ယွန်းကအရင်တုန်းက ပိုက်ဆံအိတ်သေးသေးလေးတွေကိုင်လေ့ရှိဘူးးးး
အိတ်ဆို အကြီးးးးးကြီးမှကြိုက်တာ...လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမှပိုက်ဆံအိတ်သေးစားလေး
တွေစပြီးကိုင်ကြည့်ပါတယ်...
စသုံးကာစတုန်းကဆို ဘယ်နားထားလို့ ထားမိမှန်းမသိလို့ 
လိုက်ရှာရတာ ခဏခဏပဲ ...စကိုင်ဖြစ်တာကဒီလို...အရင်ကဆို ကဒ်ပေါင်းသောင်း
ခြောက်ထောင်ကို စာအုပ်အဖုံးမှာပါတဲ့ဇစ်အိတ်လေးထဲ ထည့်ထည့်ပြီးသိမ်းတတ်တယ်..
ကျောင်းသားကဒ်ကအစ..အကြွေးကဒ်အဆုံး....လိပ်စာကဒ်ပါမကျန်ထိုးထည့်ထားလိုက်တာ
လိုချင်ရင်ပြောင်းဆန်အောင်ပြန်ရှာရတာမူးနေတာပဲ...(အဟီးးးအဲလို စည်းကမ်းရှိတာ)
နောက်တော့ သူငယ်ချင်းအကြံပေးတာနဲ့ ဒီအိတ်လေးကိုစကိုင်ဖြစ်သွားတာ...

ဒါပေမဲ့ အဆင်မပြေတာကအိတ်လိုက် ဘယ်မှာထားမိမှန်းမသိ..လိုက်ရှာရတာအမောပဲ...
အဲဒါနဲ့ သူငယ်ချင်းကထပ်အကြံပေးတယ်...ပိုက်ဆံအိတ်ကြီးကြီးကိုင်ပါလားတဲ့..
ဘာရယ်တော့ဟုတ်ဘူး..လူရှိန်တာပေါ့...အဲဒါနဲ့  အရူးထပြီး ရှိသမျှ MALL တွေမှာ
ပိုက်ဆံအိတ်ကြီးကြီး၇ှာတော့တာပဲ...အဲလိုနဲ့  အိတ်ကြီးကြီးထဲ အိတ်သေးသေးထဲ့ပြီး
အဆင်ပြေနေတာခုထိဆိုပါတော့......
အပြာလေးကတော့ အခုလက်ရှိကြိုက်နေတဲ့ အိတ်လေးပေါ့...
နွေဆိုတော့ ဒါလေးတွေခေတ်စားနေလို့ ... :D

သော့၊ဘီး၊ စာအုပ်၊ဖုံး ၊တစ်ရှူး စသဖြင့်ရှိရှိသမျှ အကုန်ထည့်ရတာဆိုတော့ အရူးအိတ်လိုပဲ..
မုန့် ဖိုးလေးတွေ စုစုပြီးဝယ်ရတာဆိုတော့ များများစားစား မကိုင်နိုင်ပါဘူး...
(သနားပါတယ်နော်.. )
ကဲ...ရေးပြီးပြီနော်...ကျေနပ်တော့မြူးရေ.....
5 comments:
ဟေးးးးးးးးးးးးးးးးးးးးး
ချစ်ဖို့ ကောင်းတဲ့သယ်ရင်းလေး
လိမ္မာလိုက်တာဒီလောက်တောင်
မြန်တယ် စာရေးတတ်တဲ့လူတွေများနော်
ယွန်းရေးးးးးးးးးးးးးးးကျေးဇူးနော်
အိတ်ကြီးကြီးကြိုက်တာချင်းတူတယ်သိလား
မြူးလဲအိတ်ကြီးကြီးကြိုက်တယ်
လိုတရ အိတ်လေးပေါ့ မယွန်းရး)
အကုန်ပါလို့လေး)
ဆာလာအိတ်သာသုံးပါလား အဲဒါဆို ရှိတာ အကုန်ထည့်ပြီး ထမ်းသွားပေါ့ လိုချင်တာရှိရင်လဲ
အဝကကြီးတော့ လူတောင်ဝင်ပြီး ရှာလို့ရတယ်လေ....အဟေဟေဟေ...
ထည့်စရာတွေ များတော့လဲ အိတ်ကြီးကြီးသာ ဝယ်ထားပေါ့ဗျာ။
ဂုန်နီအိတ်ပဲသုံးတော့မယ်..ခေတ်မီတာပေါ့..ဟားဟား
Post a Comment