Jun 17, 2009

အနာဂတ်မှာဘာလဲ

နေခြစ်ခြစ်တောက်ပူနေသည်။လူများက ပူလွန်းသဖြင့် ထီး၊ဦထုပ်၊နေကာမျက်မှန် စသဖြင့်နေရောင်မှအကာအကွယ်ရရန် ၀တ်ဆင်ထားကြသည်။
အားလပ်ရက်ဖြစ်သောကြောင့် လူအများဟိုဟိုဒီဒီသွားလာနေကြ၏။
ကမ်းနဘေးတွင်ငါးမျှားသည့်လူများ ၊ အပမ်းဖြေလာကြသည့်လူများနှင့် စည်ကားနေ၏။

နှစ်စဉ်နွေဦးပေါက်ချိန်တွင် ကျမတို့မြို့ လေးကအင်မတန်စည်ကားသာယာလှသည်။
ကျမသည်ထိုမြင်ကွင်းလေးကို ငေးကောင်းကောင်းနှင့်ငေးနေမိလေသည်။
ဒီနေ့ပူလွန်းသောကြောင့် ကျမအပြင်မထွက်ချင်ပါ။
သို့သော် နွေဘက်မှအပြင်မထွက်လျှင် ဆောင်းတွင်းရောက်လျှင်ပိုဆိုးချေတော့မည်။
ခင်ပွန်းသည်က ဆိုင်တဆိုင်ဝင်ကာ အအေးဝယ်နေစဉ် ကျမကားပေါ်မှာ ထိုင်စောင့်နေခဲ့သည်။
နေပူရှိန်ကြောင့် ပတ်ဝန်းကျင်သည် တငွေ့ ငွေ့ ပူပြင်းလျှက်။

ကျမမျက်လုံးများက ပြင်ပတနေရာတွင်စူးစိုက်ရပ်တန့်သွားသည်။
နေပူကျဲကျဲတွင် ထိုအရိပ်ဖြူဖြူသည်တရွေ့ ရွေ့ လှူပ်ရှားနေ၏။
အဝေးမှတဖြည်းဖြည်းနီးလာသောအခါ ထိုအရိပ်မှာပုံစံ သဲကွဲလာသည်။
လက်တွင်တောင်ဝှေးကို အသုံးပြုလျှက် ကားလမ်းနဘေးမှ ဖြည်းဖြည်းချင်းလျှောက်လာနေသည်။
လူဖြူလူမျိုးဖြစ်သည်။ ခပ်ပါးပါးကိုယ်လုံးကိုယ်ထည်နှင့်လက်တဖက်မှ အိတ်ကိုဆွဲထားသေးသည်။
အသက်အားဖြင့် ၇၀ နီးပါးရှိသော ထိုအဘွားအိုသည် တဖက်ကားလမ်းကိုကူးရန် ဟန်ပြင်လိုက်သည်။

သူမမှာမှူန်ဝါးနေသောမျက်လုံးများဖြင့် အားစိုက်ကြည့်နေရသည်ထင်။
သူမမျက်မှာပေါ်မှ အရေးအကြောင်းများကလဲအတော်များနေချေပြီ။
ကားများစီတန်းနေသဖြင့် ကားလမ်းကူးရန် ထိုနေရာတွင် သူမရပ်နေသည်။
ကားများကလဲတော်ရုံနှင့်မရှင်းနိင်သေးပေ။

ကျမထိုဖြစ်ရပ်ကိုအကြာကြီး ကြည့်မနေရက်ပါ။သူမကိုကူညီဖို့ ရာ တစုံတယောက်လိုအပ်ပေလိမ့်မည်။
ကျမ သူမအနားရောက်သွားပြီးစကားစလိုက်သည်။

" အမေ...ကျမဘာကူညီပေးရမလဲဟင်.."

သူမကကျမကိုမော့ကြည့်ရင်း အသိများလားဟုဝေခွဲနေပုံရသည်။

"ဟိုဘက်ကားလမ်းကူးမလို့  မဟုတ်လား"

ကျမထပ်ပြောတော့ သူမခေါင်းငြိမ့်ပါသည်။
ကားလမ်းမကူးခင် ကျမသူ့ ကိုမေးလိုက်သည်။

"အမေ..ဘယ်မှာနေလဲဟင်"

"စီနီယာ အပါ့မန့် (လူအိုရုံကဲ့သို့ သောနေရာ) မှာနေပါတယ်.."

ကျမမေးပြီးမှ အားနာသွားမိသည်။

အမေ့မှာ သားသမီးမရှိဘူးလား ဟုမေးတော့သား၂ယောက်၊ သမီး၁ယောက်ရှိကြောင်း၊
သူတို့ အလုပ်နှင့် သူတို့ မအားသဖြင့် သူမကို ဂရုမစိုက်နိုင်ကြောင်းပြောပြသည်။
သားသမီးများက မအားသဖြင့် ကိုယ်တိုင်ဈေးလာဝယ်ကြောင်းပြောပြတော့ ကျမစိတ်မကောင်းဖြစ်မိသည်။

သူမကိုကားလမ်းတဖက်ပို့ ပေးပြီးတော့သူမက ကျမကိုကျေးဇူးတင်ကြောင်းပြောသည်။

ကျမရင်ထဲ တခုခုကျန်နေခဲ့လေပြီ။ကျမ၏အပြန်လမ်းမှာ တွေးစရာများနှင့်ပြည့်နှက်နေ၏။

တနေ့နေ့ ကျမတို့အသက်များကြီးလာခဲ့သော် ....

ကျမတို့ ပိုင်ဆိုင်ရမဲ့ အနာဂတ်ကဘာများလဲ...

ကျမဆက်မတွေးရဲချေ...

ကျမနောက်ကိုပြန်လှည့်ကြည့်မိသည။် သူမသည် ဦးတည်ရာသို့ တဖြည်းဖြည်းသွားနေဆဲ...

ကျမမျက်ဝန်းထဲ သူမအရိပ်သည် မှူန်ဝါးကာ တဖြည်းဖြည်း ..ရွေ့နေဆဲ.....

5 comments:

မြူးသျှရီ said...

ယွန်းရေးးးးးးးးးး


ဟုတ်တယ်နော် မြူးလဲလေအဲလိုတွေ
ခဏခဏ တွေ့ဖူးတယ်
ရင်ထဲမကောင်းဖူး ကေျးဇူးနော်
ပို့စ်လေးတွက်ပါ ခံစားချက်တွေတူနေတယ်သယ်ရင်းလေး

ခင်တဲ့
မြူး

မျက်မှန်လေး said...

ဟုတ်တယ်ယွန်းရေ..
ကိုယ်လည်းအဲဒါတွေကြောက်နေတာနဲ့ဘဲသားသမီးမယူ
ရဲဘူး.ကြီးမားလိုက်တဲ့မိခင်မေတ္တာလေ။ဟီးဟီး

မျက်မှန်လေး said...
This comment has been removed by a blog administrator.
မျက်မှန်လေး said...
This comment has been removed by a blog administrator.
မျက်မှန်လေး said...
This comment has been removed by a blog administrator.
There was an error in this gadget

About me

Blogger templates