Nov 18, 2010
မောင်တို့  ယောက်ျားတွေမယ်...
အကြည်တစ်တစ်ယောက် အိမ်ရှေ့ ကုလားတိုင်ပေါ် ရောက်တတ်ရာရာ တွေးနေရင်းက စိတ်ဝယ်
ချစ်လင်ကိုညိုမောင်ထံသို့ သာ ရောက်နေလေတော့သည် ။ခုတလောကံမကောင်းဟု အကြည်ထင်၏ ။
ကံမကောင်းခြင်းအကြောင်းအရင်းကား ခဏခဏအလိမ် ခံနေရသောကြောင့်ပါပင် ။
သူလိမ်တိုင်းလဲ အကြည်မှာတနည်းမဟုတ်တနည်းဖြင့် ပြန်သိရမြဲ ။
တွေးရင်းမောရင်းက သက်ပြင်းတစ်ချက်ခိုးရှိုက်မိလေတော့သည် ။
 ကိုညိုမောင်တစ်ယောက် လိမ်တာမှ အကြည့်ကို ပတ်ပြီးတော့ လိမ်တော့သည်သာ ။ အကြည်ခဗျာ
အလိမ်ခံမှန်း သိနေပါလျှက်  အမှန်ကို ၀န်မခံပဲ ဘူးခံငြင်းတတ်သော ကိုညိုမောင်ကို စိတ်တိုရုံမှတပါး
ဘာမှမတတ်နိုင်အောင် ရှိနေလေတော့သည်။
Nov 14, 2010
အမေရိကန်မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်ထံ အရောက် ပြည်သူ့အသံ ပေးပို့ကြရန် တိုက်တွန်း
အမေရိကန်မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်ထံ အရောက် ပြည်သူ့အသံ ပေးပို့ကြရန် တိုက်တွန်း
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၁၄၊ ၂၀၁၀
ယနေ့ နေ့ခင်း ၁၂ နာရီခွဲမှာ ရန်ကုန်မြို့၊ ဗဟန်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရှေ့ ဧည့်ပရိသတ် သောင်းကျော်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သူလွတ်မြောက်လာအပြီး ပထမဦးဆုံး လူထုသို့ မိန့်ခွန်းပြောကြားလိုက်ပါတယ်။ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုရဲ့ အသံ၊ ဆန္ဒသဘောထားကို နားထောင်သွားမယ်။ လူထုနဲ့အတူ လက်တွဲပြီး အလုပ်လုပ်ကြမယ်လို့ ပြောလိုက်ပါတယ်။
Nov 7, 2010
ခေတ်ပျက်
ဒီနေ့ လည်း
ကိုယ့်ပတ်ဝန်းကျင်က..
အပြုံးတု............
စကားအတု.....
Oct 25, 2010
လွမ်းနေတော့မည့် ပုဂံမြေ
ယွန်းတို့  ၁၀တန်းအောင်ပြီးတဲ့ အချိန်မှာ သူငယ်ချင်းတွေအားလုံး အမှတ်တရအဖြစ်ဘုရားဖူးထွက်ခဲ့ကြတယ် ။ရွှေစက်တော် ၊ပုဂံညောင်ဦး ၊ ပင်းတယ၊အင်းလေး အထက်မြန်မာပြည် အစုံပါပဲ ။သူငယ်ချင်းတွေနဲ့ မသွားစဖူးသွားရတာဆိုတော့ အားလုံးပျော်နေကြတာပေါ့ ။ ဆရာဆရာမတွေလဲပါရဲ့  ၊ရွှေကြေးစည် ဘုရားဖူးယာဉ် နှစ်စီးနဲ့  အပြည့်ပေါ့ ။ ရန်ကုန်က စထွက်တော့ ကျောင်းသားတွေပျော်လွန်းလို့ ဂစ်တာတွေတီးသီချင်းတွေဆိုနဲ့ အိပ်ကိုမအိပ်ကြပါဘူးး ။
Oct 14, 2010
ကြံကြံဖန်ဖန် ရုပ်ထုများ
..ခြေထောက်ကို ဆွဲထားတယ်... လဲတော့မယ်
Oct 13, 2010
အမှတ်တရ အောက်တိုဘာ ၁၄
"ဟက်ပီဘတ်ဒေးတူးယူ .... ဟက်ပီဘတ်ဒေးတူးယူ..ဟက်ပီဘတ်ဒေး ယွန်းလေးး 
ဟက်ပီဘတ်ဒေးတူယူ........."
