Dec 22, 2009

လက်တွဲဖေါ်


သူမသောင်ပြင်တွင်ရပ်နေခဲ့ တာအချိန်အတော်ကြာခဲ့ ပြီ။
လေပြေတို့ ကသူမဆံနွဟ်များကိုတိုးဝှေ့ ကျီစယ်လျှက်။

ကမ်းစပ်သို့ ပြေးတကလာသော လှိုင်းများကိုကြည့်ကာ သူမနူတ်မှခပ်တိုးတိုးရေရွတ်လိုက်၏။
ခွင့်လွတ်ပါမောင်..ကျမမောင့်ကိုထားခဲ့ရပြီ...။
သူမလက်သူ့ကြွယ်မှ မောင်းကွင်းလက်စွပ်လေးကို သူမဆွဲချွတ်လိုက်ပြီး ချစ်သူနာမည် အတိုကောက်ထိုးတားသော လက်စွပ်တွင်းပိုင်းလေးကိုသူမခပ်တွေတွေလေး စိုက်ကြည့်နေသည်။ သူမမျက်ဝန်းမှမျက်ရည်စတို့ ရစ်ဝိုင်းလာကြသည်။
လက်စွပ်လေးကိုမြစ်အတွင်းသို့ အားကုန်ပစ်လိုက်ပြီ သူမခြေလှမ်းတို့ကမြစ်ကမ်းနှင့်ဝေးရာ..
ဆန့် ကျင်ဘက်အရပ်ဆီသို့ ဦးတည်လိုက်၏.....
ခွင့်လွတ်ပါမောင်.....။
...........................................................................
သူ့ ကိုသူမစတွေ့ တော့သနားကြင်နာတတ်သော မျက်ဝန်းများနှင့်အမြဲပြုံးမယောင်နူတ်ခမ်းများကိုစတင်သတိထားမိ၏။
သို့ ပေမဲ့သူမရင်ထဲတွင်ချစ်ခြင်းအစားမုန်းခြင်းတို့ ဝင်ရောက်နေသည်။

သူ့ ကြောင့်ပဲမောင်နှင့် ဝေးခဲ့ရတာမဟုတ်လား။ သူကသူမထက်၁၀နှစ်မျှကြီး၏..။
သူသည်မေမေတ့ိုသဘောကျနှစ်ခြိုက်ရအောင်ဘာများထူးနေလို့ ပါလိမ့်။
လူကြီးတွေမျက်နှာပျက် အရှက်ရအောင်လုပ်လျှင် ဘာဖြစ်မည်ဆိုတာသူမသိသည်။သူမသမီးဆိုးမဖြစ်ချင်ပါ။
ဒီလိုနှင့်သူမနှင့်သူလက်ထပ်ဖြစ်ခဲ့ကြလေသည်။ ထို့ နောက်မေမေတို့ ကသူမကိုသူ့ ထံစိတ်ချလက်ချအပ်ကာ ရန်ကုန်သို့ ပြန်သွားကြလေတော့သည်။ အချစ်မပါသော အိမ်ထောင်ရေးသည်ဆားမပါသောဟင်းကဲ့သို့ ပေါ့ရွတ်ရွတ်နိင်လှ၏
သူလဲသူ့ ဘာသာနေကိုယ်တိုင်လဲလုပ်ချင်တာလုပ်။သူမကသူ့ အကြောင်းသိပ်စိတ်မ၀င်စားလှ။
သူ့ အပေါ် တာဝန်ကျေရုံမျှ သူမဆက်ဆံသည်။
သူကသူမအပေါ် တာဝန်ကျေတာထက် လွန်ကဲလျှက် ဖခင်တစ်ယောက် အစ်ကိုတစ်ယောက်လိုမျိုး။
သူမကတော့အရွဲ့ တိုက်ချင်စိတ်လွန်ကဲပြင်းပြစွာ..ခံစားချက်မဲ့စွာ..။သူမပျော်ရွင်မူတို့ ဆိတ်သုန်းခဲ့ရသလိုသူလဲမပျော်ရွှင်စေရ။
ဥပမာသူ့သူငယ်ချင်းများနှင့် ဆုံကြစားကြသောက်ကြသညအခါတိုင်းသူမကမနှစ်ခြိုက်ဟန်ပြုသည်

