Aug 12, 2012

တံတောင်ဆစ်နှင့် ဒူးခေါင်းမှ အညိုမဲများပျောက်ကင်းပြီး အသားအရည်လှပစေရန်

အားလုံးမင်္ဂလာပါ .........
အချိန်အတော်ကြာ စာမရေးပဲ ပစ်ထားခဲ့တဲ့ ဒီဘလော့လေးကို ဖုန်ခါ ပြီး ချောင်ထဲကနေဆွဲထုတ် လာပါပြီ ။
ရေးချင်စိတ်ပေါက်လာလို့  အလှအပရေးရာလေးတွေ နည်းနည်းတော့ပွားပါရစေ ။
အလုပ်ရှူပ်နေတာကြောင့် ဘလော့ကို ပစ်ထားခဲ့တာတော်တော်ကြာခဲ့ပါပြီ ။
သို့ သော်လည်း ရသစာပေမရေးနိုင်ရင်တောင်မှ ပေါ့ပေါ့ပါးပါးလဲဖြစ်တဲ့
အလှအပရေးရာပိုစ့် လေးတွေကို  ကိုယ်သိသလောက် မျှဝေဖို့  စိတ်ကူးရလာတာနဲ့  ဘလော့လေးကို ခြေဦးလှည့်လာမိပါတယ် ။ဒီပို့ စ်လေးက အလှအပစိတ်ဝင်စားတဲ့ မမတွေအတွက် အသုံးတည့်လိမ့်မယ်လို့ မျော်လင့်ပါတယ် ။ သိပြီးသားဖြစ်လိမ့်မယ်လို့ လဲထင်ပါတယ် ။
 ( တချို့ မသိသေးတဲ့ သူများအတွက် ရည်ရွယ်ပါတယ် )

သင့်ရဲ့ တံတောင်ဆစ်နဲ့  ဒူးခေါင်းတွေမှာရှိတဲ့ ဆဲလ်အသေတွေစုဝေးပြီး ဖြစ်ပေါ်လာတဲ့ အညိုကွက်တွေ
ကြောင့် Dress နဲ့  စကတ်အတိုဝတ်လို့ မလှပဲ စိတ်ညစ်နေရတဲ့ သူငယ်ချင်းများအတွက် သိထားတဲ့ နည်းလမ်းကောင်းလေးတွေ ပြန်လည်မျှဝေပေးပါရစေ ။ဒီနည်းလမ်းလေးတွေ အိမ်မှာကိုယ်တိုင်ပြုလုပ်နိုင်ခြင်းကြောင့် အဆင်ပြေလွယ်ကူစေမှာပါ ။

၁ ။ သံပုရာသီး 

သံပုရာသီးကို ထက်ခြမ်းခွဲပါ ။
ပထမတစ်ခြမ်းနှင့် သင့်ရဲ့  တံတောင်ဆစ် ညိုနေသောနေရာများသို့ သေချာပွတ်တိုက်ပေးပါ ။ ထို့ အတူ နောက်တခြမ်းဖြင့် သင့် ဒူးဆစ်မှညိုသောနေရာများတွင် ပွတ်တိုက်ပေးပါ ။
ထိုနောက် ( ၁၀ မိနစ် မှ ၁၅မိနစ်ခန့်  ) ခြောက်သွားသည်အထိ  ထားပါ ။
pumice stone
ထို့ နောက် pumice stone ဖြင့် ညိုသောနေရာများသို့ ပွတ်တိုက်ပေးပါ ။
ပြီးလျှင်ေ၇နွေးဖြင့် ဆေးပေးပါ ။ ထိုသို့ တစ်ပတ်မျှကြာအောင်အသုံးပြုပေးပါ ။

၂ ။  Baking soda (သို့  ) ဆား နှင့် သံပုရာရည် 

အိမ်မှာရှိတဲ့ မိးဖိုချောင်သုံး ပစ္စည်းတွေ နဲ့လည်း အသုံးပြုလို့ ရပါတယ် ။
Baking soda (သို့  ) ဆား ကို သံပုရာရည်နှင့်ေ၇ာစပ်ပြီး
ညို သာနေ၇ာများလျောနဲစေရန်လည်း အသုံးပြုလို့ ရပါတယ် ။
Baking soda ထဲမှာပါဝင်တဲ့ အရာတွေဟာ အသားကို နူးညံ့သွားစေပြီး ဆဲလ် အသေတွေကို ထိထိရောက်ေ၇ာက် ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ် ။
Baking soda (သို့  )ဆား လေးပုံတစ်ပုံခန့်ကို သံပုရာသီး အရည်ညှစ်ထားတာနဲ့
 ရောပြီး အ၀တ်တစ်ခုနှင့် ဆွတ်ကာ သင့်ရဲ့  တံတောင်ဆစ်နှင့် ဒူးခေါင်း
 ညိုသောနေရာများတွင် ပွတ်ပေးပါ ။ ပြီးလျှင် မိနစ်၂၀ ခန့် ထားပေးပါ
 ။ပြီးလျှင်ေ၇နွေးဖြင့် ဆေးပေးပါ ။ သင့်ဒူးမှ အညိုေ၇ာင်များ သိသိသာသာ လျော့ကျလာပါလိမ့်မယ် ။