ဘတ်ဒေးသီချင်းကို အသံကျယ်ကြီးနှင့် အော်ဆိုရင်း အခန်းထဲဝင်လာသောသူ့ ကို လှမ်းကြည့်လိုက်မိသည်။
လက်ထဲမှာ ဖယောင်းတိုင်ထွန်းထားသော မွေးနေ့ ကိတ်ဖြူဖြူလေးကိုမ၇င်း သူကျမအနားသို့ 
ရောက်လာသည်။ဘေးနားမှ သားသားကလည်း သူ့ အဖေယူလာတဲ့ မွေးနေ့ ကိတ်ကို စိတ်ဝင်တစားနဲ့  ကိုင်တွယ်ဆော့ကစားချင်နေပုံရပါတယ်။ လက်ညိုးတစ်ထိုးထိုးနဲ့  သူ့ အဖေလက်ထဲကမွေးနေ့ ကိတ်ကို
တောင်းနေလေရဲ့  ။
Sep 30, 2010
အနာဂတ်မှာ ဘာလဲ
နေခြစ်ခြစ်တောက်ပူနေသည်။လူများက ပူလွန်းသဖြင့် ထီး၊ဦထုပ်၊နေကာမျက်မှန် စသဖြင့်နေရောင်မှအကာအကွယ်ရရန် ၀တ်ဆင်ထားကြသည်။
အားလပ်ရက်ဖြစ်သောကြောင့် လူအများဟိုဟိုဒီဒီသွားလာနေကြ၏။
ကမ်းနဘေးတွင်ငါးမျှားသည့်လူများ ၊ အပမ်းဖြေလာကြသည့်လူများနှင့် စည်ကားနေ၏။
Sep 28, 2010
ဓာတ်ပုံဆရာတို့ ရဲ့  ဘဝ
ဓာတ်ပုံကောင်းကောင်း တစ်ပုံရဖို့ ဆိုတာ လွယ်ကူသော အ၇ာမဟုတ်ပါ။ ဓာတ်ပုံဆရာတို့ ရဲ့ 
ရိုက်ချက် ၊ အနေအထား ၊မီးအလင်းအမှောင် စသော ပညာပိုင်းဆိုင်ရာ တို့ ပါဝင်နေပေလိမ့်မည်။
ဓာတ်ပုံဆရာတို့ ရဲ့  ပရိသတ်အပေါ်ပေးခြင်သော မြင်ကွင်း ၊  အနေအထားစသည်တို့ လည်း
အရေးပါပေလိမ့်မည်။ ကြည့်ရူသူရဲ့  စိတ်ထဲ ကြိုက်နှစ်သက်စေဖို့ နဲ့ 
ပုံကောင်းကောင်းလေးတွေ ထွက်လာဖို့ သူတို့ ဘယ်လို ကြိုးစားခဲ့ကြသလဲ
ကြည့်ကြည့်ကြရအောင်ပါ။
Sep 24, 2010
လက်ရှိဘ၀ကို ရောင့်ရဲ ပျော်ရွှင်စေ
မျက်မမြင်မိန်းကလေးတစ်ယောက်ဟာ သူ့ ဘ၀ကိုသူ အမြဲတမ်း အားမလို အားမရ ဖြစ်နေခဲ့တယ်။
သူဟာ မျက်စိမမြင်တဲ့အတွက် အမြင်အာရုံရှိတဲ့သူတွေကို အမြဲ မုန်းတီးနေခဲ့တယ်။
သူ့ ချစ်သူကောင်လေးကလွဲလို့  ကျန်တဲ့သူတွေအားလုံးကို အမြင်မကြည်ဖြစ်နေခဲ့တယ်။
ချစ်သူကောင်လေးကတော့ ကောင်မလေးနားမှာ အမြဲနေထိုင်ရင်း သူမလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ် ။
Sep 16, 2010
လမ်းမရှိတဲ့ရွာ
အခုတွေ့ မြင်ရတာကတော့ ဟော်လန်က လမ်းမရှိတဲ့ ရွာလေးပါ ။
တစ်ရွာလုံးကလူတွေဟာ သွားဖို့ လာဖို့ လှေကိုသာ အသုံးပြုကြပါတယ် ။
Sep 12, 2010
ချစ်ခြင်းတရား၏ လက်ဆောင်
ကျမကလေးကို ကြည့်လို့ ရမလားရှင်..
