Sep 9, 2010
ဒါမှ တကယ့် ဂျီပုန်းဖမ်းနည်းး (မနောက်ဘူးးတကယ်)
 (သူငယ်ချင်းတွေကို စိတ်ပူအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်..
အားလုံးကို ကျေးဇူးတင်ပါတယ်နော်...ဒီပို စ့်ကြောင့်  ဘလော့ဂါမောင်နှမတွေရဲ့ 
ရင်ထဲကစကားတွေကြားခဲ့ရတဲ့အတွက် ကျေးဇူးတင်ပျော်ရွှင်မိပါတယ် ။
စိတ်ပူပြီး ဖုန်းဆက်မေးတဲ့ ဘကျောက်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ် ။ 
ဘကျောက် အမြန်ဆုံး နေကောင်းပြီး ကျန်းကျန်းမာမာ ရှိပါစေလို့ ဆုတောင်းပေးပါတယ် ။
ပြီးတော့ တခါမှဝင်မမန့် ပဲ စာဖတ်ပြီး  ပြန်သွားတတ်တဲ့ သူငယ်ချင်းအချို့ 
နဲ့ စာဖတ်သူအချို့ ကပါ စာဆက်ရေးဖို့ မန့် လာတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်..)
ဒီပို့ စ်ကတော့ ဟိုတစ်နေ့ က ဂျီပုန်ဖမ်းနည်းဆိုပြီး ပေါက်ကရ လျှောက်ရေးထားမိတဲ့အတွက်
အကြွေးဆပ်တဲ့ပို့ စ်ပါ  ။  ဒါကမှ တကယ့်ဂျီပုန်းဖမ်းနည်းးးးတကယ် ..တကယ် ..ဘုရားစူးတကယ်...
ရှောင်ထား ရှားထားကြပေတော့ ….လာပြီနော် …………
ဝိုင်းရိုက်ကြတော့မလားတော့ မသိဘူး ….သတိတော့ ထားမှ … သိတာလေး
ပြောပြတာပါ  …. Invisable နဲ့Chat နေလား မ Chat နေလားဆိုတာကို သိအောင် ….
သူ Onlineမှာတကယ်ရှိနေလား မရှိနေလားဆိုတာကို စမ်းဖို့အတွက် …Gtalk ကို ဖွင့်လိုက်ပါ …
ပြီးတဲ့အခါမှာ … အဲဒီမှာ ကိုယ်စမ်းချင်တဲ့သူရဲ့ Nick ကို Click ပြီး Chat box ထုတ်လိုက်ပါ …
ထုတ်ပြီးပြီဆိုရင်မChat နဲ့အုန်း ….သူ့ကိုဖမ်းဖို့အတွက် ..နဲနဲလေး ပြင်ပြီး Chat မယ် …
Chat box ရဲ့ အပေါ်ဆုံးမှာ ရှိတယ် …( ညာအစွန်ဆုံးမှာပါ ) Down arrow
လေး … အဲဒါလေးကို ဆွဲချလိုက်ပါ ..အဲဒီမှာ sent files , emeil , Go off
the record ဒါလေးတွေ ရှိပါတယ် …. အဲဒီထဲက Go off the record
ဆိုတာလေးကို Click လိုက်ပါ …
အဲဒါလေးကို နှိပ်ထားရင် Chat Box က ဒီလိုလေး ဖြစ်နေပါတယ် …
အဲဒီမှာ Chat လိုက်ပါ …Hello လို့ .. တကယ်လို့ ကိုယ် Chat
လိုက်တဲ့လူဟာ Offline မှာ တကယ်ရှိတယ်ဆိုရင် ..ဒီလိုလေး ပေါ်ပါမယ် …
တကယ်လို့ ကိုယ် Chat လိုက်တဲ့ လူဟာ ပုန်းနေတယ် …. Online မှာရှိတယ်
ဆိုရင်တော့ …
ဒီလိုလေး ပေါ်ပါမယ်....
