Sep 24, 2010

လက်ရှိဘ၀ကို ရောင့်ရဲ ပျော်ရွှင်စေ

မျက်မမြင်မိန်းကလေးတစ်ယောက်ဟာ သူ့ ဘ၀ကိုသူ အမြဲတမ်း အားမလို အားမရ ဖြစ်နေခဲ့တယ်။
သူဟာ မျက်စိမမြင်တဲ့အတွက် အမြင်အာရုံရှိတဲ့သူတွေကို အမြဲ မုန်းတီးနေခဲ့တယ်။
သူ့ ချစ်သူကောင်လေးကလွဲလို့  ကျန်တဲ့သူတွေအားလုံးကို အမြင်မကြည်ဖြစ်နေခဲ့တယ်။
ချစ်သူကောင်လေးကတော့ ကောင်မလေးနားမှာ အမြဲနေထိုင်ရင်း သူမလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ် ။



သူမက ကျမသာ လောကကြီးကိုမြင်ရတဲ့အခါ ကျမချစ်သူကို လက်ထပ်ဖို့  ရဲဝံ့မိမှာ အမှန်ပဲ
လို့ အမြဲပြောလေ့ရှိတယ်။ တနေ့ မှာ တစ်စုံတစ်ယောက်က ကောင်မလေးအတွက် မျက်လုံးတွေ
လှူခဲ့တဲ့အတွက် သူမဟာ လောကကြီးကိုရော သူ့ ချစ်သူကောင်လေးကိုပါ မြင်ခွင့်ရလာခဲ့တယ်။

အဲဒိအခါမှာ ချစ်သူကောင်လေးက မင်းအခု လောကကြီးကို မြင်ခွင့်လည်းရခဲ့ပြီ ..
ငါ့ကိုလက်ထပ်ဖို့  အဆင်သင့် ဖြစ်ပြီလား လို့ မေးလိုက်တယ်။ ဒါပေမဲ့ ကောင်မလေးဟာ
သူမရဲ့ ချစ်သူဟာ သူမလို မျက်စိနှစ်လုံး အလင်းမရသူဆိုတာ သိလိုက်ရတဲ့အခါ အရမ်း အံ့သြ
တုန်လှူပ်သွားခဲ့ပြီး  သူ့ ကိုလက်ထပ်ဖို့ တွေဝေ တွန့် ဆုတ်သွားခဲ့တယ်။

ဒါကိုရိပ်မိတဲ့ ကောင်လေးဟာ တိတ်တဆိတ်ငိုကြွေး၇င်း ကောင်မလေးအတွက် စာတစ်စောင်ရေးတယ်။
ပြီးတော့ကောင်မလေးနဲ့  အဝေးဆုံးကို ထွက်ခွာသွားတော့တယ်။
ချစ်သောမေရီ
ငါ့မျက်လုံးတွေကို ဂရုစိုက်ပါ ။ကိုယ့်ကိုကိုယ်လဲ ဂရုစိုက်ပါ ။
ချစ်တဲ့
တွမ်

ဟူ ဖြစ်လေသည်။
ကောင်မလေးဟာ ထိုစာကိုတွေ့ တဲ့အခါ ၀မ်းနည်းစွာငိုကြွေးပြီး ကောင်လေးကို လိုက်ရှာသော်လဲ
မတွေ့ တော့ပေ။

လူဟူသည်မှာ တွေ့ ကြုံရတဲ့ အခြေအနေတွေပေါ်မူတည်ပြီး  ဆုံးဖြတ်ချက်တွေ
ပြောင်းသွားတတ်ကြပါတယ်။တခါတရံမှာ ဆုံးဖြတ်ချက်မှားပြီး ဘ၀မှာ ပြင်လို့ မရတဲ့ အမှားတွေ ဖြစ်လာတတ်ပါတယ် ။ ဆုံးဖြတ်ချက်တွေ မမှားစေဖို့  ကိုယ်ခြင်းစာတရားတွေ တဦးနဲ့ တစ်ဦး
မြင်တတ်ကြဖို့ လိုပါတယ်။ ကိုယ့်ဘ၀ကိုယ် စိတ်ပျက်အားငယ်ပြီး အားမလိုအားမရဖြစ်တတ်တဲ့
လူတွေဟာ ဆုံးဖြတ်ချက်တွေပိုပြီး မှားယွင်းဆုံးဖြတ်တတ်ကြပါတယ်။
သူများတွေအပေါ်လဲ ခပ်မြန်မြန် အပြစ်မြင်တတ်ကြပါတယ်။ ထိုသို့ အပြစ်မြင်ခြင်းဟာလည်း
စိတ်ဓာတ်ကျခြင်းက စလာတတ်ပါတယ်။ စိတ်ဓာတ်ကျခြင်းကို ကျော်လွှားနိုင်ဖို့  အောက်ပါ
အကြောင်းအရာလေးတွေကို လေ့လာကြည့်ကြရအောင် ။

