Jun 5, 2009

ဘ၀မှာအဖြစ်ချင်ဆုံးဆန္ဒကဘာလဲ

လူတိုင်းမှာ အဖြစ်ချင်ဆုံးဆန္ဒတွေရှိကြမယ် ထင်ပါတယ်။ဖြစ်နိုင်တာ မဖြစ်နိုင်တာနောက်ထား ဘာဖြစ်ဖြစ်
မျှော်လင့်ချက်လေးတော့ရှိသင့်တယ် မဟုတ်လား..ဘယ်သူတွေ လာပဲပြောပြော ဘယ်သူတွေကပဲလှောင်ရယ်ပါစေ
မျှော်လင့်ချက်ဆိုတာ လူတိုင်းကိုယ်စီကိုယ်ငှ ရရှိတဲ့ရူးသွပ်မူလေးဆိုလဲမမှားပါဘူးထင်ပါရဲ့ ။

စိတ်ကူးထဲမှာ မင်းသားဖြစ်ချင်လဲဖြစ်မယ်..ဆရာဝန်ဖြစ်ချင်လဲဖြစ်မယ်ပေါ့..
အဲဒိစိတ်ကူးတွေ ၊မျှော်လင့်ချက်တွေ ဆန္ဒတွေကနေအခြေခံပြီး တနေ့နေ့မှာတကယ်ဖြစ်မလာဘူးလို့
ဘယ်သူကမှမပြောနိုင်ဘူးနော်..
ဘ၀မှာအဖြစ်ချင်ဆုံးကဘာလဲလို့မေးလာခဲ့ရင် သူငယ်ချင်းတို့ဘယ်လိုဖြေမလဲ...
တချို့ ကတရေးနိုးလန့်နိုးလာသလို ဘာဖြေရမှန်းမသိဖြစ်နေမလားးးး(ရုတ်တရပ်ဆိုတော့လေ)
တချို့ က ချစ်သူကောင်မလေး(သို့)ကောင်လေး ရဲ့အချစ်ဆုံးသူ ဖြစ်ချင်တယ်လို့ဖြေမလားး(အဟိ)
ရပါတယ် ဒီလိုဖြေလို့လဲကောင်းတာပဲ
ဒါမှမဟုတ် ဖတ်ဘူးတဲ့ကာတွန်းထဲကလို ကျတော့်ကောင်မလေးရဲ့ခြေဖ၀ါးကိုမော်ဖူးချင်တယ်လို့ဖြေမလား
(ဟားဟားးးးတော်တော်ကြောင်တာနော် စဉ်းစားကြည့်ရင်ရီချင်သလိုပဲ)
ဘာပဲဖြစ်ဖြစ် ဒါတယောက်စီရဲ့ အခွင့်အရေးပဲနော်(လွတ်လပ်စွာကြောင်ခွင့်ရှိသည် :D )
ယွန်းကျုတော့ အဲမေးခွန်းမေးလာရင်ယွန်းရင်ထဲကရှိတဲ့အတိုင်း ဖြေမိမှာပဲ
ယွန်းရဲ့အဖြစ်ချင်ဆုံးဆန္ဒ ကတော့ မိဘကောင်း ဖြစ်ချင်တယ်...ယွန်းတို့ငယ်ငယ်ကမိဘနဲ့အကြာကြီးမနေခဲ့ရဘူး
အဖေနဲ့အမေက ငယ်ငယ်လေးကတည်းက နိုင်ငံခြားရောက်နေခဲ့လို့ ယွန်းကအဖွားတွေအဒေါ်တွေ
မောင်နှမ၀မ်းကွဲတွေကြားမှာကြီးပြင်းလာခဲ့ရတယ်...မိဘဆီကအကြင်နာကိုသိပ်လိုချင်ခဲ့တာ..
ဘာပဲဖြစ်ဖြစ် ကွာတော့ကွာမှာပေါ့နော်...ယွန်းဟာတနေ့မိဘနေရာရောက်လာခဲ့ရင်
သားသမီးတွေကို ထက်အောင်သွေးပေးတဲ့ ဓားသွေးကျောက်လိုမိဘမျိုး
ပြီးတော့ သားသမီးအပေါ်တာဝန်ကျေတဲ့မိဘမျိုး ဖြစ်ချင်ခဲ့တယ်...
ပြီးတော့ယွန်းက ကလေးချစ်တတ်တယ်..ကလေးမြင်ရင်မချီပဲမနေနိုင်ဘူး
ကလေးတွေကဖြူစင်ပြီးအပြစ်ကင်းတယ်...ဟန်ဆောင်မူကင်းတယ်...အလိမ်ညာကင်းတယ်..
ကလေးတွေရဲ့ရိုးသားဖြူစင်မူလေးတွေကိုယွန်းချစ်တယ်..ယွန်းတို့လူကြီးတွေမှာအနည်းနဲ့အများဆိုသလို
အပြစ်တွေရှိခဲ့ကြပြီ..ဒီအချိန်မှာကိုယ့်ကိုကိုယ် အပြစ်ကင်းပါတယ်လို့ပြောဖို့ ယွန်းကိုယ်တိုင်တောင်လိပ်ပြာမသန့်
ဘူး...ကလေးတွေဆီမှာတော့ သိပ်ဖြူစင်တဲ့သိပ်ချစ်စရာကောင်းတဲ့ စိတ်လေးတွေရှိတယ်....
သူတို့ကိုချစ်ရတာ သိပ်စိတ်ချမ်းသာစရာကောင်းမယ်ထင်ရဲ့နော်....
သူငယ်ချင်းတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒကရော ဘာတွေလဲ...
ခင်ရင်ရေးပေးကြပါဦးနော်...တဂ်လိုက်ပြီ..
စာဖိုမူးကြီး မြူးးးးးး(လက်စားချေတယ်လို့မထင်ပါနဲ့ သယ်ရင်းလေးးးးရေ...အဟားး)
ခင်တာသိပ်မကြာသေးတဲ့ မျက်မှန်လေး(ဘာပဲဖြစ်ဖြစ် ခင်ခင်မင်မင်ပေါ့ တဂ်လိုက်ပြီ)
ပြီးတော့...အင်းးးးးခုတော့၂ယောက်ပဲတဂ်ဦးမယ်...
သိပ်မခင်ရင်လိုက်ရိုက်မှာစိုးရတယ်..အဟီးး
ရေးပေးကြနော်ခင်ရင်...သဘောကောင်းမယ်ထင်တဲ့လူလေးတွေရွေးတဂ်လိုက်တယ်..
(နောက်မှ များများခင်ရင်များများထပ် တဂ်ဦးမှာ)
ခုတော့သွားဦးမည်..တာ့တာာာာာာ....