ထိုအခါသူကသူမအလိုလိုက်လျောကာထပြန်ရစမြဲ။
ဘယ်ယောကျာ်းလေးမှသူငယ်ချင်းအပေါင်းအသင်းနှင့်မနေချင်ဘဲမရှိ။

ထိုအခါသူမနူတ်ခမ်းမှအနိုင်ရသောအပြုံးမျိုးရှိနေမြဲ။


နောက်တစ်မျိုး,,,,,,,,,,,
သူမကဟင်းကိုကောင်းကောင်းချက်တတ်ပါလျှက်သူ့ ကိုပညာပြကာ ဟင်းမကောင်းမကန်း
ချက်ပြုတ်ကျွေးသည်အထိသူမ..သူ့ ကိုရန်စခဲ့ သည်။

သူမချက်ထားသောဟင်းကို သူကနှစ်နှစ်ခြိုက်ခြိုက် စားပြသောအခါသူမစိတ်ထဲမကျေမနပ် ဖြစ်ရပြန်၏။
သူမလိုချင်တာက သူမကိုရန်လုပ်ပစ်လိုက်တာမျိုး။ သူမကရန်ဖြစ်ချင်နေသောသူမဟုတ်ပါလား။
တခါတရံသူကပင်ဟင်းကောင်းကောင်းဖြစ်စေ မုန့် တစ်မျိုးမျိုးဖြစ်စေလုပ်ကျွေးတတ်သေးသည်။
သူသည်ရန်ရှောင်တတ်သောအတတ်ကိုကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သူဖြစ်၏။
မေမေတို့ ဖုံးဆက်လျှင်သူကမဟုတ်တာ တွေကာကွယ်ပြောဆို ပေးတတ်သေး၏။

သူမကတော့ မေမေတို့ ကိုတိုင်မည့်နေ့ ကိုစောင့်နေတာဖြစ်၏။အန်တီတို့ သမီးကိုကျနော်မပေါင်းနိုင်တော့ပါ
ဟုပြောမည့်နေ့ကသူမအတွက်ဆုကြီးပေါက်သည့်နေ့ ဟုသူမယူဆလျှက်။

ထိုသို့ ပြောလာအောင်သူမအစွမ်းကုန်ဆိုးပြသည်။
ပြသနာအသေးအဖွဲလေးမှ စကာပုံကြီးချဲ့ အပြစ်ရှာလျှက်သူ့ ကိုနားငြီးအောင် စိတ်ညစ်အောင် တမင်ပြုသည်။
ယောကျာ်းလေးအများစုက စကားများသောမိန်းကလေးများကိုစိတ်ပျက်တတ်သည်မဟုတ်ပါလား။
သူမအပေါ်စိတ်ပျက်သွားအောင် နည်းအမျိုးမျိုးသုံးလျှက်။
တခါတလေ သူမ၏ရန်ရှာမှုကိုမသိကျိုးကျွံပြုလျှက် သတိမထားမိသယောင်သူ့ အပြုအမှုတို့ 
ကသူမအားအလိုလိုစိတ်တိုလာစေ၏။ သူမကပဲညံ့တာလား.သူကပဲတော်လွန်းနေလား တော့မပြောတတ်။
ထို့ ပြင်သူမကသူ့ အပေါ်မာနကြီးတတ်သေးသည်။သူရှာသောပိုက်ဆံကိုမသုံးဟုကြွေးကြော်ကာ
အလုပ်ထွက်လုပ်သေး၏။
သူ့ ကားကိုလည်းမစီး။
နှင်းကြားထဲတွင် အချမ်းခံကာ ဘတ်စ်ကားစောင့်စီး၏။ ထိုသို့ ဖြင့်သူမ၏ ပညာပြမှုများတွင်
သူကဒူပေဒါပေနှင့်သည်းခံရင်းလိုက်လျောရင်း အိမ်ထောင်သက်၃နှစ်ကြာမြင့်ခဲ့လေသည်။



...................................................


