကြီးရှိနိုင်ပါတယ် ။
တချို့ တွေက ကိုယ့်ကိုယ်ကိုယ် depression ရလို့ ရမှန်းတောင် မသိကြပါဘူးတဲ့ ။အထူးသဖြင့်
မိသားစုနဲ့ ဝေးပြီး နိုင်ငံရပ်ခြားမှာ ရုန်းကန်ရပ်တည်နေရတဲ့ လူများမှလည်း တခါတလေ
ဖြစ်လေ့ဖြစ်ထရှိပါတယ်တဲ့ ။ ကဲ ..သူငယ်ချင်းတွေအားလုံး စိတ်ဖိစီးမှူများမှ ကင်းဝေးပြီး
စိတ်ချမ်းသာပျော်ရွှင်ကြပါစေလို့  ဆန္ဒပြုပါတယ် ။


ချစ်ခင်လေးစားစွာဖြင့်
ယွန်း

11 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ယွန်းရေ
အလုပ်က ထွက်လိုက်လို့ တနေ့တနေ့ လုပ်စရာမရှိလို့ စိတ်ညစ်နေတယ်ဆိုရင် စာရေးတာလေးကို အာရုံ စူးစိုက်ပြီး လုပ်ကြည့်ပါလား
ဘလော့ဂ်ရေးတာ သက်သက် မဟုတ်ဘဲနဲ့ ၀တ္ထုလေးတွေ၊ ဆောင်းပါးလေးတွေ အဲလိုမျိုးလေးတွေ ရေးကြည့်လေ
ဒါဆိုရင် အချိန်ကုန်လို့ ကုန်မှန်းမသိ ဖြစ်သွားမှာပေါ့။
ပျောက်မနေပါနဲ့ မကြာမကြာ ပေါ်လာပါ လို့

ခင်မင်တဲ့

မချော

shwezinu said...

ညီမယွန်းရေ

ဟုတ်ပ ရာသီက မကောင်း တနေ့တနေ့ ဒီအိမ်ထဲမှာဆိုတော့ ဒီလိုဘဲ ဖြစ်ရတာ ကိုယ်ခြင်းစာပါတယ် မချောပြောသလို တရားအလုပ်လုပ် စာတွေဖတ်ပါ စာတွေရေးပါ ညီမ ရေးတာလေးတွေ မပြီးပြတ်သေးတာတွေလည်းရှိသေးတယ်ထင်တယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အင်ကြင်းသန့် said...

ယွန်းရေ....
ဂျင်းလည်း အခုမှပဲ နဲနဲအလုပ်လေးပါးသွာလို့ ဘလော့လည်ထွက်ရတော့တယ်။ ယွန်းတို့နဲ့လည်းအဆက်အသွယ်ပြတ်နေတယ်။ ယွန်းဖြစ်နေ ခံစားနေရတာတွေကို ကိုယ်ချင်းစာမိပါတယ်။ ပိုတော့ဆိုးမလာစေနဲ့ပေါ့ယွန်းရယ်။ အပေါ်က မချောတို့ မရွှေစင်တို့ပြောသွားသလိုလုပ်ကြည့်ပါလား ယွန်းရယ်....

ချစ်ခင်စွာနဲ့
ဂျင်း

သူကြီးမင်း (တုံးဖလား) said...

မိရွှေယွန်း..
လေကောင်းလေသန့် များများရှူ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်။
စာများများဖတ်။
စာများများရေး။
လတ်ဆတ်တဲ့ အစားအစာကိုစား။

ဒါဆို ဒီပရက်ရှင်တွေ အနားတောင် ကပ်လာရဲမှာ မဟုတ်ဘူး။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုဇော် said...

လုပ်စရာတွေမှ အများကြီး။
Google Map ၊ Earth ကနေပြီးတော့ လျှောက်သွားကြည့်။
ပုံတွေရှာ ၊ ဒါကို ဖိုတိုရှော့နဲ့ ဖြတ်ညှပ်ကပ်ကြည့်။
အွန်လိုင်းရုပ်ရှင်ဆိုက်တွေကနေ အငြိမ့်တွေ ၊ ဟာသကားတွေ ကြည့် ၊
အစားအသောက်ရေးတဲ့ ဆိုက်တွေကို ကြည့်ပြီးတော့ တနေ့ တမျိုး မရိုးအောင် ချက်စား ၊
မနက်ဖြန် ငါ ဘာထူးထူးဆန်းဆန်း လုပ်ရင် ကောင်းမလဲလို့ စဉ်းစား၊
ပြီးရင် ရအောင် လုပ်။

စမ်းကြည့်ပါ . . . နေတတ်ရင် အချိန်တောင်မှ မလောက်သလို ဖြစ်ပြီး ပြာယာတောင်မှ ခပ်နေဦးမယ်။

ပျော်ရွှင်ပါစေဗျာ။

လင်းခေတ်ဒီနို said...