 ၃။ Vitamin E အသုံးပြုခြင်း
glycerine (အလှဆီ )


Vitamin E သုံးခြင်းဖြင့်လည်း ဒူးနှင့် တံတောင်ဆစ်မှ အညိုကွက်များကို
 လျော့ပါးပျောက်ကွယ်စေနိုင်ပါသည် ။ ပြုလုပ်ပုံမှာ
  Vitamin E  လ္ဘက်ရည်ဇွန်း တစ်ဇွန်း ခန့်  ၊ သံပရာသီးအရည်ညှစ် လ္ဘက်ရည်ဇွန်း တစ်ဇွန်း ခန့် ၊ ကြိုက်နှစ်သက်ရာ glycerine (အလှဆီ )လ္ဘက်ရည်ဇွန်း တစ်ဇွန်း ခန့်  နှင့်
  နွားနို့  ထမင်းစားဇွန်း ၄ဇွန့် ခန့် ကို ရောစပ်ပြီး တံတောင်ဆစ်နှင့် ဒူးခေါင်း
 ညိုသောနေရာများတွင် ပွတ်လိမ်းပေးပါ ။ ပြီးလျှင် မိနစ်၂၀ ခန့် ထားပေးပါ
။ပြီးလျှင်ေ၇နွေးဖြင့် ဆေးပေးပါ ။သင့်ဒူးမှ အညိုကွက်များ သိသိသာသာ လျော့ကျလာပါလိမ့်မယ် ။

၎။ Moisturize သုံးခြင်းဖြင့်လည်းကာကွယ်နိုင်

အထက်ပါနည်းအတိုင်း ချေးချွတ်ပြီးလျှင် Moisturize လိမ်းပေးခြင်းဖြင့်လည်း အညိုကွက်များ ပြန်မဖြစ်ပေါ်စေ၇န် ကာကွယ်ပေးရာေ၇ာက်ပါသည်။
 တံတောင်ဆစ်နှင့် ဒူးခေါင်းမှ အညိုမဲများမှာ ခြောက်သွေ့ သော အသားအရည်ပိုင်ရှင်များတွင် ပို ဖြစ်စေနိုင်သည်  ။ခြောက်သွေ့ သော
 အသားအရည်ပိုင်ရှင်များ မှာ အသားအရည်ထိမ်းသိမ်းခြင်း မပြုလုပ်လျှင် အသားအရည် ပျက်စီးရန် အလွန်လွယ်ကူသည် ။ သင့်ရဲ့ အသားအရည်မှာ ဆဲလ်အသစ်များ ထပ်မံပေါ်ထွက်လျှက်ရှိရာ ဆဲလ်အသေများမှာ အကွေးအဆန့် ပြုလုပ်သော သင်၏ တံတောင်ဆစ် နှင့်ဒူးခေါင်းတ၀ိုက်တွင်
 စုဝေးလာပြီး အမဲကွက် အညိုကွက်များဖြစ်ပေါ်လာစေသည် ။
Moisturize ထဲတွင်jojoba oil (သို့  ) shea butter ပါဝင်သော lotion များက အသားအရည်မှ အစိုဓာတ် နှင့် ရေဓာတ် ကို ထိန်းသိန်းပေးခြင်းကြောင့်  အညိုကွက်များကို လျော့နဲစေသည် ။
olive oil ကိုလဲ အသုံးပြုနိုင်ပါသည် ။

ကြိုက်နှစ်သက်ရာနည်းလမ်းကို ရေရှည် စွဲပြီး အသုံးပြုခြင်းဖြင့်  တံတောင်ဆစ်နှင့် ဒူးခေါင်းမှ အညိုမဲများပျောက်ကင်းစေမှာဖြစ်ပါတယ် ။ ပျိုမေတို့  လှပကျော့ရှင်းပြီး  အပြစ်အနာဆာ ကင်းတဲ့ အသားအရည်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ  ။


ချစ်ခင်လေးစားစွာဖြင့်

ယွန်း

4 comments:

Anonymous said...

ပိုစ့်အတွက် ကျေးဇူးပါ ယွန်း
welcome back and happy blogging !!

မြူးလေး

blackroze said...

ကျေးဇူးပါ မယွန်းရေ

မြတ်မွန် said...

အော် ဒီမှာလည်း တင်ထားသကိုး ယွန်းရဲ့..

Anonymous said...

thank

About me

Blogger templates