ထိုနေ့ ကနှင်းများအလွန်ကျနေပြီး ဘတ်စ်စောင့်ရတာကြာသွားသဖြင့် အအေးမိပြီး သူမအပြင်းဖျား လေတော့သည်။
ည၂နာရီထိုးလောက်တွင် သူမအပူချိန်က၁၀၃..။
ခရစ်စမတ်အချိန်ဖြစ်တာကြောင့် ဆေးခန်းကလဲပိတ်။ အရေးပေါ်ဆေးရုံသို့ ပြေးရမည့်ကိန်းပင်။
နေ့ လည်အပြင်ကပြန်ရောက်တော့သူမဖျားနေပြီ။
ရှိတဲ့ဆေးလေးတိုက်ပြီး သူကိုယ်တိုင်သူမအတွက် စွပ်ပြုတ်ကောင်းကောင်းလေးစီစဉ်ပေးခဲ့သည်။
ည၁၀နာရီလောက်မှာ သူမအပူချိန်တိုးလျှက် စားသမျှပြန်အန်တာကြောင့် သူအလွန်စိတ်ပူသွား၏။
သူအစွမ်းကုန်ပြုစုသော်လည်း ည၂နာရီတွင်သူမအပူချိန်က၁၀၃။

အပြင်တွင်လည်းနှင်းများကျနေသည်။ စိတ်ပူမှုကြောင့်သူ့ တကိုယ်လုံးချွေးစေးများနှင့်ပူလောင်လျှက်။
သူဘာမှမစဉ်းစားတော့ဘဲ သူမကိုပွေ့ ချီလိုက်လေတော့သည်။
နှင်းများကျနေသဖြင့် သူကားကိုမနည်းဂရုစိုက်ကာ မောင်းခဲ့ရသည်။
နှင်းထဲကားဘီးနစ်သွားသောအခါသူ့ မှာနှင်းထဲဆင်းကာ ရှင်းရတာအကြိမ်ကြိမ်။
ဖျားနေသော်လည်း သူမသတိမလစ်။ အားလုံးကိုသိနေ၏။
ဒီကြားထဲသူမကို ဂရုတစိုက်နှင့်ပြာယာခတ်နေသောသူ့ ကိုကြည့်ကာသနားစိတ်တို့ ဖြစ်ပေါ်နေ၏။
"သက်သာရဲ့ လား..ဆေးရုံရောက်တော့မယ်သိလား ..."
သူ့ ရဲ့ အားပေးမှုကြောင့်သူမစိတ်ထဲအနည်းငယ်သက်သာသွားသလိုပင်။
ယခုချိန်တွင်သူသည် သူမအတွက်အားကိုး အားထားရာဖြစ်သည် ကိုသူမစိတ်တွင်လက်မခံချင်ပဲ လက်ခံခဲ့ရလေ၏။


