Jun 27, 2009

လိုချင်တယ် အမှန်တရားးးး

(အမေစု ပုံအား မိုးမခ မှကူးယူပါသည်)



အမှန်တရားးးးတဲ့


ဘာအမှန်တရားလဲ.....

ဟားတိုက်ပြီးရယ်လိုက်ချင်သေးတယ်...


မျက်လုံးတွေပိတ်....

နားတွေပိတ်....

သတင်းတွေပိတ်....

လောကကိုဘောင်ခတ်ပြီး

ဘာမှမသိတဲ့အသက်ရှူသံသဲ့သဲ့တွေကို

လိမ်လည်နေတဲ့

ခင်ဗျားတို့ရဲ့ မုသာဝါဒတွေ...

သိပ်..ခါး..တယ်....။

အဟားးးးးးးးးးးးးးး

ပြောပြန်ပြီ..

တပ်မတော်ရဲ့ စေတနာအမှန်တဲ့

တော်လွန်းးးးတဲ့သူတွေ ကိုတိုက်ပိတ်...

စိတ်ဓာတ်တွေကိုရိုက်ချိုးးးးး

ပြည်သူချင်းသတ်ခိုင်းတဲ့ စေတနာတွေ...

ကျွန်ုပ်.....

နိုင်ငံရေးသမားတော့ မဟုတ်ဘူးးး

ဒါပေမဲ့ ...နာ..တယ်..။

သူတဦးကောင်းဖို့

လူအများးနိုမ့်ကျပေးရတဲ့လောက.....

တရားပါ့မလားးးးးးးစဉ်းးးးးးးးးးးစားးးးကြည့်....

ခြောက်ပစ်ကင်း သဲလဲစင်တဲ့

တို့ အမေ လဲ

တစ်နှစ်တစ်နှစ်နဲ့....

အကျယ်ချုပ်တွေ များးးလှပြီ....

ဘာပဲဖြစ်ဖြစ်

အမေ့ကို လွတ်စေချင်လှပြီ.....

အမေချစ်တဲ့

ပြည်သူတွေလဲ

ခေါင်းငုံ့ထားရလွန်းလို့

ဇက်တွေလဲညောင်းးးးးးးလှပြီ....။ ။

(ခံစားချက်တွေပြင်းသွားပါသဖြင့် အသုံးအနူန်း သည်းခံဖတ်ရှူပါရန်)

4 comments:

မြစ်ကျိုးအင်း said...

ထိထိမိမိရှိတယ်...ဟုတ်တယ်ဇက်တွေလည်းညောင်းလှ
ပြီပေါ့..မျက်နာငယ်ရလို့လဲ ကိုယ့်မျက်နာတောင် ကိုယ်ပြန်ရှာနေရတဲ့ဘ၀တွေဖြစ်နေရတယ်..။

မြူးလေး said...

ယွန်းရေ....
ကျောလေးကလေ ကောင်းလိုက်တာနော်

ယွန်းစပ်ထားတာလားဟင်

မြူးဘလော့မှာကော်ပီ ကူးပြီးတင်ချင်တယ်

ရမလား သိချင်ပါတယ်

ချစ်ခင်တဲ့
မြူးလေး

kyalkalay said...

ကြိုက်တယ်ဗျာ
အန်ကျိတ် လက်သီးဆုပ်ပီး ဖတ်သွားတယ်

ကူးမယ်ဗျာ နော်

rose of sharon said...

ကဗျာလေးကရင်ထဲထိတယ်

About me

Blogger templates