Sep 8, 2010

ဘလော့ပိတ်လိုက်ရင်ကောင်းမလားးးဆုံးဖြတ်ပေးကြပါ


အားလုံးကို နုတ်ဆက်ပါတယ်။ဒီဘလော့လေး ကိုကျမတည်ဆောက်ခဲ့တာ နောက်နှစ်မတ်လဆို ၂နှစ်တင်းတင်းပြည့်တော့မှာပါ ။ အလွယ်တကူတည်ဆောက်ယူခဲ့ရတာ မဟုတ်ခဲ့လို့ 
ဒီဘလော့လေးကို သံယောဇဉ်ရှိလို့  ..သူငယ်ချင်းတွေကို ခင်မင်ခဲ့လို့  ..
 ယွန်း အဖြစ်ဆက်လက်ရပ်တည်ခဲ့တာပါ။



ဒါပေမဲ့လေ.. တခါတလေမှာ ကိုယ့်ကိုကိုယ်ဘာများမှားနေလဲလို့  အကြိမ်ကြိမ်တွေးခဲ့ဘူးပါတယ် ။
 သူများတွေက ဒီအမျိုးသမီး အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး 
ဘလော့ဂင်းနေရတယ်လို့ ကွာ..လို့ ထင်ကြမလားရယ်လို့  တွေးမိလာပါတယ်။

အဲလို တွေးမိလာတိုင်း ဘလော့ကို ပိတ်ပစ်ဖို့ စဉ်းစားမိခဲ့ဘူးပါတယ် ။ကိုယ်ကိုယ်တိုင်ဖန်တီး
တည်ဆောက်ထားတဲ့ ဘလော့လေးကို အလွယ်တကူ မဖျက်ရက်တာနဲ့ ..ဘလော့လေးက ဆက်ပြီး
ရှိနေခဲ့ပြန်ပါတယ်။

ဒီဘလော့လေးကို စပြီး ဖန်တီးခဲ့စဉ်က  အမျိုးသားဆီက ပါမစ်ယူခဲ့ရပါတယ်။ သူက ခွင့်ပြုမှ ကျမ
ဒီဘလော့လေးကိုစရေးခဲ့တာပါ ။အစကတော့ သူက အင်တာနက်က သတင်းတွေ ကြားပြီး ခွင့်မပြုချင်
အင်တင်တင်နဲ့ပါ ။ ဒါပေမဲ့လို့  တက္ကသိုလ် မှာကတည်းက စာတိုပေစလေးတွေ ရေးတတ်တဲ့
ကျမအကြောင်းသိနေတာနဲ့ သူခွင့်ပြုခဲ့ပါတယ် ။သူကပဲ ကျမဘလော့လေးမှာ  မကြာခဏ
ဝင်ဖတ်ပြီး အရေးအသားကအစ ဘယ်နေရာမှာ ဘာလိုတယ် ဆိုတာမျိုးထောက်ပြဝေဖန်
ပေးတတ်ခဲ့ပါတယ်။နောက်ပိုင်းမှာ သူငယ်ချင်းတွေ နဲ့ခင်လာတော့ အသာတကြည် နဲ့ 
သူခွင့်ပြုပေးခဲ့ပါတယ်။

ပြီးတော့ ဘလော့မှာ တစုံတရာ အမှားမဖြစ်စေဖို့  ခဏခဏ သတိပေးတတ်ခဲ့ပါတယ်။ကိုယ်က အိမ်ထောင်သည် ဖြစ်တဲ့ အလျှောက် နေထိုင်ဆက်ဆံတဲ့အခါ သိက္ခာကြီးနဲ့  နေထိုင်ပြောဆိုဖို့ အမြဲ သတိပေးခဲ့တယ် ။ခက်တာက ကျမက အဲလိုမနေတတ်ခဲ့ပါ ။ကျောင်းမှာကတည်းက
သူငယ်ချင်းတွေနဲ့ တွေ့ ရင် ခပ်ပျော်ပျော် နေတတ်တာဆိုတော့ ခုထိ အဲအကျင့် က မပျောက်သေးပါ။
( နီးစပ်တဲ့သူတွေ ကျမအကြောင်း သိကြပါတယ် )
ပျော်ပျော်နေတတ်တဲ့ကျမက သူငယ်ချင်းတွေ အပေါ်မှာလည်း ခပ်ပျော်ပျော်ပဲ ဆက်ဆံတတ်ခဲ့ပါတယ်။