>>>>>>>>>>>>>>>>>>>


ဆေးရုံတွင်သူမ၅ရက်ကြာနေခဲ့ရသည်။ထို၅ရက်အတွင်းသူကလိုလေသေးမရှိပြုစုစောင့်ရှောက်၏။
တခါတရံသူမတရေးနိုးသောအချိန်များတွင် သူကသူမလက်ကိုဆုပ်ကိုင်လျှက် ထိုင်ရက်အိပ်ငိုက်နေတတ်သည်။
တခါတရံ သူမကုတင်ခြေရင်းရှိ တယောက်ထိုင်ဆိုဖာပေါ်တွင် ကွေးကွေးလေးအိပ်ပျော်လျှက်။
တခါတရံ သူမကုတင်ဘေးနေရာ စွန်းလေးတွင် ခေါင်းတင်ကာ အိပ်ပျော်နေတတ်သည်။
ထိုအခါမျိုးတွင် သူ့ နဖူးပေါ်မှဆံနွယ်လေး များအားသပ်တင်ပေးချင်စိတ်တို့ သူမတွင်ထူးဆန်းစွာခံစားလာရသည်။
နေ့ လည်ဘက်တွင်အိမ်ပြန်လျှက်သူမအတွက်စားချင်စဖွယ်ဟင်းလေးများချက်လာတတ်သေး၏။
ဆေးရုံမှကျွေးသော အနောက်တိုင်းအစာများထက် သူလက်ရာကိုသူမပိုမက်မော နှစ်ခြိုက်လာတတ်ပြီ။
သူ၏ဂရုစိုက်ကြင်နာမှုများကို အသိအမှတ်ပြုခံစား တတ်လာပြီ။
အသေးအဖွဲလေးမှအစဂရုစိုက်ကြင်နာတတ်သောသူကိုပြန်စာနာနားလည်လာခဲ့ပြီ...။
နေမကောင်းဖြစ်သောရက်အတွင်း သူနှင့်သူမပိုရင်းနှီးလာကြသည်။
ဝတ်ကြီးဝတ်ငယ်ပြုစုသော သူအားအလွန်အားနာခြင်း ဖြစ်ခဲ့ရလေသည်။
ယခုသူမဖြစ်သောအခါ အနားမှာသူရှိသောကြောင့် သူမဒုတ်ခမရောက်ခြင်းကို ကောင်းစွာ
သဘောပေါက်လာခဲ့၏။
ဆေးရုံမှဆင်းသောအခါ သူအား သူမတောင်းပန်ဖြစ်ခဲ့သည်။


"ရှင်ကျမကိုစိတ်မပျက်ဘူးလား..ရှင့်ကိုအကြိမ်ကြိမ်စိတ်ညစ်အောင်ပြုမှုခဲ့တယ်"


"ကိုယ်သိပါတယ်..
ကိုယ့်ကြောင့်မင်းချစ်သူနဲ့ဝေးခဲ့ရတာ ဆိုတော့မင်းကိုယ့်ကိုမုန်းမှာပေါ့...
ပြီးတော့မင်းပြုမှုတဲ့အပြုအမှုတွေကကလေးတစ်ယောက်သူလိုချင်တာမရလို့ ဂျစ်ကျတဲ့ပုံစံမျိုး
နဲ့ပိုတူနေတယ်...ကိုယ့်အတွက်ကြီးကြီးမားမားထိခိုက်တာမျိုးမရှိပါဘူး...
မင်းနဲ့လက်ထပ်ပြီးကတည်းက မင်းဆိုးတာကောင်းတာကိုယ်ခံရမယ် ဆိုတာကိုယ်နားလည်ပြီးသား..
အဲဒိအတွက် ကိုယ်နောင်တလဲမရဘူး စိတ်လဲမပျက်ခဲ့ဘူး ကိုယ်လက်ထပ်ခဲ့တာကွဲဖို့ 
စိတ်ပျက်ဖို့ မှမဟုတ်တာ...
ကိုယ်တို့ ကတစ်ဘ၀လုံးအတွက်လက်တွဲဖေါ်တွေ...
အကောင်းအဆိုးကိုယ်တို့ ၂ယောက်ပဲရင်ဆိုင်ဖြေရှင်းရမှာ...

သားသမီးတောင်မှအချိန်တန်ရင်သူ့ လမ်းသူသွားကြမှာ...ကိုယ်တို့ ၂ယောက်ကသေတဲ့အထိ
အတူလက်တွဲရမဲ့ဘ၀လက်တွဲဖေါ်တွေ
ပြီးတော့မင်းကကိုယ့်ထက်ငယ်တယ်..ကိုယ်ကအကြီး..
အလျော့ပေးရမှာပေါ့...
ဘာမှလျှောက်တွေးမနေနဲ့ ...နေကောင်းအောင်သာဂရုစိုက်..ကြားလား"


