Dec 4, 2009

လူနှင့်ပေါင်းသင်းဆက်ဆံရေး

ဘဝအတွက်ကြီးပွါးတိုးတက်ရေးတွင် ပေါင်းသင်းဆက်ဆံရေးသည်လည်းမပါမဖြစ်ပါသည်။
မိတ်ဆွေကောင်းရဖို့ အပေါင်းသင်းဝင်ဆံရန်လိုအပ်သည်။ထိုသို့ပေါင်းသင်းဝင်ဆံနိုင်ဖို့
ကိုယ်ကသူတစ်ပါးစိတ်ကိုနားလည်တတ်ဖို့လိုသည်။သူတစ်ပါးစိတ်ကိုနားလည်မှသာလျှင်
လူတစ်ကာနှင့်အဆင်ပြေချောမွေ့စွာဆက်ဆံနိုင်ပြီး အပေါင်းသင်းများများရရှိနိုင်မည်။

သူတစ်ပါးစိတ်ကိုနားလည်ရန်မှာ ကိုယ်တိုင်ကစိတ်ကျန်းမာနေဖို့လိုပါသည်။ ကိုယ်တိုင်က
စိတ်ကျန်းမာမှုမရှိလျှင် သူတစ်ပါးစိတ်ကိုနားလည်ရန် ခက်ခဲနေမည်။သို့ဆိုလျှင်
ကိုယ့်ကိုယ်ကိုယ်စိတ်ကျန်းမာမှုရှိမရှိဘယ်လိုသိနိုင်မလဲဟု မေးခွန်းမေးစရာရှိလာပါသည်။
ကိုယ့်ကိုယ်ကိုယ်စိတ်ကျန်းမာမှုရှိမရှိသိရန် ဤအချက်ရှစ်ချက်နှင့်တိုက်ဆိုင်မှုရှိမရှိစစ်ကြည့်
နိုင်သည်။အကယ်၍ အချက်တစ်ချက်နှင့်သင်နှင့်ကိုက်ညီနေပါက သင့်မှာစိတ်ကျန်းမာမှု
အပြည့်ဝမရှိကြောင်းသိနိုင်သည်။ထိုသို့မဟုတ်ပဲ အချက်တော်တော်များများနှင့်ကိုက်ညီ
နေပါမှု စိတ်ကျန်းမာရေးနေတော်ညံနေကြောင်း သင့်ကိုယ်သင်သိရှိနားလည်သင့်သည်။
(၁) သည်းခံကင်းကွာ
ဒါတော့ရှင်းပါသည်။မိုးရွာလျှင်ရွာပြန်ပြီ…နေပူလျှင်ပူပြန်ပြီ….လမ်းသွားရင်းခလုတ်တိုက်မိတာတောင်
်ကိုယ်မမြင်လို့တိုက်တာ ကိုဒေါသထွက်နေတတ်သည်။စာရေးရင်းခဲတံကျိုး သွားရင်
ဒီခဲတံကတော့ကဲကွာဆိုပြီး ဆောင့်ကျိုးတာမျိုးဖြစ်သည်။ဒါကအသေးဖွဲသာ
ရှိပါသေးသည် တစ်ချို့ခွေးချင်းခွေးကိုက်သည်နှင့် သခင်တွေပါစကားများရန်ဖြစ်ကြသည်။
ထိုထက်ပိုဆိုးသည်မှာ ဘာမဟုတ်သည့်စကားတစ်ခွန်းနှင့်ပင် လူသတ်သည်အထိဖြစ်
ကုန်ကြသည်။စိတ်မကျမ်းမာသောကြောင့် သည်းခံစိတ်ကင်းကွာသွားခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ထိုသို့သည်းခံစိတ်ကင်းကွာနေလျှင် စိတ်မကျန်းမာမှုဖြစ်စေရန်
အကြောင်းရင်တစ်ခုခုရှိနေပြီဆိုတာသိနိုင်သည်။
(၂) ကြံကာကြောက်မှု
လမ်းသွားရင်းငါ့ကိုကားတိုက်သွားမှဖြင့်….စသဖြင့်တွေးကာအကြောက်လွန်းနေလျှင်
လူကြားသူကြားတိုးဝံ့တော့မည်မဟုတ်ပေ။ကိုယ်သိထားသော်လည်း ဒီကိုပြောလိုက်ရင်
င့ါကို ဒီအမှုထဲဆွဲထည့်တော့မှာပဲ ဟုကြံကာကြောက်နေသူများကြောင့် မဖြစ်သင့်သည်များ