ဒါပေမဲ့ ခုတော့  ... ဒီဘလော့လေးကို ကျောခိုင်းဖို့ လုံလောက်တဲ့ စိတ်ခံစားမှူ တွေ ခံစားလာရတယ်။
ပိတ်ရင်ကောင်းမလားး ဆက်ရေးရင်ကောင်းမလားဆိုတဲ့ သို့ လော....သို့ လော....တွေ
စိတ်မှာ ဖြစ်နေပါတယ် ။ အဲဒါကြောင့် သူငယ်ချင်းတို့ ပဲ  ဆုံးဖြတ်ပေးကြပါ ။
သူငယ်ချင်းတို့ က ပိတ်ဆို ကျမ ဒီဘလော့ကို ပိတ်ပါ့မယ် ။
မပိတ်ပါနဲ့ ဆို ကျမ ဆက်ရေးပါမယ် ။
ဆုံးဖြတ်ပေးကြပါ ..။


ချစ်ခင်လေးစားစွာဖြင့်
ယွန်း

37 comments:

သဒ္ဓါလှိုင်း said...

ယွန်းရေ..
ဘလော့ပိတ်လိုက်ရမလားဆိုပြီးရေးထားတော့
လန့်သွားတယ်.။ဒါနဲ့မအားတဲ့ကြားထဲကနေ
အပြေးအလွှားလာဖတ်ပြီးရေးသွားရတာပါ..။
အခက်အခဲမရှိဘူးဆိုရင်ဆက်ပြီးရေးစေချင်ပါတယ်.။
မပိတ်လိုက်ပါနဲ့လို့ပဲပြောချင်ပါတယ်.။ယွန်းရဲ့စာလေး
တွေဖတ်ရတာကောင်းတယ်..။စိတ်ထဲမှာတင်းကျပ်မှု
တွေမဖြစ်ပဲနဲ့ပေါ့ပေါ့ပါးပါးလေးပဲဘလော့ကိုဆက်ရေးဖို့
တိုက်တွန်းပါရစေ..။(မပိတ်ပါနဲ့နော်..)
ခင်တဲ့
သဒ္ဓါ

နိုးအိမ်ရှင် said...

အင်း... ဖြစ်နိုင် ရင်တော့ မပိတ် စေချင်ပါ... ဘလော့ လုပ်ရတာ ထင်သ လောက်တော့ မလွယ် ဘူးပေါ့... အခက် အခဲ တွေ သူသူ ကိုယ်ကိုယ် ရှိကြ ပါတယ်... အိမ်ထောင်သည် ဘလော့ မရေး ရလို့ မရှိပါဘူး... အိမ်ထောင်ဖက်က ခွင့်မပြုရင်တော့ တစ်မျိုးပေါ့လေ... ခုတော့ အိမ်ထောင်ဖက် ကလည်း နားလည်စွာ ခွင့်ပြု ပေးထား တဲ့ အပြင် ပိုမိုကောင်းမွန်တဲ့ ဘလော့ တစ်ခု ဖြစ်အောင် ပံ့ပိုး ပေးသေးတယ်... ကိုယ်တိုင်ကလဲ ရေးချင်တယ်... စာဖတ်မဲ့ သူတွေလဲ ရှိတယ်... ပတ်ဝန်းကျင် အပြောကြောင့် ပိတ်မယ် ဆိုရင် တော့ စဉ်းစား စေချင် ပါတယ် ... ပတ်ဝန်းကျင် ဆိုတာ ရာနှုန်ပြည့် ထဲ့စဉ်းစား ဖို့ မလိုသလို လုံးဝ ဂရုမစိုက် လို့လဲ မဖြစ် တာမို့ အိမ်ထောင်ဖက် နဲ့လဲ တိုင်ပင်စေချင်ပါတယ်...

မြတ်မွန် said...

