Jun 2, 2009

အကျဉ်းထောင်က အလင်းရောင်



ထောင်စခန်းဆိုတာ
အမှောင်လမ်းပါပဲ
ဒါပေမဲ့ - အောင်ပန်းဆွတ်တဲ့ အာဇာနည်တို့ရဲ့

တာရှည် စံမြန်းရာ။



သစ္စာမဖောက် ဒူးမထောက်

မကြောက်မရွံ့ သူတွေရဲ့ နိဗ္ဗာန်ဘုံမို့

တိရစ္ဆာန်ရုံ မဟုတ်ပါ။

အရိုင်းဆုံးထဲက လူယဉ်ကျေး

အရဲဆုံး သွေး မို့

အရေးတော်ပုံရဲ့  သူရဲကောင်း

အရောင်မပြောင်းတတ်သူပါ။

မြန်မာ့ စာနယ်ဇင်းလောကမှာ

အတောက်ပဆုံး ကလောင်ဘုရင်

ဟံသာဝတီ ဦးဝင်းတင် တဲ့

ဂန္ထ၀င်မြောက် စံတင်လောက်အောင်

ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ကျော်

ခေတ်သစ်ရဲ့  မင်းမဟော်လို့

ပူဇော်ထိုက်သူ အမှန်ပါ။



ပြည်သူကို သူက ချစ်

သူ့ကိုလဲ ပြည်သူက ချစ်

တို့ခေတ်ရဲ့  အလင်းရောင်

မီးရှူးတန်ဆောင် အစစ်ပါ။



အကျဉ်းထောင် က၊ အလင်းရောင် ပြနေတဲ့

အာဂ သတ္တိရှင်

မိခင်မြန်မာရဲ့ သားရတနာကောင်းကို

ညွတ်ပျောင်း ဦးခိုက်၊ ကန်တော့လိုက်ပါရဲ့ 

မိုက်မှောင်ကင်း၍

အလင်းရောက်ပါစေ ဆရာ။ ။

တင်မိုး

3 comments:

မြူး said...

ယွန်းရေးးးးးးးးးးးးးး
ကြိုက်တယ်

မျက်မှန်လေး said...

အရမ်းကောင်းတယ်။

ဂျူနို said...

ဒီ ကဗျာလေးကို မအယ်သိတ်ကြိုက်တယ်။
ဘဘကို လည်း တကယ်လေးစားတယ်။
ဆရာကြီး ဦးတင်မိုး က ခုထိ သူ့ ကဗျာတွေနဲ့ အာဏာရှင်ကို တိုက်တုန်း။
ကဗျာကိုကော ဘဘကိုကော ဆရာကြီးကိုကော ဂုဏ်ယူတယ်။
မရွှေယွန်းကို လည်း ခုလို ဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ်။
ကိုယ်တို့ အကျဉ်းထောင်ထဲမှာ အလင်းရောင်တွေ အများကြီးရောက်နေတယ်။ အားလုံးကို ပြန်ထုတ်နိုင်ဖို့ ဆုတောင်းပါတယ်။
မအယ်

There was an error in this gadget

About me

Blogger templates