မင်းဟာအရမ်းကို စိတ်ဓာတ်ကျနေတယ် .. မင်းစိတ်တွေဟာ ပြိုလဲကျသွားတော့မယ်လို့ ထင်မြင်လာတဲ့အခါ လက်ရှိဖြစ်ပျက်နေတဲ့ ပြသနာတွေကိုမေ့ပစ်လိုက်ပြီး  ပျော်ရွှင်စွာနေပါ။
နုတ်ခမ်းမှပြုံးခြင်းထက် မျက်လုံးမှပြုံး နိုင်အောင်ကြိုးစားပါ ။

ဒီဘ၀တွင်ယခုချိန်ထိ  ရှင်သန်ခွင့်ပေးတဲ့အတွက် ဘု၇ားကိုကျေးဇူးတင်ပါ။
တနေ့ တာစားနေရတဲ့အစားအသောက်တွေမှာ တချို့ သော အစားအစာတွေကို ညံ့လိုက်တာလို့ 
အပြစ်မတင်ခင်မှာ လောကကြီးမှာ အစားအစာငတ်ပြတ်နေတဲ့ နေရာက လူအချို့ ကို သတိရလိုက်ပါ။

ခင်ပွန်း (သို့  )မင်းရဲ့သူငယ်ချင်း တစ်ယောက်ယောက်ကို အပြစ်ပြောတော့မယ်လို့  ပြင်လိုက်မိရင်
သူတပါး အပြစ်တင်ခြင်းခံရတဲ့အတွက် တိတ်တဆိတ် အားငယ်ဝမ်းနည်းစွာ မျက်ရည်ကျမိတဲ့
နေ့ တွေကို သတိရလိုက်ပါ ။

အကယ် မင်းရဲ့လက်ရှိဘ၀ကို စိတ်ပျက်တာတွေ အားမလိုအားမရဖြစ်မိတာတွေ ကြုံမိတဲ့အခါမှာ
သေချင်လောက်အောင် စိတ်ဓာတ်ကျခြင်းတွေ ခံစားရတဲ့အခါမှာ 
လူ့ ဘ၀ကို မစွန့် ခွာခြင်ပဲ ခပ်စောစော ကျောခိုင်းသွားရတဲ့ လူတွေအကြောင်းကို သတိရလိုက်ပါ။

မင်းချစ်တဲ့ မင်းရဲ့ ကလေးလေးတွေကို စိတ်မှာ အပြစ်မြင် ငြိုငြင်လာမိပြီဆိုရင် တချို့ တချို့ သော
ကလေးမရနိုင်သော ဇနီးမောင်နှံတွေကို သတိရလိုက်ပါ ။ကလေးဆိုတာ ဘု၇ားကပေးတဲ့
ချစ်စ၇ာ လက်ဆောင်လေးတွေဖြစ်ပါတယ်။

တခါတရံ မင်းနေထိုင်ရတဲ့ အိမ်ကို မင်းစိတ်မှာ စုတ်လိုက်တာ သေးလိုက်တာလို့  တွေးထင်မြင်လာမိရင်
လောကကြီးရဲ့  နေ၇ာအချို့ က အိမ်ရာမရှိတဲ့ လူတွေ လမ်းပေါ်မှာအိပ်လမ်းပေါ်မှာနေရတဲ့ ခြေသလုံးအိမ်
တိုင်တွေကို အရင်သတိရလိုက်ပါ။

တခါတရံ မင်းသွားရမဲ့နေရာဝေးလွန်းလို့  ကားမောင်းရတာပင်ပမ်းလိုက်တာလို့  စိတ်ပျက်ညီးညူမိရင်
တချိန်တည်းမှာ ကားမရှိတဲ့လူတစ်ယောက်ဟာ မင်းသွားရမဲ့ အကွာအဝေးတိုင်း
သူတို့ ခြေထောက်သူတို့ သုံးပြီး သွားလာနေရတယ်ဆိုတာ အ၇င်သတိရပါ။

တခါတရံ အလုပ်လုပ်ရတာပင်ပမ်းလိုက်တာ ..အလုပ်နဲ့လက်နဲ့ မပြတ်တာ ကံဆိုးလိုက်တာလို့ 
မင်းရဲ့ အလုပ်ကို အပြစ်မြင်မိလာပြီဆို၇င် လောကကြီးမှာရှိတဲ့ အလုပ်မလုပ်နိုင်တဲ့ ကိုယ်လက်အင်္ဂါ
မသန်စွမ်းတဲ့သူတွေ ၊ အလုပ်မရှိတဲ့သူတွေ နဲ့  အလုပ်ရဖို့ ဘု၇ားမှာ ဆုတောင်းနေရတဲ့သူတွေကို
အ၇င်သတိရလိုက်ပါ ။

ဘ၀သည် တိုတောင်းလွန်းသောကြောင့် အသက်ရှင်စဉ်ကာလအတွင်း ပျော်ရွှင်စွာနေထိုင်ပါ ။
လူများကိုကူညီပါ။ ဘ၀ကို စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်ကြပါစေ ။

 ရောက်တတ်ရာရာ ဖတ်မိရင်း Unknown author ၏ Life Is A Gift ဆောင်းပါး ကိုဘာသာပြန် မျှဝေပါသည်။

ချစ်ခင်လေးစားစွာဖြင့်
ယွန်း

12 comments:

မိုးယံ said...