ဘာလို့ အဲလိုတွေးရတာလည်း ယွန်းရယ်..
ဘလော့ပိတ်တာ ယွန်းကို ပျော်စေလို့လား..။
ဘလော့ရှိနေတာကရော ယွန်းအတွက် အပန်းကြီးနေလို့လားယွန်း..။
မရေးချင်သေးရင် မရေးနဲ့ပေါ့..။
ဒါမှ မဟုတ်ရင် ပုံမှန်လေး တစ်ပါတ်တစ်ခါဖြစ်ဖြစ်..
ဘယ်နှစ်ရက်တစ်ခါဖြစ်ဖြစ် ပိုစ့်တင်..
ပုံမှန်လေးသွားပေါ့ ယွန်းရယ်..
စိတ်ထဲမှာ တာဝန်ကြီးတစ်ခုလို..မထားပါနဲ့..

စာဆက်ရေးဖို့ မျှော်လင့်ပါတယ် ယွန်း..။
ချစ်တဲ့

Anonymous said...

ဆက်ရေးဖို့ ပဲ တိုက်တွန်းပါရစေ အစ်မ...
အမြဲ အားပေးနေမယ်...
(မပိတ်ပါနဲ့)

အစ်မကို ချစ်ခင်တဲ့
စာဖတ်သူတစ်ဦး
SLT

မိုးယံ said...

ဒေါ်ယွန်းရယ် ဘာတွေ ဖြစ်နေတာတုန်း။ ခေါင်းစဉ်ကို ဖတ်ကတည်းကတော့ စဉ်းစားပြီးပြီ

ဆက်လျှောက် ရဲရဲ ဆက်လျှောက်

န ပိတ် နဲ့

ငြိမ်းချမ်းပါစေ
မိုးယံ

လင်းကြယ်ဖြူ said...

ပိတ်ပါနဲ့ ဗျာ....း-)
ကိုယ့်ဝါသနာ ကိုယ်သာချစ်
ဘာပဲ ဖြစ်ဖြစ် စိတ်မညစ်...ဆိုသလိုပေါ့နော...
ပျော်ပါစေ ခင်ဗျာ..
*.*.*

ဇောင်း said...

ဘာတွေ စဉ်းစားနေကြောင်း ဒေါ်ယွန်း
လုပ်စရာရှိတာ ဆက်လုပ်ပြီး Blog ကို ဒီအတိုင်းထားလိုက်ပါ။ ရေးချင်တဲ့အချိန် စိတ်ပါတဲ့ အချိန် ဆက်ရေးပါ။
Blog ရေးတာ ပျိုပျို အိုအို မူကြို ခွဲခြားကန့်သတ်ချက် မရှိပါဘူးဗျာ၊

((((ဖွင့်ပြီးသား တံခါးကို ပြန်ပိတ်တာက ဧည့်သည်မလာရ ဆိုသလိုဖြစ်နေမယ်နော်))))))

ဆက်လက်တည်ရှိပါဗျာ

ခင်မင်လျှက်............
ZaunG

စန္ဒကူး said...

""သူများတွေက ဒီအမျိုးသမီး အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး
ဘလော့ဂင်းနေရတယ်လို့ ကွာ..လို့ ထင်ကြမလားရယ်လို့  တွေးမိလာပါတယ်။""

