May 22, 2009

နတ်မင်းကြီးများမနေနိုင် - (၁)

နတ်ဆိုတာဘာလဲ..
ကျမငယ်ငယ်တုန်းက နတ်ရုပ်ကြီးတွေကို ကြည့်ပြီး အမြဲတွေးခဲ့ ဘူးတယ် ။
နတ်အကြောင်း ကိုငယ်ငယ်တုန်းကပုံပြင်လိုလိုတော့ဖတ်ဖူးပါရဲ့ ။
ရုပ်ဆိုးဆိုး အရောင်ကြောင်ကြောင်ကြားကြားနဲ့ ဒီအရုပ်ကြီးတွေ
ကတကယ်ပဲတန်ခိုးရှိလားလို့ ..။


****************************
ငယ်ငယ်တုန်းက နွေရာသီကျောင်းပိတ်ချိန်ဆို အဖွားအိမ်မှာသွားနေလေ့ရှိသည်။
အစ်ကိုဝမ်းကွဲအစ်မ၀မ်းကွဲတွေအားလုံးကျောင်းပိတ်ချိန်ဆိုအဖွားအိမ်မှာ စုဝေးနေလေ့ရှိသည်။အဖွားကမြေးတွေအပေါ်သိပ်အလိုလိုက်တော့
မြေးတွေကအဖွားအိမ်က မခွာချင်ကြဘူး။အဖွားအိမ်မှာ ကလေးတွေတသိုက်ကြီးနဲ့ 
ပျော်စရာကြီးပေါ့။ အဲမှာ အိမ်ထောင်မကျသေးတဲ့ အဒေါ်တစ်ယောက်နဲ့  ဦးလေး
တစ်ယောက်လဲရှိသေးတယ်။


အဲ..ကျန်သေးတယ်.ခေါင်းရင်းခန်း ဘုရားစင်ဘေးတောက်လျှောက်မှာ
အသောမသတ်နိုင်တဲ့နတ်စင်တန်းကြီးလဲရှိပါ့။
အဖွားကနတ်ကိုးကွယ်ယုံကြည်တဲ့သူဆိုတော့ ရှိရှိသမျှနတ်ပေါင်း
သောင်းခြောက်ထောင်ကိုအိမ်ပေါ်ခေါ်တင်ထားလေရဲ့ ။
သူ့ နတ်တွေအတွက် တနေ့ တနေ့ ပန်းကပ်ရ၊ ရေချမ်းကပ်ရ..အရက်ဆိုအရက်။
နတ်တွေကိုလိုလေသေးမရှိ အောင်ထားတယ် ။ အဲဒိနတ်စင်တန်းကြီးကတော့
ကလေးတွေအတွက်တော့ တားမြစ်နယ်မြေ ပေါ့။


နတ်တွေကိုအသားလွတ်အမြင်ကပ်နေတာကတော့ကျမတို့ ဦးလေး ဦးကျော်အေး ။
အဖွားရဲ့ နတ်တွေကို တနေ့ နေ့စောင်နေတာနဲ့ ပဲ အဖွားနဲ့ 
တကျတ်ကျတ်ဖြစ်နေတတ်တယ်။လေးလေးကမူးလာရင်
တူ၊တူမတွေကို မုန့် တွေဝယ်ကျွေး လို က်..စလိုက် နောက်လိုက်
နေတတ်ပေမဲ့ အိမ်ဦးခန်းကနတ်တွေဆို ကြည့်မရ
ခဏ ခဏ အိမ်ပေါ်ကနှင်ချတတ်တယ်။
အဲဒါကြောင့် အဖွားကလဲသူ့ ကိုမြန်မြန် မိန်းမပေးစားဖို့ ကြံနေတော့ တယ်။
လေးလေး ကမူးလာပြီဆိုတာနဲ့ ...


