Sep 6, 2010
ဂျီပုန်းဖမ်းနည်း
တနေ့ က ပျင်းတာနဲ့  အွန်လိုင်းတက်ပြီးး ရုပ်ရှင်ကြည့်ရင်းက သရဲကားဆီရောက်သွားတယ် ။
တစ်ယောက်တည်း ကြည့်ရတာ ကြောက်လာတာနဲ့ ဂျီတော့လေးဖွင့်ပြီး တစ်ယောက်ယောက်နဲ့ 
စကားပြောမယ်ပေါ့ ...ကြည့်လိုက်တာ ဘယ်သူမှ လိုင်းပေါ်မှာမရှိ ..။
အဲဒါနဲ့  ယွန်းတို့ လည်း တစ်ယောက်ယောက် စကားလာပြောအောင် ကြံရတာပေါ့ ။
ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး  စဉ်းစားနေတုန်း စာကြောင်းလေးတစ်ကြောင်းကို
သွားသတိရလာတယ် ..။သူငယ်ချင်းတစ်ယောက်က facebook မှာ ရေးထားတဲ့ စာလေးတစ်ကြောင်းပေါ့။
 လူတွေနဲ့ ဆက်ဆံရတာ သိပ်စိတ်ရူပ်ဖို့ ကောင်းတယ် ဆိုလားးး ဘာလားးး
ယွန်းလဲ ခပ်တည်တည်နဲ့  အဲဒိစာကြောင်းလေးကို ဂျီတော့ မက်ဆေ့ခ်ျဘားမှာ ရိုက်ထည့်လိုက်တယ်။
သိပ်မကြာပါဘူးး။တစ်ယောက်ပြီးတစ်ယောက် လာမေးလိုက်ကြတာ ..ပြန်ဖြေရတာ
လက်တောင်မလည်ဘူးး.....ဟီဟိ....( ဂျီပုန်းဖမ်းတဲ့ နည်းတွေမှာ ဒီနည်း အကောင်းဆုံးးး)
ယွန်း ..ဘာဖြစ်လို့ လဲ....
ယွန်းလေး ..ဘာဖြစ်တာလဲ...
ဟဲ့..ဟဲ့ ..ယွန်းဘာဖြစ်.....
ဘာတွေအဆင်မပြေ ဖြစ်နေလဲ မယွန်းးး
ဘယ်သူနဲ့ဘာဖြစ်....
အဆင်ပြေလားးးသယ်ရင်းး
အဲလို...အဲလို ( ပုန်းနေတဲ့သူတွေ ) မေးလိုက်ကြတာများ..ဟီဟီးးး..ဒီကလဲမှင်သေသေနဲ့ ....
ဒီလိုပါပဲပေါ့.....( ပြန်ဖြေတာ....ပြန်ဖြေတာ...ရုပ်တည်ကြီးနဲ့ .)
တကယ်တော့ဘာမှမဟုတ်ဘူးးးသရဲကားကြည့်ပြီးကြောက်လို့  ..စကားပြောဖေါ်ရှာလိုက်တာ..
(အဲဒိနေ့ က စိတ်ပူပြီးး လာမေးတဲ့ ဘလော့ဂါမောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်)
ယွန်းတို့ က သတ္တိကောင်းတာများ ပြောမနေနဲ့  ..သွေးမြင်ရင်တောင် ခေါင်းမူးတတ်လို့ ..
ကျန်စစ်သားနဲ့  အမျိုးတော်တယ် ...ကွိကွိ...
လူမကြောက်ဘူးးး သရဲတော့ ကြောက်တတ်တယ် ...ဒါပေမဲ့ သရဲဇာတ်လမ်းဆို ရှေ့ဆုံးကပြေးဖတ်တယ်
ပြီးရင် တွေးပြီးကြောက်ရတာနဲ့  မြင်ယောင်ပြီး ကြောက်ရတာနဲ့  ..အို .. ရှူပ်နေတာပဲ...
ဒီကြားထဲ သရဲ ကြောက်ပါတယ်ဆိုမှ ကိုဇောင်း က ထိုင်းသရဲကားဝက်ဆိုဒ် ပို့ ပေးလိုက်သေးတယ်...
စေတနာတွေပါ....  :D
အဲဒါထားဦးးအဲနေ့ က လာမေးတဲ့ သူတွေအကုန်လုံးးး ကြည့်လိုက်တော့ ဂျီပုန်းလေးတွေနဲ့ ...