အဲလိုထင်တဲ့သူတွေရောရှိလားမသိဘူး။ ဒါပေမယ့်ရှိ ခဲ့မယ်ဆိုရင်တော့ မဆီမဆိုင် သဘောထားသေးသိမ် တဲ့သူတွေဘဲဖြစ်လိမ့်မယ်။ စာရေးနေတာအိမ်ထောင်ရှင်တွေအများကြီးပါ.. မဆိုင်ပါဘူးယွန်းရယ်..
သူများအထင်ခံရမှာစိုးရုံနဲ့ ကိုယ်နှစ်သက် မြတ်နိုးနေတဲ့ ဟာတစ်ခုလက်လွှတ်ဆုံးရှုံးမခံပါနဲ့။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခေါင်းစဉ်ဖတ်ပြီး လန့်သွားတယ်..
ဘာကိစ္စ ပိတ်ချင်တာလဲ ယောက္ခမရယ်
ကိုယ့်အမျိုးသားရဲ့ ကြည်ဖြူစွာ ခွင့်ပြုချက်လည်း ရပြီးသားဥစ္စာ..
ပြီးတော့ ယွန်းရေးတာတွေက သူတစ်ပါးကို ထိခိုက်နစ်နာစေတာလဲ မပါပါဘူး.. အိမ်ထောင်သည်မို့ ဘလောဂ့်မရေးရလို့လဲ မသတ်မှတ်ထားပါဘူး.. ဘယ်သူမှလဲ မထင်ကြပါဘူး.. အိမ်ထောင်သည်ဘ၀နဲ့ ဘလောဂ့်ရေးနေသူတွေ အများကြီးလေ ယွန်းရယ်.. ကိုယ်တစ်ယောက်တည်း ထင်နေလို့လား... ဘလောဂ့်တစ်ခု ဖြစ်လာဖို့ လွယ်တာမှတ်လို့ ... ကိုယ့်မှာ ရင်းနှီးပေးဆပ်ထားခဲ့ရတဲ့ အချိန်တွေ အများကြီးရယ်.. ဒီဘလောဂ့်ရေးရင်းနဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ စာရေးဝါသနာ ပါသူတွေ အချင်းချင်း အသိအကျွမ်းဖြစ်လာတယ်.. မိတ်ဆွေ တိုးပွားလာရတယ် မဟုတ်လား... ကိုယ့်မှာ တစ်စုံတစ်ရာ နစ်နာမှုမရှိဘဲ ဘာလို့ ပိတ်မှာလဲ... အိမ်ထောင်ရေးမှာလည်း အနှောက်အယှက်ဖြစ်စရာမှ မရှိတာ... ဘလောဂ့်မှာ တစ်ခါတစ်လေ ကိုယ့်ရဲ့ စိတ်ခံစားမှုလေးတွေ မျှဝေနိုင်လို့ စိတ်ထွက်ပေါက်လေး တစ်ခု အနေနဲ့တောင် အသုံးဝင်သေးတဲ့ဟာ။ ပိတ်ဖို့ တော့ မစဉ်းစားပါနဲ့... အားတဲ့ချိန်ရေးပေါ့။ ကိုယ့် နိုင်ငံနဲ့ ရေခြားမြေခြား ရောက်နေသူတွေအတွက် ဘလောဂ့်ဟာ မိတ်ဆွေကောင်းတစ်ယောက်လို့တောင် တင်စားလို့ ရနိုင်သေးတယ်.. ဒါကြောင့် ကိုယ့်အတွက် မိတ်ဆွေသဖွယ် ဖြစ်နိုင်တဲ့ ဒီဘလော့လေးကို မပိတ်ပါနဲ့လို့ဘဲ အကြံပြုပါရစေ..
လမ်းကြိတ်စက် ရွက်ပြီး စောင့်နေတဲ့ ချွေးမလောင်း

ချော

မေပယ်လ် said...

အင်းးး
အထက်က ကိုကိုတွေ မမတွေ
ပြောသလိုပါပဲလေ..
အိမ်ထောင်ရှင်ဘလော့မရေးရဘူးလို့ ဥပဒေမှ မရှိပဲ...။
သူများအကျိုးပြုအလုပ်ကို နိုင်တဲ့
ဖက်ကနေ ထမ်းဆောင်နေတာလေ
(အိမ်ထောင်ရှင်ဖြစ်ပြီး လိုင်းပေါ်မှာ
အပျို လူပျိုလုပ် ဇယားခင်နေတာဆိုရင်တော့ မကောင်းဘူးပေါ့) ယွန်းကိုဆိုလိုတာ မဟုတ်ပါ..။
အမျိုးသားကလဲ ခွင့်ပြုထားတာပဲ။ ဆက်ေ၇းပါ.

ဝက်ဝံလေး said...

အိမ်းးး ဒေါ်ရွှေချော ခေါ်သလိုပဲ ယောက္ခမ လို့ပဲခေါ်ရမယ်နဲ့တူတယ် ဟိ
ဒီမယ် တီတီယွန်း များကလေ အင်တာနက်ကို ချွေသုံးနေရတာနော် ဟွင့် ခေါင်းစဉ်မြင်လို့ လာတာ မပိတ်နဲ့ ဒါဗြဲ ကျန်တာတွေ ဘာမှမပြောဘူး ဟွင့်

လသာည said...

ပိတ်ပါနဲ့ကွာ....

Anonymous said...

ယွန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မပိတ်နဲ့းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ခင်မင်စွာဖြင့်
ရုံလေး

Mon Petit Avatar said...

Please continue writing as I enjoy reading your blog.

နေ၀သန် said...

