Dec 7, 2009

အပြန်အလှန်

သူကကျတော့်ကို
လာလာပြီး လုံးကြီးတင်တယ်
ဘယ်ရမလဲ
ကျတော်ကလဲ
ပြန်ပြန်ပြီး ဆန်ခတ်ပစ်လိုက်တယ်


သူက ကျတော့်ကို
အဘိဓမာနဲ့ လာပြီးကိုင်ကိုင်ပေါက်တယ်
ဘယ်ရမလဲ
ကျတော်ကလဲ
ပိုစ့်မော်ဒန်နဲ့ ပြန်ပြန်ုပြီး ရိုက်ချပစ်လိုက်တယ်
သူက ကျတော်ကို
မခုတ်တတ်တဲ့ ကြောင်လို့ ထင်ထင်နေတယ်
ဘယ်ရမလဲ
ကျတော်ကလဲ
နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်တယ်
သူက ကျတော့်ကို
ထမင်းဝအောင်စားထားဦးပေါ့တဲ့
ဘယ်ရမလဲ
အဲဒိထဲက
ကျတော်လည်း
ထမင်းမ၀တော့တာ ခုချိန်ထိ။ ။


ရေးသားသူ>>>ဇော်ရဲနီ

2 comments:

ဝေလင်း said...

ကောင်းတယ်ဗျ...မျှပေးတာကျေးဇူးပဲ။

“သူကကျွန်တော်တို့ကိုလာမျှတယ်
ဘယ်ရမလဲ
ကျွန်တော်က ပြန်မန့်ထားခဲ့တယ်...”

ပျော်လို့..

Anonymous said...

မိုက်တယ်..... :D

About me

Blogger templates