ပုန်းနေကြတာ ..ပုန်းနေကြတာ...ယွန်းလိုင်းပေါ်စတက်တော့ ..ဘယ်သူမှမရှိဘူးထင်နေတာ ..
ငြိမ်နေကြတယ်ဆိုတော့ ..ဘယ်ဟုတ်မလဲ ..သူတို့ က ပုန်းနေတာကိုးးးး :)
ဂျီပုန်းလေးတွေကိုယ်စီနဲ့  တယ်လဲအလုပ်ဖြစ်သကိုးးး
ဒီခေတ်ကြီးမှာ ပုန်းတာ စတေးရှောင်တာ တော်တော် ခေတ်စားသကိုးးး
ဟိုလူလဲပုန်းးး ဒီလူလဲပုန်းဆိုတော့ ..ယွန်းတို့ လည်းပုန်းနိုင်မှ ခေတ်မီမဟဲ့ဆိုပြီးးးးး
ခပ်မြန်မြန်လေး ပုန်းလိုက်တာပေါ့....ဟွင်းဟွင်းး ဘယ်ရမလဲ..နာကွ..နာကွ... :D
သူငယ်ချင်းမလေးတစ်ယောက်က
ဟယ်..ယွန်းးး out သွားပီလားးလိုင်းကျသွားတာထင်တယ် ...တဲ့..
ဟီဟိ...ဘာမှပြန်မပြောဘူးးတိတ်တိတ်လေးနေလိုက်တယ်...
ကိုယ်က ပုန်းးးနေတာဆိုတော့လေ..ကွိကွိ....နောက်မှ ပြန်ချော့ရဦးမယ်...
သူငယ်ချင်းတွေကို စ ရ..နောက်ရတာ တော်တော် ပျော်စရာကောင်းတယ်.... 
နောက်လဲ ခေတ်မီအောင် ဂျီပုန်းလေးတော့ဆောင်ထား ဦးမှ .....  :D    :D   :D
ချစ်ခင်လေးစားစွာဖြင့်
ယွန်း
21 comments:
Maung Myo said...
ဟဟား လိုရမယ်ရ ဆောင်ထားတယ်ပေါ့လေး)
မေပယ်လ် said...
အွန့်
တကယ်မှတ်လို့ ပြေးလာတာ
အင်း..ဒီနည်းလဲ ဆိုးပါဘူး
ဒေါ်ယွန်းဗျူဟာဆိုပြီး ကွင်းစကွင်းပိတ်နဲ့ လုပ်စားအုံးမှ:P
ချော(အစိမ်းရောင်လွင်ပြင်) said...
အံမာ
ပုန်းတဲ့သူကို ပုန်းနေမှန်းသိအောင် ဖော်တဲ့နည်းရှိတယ်
အားကျမခံ ပြန်တင်လိုက်ဦးမှထင်တယ်.း)
တော်ပါပြီလေ
ယောက္ခမကြီး ပုန်ားအလုပ်မဖြစ်ဘဲနေတော့မယ်
မတင်တော့ပါဘူး ခိခိ
SHWE ZIN U said...
ဂျီပုန်း ဆိုလို့ အခြောက်တွေ အကြောင်းများလားလို့ ရှောက်သီးဆေးပြားလေး စားရနဲလား ဆိုပြီး လာဖတ်ပါတယ်
သရဲများ မကြောက်ပါနဲ့ ညကြ လာလိမ့်မယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မိုးယံ said...
အောင်မယ် ဒေါ်ယွန်းတို့တော့ လုပ်ချလိုက်ပြန်ပြီ ဆိုပြီး လာတာ။ သူလဲ နာ့လိုပဲကိုး။ ကျွန်တော့်လိုပဲ ဂျီပုန်း လုပ်တယ်။ သရဲကားကြည့်တယ်။
သရဲကတော့ မမချစ် ပြောသလိုပါပဲ။ မကြောက်ပါနဲ့ ယွန်းအခန်းထောင့် က မျက်နှာကျက်မှာ တွဲလောင်းလေး
ငြိမ်းချမ်းပါစေ
မိုးယံ
thawzin said...
ဂျီပုန်းက ဆိုလို ဟိုလိုများ ပုန်းတာလားလို့။ ဒီလိုပုန်းတာလား။ အင်း... အင်း...ပုန်းလို့ ကွယ်နိုင်ကြပါစေ။
ရွှေရတုမှတ်တမ်း said...
ဟယ်....များတို့က များတို့အကြောင်းလားလို့..ဟွန့်...
သူများတွေလို မပုံးတတ်တော့ ကိုယ်ရှိမှန်းပေါလောကြီးကို အမြဲပေါ်နေတာပဲ ..