ဖြစ်သွားရတတ်သည်။ဤသည်မှာလည်းစိတ်မကျန်းမာခြင်းကိုပြနေသည်။
(၃)စွဲပြုကျိုးနည်း
လက်ဖက်ရည်ဆိုင်ထိုင်သည်မှာ တစ်ခါတစ်ရံစိတ်ကိုထွက်ပေါက်တစ်ခုဖြစ်စေတတ်သော်
လည်း ပုံမှန်အချိန်ကျမသွားရမနေနိုင်သွားချင်နေတတ်သည်။အင်တာနက်သုံးစွဲသည်မှာ
ဗဟုသုတ မိတ်ဆွေအပေါင်းသင်းများတိုးပွားနိုင်သော်လည်း စွဲလမ်းမှုလွန်ကဲစွာအသုံးပြု
နေပါကမလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများကိုခံစားရမည်ဖြစ်သည်။
လက်ဖက်ရည်ဆိုင်၊ အင်တာနက်၊ ဂိမ်း အပြင်အခြားအမျိုးမည်ပေါင်းများစွာကို
လွန်ကဲစွဲလမ်းနေပါက စိတ်ကျန်းမာရေးညံ့နေသည်ဟုသတိပြုသင့်သည်။
(၄)လွန်လွဲတွေးသိ
သူငယ်ချင်းသုံးယောက်ရှိသည့်အနက် တစ်ခြားနှစ်ယောက်ကကိုယ်မပါပဲစကားတိုးတိုး
ပြောနေသည်ကိုမြင်ရုံနှင့် ကိုယ့်အတင်းပြောနေသည်ဟုထင်မိခြင်းမျိုးဖြစ်သည်။
(၅)သတိမေ့လျှော့်
လယ်ထွန်သွားနွားမေ့ဆိုသောစကားပုံကိုလူတိုင်းသိကြသည်။ကိုယ်လုပ်သည့်အလုပ်ကို
ဘာလုပ်နေမှန်းမသိအောင်မေ့သွားတတ်သည်။မီးဖိုချောင်ထဲသွားပြီးငါတစ်ခုခုလုပ်မလို့
သွားတာပဲ ဒါပေမယ့်မီးဖိုချောင်ထဲရောက်မှ ဘာလာလုပ်မှန်းမသိဘူးဖြစ်သွားတယ် ဆိုတာမျိုးကိုယ်တိုင်လည်းတစ်ခါတစ်ခါကြုံဖူးကြမည်။တစ်ချို့သူများကတော့တစ်ခါတရံမဟုတ်ပဲအမြဲလိုလို ထိုသို့မေ့လျှော့်နေတတ်သည်။ယခုကဲ့သို့မေ့တတ်သူများကို
မေ့အောင်ပြုလုပ်နေသည်မှာ စိတ်ပျံလွင့်မှုအားကြီးသောကြောင့်ဖြစ်သည်။
ဤသည်မှာလည်း စိတ်မကျန်းးမာခြင်းတစ်မျိုးသာဖြစ်ပါသည်။
(၆)ပေါ့ဆထင်တွေး
ယခုပြောနေသောအကြောင်းအရာများမှာ စိတ်ကူးစိတ်သန်းမဟုတ်
မြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားထားခဲ့သော တရားတော်များသာဖြစ်သည်။
ဤမျှတန်ဖိုးကြီးသောစကားများကို ဘာမှအခြေမြစ်မရှိပါဘူးဟုထင်မိပါက လွန်စွာ
ပေါ့ဆရာရောက်နေပါလိမ့်မည်။သိန်းထောင်တန်သည့်စကား ရယ်တာနှင့်ပျက်ဆိုသော
စကားကဲ့သို့ ပေါ့ပေါ့လေးနေမည်ဆိုပါက မိမိအတွက်ကောင်းကျိုးရှိနိုင်မည်မဟုတ်။
ဤသို့ပေါ့ဆနေတတ်ခြင်းသည်လည်း စိတ်မကျမ်းမခြင်းတစ်မျိုးဖြစ်သည်။
(၇)မှိုင်ငေးတွေဝေ
မှိုင်ငေးတွေဝေနေသူများ၏ရှေ့တွင် ဘာကြီးလုပ်ပြနေ၊လုပ်ပြနေ သူတို့မြင်နိုင်စွမ်းမရှိ။