5 comments:

Anonymous said...

ဟေ့းးးးးးးးးယွန်း
လာဖတ်တယ်နော်
မိဘကောင်းလေးဖြစ်ချင်တဲ့
သယ်ရင်လေးရဲ့ ဆန္ဒပြည့်ဝပါစေနော်
မြူးလဲကလေးတွေအရမ်းချစ်တယ်
အဆင်ပြေပါစေနော်...ရေးပေးမယ်သိလား

မျက်မှန်လေး said...

ဟေး။။။မန့်တာကိုယ်ပထမဆုံးကွ။ တဂ်တာကျေးဇူးပဲ။ဒီက အတဂ်ခံချင်နေတာ။
ဟီး၂။အားဝါး မွါါ...................

မေလေး said...

ရွှေယွန်းရေ
ကလေးချစ်တတ်တယ်ဆိုရင် မေလေးရဲ့ ကြည်နူးရိပ် ဇာတ်သိမ်းပိုင်းလေး လာဖတ်နော် ဒီညလောက် တင်ဖြစ်မယ် ..ဖတ်ပြီးမှ ကြည်နူးရိပ်မှာ လာနေချင်တယ် ဆိုရင်တော့ မေလေး က welcome ပါနော်

ခင်တဲ့
မေလေး

Anonymous said...

ဖြစ်ချင်တာတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးတယ်ဗျား.........။

ပြည်သူပြည်သား said...

ဖြစ်ချင်တိုင်းဖြစ်ပါစေဆိုရင် သိပ်မကောင်းလို့ ဆုတောင်းတိုင်းပြည့်ပါစေလို့ပဲ ပြောသွားပါတယ်ဗျာ။

About me

Blogger templates