အရင်တုန်းကလဲ အဲဒီလိုပို့စ်မျိုး ဖတ်ဖူးတယ်။ အဲဒီ မိန်းမကို သတ်ပစ်ချင်လောက်အောင် မုန်းပေမယ့် ကောင်လေးအတွက် ရင်နင့်အမျှ ခံစားမိသေးတယ်။

ကွန်မြူနစ်လိုလို ဘာသာမဲ့လိုလို မန့်ရမယ်ဆိုရင်တော့

ဘာမှ တွေးမနေနဲ့ အဲဒါတွေအားလုံး ဘုရားရဲ့ အလိုတော် အတိုင်းပဲ လည်းစင်းသာခံလိုက်ပါတော့ လို့ ပြောမိမှာ။ ဒါပေမယ့် မပြောပါဘူး။

Anonymous said...

ငါ့ရဲ့မျက်လုံးတွေကို ဂရုစိုက်ပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတွေဟာ မိမိကိုယ်ကိုထက် ဘယ်သူ့ကိုမှ ပိုမချစ်ကြဘူးဆိုတာ မှန်မယ် ထင်တယ်နော်။
တစ်ချို့သူတွေကျတော့လဲ ပေးဆပ်နိုင်လွန်းသူတွေ ဖြစ်နေကြတယ်..
ကိုယ့်မျက်လုံးကို သူများကိုပေးနိုင်တဲ့အထိ ပေးဆပ်နိုင်တဲ့သူတော့ ကိုယ်မဖြစ်နိုင်ဘူး ထင်မိတာဘဲ

thawzin said...

Post ကောင်းလေးပါပဲ အစ်မရေ။

ကိုဇော် said...

ဘဝတလျှောက်မှာ ကိုယ့်ထက် နိမ့်ပါးသူတွေ အများကြီးကို ရှိနေပါသေးတယ်။ တကယ်တော့ ကိုယ်က အထက်ကို မော့ကြည့်နေလို့ပါ။ အောက်ကို ငုံကြည့်ပြန်ရင်လည်း... တွေ့ရမှာပါပဲ။ ဒါပေမဲ့ ခရီးတော့ မရောက်ဘူးပေါ့လေ။

အချစ်ဆိုတာကို တွေ့ရှိခဲ့ရင် အရာရာ အတ္တကင်းစွာ စွန့်လွှတ်နိုင်ကြပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...
This comment has been removed by the author.
sosegado said...

အသက်ရှင်စဉ်ကာလအတွင်း ပျော်ရွှင်စွာနေထိုင်ပါ
တစ်ခါတစ်လေတော့ မပျော်ဘူး

သုခုမလေဒီ said...

အမေပြောဖူးတယ် မကျေနပ်တဲ့အခါတိုင်း ကိုယ့်အောက်ကိုငုံ့ကြည့်ပါတဲ့။ ဒီပိုစ့်လေးထဲကအတိုင်းပဲ
ပိုစ့်ကောင်းလေးအတွက်ကျေးဇူးပါ.
အဆင်ပြေပျော်ရွှင်ပါစေ..

blackroze said...

တန်ဘိုးရှိတဲ့Post လေးပါယွန်းရေ..

ရွှေရတုမှတ်တမ်း said...

အမှန်က မျက်စေ့ တလုံးပဲပေးရမှာ..တယောက်လုံးစီဆိုရင်..ညီတူမျှတူပဲ..သူ့ကိုယ်မြင်..ကိုယ့်သူမြင်..ခုတော့ အဝေမတတ်တော့ ဆရာငတ်တာပေါ့ကွယ်.....

noblemoe said...

ယွန်းရေးးး
ဒီနေ့မှ အစရှာတွေ့လို့ ယွန်းဆီလာလည်ဖြစ်တယ်
ပိုစ့်ထဲက မျက်လုံးလှူသွားတဲ့ကောင်လေးကို သနားမိတယ်။
(ဘ၀သည် တိုတောင်းလွန်းသောကြောင့် အသက်ရှင်စဉ်ကာလအတွင်း ပျော်ရွှင်စွာနေထိုင်ပါ ။
လူများကိုကူညီပါ။ ဘ၀ကို စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်ကြပါစေ) ဒီစာကြောင်းလေးလည်းနှစ်သက်မိတယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး

အင်ကြင်းသန့် said...

ကောင်လေးအတွက်စိတ်မကောင်းဘူး။း(

About me

Blogger templates