ထိုသူများကိုဘာသွားပြောပြော သူတို့မှာအကြားအာရုဏ်မရှိ။သူတို့သည် တစ်နေရာ
တည်းကိုသာစိုက်ကြည့်၍နေတတ်ပြီး ဘာကိုမှလည်းလုပ်ချင်ကိုင်ချင်စိတ်များမရှိကြ။
စိတ်ပျံ့လွင့်မှုအမြန်နှုန်းအရမ်းမြင့်မားနေသူများသည် ထိုသို့မှိုင်ငေးတွေဝေနေတတ်သည်။
ထိုသို့စိတ်နှင့်လူမကပ်သူများ၏နောက်ကွယ်တွင် စိတ်နှင့်ကိုယ်မကပ်အောင်လုပ်နေသော
အကြောင်းတရားတစ်စုံတစ်ရာရှိနေသည်။စိတ်မကျန်းမာသောကြောင့်သာထိုသို့ဖြစ်ရခြင်း
ဖြစ်သည်။
(၈)ပျင်းရိချေ
ပျင်းရိတာတော့လူတိုင်းကိုယ်စီအပျင်းရောဂါတွေရှိနေတတ်ပါသည်။ဒီကိစ္စစောသေးတယ်
နောက်မှလုပ်မယ်။ကျောင်းသွားရမှာမိုးရွာတယ်။စသောစကားများမှာကျွန်တော်တို့
ငယ်ကတည်းပြောလာသောစကားများဖြစ်ပါသည်။သို့သော်တစ်ချို့လူများသည်
ထိုထက်မကပျင်းပါသည်။ကြုံ၍ကြားဖူးနားဝ အကြောင်းလေးတစ်ခုပြောချင်ပါသည်။
တစ်ခါကအပျင်းနှစ်ယောက်ရှိကြသည်။တစ်ယောက်က တစ်ယောက်ကိုအပျင်းပြိုင်ဖို့
စိန်ခေါ်သည်။
“မင်းငါနဲ့အပျင်းပြိုင်ရဲလား”ဆိုတော့နောက်တစ်ယောက်က
“ပြိုင်ချင်ပါဘူးကွပျင်းပါတယ်”ဟုဆိုလိုက်လေသည်။မိမိရောဘယ်ထဲမှာပါနေသလဲ
စဉ်းစားကြည့်ဖို့လိုသည်။အပျင်းပြိုင်ချင်တဲ့စိတ်လေးရှိသေးလား။သို့မဟုတ် ထိုသို့အပျင်း
ပြိုင်ရမည်ကိုပင် ပျင်းနေပြီလား။သူများနှင့်အပျင်းပြိုင်ချင်စိတ်ပင်မရှိတော့ဘူးဆိုရင်တော့
စိတ်မကျန်းမာတော့လို့ဆိုတာသဘောပေါက်သင့်ပါသည်။
ကျွန်တော်တို့မြတ်စွာဘုရားရှင် ဟောကြားသောတရာတော်များမှာအကျိုးနှင့်အကြောင်း
အမြဲရှိနေပါသည်။ဤသို့စိတ်မကျန်းမမာဖြစ်ရခြင်းမှာ အကြောင်းရင်းခံများရှိနေသည်။
လူတို့တွင်ကျန်မာရေးနှင့်ပတ်သက်လျှင် ကိုယ်ကျန်းမာရေးနှင့်စိတ်ကျန်းမာရေးဆိုပြီးနှစ်မျိုး
ခွဲခြားနိုင်သည်။ကျွန်တော်တို့မွေးကတည်းက နေ့စဉ်တွေ့ကရာအကုန်စားကြသည်။
မိမိစားလိုက်သောအစားစာများကိုခန္ဓာကိုယ်မှယူသင့်သည်ကိုယူ၍မလိုသည်များကို
အညစ်ကြေးဖြစ်စေသည်။ထိုအညစ်ကြေးများကို ကျွန်တော်တို့နေ့စဉ်စွန့်ထုပ်ရသည်။
မစွန့်ထုပ်ပဲသိမ်းထားမည်ဆိုပါက အညစ်ကြေးများသည် သွေးကြောများထဲစိမ့်ဝင်ကာ
အဆိပ်ဖြစ်၍လူကိုဒုက္ခပေးပေလိမ့်မည်။
လူကအစားစားသလိုစိတ်ကလည်းစားသည်။စိတ်ကိုလည်းကြွေးရသည်။လူကပါးစပ်နှင့် စားခြင်းဖြစ်ပြီး စိတ်ကအာရုံငါးပါးနှင့်စားသည်။လူကတစ်ရက်ကို သုံးနှပ်သာစားသော်