ကဲကဲ..ဒီလောက်ဆို ကိုယ်ဖမ်းချင်တဲ့သူကို ဖမ်းလို့ ရနိုင်ကြပါစေ..။
ဒီနည်းတွေက သိပြီးသားလဲ ဖြစ်ကြမှာပါ ။
ဒီပို့ စ်တင်လို့  အိုင်တီကျွမ်းတဲ့ ဆရာမကြီးတော့ မထင်ကြလေနှင့် .........
ကိုနေစေးဆိုဒ်က သွားယူလာတာ ...ဟီးဟီးးးး ။ဒီမှာ ကိုနေစေး ရေးထားတဲ့ 
ဂျီတော့အကြောင်း သိကောင်းစရာ ဖိုင်လေးပါ သူငယ်ချင်းတွေအတွက် မ"လာပါတယ် ။
သူငယ်ချင်းများအတွက် အသုံးဝင်မယ်ထင်လို့ ပါ ။အဲဒိ ဖိုင်ထဲမှာ
အောက်ပါခေါင်းစဉ်လေးတွေကို တစုတစည်းထဲ ထည့်ပေးထားပါတယ်။
Gtalk ဘာသာပြန်စနစ်
Gtalk ကနေ ဖုန်းအလကား ခေါ်ကြရအောင်
Account တွေ အများကြီးနဲ့ တစ်ပြိုင်တည်း Chat တဲ့နည်း 
contact တွေအများကြီးကို mail ပို့ တဲ့ခါ … ကိုယ့်ရဲ့contact တွေကိုမမြင်စေချင်ရင်
Block ထားတာတွေ လိုက်ဖမ်းမယ် … 
အဲဒီနည်းလေးနဲ့ Chat တဲ့ သူတွေကို လိုက်ဖမ်းမယ်ဗျာ 
Gmail ကနေ Invisible နဲ့ Chat တာလေးပါ … တစ်ဖက်ကမြင်ရတော့ Offline ဖြစ်နေတာပေါ့ ..
Gtalk ကနေ လူတွေ အများကြီးနဲ့ Conference ပြောကြရအောင်
gtalk style 2
Myanmar Talk ဒါလေးကလဲ Gtalk ပုံစံတစ်မျိုးပဲဗျ
Pink Color Gtalk ဒါလေးကတော့ မိန်းကလေးတွေအတွက်..
Gmail Drive
Gtalk Idle
Gtalk Shell
Gtalk မှာ ပုံလေးတွေကို အလိုလိုပြောင်းတဲ့ ဆော့ဖ်ဝဲလ်လေးပါ …
( ကြေငြာပေးတာ ..ကြေငြာခတော့ တပြားမှမရပါ ကွိကွိ...
 ကိုနေစေးရဲ့  ဆိုဒ်လေးမှာအိုင်တီနဲ့ ပတ်သတ်ပြီး မေးချင်တာ ဆွေးနွေးချင်တာ
သိချင်တာတွေ မေးလို့ ရပါတယ် ။အိုင်တီသမားတွေ စုံတဲ့နေရာတစ်ခု ပါပဲ...
 ကိုနေစေးရဲ့ ဆိုဒ်မှာ ဂျီတော့ပညာရှင်များအသင်း ရှိပါတယ်.....
အဲမှာ ဂျီတော့နဲ့  ပတ်သတ်တာမှန်သမျှ နည်းပညာတွေ မျှဝေထားပါတယ် .........
ကိုယ်က ဘာမှမဟုတ်ပေမဲ့ ဟိုနားယောင်လည်လည်
ဒီနားယောင်လည်လည်နဲ့  သိချင်တာလေးတွေ ၀င်ဝင် လေ့လာရပါတယ်...
သူငယ်ချင်းတို့ အသုံးဝင်မယ်ထင်လို့  မျှဝေလိုက်ပါတယ် ။  
ဒီဆိုဒ်ကို သိပြီးတဲ့သူတွေလည်းရှိမှာပါ . ဒီပို့ စ်က မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ။
ချစ်ခင်လေးစားစွာဖြင့်
ယွန်း
15 comments:
သဒ္ဓါလှိုင်း said...
ုခုချိန်ကစပြီးဂျီပုန်းသမားတွေကိုလိုက်ဖမ်းတော့မယ်..
