Aug 25, 2009

စကားကြီး (၁၀) ခွန်း

စကားကြီးဆယ်ခွန်း

စကားကြီး ၁၀-ခွန်း။ ။ စကားပြောထုံးနည်း ဥပဒေကြီးဆယ်မျိုးဟူလို။

(၁) ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့
““မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။””

(၂) ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍
တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့ ““သူဆိုသောစကား
မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။””

(၃) ရေစီးဖေါင်ဆန်စကား- လိုအင်ဆန်္ဒ ရှိသမျှသောအရာဝတ်္ထုတို့ကို ဖေါင်တွင်တင်၍
ဖြည်းညှင်းစွာဆန်တက် သွားလျှင် လိုအင်ကိစ်္စပြီးသကဲ့သို့ ““ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်း
ဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။””

(၄) အိုးတန်ဆန်ခတ်စကား- အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့
““ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။””

(၅) ဆီပွတ်ကျည်ပွေ့စကား- ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍
မိမိလိုဘတ်ကိစ်္စပြီးသကဲ့သို့ ““လိုရာကိစ်္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။””

(၆) ဆင်ဝှေ့ရန်ရှောင်စကား-
ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌
ပြေးလွှဲကာနေရသကဲ့သို့““ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။””

(၇) တောင်သူယာခုတ်စကား- တောင်သူလယ်သမားတို့သည် မိမိတို့တည်ခုတ်မည့် လယ်ယာ
မြေကွက်၌ရှေးဦးစွာခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီး
တို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ ““စကားငယ်ကိုပြောဆိုပြီးမှ စကားကြီးကိုဖိစီး၍ပြောဆိုခြင်း။””

(၈) ကြက်ဆုတ် ခွပ်ပစ်စကား-
ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့
““သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင်ပြောဆိုခြင်း။””

(၉) ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှအပေါက်ကို ပိတ်၍ဆွဲယူ
လိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ ““သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။””

(၁၀) ခက်တင် မောင်းနင်းစကား- မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါတိမ်းစောင်းလွန်း
လျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့ ““ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျ
ပြောဆိုခြင်း။””

တချို့ သော အစ်ကို အစ်မများလည်း သိပြီးသားဖြစ်မှာပါ။
ရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားကြီးဆယ်ခွန်းဆိုတာ ယွန်းတို့ငယ်ငယ်တုန်းက ကြားဖူးရုံသာရှိပြီး
ဘာရယ်လို့တော့ အတိကျမသိခဲ့ပါဘူး။ ခုမှရှာဖွေလေ တွေ့ရှိလေဆိုသလို ပြန်လည်ရှာဖွေစုစောင်းပြီး
ဗဟုသုတရစေရန် အလို့ငှာ တင်ပေးလိုက်ခြင်းပါ ။နောက်ရှိပါသေးတယ် ..။
မိန်းမ ၁၀မျိုးတို့..ခင်ပွန်းကြီး၁၀မျိုး..ဘာညာကွိကွ တောင်ကြီးပဲလှော် နေကြာကွာစိ (အဲ....မှားလို့) စသဖြင့်ပေါ့...
အလျဉ်းသင့်လျှင်သင့်သလို ရှေးစကားလေးတွေ ရှာရှာဖွေဖွေ တင်ပေးပါဦးမည်..
ဘာပဲပြောပြော ရှေးလူကြီးတွေရဲ့ စကားလေးတွေဟာ မကြားဖူးသေးတဲ့ လူငယ်တွေအတွက်
အဟောင်းထဲက အသစ်လေးများဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်..
သူငယ်ချင်းများ အားလုံး ပျော်ရွှင်ကြပါစေလို့.........

7 comments:

မေဇင် said...

တစ်ချို့တွေကို သိပြီး တစ်ချို့ကို မသိပါဘူး... ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်နော်...။

Yu Ya said...

မရွှေယွန်းရေ...၈ တန်းတုန်းက မဟောသဓ ဇာတ်တော်မှာ သင်ခဲ့ရပေမယ့် အခုလို ပြန်ဖော်ပြပေးတာ ပိုမှတ်မိသွားပါတယ်ခင်ဗျ။

ကျေးဇူးတင်ပါတယ်နော်။

yu ya

မြစ်ကျိုးအင်း said...

စာရေးတဲ့သူတယောက်အတွက် ဒီလိုစာမျိုးလေးတွေက ပိုပြီးလိုအပ်ပါတယ်....။
ကောင်းပါတယ် ဒါမျိုးလေးတွေတင်ပေးတာ
မသိတဲ့သူလည်း သိရတာပေါ့...။

မိုးအိမ့်ဖြူ said...

စကားကြီး ၁၀ခွန်းအကြောင်း ရှာရင်းရောက်လာပါ ၏...၊ ကျေးဇူးပါ

နိင် said...

ကျွန်တော်လိုက်ရှာနေတာ တွေ့ ပြီ..
ကျေးဇူးပါ... နော်..
ဆက်ကြိုးစားပါ.. အားပေးနေမယ်( နိင် )

မိုးယံ said...

မေ့သွားတိုင်း ပြန်လာလာ ဖတ်ရလို့ ကျေးဇူးပဲ ယွန်းရေ..

Unknown said...

thinks

About me

Blogger templates