Sep 28, 2010

ဓာတ်ပုံဆရာတို့ ရဲ့  ဘဝ

ဓာတ်ပုံကောင်းကောင်း တစ်ပုံရဖို့ ဆိုတာ လွယ်ကူသော အ၇ာမဟုတ်ပါ။ ဓာတ်ပုံဆရာတို့ ရဲ့ 
ရိုက်ချက် ၊ အနေအထား ၊မီးအလင်းအမှောင် စသော ပညာပိုင်းဆိုင်ရာ တို့ ပါဝင်နေပေလိမ့်မည်။
ဓာတ်ပုံဆရာတို့ ရဲ့  ပရိသတ်အပေါ်ပေးခြင်သော မြင်ကွင်း ၊  အနေအထားစသည်တို့ လည်း
အရေးပါပေလိမ့်မည်။ ကြည့်ရူသူရဲ့  စိတ်ထဲ ကြိုက်နှစ်သက်စေဖို့ နဲ့ 
ပုံကောင်းကောင်းလေးတွေ ထွက်လာဖို့ သူတို့ ဘယ်လို ကြိုးစားခဲ့ကြသလဲ
ကြည့်ကြည့်ကြရအောင်ပါ။

ဒီတစ်ယောက်က သနားစ၇ာ ..တက်နင်းခံရ၇င်တော့မလွယ်ဘူးး
ဟောနောက်တစ်ယောက်...

ရေထဲထိဆင်းရတာနော်.. ကျွတ်တွယ်ခံရ၇င်တော့ ဒွတ်ခ..
 ဖြစ်မှဖြစ်ရလေ...တစ်ယောက်တည်းနဲ့  ဆယ်လုံးလောက်လွယ်ထားရတာ မလွယ်ပါလားး
 ဟော..ဒီတစ်ယောက်က မိုးစိုမှာစိုးလို့  ထီးလေးနဲ့ ကာထားတယ်...လူကတော့ စိုချင်စိုပစေပေါ့ ..:D
ဒီလိုလေးနေရာပေးထားတော့ ကောင်းတာပေါ့...
ဒီလိုအနေအထားနဲ့ ရိုက်ရင် ပုံကောင်းကောင်းပိုထွက်တယ်ထင်ပါ့..
 ပုံကောင်းကောင်းရဖို့  ဟောဒလို ရိုက်တတ်ဖို့ လဲလိုတယ်။

 ရေထဲလဲဆင်းရိုက်ရတယ်နော်.. ရေမကူးတတ်ရင်တော့ မလွယ်ဘူးး
 ဟဲ့ ..ဒီတစ်ယောက်တော့ သေတော့မှာပဲ....ကားနားမှာ..အသည်းယားစ၇ာ..
 ဟောတစ်ယောက်က သစ်ပင်ပေါ်မှာ..

 သနားစရာနော်..ငှက်ကလေးကိုရိုက်လို့ ရအောင် ဒီလို ကြိုးစားရတယ်
..
 ဒီတစ်ယောက်က ရေငုပ်ပြီးရိုက်တာ....

အဲဒိပုံတွေကြည့်ပြီး ယွန်းတော့ဒီတစ်သက် ဓာတ်ပုံဆရာလုပ်ဖို့  အစီအစဉ်မရှိတော့ပါ... :D : D :D

ချစ်ခင်လေးစားစွာဖြင့်
ယွန်း

17 comments:

မောင်မောင် said...

အင်း ယွန်း ရေ ဓါတ်ပုံဆရာတွေ ရဲ့  ဘ၀ တွေ ကို
ကြည့်ပြီး တော့ သြော် မလွယ်တဲ့ ဘ၀ ပါလား ဆိုတာ
မြင်သွားပါတယ်ဗျာ။

သူကြီးမင်း (တုံးဖလား) said...

ဓါတ်ပုံလှလှလေးတွေရဲ့ နောက်ကွယ်မှာ သူတို့က ဂလို ဒုက္ခခံခဲ့ကြရပါလားနော်။ သနားစရာ။ ယွန်းပြောသလို.. တော်ပီ.. ဓါတ်ပုံဆရာ ဖြစ်ချင်တော့ဘူး။ မောင်ဂျစ်တူးတစ်ယောက်မြင်ရင်တော့ ဘယ်လိုနေမည်မသိ။း))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

တကယ်တော့ သူတို့ နှစ်သက်တဲ့မြင်ကွင်းကို အားလုံးကိုမျှပေးချင်တဲ့စေတနာလို့ပဲမြင်မိပါတယ်။
လောကကိုအလှဆင်တဲ့သူတွေထဲမှာ ဓါတ်ပုံဆရာတွေလည်းပါတယ်ဆိုလို့ နားလည်မိပါတယ်။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

အင်ကြင်းသန့် said...

နာလည်း ဓါတ်ပုံဆရာ မလုပ်ချင်တော့ဝူး။ :D

မိုးယံ said...

တို့က တော့ သေးသေးလေးနဲ့ ဟိုလျှောက်ရိုက်ဒီလျှောက်ရိုက်ပဲ သူတို့လို မလုပ်နိုင်လို့ မလုပ်တတ်လို့ မထူးချွန်တာ ဖစ်မယ်။ ဂြီ

ဂ်စ္တူး ( မံုရြာ ) said...