ဘလော့ခ်ဆိုတာ ရင်ထဲက ခံစားချက်တွေ ထုတ်ဖော်ဖွင့်အံတဲ့နေရာလို့ ကျွန်တော်မြင်တယ်... မယွန်းစိတ်ထဲမှာ ပြောချင်တာလေးကို ဒီမှာပြောလိုက်ရတာ ဘယ်လောက်ပေါ့သွားလဲ... ကျန်တဲ့ပြဿနာက ကိုယ့်ဆီလာရင်ရှောင်လို့ရပါတယ်.. လုံးဝ ကွန်မန့်ပေးမရတာတို့ဘာတို့လုပ်လိုက်ရင် ပြီးတာပါပဲ....

ချိုကျ said...

အဲ.... ပိတ်တာတော့မပိတ်စေချင်ပါ။ ဘယ်လိုသောအကြောင်းကြောင့်လဲ ဆိုတာမသိရပေမယ့် blogger မောင်နှမတစ်ယောက် ထွက်သွားမှာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။

ခင်တဲ့(ချိုကျ)

ချစ်ကြည်အေး said...

ဆက်ရေးစေချင်ပါတယ် ညီမယွန်းရေ....

နွေဆူးလင်္ကာ said...

မပိတ်ပါနဲ့ဗျ ... အိမ်ထောင်ရှင်လည်း ဘလော့ဂ်ရေးလို့ ရပါတယ်ဗျ ..

ကိုဇော် said...

ဘယ်သူတွေ ဘာပြောပြောပါ။ ကိုယ့်အတွက် အဆင်ပြေနေတယ် ဆိုတဲ့ အချိန်တစ်ခုအထိ ဆက်လက် တည်ရှိနေစေချင်တယ်။

မြစ်ကျိုးအင်း said...

တူမကြီးရယ်...
ခေါင်းပေါ်ရွက်ထားရလို့များလား..။

မရေးဖြစ်ဖြစ် ရေးဖြစ်ဖြစ် ကိုယ့်အမှတ်တရ နဲ့ကိုယ် ဒီအတိုင်း ထားထားပေါ့။

ညိမ်းနိုင် said...

ဟုတ်ပ မယွန်းရယ်....ခေါင်းပေါ်ရွက်ထားရတာမှမဟုတ်တာ...:D
အားရင်၊အဆင်ပြေရင်ရေး၊မအားတဲ့၊အဆင်မပြေတဲ့ အခိုက်အတန့် တွေမှာ မရေးနဲ့ပေါ့၊လုံးဝတော့ မပိတ်ပါနဲ့ဗျာ။

သူကြီးမင်း (တုံးဖလား) said...

ပိတ်စရာလား ညီမရယ်။ အိမ်ထောင်သည်မို့ ဘလော့မဂင်းရတော့ဘူးလား။ ညီမမို့ လက်တို့ပြီးပြောရဦးမယ်။ အမှန်ဆို ဘလော့ဂါ မိန်းခလေးအများစုတွေဟာ အိမ်ထောင်သည်တွေ ညီမ။ သိလား။း))) အားမငယ်နဲ့နော်။
ဆက်လက်အားပေးနေမယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

blackroze said...

မပိတ်ပါနဲ့....
ဘလော့တစ်ခုဖြစ်လာဖို့ဆိုတာလွယ်တာမဟုတ်ဘူး
ဘာဘဲဖြစ်ဖြစ်ကိုယ်ရေးခဲ့တာလေးတွေ
ကိုယ်ရဲ့ခံစားချက်တွေ..အမှတ်တရတွေ
သိမ်းဆည်းထားတဲ့နေရာလေးတခုမို့
ဆက်လက်ရှိစေချင်တယ်..ယွန်းရေ...

ရွှေရတုမှတ်တမ်း said...

ဒို့ကတော့ လူပျိုလေးမို့ ဘလော့ လုပ်တာ... အ..ဟတ်..ဟတ်..ဒါပေမဲ့လဲ...အိမ်ထောင်သည် ဘလော့ မရေးရလို့တော့ စည်းကမ်းထုတ်ထားတာ မတွေ့ဘူးပေါင်...
ကိုယ့်ဝါသနာနဲ့ ကိုယ်လုပ်ချင်ရာလုပ် ငါ့တူမ..
မယ်ယွန်းနေတာ US မှာလေ...ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ အများဆုံးရတဲ့ နေရာမှာမို့လား...

Gyidaw said...

