Sep 12, 2010
ချစ်ခြင်းတရား၏ လက်ဆောင်
ကျမကလေးကို ကြည့်လို့ ရမလားရှင်..
ကလေးမွေးပြီးစ မိခင်တစ်ယောက်က ဆရာဝန်ကို လှမ်းပြောလိုက်တယ်။
သူမဟာ ကလေးကို လက်မောင်းတစ်ဖက်ပေါ် ပွေ့ ချီလိုက်ပြီး ကလေးလေးရဲ့ 
ဦးခေါင်းနေရာတစ်ဝိုက်မှာ ကျပ်တည်းစွာ ထုပ်ထားတဲ့ အနှီးကိုဖြေကြည့်လိုက်တယ် ။
ဆ၇ာဝန်လေးဟာ သူမရဲ့  သက်ပြင်းသံသဲ့သဲ့ကိုကြားတဲ့အခါ  ပြတင်းပေါက်ဘက်ကို မျက်နှာမူ၇င်း
အဓိပါယ်မဲ့ ငေးကြည့်နေခဲ့တယ်။ကလေးလေးဟာ မိခင်ဝမ်းက ကျွတ်ကတည်းက
နားရွက်နှစ်ဘက် ပါမလာခဲ့ဘူး ။သို့ ပေမဲ့ ကလေးရဲ့ အကြားအာရုံဟာ အချိန်ကြာလာတာနဲ့
အမျှ ပိုပြီး ကောင်းမွန်လာသလောက် ရှိလာခဲ့တယ်။ နားရွက်နှစ်ဘက်မပါတာကတော့
မွေးရာပါဖြစ်တာကြောင့်  ဘာမှမတတ်နိုင်ခဲ့ဘူး။
 ဒီလိုနဲ့သူကြီးပြင်းလာတဲ့အခါ ကျောင်းတက်ဖို့ ကို    ကြောက့်ရွံနေခဲ့တယ် ။
တနေ့ မှာ သူဟာ ကျောင်းကနေ အိမ်ကို အပြေးအလွှားပြန်လာခဲ့တယ်။
 ကျောင်းက အတန်းတူ သူငယ်ချင်းတွေက သူ့ အပေါ် ဥာဉ်မမီတဲ့ ကလေးတစ်ယောက်လို
ဆက်ဆံအနိုင်ကျင့်ကြတယ်။သူစိတ်မှာ အင်မတန်မှ ၀မ်းနည်းနေမိတယ်။
ထို့ ကြောင့် သူ့ အမေရဲ့ လက်မောင်းပေါ်မှာ ခပ်ကွေးကွေးလေးဝင်ခွေနေခဲ့တယ်။
သူ့ ဟာကိုယ်လက် အင်္ဂါမပြည့်စုံတာကြောင့် သူ့ ဘ၀မှာ ရှူံးနိုမ့်မှူတွေ ၊၀မ်းနည်းကြေကွဲမှူတွေ ၊အနိုင်ကျင့်ခံရမှူတွေ ဆက်ပြီး ကြုံတွေ့ နေရဦးမယ်ဆိုတာ ကောင်းကောင်းသိနေခဲ့တယ် ။
ထို့ ကြောင့် သူဟာ သူငယ်ချင်းပေါင်းတဲ့အခါ သူ့ ထက်အတန်းကြီးတဲ့  သူတွကိုသာပေါင်းလေ့ရှိတယ်။
သူဟာ လူကောင်ကြီးတဲ့ သူငယ်ချင်းတွေကို ပိုနှစ်သက်လေ့ရှိတယ်။ သူတို့ အရှိန်အ၀ါနဲ့  ရွယ်တူ
သူငယ်ချင်းတွေ သူ့ အပေါ် အနိုင်ကျင့်မှူ နည်းပါးလာခဲ့လို့ပါပဲ။
သူ့ မှာနားရွက်နှစ်ဘက်မရှိပေမဲ့ သူဟာ မွေး၇ာပါ ပါရမီအဖြစ် စာပေ နဲ့ ဂီတဘက်မှာထူးချွန်ခဲ့လို့ 
သူ့ ရဲ့ အတန်းထဲမှာ  အတန်းခေါင်းဆောင်ဖြစ်လာခဲ့တယ်။ ဒါကို ဂုဏ်ယူစွာနဲ့
သူ့ မိခင်ကိုပြောပြတဲ့အခါမိခင်က အတန်းခေါင်းဆောင်ဖြစ်လို့  ကိုယ့်အပေါ်