ကလေးမွေးပြီးစ မိခင်တစ်ယောက်က ဆရာဝန်ကို လှမ်းပြောလိုက်တယ်။
သူမဟာ ကလေးကို လက်မောင်းတစ်ဖက်ပေါ် ပွေ့ ချီလိုက်ပြီး ကလေးလေးရဲ့ 
ဦးခေါင်းနေရာတစ်ဝိုက်မှာ ကျပ်တည်းစွာ ထုပ်ထားတဲ့ အနှီးကိုဖြေကြည့်လိုက်တယ် ။
ဆ၇ာဝန်လေးဟာ သူမရဲ့  သက်ပြင်းသံသဲ့သဲ့ကိုကြားတဲ့အခါ  ပြတင်းပေါက်ဘက်ကို မျက်နှာမူ၇င်း
အဓိပါယ်မဲ့ ငေးကြည့်နေခဲ့တယ်။ကလေးလေးဟာ မိခင်ဝမ်းက ကျွတ်ကတည်းက
နားရွက်နှစ်ဘက် ပါမလာခဲ့ဘူး ။သို့ ပေမဲ့ ကလေးရဲ့ အကြားအာရုံဟာ အချိန်ကြာလာတာနဲ့
အမျှ ပိုပြီး ကောင်းမွန်လာသလောက် ရှိလာခဲ့တယ်။ နားရွက်နှစ်ဘက်မပါတာကတော့
မွေးရာပါဖြစ်တာကြောင့်  ဘာမှမတတ်နိုင်ခဲ့ဘူး။
Sep 9, 2010
ဒါမှ တကယ့် ဂျီပုန်းဖမ်းနည်းး (မနောက်ဘူးးတကယ်)
 (သူငယ်ချင်းတွေကို စိတ်ပူအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်..
အားလုံးကို ကျေးဇူးတင်ပါတယ်နော်...ဒီပို စ့်ကြောင့်  ဘလော့ဂါမောင်နှမတွေရဲ့ 
ရင်ထဲကစကားတွေကြားခဲ့ရတဲ့အတွက် ကျေးဇူးတင်ပျော်ရွှင်မိပါတယ် ။
စိတ်ပူပြီး ဖုန်းဆက်မေးတဲ့ ဘကျောက်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ် ။ 
ဘကျောက် အမြန်ဆုံး နေကောင်းပြီး ကျန်းကျန်းမာမာ ရှိပါစေလို့ ဆုတောင်းပေးပါတယ် ။
ပြီးတော့ တခါမှဝင်မမန့် ပဲ စာဖတ်ပြီး  ပြန်သွားတတ်တဲ့ သူငယ်ချင်းအချို့ 
နဲ့ စာဖတ်သူအချို့ ကပါ စာဆက်ရေးဖို့ မန့် လာတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်..)
Sep 8, 2010
ဘလော့ပိတ်လိုက်ရင်ကောင်းမလားးးဆုံးဖြတ်ပေးကြပါ
အားလုံးကို နုတ်ဆက်ပါတယ်။ဒီဘလော့လေး ကိုကျမတည်ဆောက်ခဲ့တာ နောက်နှစ်မတ်လဆို ၂နှစ်တင်းတင်းပြည့်တော့မှာပါ ။ အလွယ်တကူတည်ဆောက်ယူခဲ့ရတာ မဟုတ်ခဲ့လို့ 
ဒီဘလော့လေးကို သံယောဇဉ်ရှိလို့  ..သူငယ်ချင်းတွေကို ခင်မင်ခဲ့လို့  ..
 ယွန်း အဖြစ်ဆက်လက်ရပ်တည်ခဲ့တာပါ။
Sep 6, 2010
ဂျီပုန်းဖမ်းနည်း
တနေ့ က ပျင်းတာနဲ့  အွန်လိုင်းတက်ပြီးး ရုပ်ရှင်ကြည့်ရင်းက သရဲကားဆီရောက်သွားတယ် ။
Sep 1, 2010
အမေရိကန်မြန်မာ အဆိုတော်နှင့် တွေးမိတွေးရာ
အမေရိကန် မြန်မာ အမျိုးသမီးအဆိုတော် Robin Natalise Chow တဲ့ ..
Aug 31, 2010
ကြံကြံဖန်ဖန်ရယ်...ဒီလိုမျိုးလဲရှိသေးတယ်..
လေးဖြူတွေ့ ရင် ထိုင်ငိုမလားးး မသိဘူးးး
တော်တော် တော့ရီရတယ်...ပေါက်ကရ သက်သက်ပဲ....
Aug 29, 2010
မိုးထဲက ည
မိုးတွေ   သဲကြီး မဲကြီး ရွာနေတဲ့ ညတစ်ည.....အချိန်က ၁၁နာရီ ခွဲလောက်ရှိနေပြီ ။အယ်ဘားမားမြို့ ရဲ့ ဟိုင်းဝေး တစ်နေရာမှာ အမေရိကန်အာဖရိကန် အမျိုးသမီးတစ်ယောက်ဟာ ကားလမ်းနဘေးမှာ 
ရပ်ပြီး ဖြတ်သွားဖြတ်လာ ကားတွေကိုတားနေတယ် ။သို့ သော် တစ်စီးမှ ရပ်မပေးကြပါ ။
သူမရဲ့ ကားဟာ မောင်းနေရင်း တိုးရပ်သွားတာကြောင့်ကားကို မိုးရေထဲမှာ ရပ်ထားရပါတယ်။
ခရီးဆက်သွားဖို့ သူမ အကူအညီလိုနေတယ် ။ သူမတစ်ကိုယ်လုံးလဲ မိုးရေတွေစိုနေပြီ ။
About me
Blogger templates