သူ့ အယူအဆက သူမရင်ထဲညင်သာ စွာစီးဆင်းသွား၏။
မိုက်လိုက်လေဟုကိုယ့်ကိုကိုယ်အပြစ်တင်နေမိသည်...။

အပြင်တွင်နှင်းဖွဲဖွဲကျနေ၏။ကားရပ်ထားရာသို့ အတန်ငယ်လျှောက်ရဦးမည်။
ရာသီဥတုကလည်းအနည်းငယ်အေးနေ၏။


"မင်းဒီမှာစောင့်မလား..ကိုယ်ကားသွားယူမလို့ ...အပြင်မှာအေးနေတယ်"

"ဟင့်အင်း...ကျမလမ်းလျှောက်ချင်တယ်"


"ခုမှနလန်ထစဆိုတော့..."


"ရပါတယ်....ဒါပေမဲ့တစ်ခုလောက်တောင်းဆိုပါရစေ"


"ပြောလေ"


"ကျမရှင့်လက်မောင်းကိုတွဲထားလို့ ရမလား"


သူ့ မျက်ဝန်းများဖြတ်ခနဲတောက်ပသွား၏..ပြုံးမယောင်သောနူတ်ခမ်းတို့ သိသိသာသာပြုံးသွားကြပြီး


"ရတာပေါ့..ဟုတ်တယ်.နှင်းတွေနဲ့ ချော်လဲနေဦးမယ်ကိုယ့်လက်မောင်းကိုတွဲထားနော်"


သူမရှက်ပြုံးနှင့်ခေါင်းငုံ့ လျှက်...

ဘ၀အတွက်လက်တွဲဖေါ်ကောင်းတစ်ယောက်ကိုမထင်မှတ်ဘဲသူမရရှိခဲ့လေပြီ။
သူမလဲသူအတွက်လက်တွဲဖေါ်ကောင်းတစ်ယောက်ဖြစ်ချင်မိသည်။
လက်တွဲဖေါ်ဆိုသည့်အဓိပါယ်ကိုသူမကောင်းစွာသဘောပေါက်နားလည်ခဲ့လေပြီ။
သူမသူ့ လက်မောင်းကိုခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။
နှင်းမူန်များထဲတွင်သူ့ လက်ကိုတွဲကာလျှောက်ဖူးခဲ့ပြီ။
သူမနုတ်ခမ်းတို့ လှပစွာပြုံးနေကြလေ၏။
.........................................................................................

(ဒီဝတ္ထုတိုလေးက ကျမရဲ့ ဘလော့လေးစမလုပ်ခင် အိမ်မက်များဘလော့မှာ ကျမ
အခြားနာမည်တမျိုးနဲ့  ရေးခဲ့ဖူး
တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ....
ခံစားဖတ်ရူပေးကြတာ ကျေးဇူးတင်ပါတယ်ရှင်......)

3 comments:

ဝေလင်း said...

ကြည်နူးစရာပဲ..အားလည်းကျမိတယ်။ ကိုယ်သာဆို အဲ့လောက်သည်းခံပြီး ချစ်နိုင်ပါ့မလား မသိဘူး။ မေတ္တာတရားနဲ့ ပေးဆပ်မှုလေးကို ထင်ဟပ်ပြနေတဲ့ ၀တ္ထုလေး တစ်ပုဒ်ပဲဗျာ။ ကြိုက်တယ် အစ်မ။

မြစ်ကျိုးအင်း said...

အသွားအပြန်ရှိတဲ့ မေတ္တာရဲ့ သဘောလို့ ထင်မိတယ်
ဝတ္ထုတိုလေးပေမယ့် စလယ်ဆုံး အလိုက်သင့်လေး စီးမျော အောင်ရေးထားတာ ဖတ်လို့ ကောင်းတယ်။ စာဖတ်ရင်း ငြီးငွေ့ စိတ်မ၀င်မိဘူး။ ဒီလိုမျိုးလေးတွေ ရေးပါအုံး အားပေးပါတယ်ဗျာ

ချစ်ကြည်အေး said...

Nice Post Sis :D

There was an error in this gadget

About me

Blogger templates