အနိုင်ကျင့်သူတွေအပေါ် ပြန်အနိုင်မကျင့်ရန်၊ရွယ်တူသူငယ်ချင်းတွေနဲ့  သင့်မြတ်အောင်
ပေါင်းသင်းဖို့ လိုကြောင်း တိုက်တွန်းခဲ့တယ်။ဒါပေမဲ့ သူ့ မိခင်ရဲ့ ရင်ထဲမှာ ကိုယ်အင်္ဂါချို့ တဲ့သူ
သားငယ်အပေါ် သနားခြင်းကြီးစွာ ဖြစ်ပေါ်နေခဲ့တယ်။
တနေ့ မှာလူငယ်လေးရဲ့ ဖခင်ဖြစ်သူက သူတို့ ရဲ့  မိသားစု ဆရာဝန်နဲ့ သားဖြစ်သူအတွက် နားရွက်အစားထိုးကုသဖို့  ဆွေးနွေးခဲ့တယ်။ ဆ၇ာဝန်က တကယ်လို့  နားရွက်လှူပေးမဲ့
အလှူရှင်များရှိရင် သေချာပေါက် အောင်မြင်အောင် ခွဲစိတ်ပေးဖို့ ပြောခဲ့တယ်။ အလှူရှင်ရှာဖို့ 
ခက်ခဲပေမဲ့ သူတို့ ရအောင်ရှာဖို့ ဆုံးဖြတ်လိုက်ကြတယ် ။ လာကြောင့်လဲဆိုတော့ ကလေးလေးဟာ
အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် သူ့ အတွက် နားရွက်နှစ်ဘက်ဟာ အင်မတန်လိုအပ်တယ်လို့ 
ယူဆမိလို့ ပဲ။မိဘတွေက သူ့ ဘ၀မှာသိမ်ငယ်မှူတွေ ၊နာကျင်မှူတွေ ထပ်ပြီး မကြုံတွေ့ စေချင်တော့ဘူး။
ဒီလိုနဲ့ အလှူရှင်ရှာလိုက်တာ နှစ်နှစ်နီးပါးကြာခဲ့ပြီး တစ်နေ့ မှာ သူ့ ဖခင်က
သားရေ..မနက်ဖြန်တော့ မင်းဆေးရုံသွားရမယ်..မင်းအမေနဲ့ငါ မင်းအတွက်
နားရွက်အလှူရှင်ရှာတွေ့ ခဲ့ပြီ...အလှူရှင်ဘယ်သူလဲဆိုတောတော့ လျှို့ ဝှက်ချက်အဖြစ်
ထားရမှာမို့ မင်းမသိချင်ပါနဲ့ ကွာ လို့ ပြောခဲ့တယ်။ နားရွက်အလှူရှင်ကို မစုံစမ်းဖို့ 
သူဟာ လူတစ်ယောက်ပြောင်းလဲလိုက်သလို ဖြစ်လာပြီးသူ ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှူပြည့်ဝတဲ့သူဖြစ်လာခဲ့တယ်။ သူဟာဘ၀မှာ ပိုပြီးအောင်မြင်လာခဲ့တယ်။
သူ့ ရဲ့ ဥာဏ်ရည်ဟာ အရင်ကထက်ပို ထက်မြက်လာသလို ခံစားလာရတယ်။ကျောင်းမှာ
ကောလိပ်တွေမှာအတော်ဆုံး အထူးချွန်ဆုံး ဆုတွေ ရခဲ့ပြီး သူလက်ထပ်ပြီးတဲ့အခါမှာတော့
သူဟာ ကောလိပ်ဒီပလိုမာတန်းမှာဆရာတစ်ယောက်ဖြစ်နေခဲ့ပြီ။
ကျတော့်ကို ဒီလိုလူတစ်ယောက်ဖြစ်လာအောင် မြင့်တင်ပေးတဲ့လူကို သိပါရစေအဖေ ..
နားရွက်အလှူရှင်ကို ပြောပြပါ ..ကျတော် သိသင့်တယ် ထင်ပါတယ်..
လို့ မေးတဲ့အခါတိုင်းဖခင်ဖြစ်သူက  မင်းဆီကငါ အလှူရှင်ကို မသိချင်ဖို့ ကတိတောင်းခဲ့တာပဲ ....