ဘယ်လိုပုန်းရမှန်းမသိတာနဲ့ တတိန်တိန်..နဲ့တက်လာသမျှ ထိုင်ပြောနေရတယ်..စာတောင်မဖတ်နိုင်ဘူး
KoSoe said...
လာလည်ခံစားသွားပါတယ်
ချိုကျ said...
အော်....သိပီသိပီ ဂျီပုန်းဆိုတာ သူကိုး :) စသွားပါတယ် ယွန်းရေ....
ခင်တဲ့(ချိုကျ)
ယွန်း said...
လာဖတ်တဲ့ သူငယ်ချင်းတွေကို အားနာလိုက်တာ ..ကိုယ်ထင်ထားတဲ့အကြောင်းအရာ မဟုတ်တော့လေ
ဂျီတော့မှာ ပုန်းနေတတ်တဲ့ သူငယ်ချင်းတွေကို စချင်နောက်ချင်တာနဲ့  ဒီပို့ စ်ကိုရေးလိုက်တာ..
မြတ်မွန် said...
သြော် ဂလိုလား..သိမယ် သိမယ်.. မှတ်ထားနော် ဒေါ်ယွန်းလေး။
ကိုအောင် said...
ပုန်းတာတော့ ပုန်းရမှာပေါ့၊ တချို့က Busy
ပြထားလည်း စာရိုက်တာပဲ၊ တချိုက
ကျပြန်တော့ မင်းက အမြဲတမ်း busy
နေလားလို့ လုပ်ပြန်ရော၊ မခက်ဘူးလား၊
ဒါကြောင့် ဂျီပုန်းတွေ များလာတာ ဖြစ်မယ်။
အုပ်ကြီး said...
ဟိုက် !
ကျွန်တော်လည်း တစ်ခါတစ်လေတော့
ပုန်းတတ်ပါတယ် ..ဒါပေမယ့် ဒီနည်းတော့ စမ်းမသုံးဘူးဘူးဗျ :P
blackroze said...
ကျမလဲပုန်းတယ်..အမြဲတမ်းဘဲ
တခါတခါကျမလိုဘဲသူများတွေလည်း
ပုန်းတယ်ထင်ပါ့
အွန်လိုင်းမှာတယောက်မှကိုမတွေ့တာ...
သူတို့ကတော့ဘာစာတင်တင်တက်ကိုမလာတာ
ဟီးးးဟီးးး
ယွန်း said...
မြတ်မွန်@>>>> စိတ်မဆိုးပါနဲ့ မွန်ရယ်..အဲနေ့ က လာမေးတဲ့အထဲမွန်လဲပါတယ် ဆိုတော့ နောက်တခါတွေ့ ရင် လက်စားမချေကျေးးး ဟီဟိ
သူကြီးမင်း (တုံးဖလား) said...
ဂျီပုန်းကို အဲဒီလို ဖမ်းရင် တကယ်ရသလား။ ဒါကလဲ သူငယ်ချင်းတွေထဲမှာ သနားတတ်တဲ့သူပါနေဦးမှ။ မဟုတ်လို့ကတော့ ထောင်ချောက်က မစွမ်းလောက်ဘူး။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မောင်မောင် said...
အင်း ဒါလဲနည်းသစ်တစ်မျိုးပဲ နော်။
မှတ်ထားဦးမှ ပါပဲ။
လင့်ချိတ်ထားပါတယ်ဗျ။
~ဏီလင်းညို~ said...
ယွန်းရေ့......
ကိုဏီးက.......“ဟာ.....ငါ့ညီမတော့ ငါတို့ပုန်းနေတဲ့နည်းတွေကို ဖော်ကုန်ပဟ”....ဆိုပြီး....အမြန်လာဖတ်တာ.......။
တော်ပါသေးရဲ့.......ဟီးးးးးး
(ဒီနည်းလည်း.......မဆိုးဘူး)
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
မြစ်ကျိုးအင်း said...
တော်သေးတယ် အဲဒီနေ့က မခေါ် လိုက်မိလို့း)
အင်ကြင်းသန့် said...
အို....တို့က ပုန်းမှ မပုန်းတတ်တာ၊
ပုန်းတဲ့နည်းတွေ သိချင်ပါဘူး....။ :P :P
နေသစ် said...
ဖတ်သွားပါတယ်။ တောသားကြီးအကြိုက်တွေ့တဲ့ စာလေးတွေအတွက် ကျေးဇူးပါ။
About me
Blogger templates