ဒီပုံတွေကိုမနှစ်ကသူငယ်ချင်းတစ်ယောက်ကမေးတွေထဲ
ကနေပို့ ပေးဘူးတယ်ဗျ-ကျနော်ကတော့စိတ်မကုန်ပါဘူး
ခင်ဗျာ-နာမည်မကြီးချင်ပေမဲ့ ဓါတ်ပုံဆရာတော့လုပ်ချင်
ပါသေးတယ်။ သူတို့လိုကင်မရာတွေကိုင်ပြီးရိုက်ရရင်တော့
သိပ့်ကောင်းမှာဘဲဆိုပြီးသူတို့ပစ္စည်းတွေကိုစိတ်ကူးနဲ့ 
ပြစ်မှားမိတာတော့အမှန်ပါ-

မေပယ်လ် said...

ဟဟဟဟဟဟဟဟဟဟဟဟဟဟ
သစ်ပင်ထိပ်ဖျားက ဆရာကို သဘောကျတယ်..။
ကြံကြံဖန်ဖန်မယွန်းရယ်..။
ဘယ်ကနေများ စုဆောင်းပြီး
ဓာတ်ပုံပြန်ရိုက်လာလဲ မသိပေါင်:)

thawzin said...

:P ဓါတ်ပုံဆရာဘ၀လဲ တကယ်မလွယ်ဘူးနော်။ အဲဒီပုံတွေ ရအောင်လဲ မလွယ်ပြန်ပါဘူး။
လေးစားသဖြင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဓာတ်ပုံကောင်းတစ်ပုံရဖို့ မလွယ်ဘူးဆိုတာ ဒီပုံတွေကြည့်ပြီး ယုံတယ်
မန္တလေး တက္ကသိုလ်တက်တော့ ကျောင်းမှာ နံမည်ကြီးတဲ့ ဓာတ်ပုံဆရာတွေရှိတယ် သူတို့က မှောက်ပြီး ရိုက်လိုက် အိပ်ပြီးရိုက်လိုက်နဲ့ ပုံစံအမျိုးမျိုး ရိုက်တော့
ဖြတ်သွားသူတွေက ဓာတ်ပုံဆရာရဲ့ အိုက်တင်တွေကိုဘဲ စိတ်ဝင်တစားလိုက်ကြည့်နေကြတယ်
ဓာတ်ပုံရိုက်ခံတဲ့ မိန်းခလေး ဘယ်လောက်ချောချော ကြည့်ကို မကြည့်တာ
ဓာတ်ပုံဆရာတွေရဲ့ ပညာတွေများ မိန်းခလေးတောင် လိုက်မမှီဘူး..း)

အုပ်ကြီး said...

သြော် ..ဓာတ်ပုံဆရာတွေလည်း ..သူ့ အခက်အခဲနဲ့ သူပဲနော် ..

blackcoffee said...

အင်း.. ကင်မရာ သမားတွေရဲ့ ဒုက္ခက ဒီထက် ပိုပါသေးတယ်ဗျာ။ ကိုယ်တိုင် ဓာတ်ပုံဆိုင် ဖွင့်ထားတော့ ကိုယ်ချင်းစာတယ်။ ထမင်းငတ်၊ ရေငတ်နဲ့ နေပူပူထဲ ဓာတ်ပုံ လျှောက်လိုက်ရိုက်ခဲ့တာတွေ သတိရမိတယ်။

ကိုဇော် said...

ဘယ်လိုပဲ ဖြစ်နေပါစေဗျာ။
ကျနော်ကတော့ ဝါသနာပါတာကိုး။ စိတ်ကြိုက် ကင်မရာ တစ်လုံး လက်ထဲ ရောက်လာတာနဲ့ ဘယ်လိုပဲ ဖြစ်ပါစေ ရိုက်ဦးမှာပဲ။
ရိုက်မှာပဲ ရိုက်မှာပဲ ငါ့ကို လာမတားနဲ့ ဖျပ်..

SHWE ZIN U said...

အဲဒီထဲမှာ အပေါ်က ကိုဇော် များ ပါနေသလားလို့

မြစ်ကျိုးအင်း said...

ပုံကောင်းကောင်းလေးတွေ ရဖို့ စိတ်ဝင်စားတယ်။
လိုချင်တဲ့ ကင်မရာ ရတာနဲ့ ကင်းမြီးကောက် ထောင်တာပါ ကျင့်ထားလိုက်မယ်။

blackroze said...

ရှာရှာဖွေဖွေ...ယွန်းရယ်.
တွေ့လည်းတွေ့တတ်ပလေတယ်..

Anonymous said...

သဘောကျလွန်းပါတယ်...မမယွန်းရေ။ ညီမတော့
အသံတွေ ထွက်ပြီးတော့ကို ရယ်သွားတယ်။။။ :D ။
ဓာတ်ပုံရိုက်ဝါသနာပါလွန်းပေမဲ့ မျှော့တွေ ကြောက်တယ်။
သစ်ပင်ပေါ်တတ်ပြီးလဲ ဖြစ်မှာမဟုတ်..ဟားဟားဟား။
ထပ်ရယ်ပြီး ပြန်သွားပြီ။
ကျေးဇူးတင်တယ်ရှင်...ဒီ Link လေးလာပေးတဲ့
သူကိုကော....စာရေးသူ မမယွန်းကိုကော။ :)

Moe Cho Thinn said...

တော်တော်လဲ ရှာတတ်ဖွေတတ်တဲ့ ညီမပဲ။ သဘောကျလွန်းလို့ အခေါက်ခေါက် ကြည့်သွားတယ်။

About me

Blogger templates