မင်းလဲအခုသိခွင့်ရဖို့ အချိန်မတိုင်သေးပါဘူး  ...လို့ ပြန်ဖြေလေ့ရှိတယ် ။
နှစ်ပေါင်းများစွာတိုင်အောင် လျှို့ ဝှက်ချက်ကို သူ့ ကို အသိမပေးပဲ နေခဲ့ကြပြီး တစ်နေ့ မှာ
အမှန်တရားဟာ သူနဲ့  လက်တကမ်းကိုရောက်လာခဲ့တယ်။
မနက်စာစား ပွဲမှာ သူ့ မိခင်ရဲ့ ပန်းကန်ထဲကို သူ့ မိခင်ရဲ့  ဆံနွာ်အချို့ ခွေဝိုက်ကျသွားတယ် ။
မိခင်ဟာ အမြဲဆံပင်တွေကို ချထားတတ်တာကြောင့် ရှည်နေတဲ့ ဆံပင်အချို့ ဟာ
ရုတ်တရက်ပန်းကန်ထဲ ရောက်သွားခဲ့တယ်။ ဒါကို မြင်လိုက်တဲ့သူဟာ မိခင်ရဲ့ ဆံပင်တွေကို
ဖယ်ပေးဖို့ ကြိုးစားတဲ့အခါ မိခင်က သူ့ ဆံပင်တွေကို အကိုင်မခံဘူးး။သူမကိုယ်တိုင်လဲ
နားရွက်နောက်ကို သပ်မတင်ခဲ့ဘူး ။ ဒါကို ကြုံရတဲ့သူဟာ တခုခုကို သိလိုက်သလိုမျိုး နဲ့ 
သူမိခင်ကို ကြည့်ပြီးမေမေ လို့ ခေါ်လိုက်တယ်။ပြီးတော့ ဖြေးညင်းစွာ၊ကြင်နာစွာ နဲ့ သူမိခင်အနားကို တိုးကပ်သွားခဲ့တယ်။ထိုအချိန်မှာ သူ့ ဖခင်က လက်နှစ်ဘက်ကိုမြောက်ပြီး သူ့ ကိုလှမ်းဆွဲထားတယ်။
သို့ပေမဲ့ မမှီတော့ဘူး။သူဟာ သူ့ အမေရဲ့ ထူထဲပြီးလှပတဲ့  ညိုနက်နက် ဆံနွယ်တွေကို
မ"တင်ပြီးနေပြီ ။အဲဒိမှာ သူတွေ့ လိုက်ရတာက .............
သူ့ မေမေမှာ ..နားရွက်တွေ မရှိတော့တာပါပဲ ။
သူ့ မေမေဟာ ဘာမှမဖြစ်သလိုပြုံးရင်း စကားဆိုတယ် ...
ဒီနှစ်တွေအတွင်းမှာ ဆံပင်မညပ်ရတာ မေမေအရမ်းပျော်တာပဲ....
လူတွေက မေမေ့ကို အလှတွေလျော့သွားတယ်လို့  မထင်ကြတော့ဘူးပေါ့....တဲ့ ။
မေမေ့ကိုသနားကြင်နာစွာကြည့်ရင်း သူပြုံးလိုက်တယ် ...အဲဒိအခါ သူ့ ပါးပြင်ပေါ် နွေးထွေးတဲ့
မျက်ရည်တွေ စီးဆင်းသွားတော့တယ်။ သေချာတာကတော့ မေမေ့ကို ကျတော် သိပ်ချစ်တယ်
ဆိုတာပါပဲ မေမေရယ် ..လို့ သူပြောလိုက်တယ်။ တခါတလေ မိခင်တို့ ရဲ့  ချစ်ခြင်းမေတ္တာဟာ အင်မတန်ဆန်းကြယ်ကြောင်း သူ့ ရင်ထဲမှာနင့်နင့်နဲနဲ ခံစားလိုက်ရတာပါပဲ။
Unknown author ၏ A Gift of Love ကိုဘာသာပြန်ပါသည်။
 ချစ်ခင်လေးစားစွာဖြင့်
ယွန်း
18 comments:
မေပယ်လ် said...
ဘာသာပြန်လေး မြည်းသွားတယ်
(တန်းပလိပ်လေး လှလိုက်တာ)
ချော(အစိမ်းရောင်လွင်ပြင်) said...
နှိုင်းမရတဲ့ မိခင်မေတ္တာပါဘဲ
ရင်ဘတ်နဲ့ ခံစားမိတယ်..
လတ်တလောအခြေအနေကြီးက ကြောက်စရာ
ယောက္ခမတော် တော်ဖို့ လန့်သွားတယ်း)
ဝက်ဝံလေး said...
ခံစားသွားတယ် ယောက္ခမကြီးရေ မရဘူးနော် ချော ခေါ်သလို များလဲ ခေါ်မှာနော် ဟွင့်
များထင်တာက သူ့အဖေက ပေးတယ် ထင်နေတာ လက်စသတ်တော့ သူ့အမေ ဖြစ်နေတာကိုးးး ရင်ထဲ ထိတယ်နော်
ဘာတွေဖြစ်နေလို့ဒုံး လတ်တလော အခြေအနေ ဖတ်ရတာလဲ ကြောက်ချာပဲ ဟိဟိ
ကိုဇော် said...