လည်း စိတ်ကအစဉ်မပြတ်စားသည်။လုံးဝမနားပဲစားသည်။မိုးလင်းကတည်းက စားပြီး
ညအိပ်လျှင်တောင်အိပ်မက်ထဲမှာစားသည်။စိတ်ကစားထားသမျှထဲမှလိုချင်တပ်မက်သည်များကို
ိုလောဘအဖြစ်(မသိစိတ်ထဲမှာ)သိုလှောင်ပြီး၊မလိုချင်မနှစ်သက်သည်များကို
ဒေါသအဖြစ်(မသိစိတ်ထဲမှာ)သိုလှောင်သည်။ုလောဘဒေါသများသည် ကိလေသာ
အညစ်အကြေများဖြစ်သည်။ထိုအညစ်ကြေးများကို စွန့်ထုပ်ပစ်မှသာစိတ်သည်သန့်ရှင်း
စင်ကြယ်၍ လန်းဆန်းကျန်းမာနိုင်မည်။မစွန့်ထုပ်ပဲထားပါက ယင်းအညစ်ကြေးများသည်
မိမိ၏နေ့စဉ်ဘဝထဲသို့စိမ့်ဝင်ပျံနှံ့ကာ ဒုက္ခပေးပေလိမ့်မယ်။ဒေါသများများမသိစိတ်ထဲမှာ
စုနေပါက ထိုလူသည်စိတ်တိုလွယ်မည်မှာမလွဲပေ။တနည်း စိတ်တိုလွယ်သောသူများမှာ
သူ့၏ မသိစိတ်ထဲတွင်လောဘများအညစ်ကြေးအဖြစ်ရှိနေသောကြောင့်ဖြစ်ပေသည်။
သို့ဆိုလျှင် ရိုးရိုးအညစ်ကြေးကိုစွန့်ပစ်သလိုမျိုး စိတ်အညစ်ကြေးကိုစွန့်ပစ်လို့မရဘူးလား။
ဘယ်လိုစွန့်ပစ်ရမလဲ။အဖြေကတစ်မျိုးတည်းသာရှိပါသည်။တရားထိုင်ရန်ဖြစ်သည်။
တရားထိုင်ခြင်းသည် နိဗ္ဗာန်ရောက်သည်မရောက်သည်ကိုဘေးခဏချိတ်၍ လက်တစ်
လောစိတ်အညစ်ကြေးများကိုမူ စွန့်ပစ်ဖယ်ရှားနိုင်မည်ဖြစ်သည်။ထို့ပြင် နောက်ထပ်လည်း
စိတ်က ထိုအညစ်ကြေးများကိုမစားမိအောင်လည်း ကာကွယ်နိုင်မည်။မွေးကတည်းက
စားလာသောကိလေသာအညစ်ကြေးများကို တစ်ခါတည်းစွန့်ထုပ်နိုင်ရန်လွယ်ကူမည်
မဟုတ်တာတော့သေခြာပါသည်။ ထောကံထောကံ ခဏေဏေဆိုသော
ဘုရာဟောသည့်အတိုင်း နည်းနည်းနှင့် ခဏခဏလုပ်ပေးနိုင်လျှင် စိတ်အညစ်ကြေးများ
စွန့်ထုပ်နိုင်ကာ နေ့စဉ်လူမှုဘဝတွင် ကျန်းမာပျော်ရွင်စွာနေထိုင်နိုင်မှာသေခြာသည်။
ကိုယ့်စိတ်ကသန့်ရှင်းနေသောကြောင့် လူတစ်ကာနှင့်ဆက်ဆံပြောဆိုဖို့ လူတောတိုး
လူရာဝင်ဖို့ အထောက်ကူတစ်ခုဖြစ်လာကာ …အပေါင်းသင်းဝင်ဆံသောလူတစ်ယောက်
ဖြစ်လာမည်။တစ်ယောက်တည်းနေရခြင်းထက် အပေါင်းဖွဲ့စည်းနဲ့နေရသည်မှာ
မည်မျှကွာခြားသည်ကို သင်ကိုယ်တိုင်ပေါင်းသင်းဝင်ဆံ့သူတစ်ယောက်ဖြစ်လာလျှင်
သိလာပါလိမ့်မည်။




1 comment:

လင်းကြယ်ဖြူ said...

မှတ်သားစရာတွေမို့
မှတ်ထားလိုက်ပါတယ်ခင်ဗျာ
ပျော်ပါစေ
*.*.*

About me

Blogger templates