Go on dear.I try to larn burmese typing to make a blog.I don't know when it willbe.I just visit blog by blog n read.Don't stop ur blog.Go on.If u have time,write something.Or else,Just take a break for a while.

Gyidaw said...

Hay!Little bachelor, How do u spell PYO.By ya yit or ya pint?Try to pull out a new post before u go into OT.

တောသားလေး (and) ထွန်းမြတ်တေဇ (မြန်အောင်) said...

ခေါင်းစီးလေးကိုတွေ့လို့ဝင်လာမိတာပါအစ်မ။
အိမ်ထောင်သည်မို့ ဘလော့မရေးရဘူးဆိုတာ
မရှိပါဘူး။ကိုယ်ဝါသနာပါရာကိုအမျိုးသားက
လည်းခွင့်ပြုထားတယ်။ အများအကျိုးပြု
စာပေလေးတွေကိုရေးသားပြီးအကျိုးရှိတဲ့အလုပ်ကိုလုပ်နေတဲ့အတွက်ကိုယ်ရဲ့အမှတ်တရစာမျက်နှာလေးကိုအလွယ်တကူမပိတ်စေချင်လိုပါဘူး။
မအားလပ်လို့မရေးနိုင်ရင်လည်းရေးနိုင်တဲ့အ
ခါကျတော့ပြန်လည်ပြီးကိုယ်ရဲ့အမှတ်တရစာမျက်နှာလေးမှာပြန်ပြီးရေးသားနိုင်ပါတယ်။
ခင်မင်လျှက်
တောသားလေး

လင်းခေတ်ဒီနို said...

မယ်ယွန်းးးးးးးးးးးးးးးးးးးးးး

ဟိဟိ ဘာတွေ တွေးနေလဲ . . . နင်လဲ ကြောင်တောင်တောင်ဖြစ်နေပီးလား ဒီမှာနေပြီး ဟီးဟီး

ဘာလို့ ပိတ်ရမှာလဲ . . . မရေးချင် ပစ်ထားလိုက် ရေးချင်တဲ့အချိန်ပြန်ရေး ဒါပဲ . . .

ငါ နင့်ကို သိပ်တော့မယုံဘူး ဟင်းဟင်း ပေါက်ကရ လုပ်တတ်တဲ့သူ နင်က . . . ဘာတွေကြံနေလဲ ညန်ညန်ကျောချမ်းး)))))

ယွန်း said...

သဒ္ဓါ ၊ နိုးအိမ်ရှင်၊ မြတ်မွန်၊ SLT ၊ မိုးယံ ၊လင်းကြယ်ဖြူ ၊ကိုဇောင်း ၊မစန္ဒကူး ၊ မချော၊ မေပယ်လ် ၊၀က်ဝံလေး၊ အစ်မလသာည ၊ သူငယ်ချင်း ရုံလေး ၊ Mon Petit Avatar ၊နေ၀သန် ၊ချိုကျ
အစ်မချစ်၊ ကိုနွေဆူး ၊ဦးမြစ် ၊ကိုမောင်လေး ၊ သူကြီး
ကိုကိုမောင် ၊ရိုစ့် ၊လေးလေးကျောက် ၊Gyidaw
ကိုတောသားလေး ၊ ကိုဗညား @>>>>>>>
အားလုံးကို ကျေးဇူးတင်ပါတယ် ။ ယွန်း ဒီဘလော့လေးကို မဖျက်တော့ပါဘူးး

အားလုံးကိုချစ်ခင်စွာဖြင့်..

Maung Myo said...

စကားတွေ အများကြီးပြောဖို့ပဲ ဒါပေမယ့် အပေါ်မှာ ပြောထားတဲ့သူတွေ ရေးထားတာ ပြည့်စုံနေပြီမို့ ထပ်မပြောတော့ဘူး မပိတ်ပါနဲ့ (10) ခေါက်အဲ့လိုပြောသွားတယ် အစ်မရေ ။

ယွန်း said...

ရုံလေး@>>>>>>>>ရုံ့လေးဆိုတာ သူငယ်ချင်းမြူးလားးး မြူးသျှရီလားး သိပါရစေ..ပြန်ဖြေပါ..please !!!

ယွန်း said...

ကိုဇော် ၊ မောင်မျိုး @>>>>> ကျေးဇူးတင်ပါတယ်

ညလင်းအိမ် said...