မိဘ ဆိုတာ ဒီလိုပါပဲ...
ကိုယ့်သားသမီးအတွက်ဆို ဖြည့်ဆည်းပေးချင်ကြပါတယ်။ ကိုယ်လည်း အလှည့်ရောက်လာဦးမှာပဲလေ။
ရွှေရတုမှတ်တမ်း said...
ဘာသာပြန်တဲ့...အကြောင်းအရာလေးက ကောင်းလိုက်တာ..
ညိမ်းနိုင် said...
မိဘမေတ္တာ အကြောင်းလေး ဖတ်သွားပြီ
ညလင်းအိမ် said...
အော် မိဘမေတ္တာ .. ကြီးမားလိုက်တာဗျာ ...
မောင်မောင် said...
ယွန်း ရေ ဘာသာပြန်ချက်လေး ကောင်းလိုက်တာကွယ်။
ဒါပေါ့လေ မိဘမေတ္တာ တရားဆိုတာ သားသမီးအပေါ်
ဘယ်လောက်များကြီးမား လဲ ပေါ်လွင်ပါပေတယ်။
အားပေးနေသော
မောင်မောင်
Anonymous said...
အရမ်း ဖတ်လို့ ကောင်းတာပဲ ...
အခုလို ပို့စ်တွေ
ဖတ်ရတိုင်းး
အိမ်က မေမေနဲ့ ဖေဖေကို
ပိုလို့ သတိရတယ် .. :(
ခင်မင်လျှက်
ဆောင်းနှင်းရွက်
သိင်္ဂါကျော် said...
မိခင်မေတ္တာကတော့ စာဖွဲ့လို့ မကုန်နိုင်အောင်ပါပဲ...
မိုးယံ said...
နောက်တစ်ခါ အဲဒါမျိုးတွေဆိုရင် အသည်းနုတဲ့ အနော် လာမဖတ်ဘူးးးးးးးးးးးး
အိမ်ပြန်ချင်တယ် ဟူး ဟူး ဟူးးးး
အငြိမ်းချမ်းဆုံးအမေ့အိမ်..
အိပ်မရတဲ့ ညများစွာထဲ အဲ ဟဲ ဟဲ ဟဲ....ပဲ ဟဲ ဟဲ ..
ငြိမ်းချမ်းပါစေ
မိုးယံ
sosegado1 said...
မိခင်ရဲ့မေတ္တာပါပဲ၊ မျှဝေပေးတာကျေးဖူးတင်မိတယ်
thawzin said...
ဖောကျူးလို့ မပြည့်စုံနိုင်တဲ့ ဂုဏ်ပုဒ်တွေထဲမှာ မိဘမေတ္တာလဲ ရှေ့ဆုံးကပါပဲဗျာ။
သူကြီးမင်း (တုံးဖလား) said...
မအားပေမဲ့ အမေ့အကြောင်းစာပေတွေကို မြင်ရရင် မဖတ်ဘဲ မနေနိုင်ဘူး။ အမေချစ်တဲ့သူပီပီ အမေ့မေတ္တာဘွဲ့တိုင်းကို ခံစားတတ်တဲ့ နှလုံးသားနဲ့ စိတ်နစ်ပြီး ဖတ်လေ့ရှိပါတယ်။ ဖတ်တဲ့အခါတိုင်းလဲ ခံစားနားလည်ရတာချည်းပါဘဲ။ အခုလဲ နောက်ဆုံးအပိုဒ်ဟာ ရင်ထဲကို တိုက်ရိုက်ထိမှန်စေခဲ့ပါတယ်။
အမေ့မေတ္တာဟာ အနန္တပါဘဲ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အင်ကြင်းသန့် said...
ကြီးမားလိုက်တဲ့ အမေ့မေတ္တာ....ယွန်းရေ ကျေးဇူးပဲ သူငယ်ချင်း....
blackroze said...
မိခင်မေတ္တာဆိုတာအဲလိုပါဘဲလေ...
ခိုင်နုငယ် said...
ကြီးမားလိုက်တဲ့ မိဘမေတ္တာ။
မယွန်းရေ..ဘာသာပြန်လေးကောင်းတယ်။
ဖတ်ရတာ ရင်နှင့်အမျှပါပဲ။
ကျေးဇူးပါနှော်။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
မြစ်ကျိုးအင်း said...
သိပ်ကောင်းတာပဲ။ မိခင်မေတ္တာတွေကို ရေးတိုင်း မဖြစ်နိင်ဘူးဆိုတာ မရှိဘူး လို့ ယုံကြည်တယ်။
About me
Blogger templates