အိမ်ပေါ်မှာဘာအလုပ်မှမလုပ်ပဲ အခန့် သားထိုင်စားနေတဲ့
နတ်ကိုကို တို့  နတ်မမ တို့ ....
..မျက်လုံးတွေက ပြူးတူးကြောင်တောင် ..အရောင်က ကယောင်ခြောက်ခြားနဲ့ 
ဘယ်ကလာလို့  ဘယ်သွားရမှန်မသိတဲ့  နတ်ဆိုတဲ့ ဟာတွေ ....ဟင်....
ခင်ဗျားတို့ ကို ကျုပ်ကထားချင်လို့ ထား ထားတယ်မမှတ်နဲ့ ဗျ....
ကျုပ်အမေ မျက်နှာနဲ့ အိမ်ဦးခန်းမှာနေရတယ်မှတ်...အေး...
အမေ မရှိတဲ့ နေ့  ခင်ဗျားတို့ အိမ်ပေါ် ကဆင်းရပြီသာမှတ်....အေ့
ဘာမှန်းမသိဘူး သူ တို့ ကိုဆက်သနေရတာအလုပ်တခုဗျာ...
ပြီးတော့မျက်နှာထားတွေကလဲတင်းနေသေး..အေ့


စသဖြင့် စသဖြင့်အမူးမပြေမခြင်းအော်နေလေတော့သည်။ထိုအခါ အဖွားမှ
နတ်စင်ရှေ့ဒူးတုပ်ကာတတွတ်တွတ်တောင်းပန်လို့ မပြီးနိုင်အောင်ရှိနေတော့သည်။


့ အဖွား နဲ့ လေးလေးတို့ တိုက်ပွဲမှာ တစတစပြင်းထန်လာပြီး လေးလေး
ကိုအိမ်ပေါ်ကနှင်ချလိုက်တော့တယ်။လေးလေးကလဲ ခေသူမဟုတ် ။
သူ့ ကိုအိမ်ပေါ်ကနှင်ချတော့ အသာတကြည်ပင် ဆင်းသွားပါသည်။ (ခြံထဲက ကွပ်ပစ်ပေါ်ကို)
ဒီလိုနဲ့ နယ်နှင်ခံတားရတဲ့ ကျမတို့ လေးလေးဟာ ခြံထဲကကွပ်ပစ်
ပေါ်မှာ ၁ပတ်လောက် စံမြန်းလိုက်ရတယ်။
(ဒါပေမဲ့ ထမင်းစားချိန် ၊ရေချိုးတဲ့ အချိန်တွေမှာ အိမ်ပေါ်ပြန်တက်လာတာပါပဲ။ )




တနေ့ မှာကျမတို့ အဖွားဟာအငယ်ဆုံးမြေးလေးကိုလမ်းထိပ်မှာမုန့် 
ဝယ်ကျွေးပြီးပြန်လာရာလမ်းတွင်ချော်လဲကာ
ဂုံညင်းဒိုး ကွဲပြီး ဆေးရုံရောက်လေတော့သည်။
ဖြစ်ချင်တော့ အဲဒိနေ့ ကမိုးကလဲရွာနေ၏။
(အဲမှာ စတွေ့ တာပဲ..နတ်တွေ နဲ့  ယွန်းရဲ့ ဦးလေးနဲ့ )
အဖွားဟာ ဂုံညင်းဒိုး ကွဲတဲ့ ဒဏ်ကြောင့် လမ်းမလျှောက်နိုင်ပဲ ဆေးရုံမှာ နေရတာတောင်မှ
သူရဲ့ နတ်တွေကို စိတ်မချနိုင်ဘူး ။
အမေနတ်ကရိုင်းမယ်တော်ကို ပွဲဆက်ဖို့ ကတိပေးထားရာကဆက်ဖို့ နောက်ကျလို့ 
ဒီလိုဖြစ်ရကြောင်း တတွတ်တွတ်ပြောမဆုံး ရှိလေသည်။
ဒါကို ကြားတဲ့ ကျမတို့ ဦးလေးက နတ်တွေကို ကျေနပ်ပုံမရချေ။
ဆရာဝန်ကအဖွားမှာ ဆေးရုံတွင်ရက်တော်တော်ကြာနေရမည်ဖြစ်ကြောင်း
ပြောသောအခါ လေးလေးမျက်နှာမှာမိန့်မိန့်ကြီးပြုံးနေလေတော့သည်။


ဆက်ရန်.....

No comments:

About me

Blogger templates