Aug 23, 2009

အမှန်တရားတို့  မှောက်ကျသွားခဲ့ပြီးနောက်

ဒီလမ်း ဒီစခန်းမှာ

ဘယ်သူက သူရဲကောင်းလည်း

ဘယ်သူက ဗီလိန်လဲ

ဘယ်သူက ဘယ်သူ့ ကို

ဘယ်သူက ဘယ်သူ့ ကို

စွဲချက်တင်ရမှာတဲ့လဲ

ရိုက်ချက်ကပြင်းတယ် ။

ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့
ဟောဒီ မြေဟာ

တို့ ပိုင်တဲ့မြေ

အဲဒီမြေမှာ
လူသားခြင်းစာနာမှု ဆိုတဲ့ စကား

လိမ်လည်လှည့်ဖျားတတ်သူတို့ ရဲ့ နှုတ်ဖျား

ဝေါဟာရအသစ်များလား
ငါတို့ မှာ နာကျည်းကြေကွဲရပေါ့ ။

တကယ်တော့
သူတို့  သူမ ကို

အသေသတ်ခဲ့ကြတယ်
သူမကို တခါသတ်တိုင်း

သူတို့  နိုင်ငံတကာအလယ်မှာ အကြိမ်ကြိမ်အခါခါ သေရတယ် ။

တရားမျှတမှုတို့  ပျက်သုဉ်းလာတဲ့အခါ

ကမ္ဘာမြေဟာ နာကျင် ဆွံ့ အ

ဘုရားသခင်အလိုတော်ရတော့မဟုတ်ဘူး ။

မျှော်လင့်ထားတဲ့အတိုင်း
ဇာတ်သိမ်းက ဇာတ်နာလွန်းလှတယ်

အားကြီးသူတို့ ရဲ့ ကိုယ်ကျိုးကြည့်မှုမှာ

တရားစီရင်ရေးကို စောင့်ရှောက်တဲ့

နတ်သမီးခမျာ
အကြိမ်ကြိမ်အခါခါ ရေတိမ်နစ်ရရှာတယ်၊

ဆန္ဒပြ၊ အစည်းအဝေး၊ ဆင်ဖိုစီယမ်၊ ကွန်းဖရမ့်

လုပ်ထုံးလုပ်နည်းတွေကြားမှာ
အငြင်းပွားစရာတွေ များများလာတယ်၊

တိုင်းပြည်ကတော့ ရင်ဘတ်စည်တီး

ခေတ်ကြီးကတော့
အမှန်တရားတို့ မှောက်ကျသွားတဲ့အခါ

ဝေသာလီပြည် ဘီလူးစီးသလိုပ ။

ရဲရင့်သက်ဇွဲ

..................................................

'ဒီကဗျာလေးက မိုးမခမှာ ဖေါ်ပြထားတဲ့ ကဗျာလေးပါ
ယွန်း သိပ်ကြိုက်တဲ့ ကဗျာလေးပေါ့ ...
ခုတလော ခရီးထွက်နေလို့ ပိုစ့်အသစ် မတင်ဖြစ်သေးတာနဲ့ ဒါလေးတင်လိုက်တာပါ။
(ဘာရယ်တော့ ဟုတ်ဘူးးးးးး ဆားချက်လိုက်တာ....အဟဲ....
ဆားသိပ်ငန်သွားရင် ဆောရီးးးးးးးးးးးးးးး :D )

7 comments:

မေဇင် said...

ကြိုက်တယ်.... ဒီကဗျာလေး မဖတ်ဖူးဘူး.... နောင့် လဲကြိုက်တယ်..။ ဘယ်တွေ သွားနေတုန်း....

မြစ်ကျိုးအင်း said...

ကဗျာလာဖတ်ပါတယ် ကဗျာကောင်းလေးပါပဲ...
ထိထိမိမိနဲ့ ကွက်ကွက်ကွင်းကွင်းမြင်ယောင်စေပါတယ်။

ဝက်ဝံလေး said...

ဟုတ်တယ် နောင့် ပြောသလိုပဲ ဝက် လဲ ဖတ်ဖူးဘူး ကောင်းသားပဲဟ

ဒါနဲ့ ဘယ်ယွန်းနေတာတုံး ယွန်းက ဟိဟိ

မျက်မှန်လေး said...

daw yeon yeon yay...

bal twae pyauk nay lal....

pone ma nay naw

htwet kel lite tot...heheh

kiki said...

အမှန်တရား က
ပန်းကန်ပြားပေါ်မှာ
ချန်မထား နိုင်လောက်အောင်ကို
ဒီကောင်တွေ လောဘကြီးလွန်းတယ် ။။

တွေ့ ရာ အကုန်စားတဲ့အပြင်
တိုင်းပြည်တောင်ရောင်းစားရဲတဲ့
ငမိုက်သားတွေပေါ့ ။

Anonymous said...

ယွန်လေးရေ................
ကဗျာလေးကောင်းတယ်
ခင်တဲ့
မြူးလေး

ဂျာမုန်းဒန် said...

ကဗျာကောင်းလေးတစ်ပုဒ်လာဖတ်တယ်။
အိပ်ကောင်းစားဝင်ပါပြီ။
သွားပြီနော်။
ချစ်တဲ့အစ်မ
ဂျာမုန်း

About me

Blogger templates