အင်း စာရေးခိုင်တဲ့ သူနဲ့ . . . အစားအသောက်ချက်ခိုင်းတဲ့ သူနဲ့ . . . ငါတော့ တခုမှ အားမပေးဘူး . . . နင်နဲ့ လက်ရှိ အခြေအနေ မသင့်တော်ဘူး

ငါကတော့ လမ်းများများလျှောက် ( ဘာလို့ဆို နင်သိမှာပါ ) . . . အညှော်မမိစေနဲ့း))) ကိုယ့်ကိုယ်ကိုယ် အထိခိုင်မခံနဲ့ နောက်ဆို သားသားကိုလည်း သိပ်မချီနဲ့တော့ . . . သားသား ဒူးရမ်းရင် နင့်အတွက် အန္တာရယ်များတယ် . . . .

ဒါပဲ နာသိတယ် ဟိဟိ ကျန်တာ အကို နင့်ကိုပြောလိမ့်မယ်း)))ဟီးဟီး

( ယွန်းမကို ဆရာပြန်လုပ်နိင်ပြီးတွး)))))) )

သဒ္ဓါလှိုင်း said...

ယွန်းလေးရေ..
လူတယောက်ရဲ့ စိတ်က ရာသီဥတုအခြေအနေပေါ်မှာလည်း မူတည်ပါတယ်။
ရာသီဥတုက မှိုင်းညို့နေရင် စိတ်ကလည်း မှိုင်းညို့ညို့ကြီး ဖြစ်သွားတတ်တယ်နော်။ မိုးတွေအရမ်းရွာပြန်ရင်လည်း လွမ်းသလိုလို ဘာလိုလိုဖြစ်လာပြန်ရော..။ စိတ်ကလေးကို သက်သက်သာသာလေးနဲ့ ပျော်ပျော်လေးဖြစ်အောင် နေနော်..။ အခြေအနေတွေအရ မိသားစုတွေနဲ့ ဝေးနေရတော့လည်း ဖြစ်တတ်ပါတယ်။
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေနော်.။
ချစ်တဲ့
မဒါ...

လသာည said...

ယွန်း..ရေ

မမေ့ပါဘူး..။ သူပျောက်ကိုယ်ပျောက် လိပ်စာတွေပျောက်ဆိုတော့..မရောက်ဖြစ်ဘူးလေ..။

depression က အပေါ်က သူတွေပြောတဲ့အတိုင်းပဲ စိတ်ကိုလျော့ပြီး ပျော်ပျော်နေလိုက်ရင် အဆင်ပြေသွားမှာ..။ ခဏနေရင် နွေ၆လဘက်ကို ရောက်တော့မှာပဲ..။ နော်..

အပေါ်ကတစ်ယောက်(ဒီနို)ရေးထားသလိုဆိုရင် ယွန်းမှာ ၀မ်းသာစရာများ ရှိနေပြီလား..ဒါဆိုလည်း မပူနဲ့ အဲဒါအချိန် အဲလိုပဲ ဖြစ်တတ်တယ်လေ..။ လိုအပ်တဲ့ အားဆေးဘာညာလည်း စားနော်..။ (အစ်မ့ အတွေးမှားရင် ခွင့်လွှတ်ပါ.။.အစ်မ့အတွေးမှန်နေလို့ တစ်ခုခုများ တိုင်ပင်ချင်ခဲ့ရင် အစ်မဆီ မေးလ်နဲ့ မေးလို့ရပါတယ်.. အတွေ့အကြုံပြောပြလို့ ရတယ်လေ)

သတိရလျက်ပါ

မိုးယံ said...

မမေ့ပါ.. လေ့ကျင့်ခန်းလုပ် သားသမီးတွေနဲ့ဆော့

စာတွေဖတ်.. စာများများရေး အို ပျော်စရာ ကမ္ဘာလေး..

မြတ်မွန် said...

အပေါ်က ဗညားလေ ဖော်ကောင်..
ယွန်းလေးရေ..တိတ်ကဲနော်..။ သိပ်တော့မကဲနဲ့..ဟဲဟဲ။
ချစ်တဲ့
မွန်

Anonymous said...

ဘလော့တွေ လိုက်ဖတ် အွန်လိုင်း ဖိုရမ်တွေလိုက်ဝင် ဗဟုသုတလေ့လာ ကိုယ်သိတာ ပြန်ဝေ ချက်ပြုတ်တာ လေ့လာ စမ်းကြည့် အချိန်ကုန်မှန်းမသိ ကုန်သွားမှာပါ။

လောကမှာ စားဝတ်နေရေး အတွက် အခက်ခဲဖြစ် ဒုက်ခရောက်နဲ့ အခုယွန်းလို မတောင့်မတ မကြောင့်မကျ ဘ၀လိုမျိုး မရှိကြရှာဘူး။

ကိုယ့်ထက် သာတဲ့သူကို မကြည့်နဲ့ ။ ကိုယ့်ထက် အဆင်မပြေတဲ့သူတွေကို ဘဲ ကြည့်ရင် ယွန်းအနေနဲ့  စိတ်ပြေရာ ရှာနေနိုင်မှာပါ။


ပျော်ရွှင်သာယာတဲ့မိသားစု ဘ၀ ဖြစ်ပါစေ။

ဆောင်း

About me

Blogger templates