Jul 28, 2009

စောင့်နေသူ




ရာသီရဲ့ အစမှာ


လေမတိုက်ပဲ သစ်ရွက်ကြွေတယ်...

အထီးကျန်ခုံတန်းတစ်ခုလို

ငှက်တွေအတောင်သိမ်းချိန်ထိ

အိမ်ပြန်မရောက်ခဲ့ဘူး....

ငါလေ......
အိပ်ချင်ယောင်ဆောင်နေတဲ့

ဒီတံခါးတွေကိုမှ

လက်ဆစ်တွေနာတဲ့အထိ

ခေါက်ချင်နေတုန်း...။

No comments:

About me

Blogger templates