ဒါပဲ.............
ခင်တဲ့
သဒ္ဓါ
ချော(အစိမ်းရောင်လွင်ပြင်) said...
ဟားဟား ယောက္ခမက ဖော်ကောင်လုပ်လိုက်ပြီ
ဒီနည်းနဲ့ ဖမ်းလို့ကတော့ ကိုယ်က ထိပ်ဆုံးက မိခံရတော့မယ်...
ဟွန်း .. တော်တော်မလွယ်တဲ့ ယောက္ခမ
ကဲ.. ဘာဘဲဖြစ်ဖြစ် ဘလော်ဂါတစ်ယောက်အဖြစ် ဆက်လက်ရှိနေဦးမယ် ဆိုတာနဲ့တင် အားရ ကျေနပ်ပါတယ်ရှင်။
ဆက်လက်ပြီး ဘလောဂ့်ပင်လယ်ပြင်ကြီးမှာ ကူးခတ်ကြဦးစို့ရဲ့ .......ပျော်ပျော်ပါးပါးပေါ့း)
မိုးယံ said...
ဒေါ်ယွန်း ဆုံးဖြတ်ချက်ကို ၀မ်းသာတယ်ဗျို့၊ ခုတော့အရာရာဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ။ ဆိုတော့ နော်နော်ပဲဗျို့ (အတိုင်းထက်အလွန်)။
အခုပေးထားတဲ့ နည်းလမ်းလေးနဲ့ လိုက်ဖမ်းနေပြီဗျို့။ ကျေးကျေး
ငြိမ်းချမ်းပါစေ
မိုးယံ
ရွှေရတုမှတ်တမ်း said...
တူတူရေဝါး.....မိအောင်ဖမ်းစမ်းဗျား...
သိင်္ဂါကျော် said...
:) :)
ကိုဇော် said...
အဟွန့်...
ဒို့လည်း ပုန်းနေပါတယ်။ ဖမ်းကြည့်ပါလား။
ဟဲဟဲ..ချိတ်မဆိုးကြေး...ခွိခွိ
PhyoPhyo said...
ဂျီပုန်း ဆိုလို မျက်စိထဲမှာ တခြားတွေမြင်ပြီး ဒီကိုရောက်လာတာ :D
မသုံးဖူးဘူး .. ခုမှ သုံးကြည့် .. ပုန်းကြည့်ချင်လာပြီ၊ idle တော့ သုံးတယ် :D
စာတွေပြန်ရေးမယ်ဆိုလို့ ၀မ်းသာသွားပါတယ်၊
မြတ်မွန် said...
ဟုတ်ကဲ့ရှင့်။
ကျွန်မ သွားကြည့်လိုက်ပါ့မယ် မမလေး..။
ဟွန်း တော်တော်နောက်..။
ခုမှ ပြန်ချော့တယ်ပေါ့လေ။
ညိမ်းနိုင် said...
မိုက်တယ်ဗျို့ ...။ရှဲ့ရှဲ့
~ဏီလင်းညို~ said...
နောက်တစ်မျိုး.......ကြံပြမယ်......ကြည့်နေ......ဟွင်းးးးးးးးးးးးးးးးးးးးးးးးး
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
chindwinthu said...
အခုအချိန်ကစပြီး ဂျီပုန်းဖမ်းနည်းကို လက်တွေ့ အသုံးချတော့မယ်နော်။
ညလင်းအိမ် said...
အဲလိုလား လာဖမ်းပါ .. ရပါတယ် .. လုံအောင် ပုန်းပြမယ် ... အဟီး
thawzin said...
အဲဒါသိပြီးသားကြီးဘဲ။ မသိတဲ့သူအတွက် ပညာရတာပေါ့။ ကောင်းပါတယ်။
အင်ကြင်းသန့် said...
နင်ကလည်းဟာ....နာက လုံးဝမှ မပုန်းတတ်တာကြီးကို နင်က ဒီနည်းလမ်းတွေတင်ပေးလည်း ငါကတော့ မမှုပေါင်.... :D
နေမိုးဝေ said...
မိုက်တယ် :)
About me
Blogger templates