Sep 16, 2010

လမ်းမရှိတဲ့ရွာ

အခုတွေ့ မြင်ရတာကတော့ ဟော်လန်က လမ်းမရှိတဲ့ ရွာလေးပါ ။
တစ်ရွာလုံးကလူတွေဟာ သွားဖို့ လာဖို့ လှေကိုသာ အသုံးပြုကြပါတယ် ။



စိမ်းလန်းတဲ့ အလှကိုလည်း ခံစားလို့ ရတယ်။
လှပတဲ့မြင်ကွင်းတွေနဲ့  စိတ်အေးချမ်းသာစရာကောင်းတဲ့  နေရာလေးတွေလည်းရှိတယ်။
စိတ်အပမ်းဖြေဖို့  သင့်တော်တဲ့ နေရာလေးတစ်ခုပါပဲ။ ဒါကတော့ ဟော်လန်မှာရှိတဲ့ ထူးဆန်းပြီး
ချစ်စရာကောင်းတဲ့ ရွာလေးတစ်ရွာ ဖြစ်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
ယွန်း

15 comments:

Maung Myo said...

နေချစ်စရာလေး သူနဲ့သာဆိုရင် ပိုကောင်းမယ်း)

ချော(အစိမ်းရောင်လွင်ပြင်) said...

လှလိုက်တာ ယောက္ခမရယ်
ယောက္ခမရဲ့ သားလေးနဲ့သာဆို တစ်သက်လုံးနေမှာပေါ့။။ အဟက်ဟက်
စတာပါ
တစ်ယောက်တည်းလည်း နေလို့ပျော်မဲ့အရပ်ပါဘဲ
တို့က လှေလှော်တတ်တယ်ဆိုတော့ ဒီအရပ်မျိုးမှာ ကောင်းကောင်းနေလို့ဖြစ်တယ်
အေးချမ်းပြီး တစ်သက်လုံးလည်း စိတ်ချမ်းသာနိုင်မယ် ထင်ပါတယ်..

သဒ္ဓါလှိုင်း said...

နေရာလေးကိုကြည့်ပြီးစိတ်ချမ်းသာစရာကောင်းလိုက်တာ
နေလည်းနေချင်ပါတယ်(သူနဲ့သာဆို...)..။
အဲလိုနေရာမျိုးမှာစာအုပ်တွေနဲ့နေရရင်တသက်လုံး
နေသွားချင်တယ်.. ပုံတွေသွားရေကျအောင်တော့
ပြပြီးဒီတိုင်းမထားခဲ့နဲ့နော်..
ခင်တဲ့
သဒ္ဓါ

မြတ်မွန် said...

မြန်မာပြည်က အင်းလေးနဲ့ တူတယ်နော်။
လှလိုက်တာ..နေချင်တယ်..
ကလေးတွေရှိရင်တော့ ပြုတ်ကြနေပါ့မယ် ယွန်းရယ်..။
ယွန်းတစ်အိမ်လောက် ဝယ်ထားလိုက်ပါလားဟင်..။ လာလည်မယ်လေ။

ချစ်တဲ့
မွန်

နိုးအိမ်ရှင် said...

အင်း... နေချင်စရာလေး... လှေမလှော်တက်ပေမဲ့ အပေါ်က လှေလှော်တက်သူနဲ့ ကပ်လိုက်လို့ ရရင်တော့ ... သွားချင်သား...

ရွှေရတုမှတ်တမ်း said...

ကားကိုဘယ်နားထားရပ့ါ... ဖေါင်နဲ့သယ်ရမယ်ထင်တယ်...

လင်းခေတ်ဒီနို said...

ယွန်းမ ကတော့ အထူးဆန်းတွေ ရှာနိင်ပါပေတယ်
မိုက်တော့ မိုက်တယ်ကွာ နေချင်စရာလေးး))))
တိုယိုတာလဲ မလိုဘူး မာစီးဒီးလဲ မလိုဘူး BMW လဲ မလိုဘူး တို့ရွာက လှေတစင်းရှိရင် တော်တော်အဆင်ပြေတယ်း))))
ကားလိုင်စင်တောင် လျှောက်စ၇ာမလိုတော့ဘူးး))))

thawzin said...

နေချင်စရာကောင်းပါ့ဗျာ။ အဲဒီမှာမွေးရင် ရေကူးကျွမ်းမှာပဲနော်။

မြစ်ကျိုးအင်း said...

ပုံလေးတွေ ကြည့်နေရင်း ဝင်လာတဲ့ အတွေးက အဲဒီလို နေရာမျိုးမှာ တပါတ်လောက် သွားနေချင်လိုက်တာ ဆိုတာပဲ။ ကြည့်ရင်းနဲ့ကို စိတ်တွေက မျောလွင့်သွားတယ်။

မိုးယံ said...

လမ်းမရှိတဲ့ရွာထဲရောက်သွားတယ်။ ပြန်ထွက်ဖို့ လှေလှောက်လိုက်ရတောင်တာ မောလို့

ဟောဟဲ ဟောဟဲ

မောင်မောင် said...

ဟိုသီချင်း ကို သတိရသွားတယ် မယွန်း
ဘာတဲ့
လှေကလေး ကို လှော်မည်။
ဘေးမသန်းပဲ အေးချမ်းတော့မည်။ တဲ့ ဗျာ။
ကျန်တာ ကိုယ့်ဟာ ကို ဆက်ဆိုနော်။

လှတယ်ဗျာ။

blackcoffee said...

လှလိုက်တဲ့ နေရာလေးဗျာ... အလည်ရောက်ဖူးချင်လိုက်တာ

ခိုင်နုငယ် said...

မယွန်းရေ...နေရာလေးကတော့...
တကယ့်ကို နေချင်စဖွယ်လေးပါပဲ။
စာရေး..စာဖတ်..အနားယူရရင်ကောင်မယ်။

သူကြီးမင်း (တုံးဖလား) said...

ပျော်စရာကြီးနော်။ အလည်သွားချင်စိတ်ပေါက်မိတယ်။ ဒါပေမဲ့ အမြဲတမ်းနေရင်တော့ အဆင်ပြေမလား မပြေဘူးလား မပြောတတ်ဘူး။ အနှေးယာဉ်တွေချည်း သုံးနေရလို့။း))))


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

blackroze said...

လှလိုက်တာယွန်းရယ်..
သွားနေချင်လိုက်တာနော်...

About me

Blogger templates