မပိတ်ပါနဲ့ဗျာ ...
အဲဒါက ထွက်ပေါက်လေး တခုပါ ...

ကျွန်တော်လည်း ပိတ်ပစ်ဖို့ စဉ်းစားဖူးတယ် ...
အဲဒါ မကောင်းတဲ့ စိတ်ဗျ ..

သတိ။ ။ တွေးတောင် မတွေးရ ..။

thawzin said...

ဘလော့ရေးခြင်းကို နားတော့မလို့လား။ ကျွန်တော်ဆို ခဏခဏ အနားယူလို့ အရင်က သူငယ်ချင်းဟောင်းတွေတောင် မရှိတော့ဘူး။ ပြန်လာလိုက် ပြန်ပြီး နားလိုက်နဲ့လေ။ ဘလော့တခု အသက်ဝင်ဖို့အတွက် စာဖက်သူများများရှိမှလေ။ ကျွန်တော်ဘလော့ဆိုလာမလည်ကြတာများတယ်။ အခုပုံစံက သူဆီလာမှကိုယ်ဆီလာကြတာပဲလေ။ အပြင်မှာ သိကျွမ်းကြတာမဟုတ်တော့ လာလည်ဖို့ အရင်ဆုံး သူဆီမိတ်ဆက် ကွန်မန့်လုပ်ကြရတာ။ ဘလော့တခု အသက်ဝင်ဖို့ အများကြီးကြိုးစားရတယ်။ အများကြီးလဲ ဗဟုသုတတွေရတယ်။ အများကြီးလဲ အကျိုးရဖို့ပါပဲ။ စာဖက်ချင်းဟာ ဆုံးရှုံးမှုမရှိသော ရင်းနှီးမှုဖြင့် အမြတ်များကြီးရမယ့် အလုပ်တစ်ခုလို့ ထင်ပါတယ်။ စာဖက်ချင်းကြောင့် ဘ၀တွေအများကြီး အရှုံးမရှိပြောင်းလဲနိုင်တယ်လေ။ ပြောင်းလဲမှုများကြောင့် အတွေ့အကြုံနဲ့ ဆောင်ရန်ရှောင်ရန်တွေ သိလာတယ်။ လက်တွေ့ဘ၀မှာ လက်တွေ့အသုံးချနိုင်တာပေါ့ဗျာ။ အခုလို စာဖက်သူ သိုက်သိုက်ဝန်းဝန်းရှိနေတဲ့ ဘလော့လေးကို စွန့်သွားသင့်ဘူးလို့ထင်ပါတယ်။ ခင်မင်မှုနည်းပေမယ် စေတနာနဲ့ လေရှည်သွားပါတယ်။ အိမ်ထောင်ရှင်ဆိုတော့ အစ်မလို့ လေးစားစွာခေါ်ပါတယ်နော်။ သာယာပျော်ရွှင်ပြီး အဓိပ္ပါယ်ရှိသော မိသားစုလေး ဖန်တီးနိုင်ပါစေ အစ်မရေ။

Anonymous said...

ယွန်းရေ............
ဟုတ်ပါ့ ဒိနေ့ မှတွေ့ တယ်ဒီစာကို
ဟုတ်တယ် ရုံလေးဆိုတာ မြူးပါ
မြူးသျှရီပါရှင့်

ခင်တဲ့
ရုံလေး

အင်ကြင်းသန့် said...

ကဲကဲ....ဒေါ်ယွန်း....နာ နင့်ကို ဂျီးတော်နဲ့ပြောပြီးပြီဆိုတော့ ဘာမှ မပြောတော့ဘူးနော်။ ဟိုအသံကြားတိုင်း ထထမကြည့်နဲ့ အိပ်ရေးပျက်တယ်ဆိုတဲ့စကားပုံရှိတယ်လေ....။ ပိတ်ရဲပိတ်ကြည့်နော်....နာ အိမ်အထိလိုက်လာမှာ။ ဒါဗြဲ....

သားကြီး said...

ခေါင်းစဉ်လေးကို ဖတ်မိပြီးရောက်တာတာပါအစ်မ။
မင်္ဂလာပါအစ်မ...
မပိတ်စေချင်ပါ။ ဆက်လက်တည်ရှိနေစေချင်ပါတယ်ခင်ဗျာ။
လေးစာလျှက်။

About me

Blogger templates