Dec 11, 2009

ငမောင်သိစေချင်

မနေ့ က အိမ်အပြင်မှာနှင်းတွေ ပိန်းပိတ်အောင်ကျနေတယ်..။
အလုပ်ကပြန်လာမဲ့ သူ့ ကိုစောင့်နေရင်းကျမအိပ်ရာ မ၀င်နိုင်သေးပါဘူး..
သားငယ်ကတော့ အိပ်ရာထက်မှာနှစ်ခြိုက်စွာ အိပ်မောကျနေလေရဲ့ ..။
ကျမလဲပျင်းပျင်းရှိတာနဲ့  အွန်လိုင်းတက်ခဲ့တယ်...ဘလော့လေးကိုဖွင့်..ဟိုကြည့်ဒီကြည့်ပေါ့..။
ဒီလိုနဲ့ ကျမပဲကံဆိုးချင်တာလားတော့မသိပါ.
ကျမမရောက်ဖူးတဲ့ဆိုဒ်တစ်ခုကိုရောက်သွားခဲ့တယ်..။
ကျမထပ်ပြီးကံဆိုးချင်တော့ ဆိုဒ်ထဲက ချက်တင်လုပ်တဲ့နေရာလေးကိုရောက်သွားပါတယ်။
ဒီလိုနဲ့  အကောင့်တစ်ခုလုပ်ပြီး စမ်းကြည့်ရင်းက ချက်ထဲကိုရောက်သွားပါရော........
ကျမတခါမှ ချက်တင်မ၀င်ပါ...ဘာလို့ လဲဆိုတော့ ...ချက်တင်လုပ်ရမှာကိုက ပျင်းလို့ ပါ..။
ဘလော့တွေလည်ပြီးဖတ်ရတာလောက် မပျော်ဘူးလေ...ဒါ့ကြောင့်ပါ။ ညီမလေးတစ်ယောက်က လာမိတ်ဆက်ပါတယ်..ဖော်ဖော်ရွေရွေပါပဲ...........ဒါနဲ့  အဲဒိညီမလေးကို ကျမဘလော့လိပ်စာပေးရင်း
လာလည်ဖို့ ဖိတ်လိုက်ပါတယ်.....(ခင်မင်ချင်တဲ့စိတ်နဲ့ပါ)
အဲမှာ ပြသနာက စတော့တာပါပဲ...ဘေးကနေဘာမဆိုင်ညာမဆိုင်လူတစ်ယောက်က
ကျမဘလော့ကိုဝင်ကြည့်ပြီး ကျမ ကိုထိခိုက်ပြီး စော်ကားမော်ကားတွေ ပြောလာပါတယ်..
သူ့ အသက်က ကျမထက်ငယ်မယ်ထင်ပါတယ်...
သူပြောတဲ့စကားတွေ ကျမပြန်ပြီးတော့တောင်ရေးမပြချင်ပါ...........ရိုင်းစိုင်းလွန်းလို့ ပါ......
ကျမဟာ အိမ်ထောင်သည် မိခင်တစ်ယောက်ဆိုတာ ဘလော့ဂါသူငယ်ချင်းတွေ သိပြီးသားပါ.....
ကျမရဲ့ ဘလော့မှာ ကျမချစ်တဲ့ သားသားရဲ့ ပုံလေးတွေ တင်ဖြစ်ပါတယ်.......
ဒါဘယ်သူ့ ကိုမှမထိခိုက်ခဲ့ပါ......ဒါဟာကျမရဲ့  ကိုယ်ရေးကိုယ်တာဖြစ်ပါတယ်...
ကျမကအိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ဖြစ်တယ်...ကိုယ့်ကိုကိုယ်အပျိုလုပ်ပြီး ချက်ဝင်တာလဲမဟုတ်ခဲ့.....ကျမအဲဒိချက်ထဲရောက်တာ
ပထမဆုံးအကြိမ်ဖြစ်ပြီး ကြာချိန်ကလဲ၁၅မိနစ်တောင်မရှိသေးပါ..........
ထိုသူက ကျမရဲ့  ကိုယ်ရေးကိုယ်တာကို ရိုင်းစိုင်းစွာ ၀င်ရောက်စွက်ဖက် ပြောဆိုခဲ့တယ်...........
ထိုသူရဲ့  နစ်ခ် က
မောင် ဖစ်ပါတယ်။ ကျမသူ့ ကိုဘာမှမတုံ့ ပြန်ခဲ့ဘူး.............
အဲဒိဆိုဒ်က ယဉ်ကျေးဖော်ေ၇ွှတဲ့ အက်ဒမင် မမ ကိုအားနာလို့ ပါ............

ကျမမိခင်ကဆုံးမခဲ့ဘူးပါတယ်...........

"""သူများယုတ်မာလို့  ကိုယ်ယုတ်မာရင် ကိုယ်ပါလူယုတ်မာဖြစ်တယ်
သူများရိုင်းလို့  ကိုယ်ပြန်ရိုင်းရင် ကိုယ်ပါ အရိုင်းအစိုင်း ဖြစ်တတ်တယ်တဲ့............"""

ရှင်းရှင်းပြောရရင် ကျမထိုလူကိုတော်တော်အထင်သေးမိပါသည်..။
မိန်းကလေးမြင်လျှင် အထင်သေးစိတ်နှင့်ရမလားဟု ကျူတတ်သော ....... အထင်သေး ရိုင်းစိုင်းစွာဆက်ဆံတတ်သော....မိန်းကလေးတစ်ယောက်ကို ကွယ်ရာတွင်ပက်ပက်စက်စက်
အတင်းချတတ်သော ထိုသို့ သောယောက်ျားများအား ကျမလုံးဝ အထင်မကြီးပါ..။
(ကိုယ်ကျင့်တရား ကောင်းသော အမျိုးသားများကို မဆိုလိုပါ)

ငမောင် သိစေချင်လှပါသည် ။

မိန်းကလေးများကို အွန်လိုင်းမှာတွေ့ တိုင်း ကိုယ့်စိတ်နဲ့ နိုင်းပြီးမရိုင်းပါနဲ့....
အုတ်ရောရောကျောက်ရောရော မထင်ပါနဲ့ .........

အမျိုးကောင်းသမီးလေးများကို နုတ်ဖြင့် စော်ကားချင်စိတ်ဖြစ်လာလျှင် ကိုယ့်မိခင်ကိုသတိရပါ....
ကိုယ့်မိခင်ကိုလေးစားသောအားဖြင့် မိခင်လောင်းများ ဖြစ်သော အမျိုးသမီးများကို မစော်ကားမိပါစေနှင့်။

(မဟုတ်တာကို ငြိမ်မခံတတ်သော ကျမ၏ဥာဉ်လေးကြောင့် ဒီစာကိုရေးဖြစ်ခဲ့ပါသည်..။)
ယွန်းလေး

6 comments:

ဝေလင်း said...

အဲဒီကိစ္စတွေကလည်း နေရာအနှံ့ကို တွေ့နေရတာပါပဲအစ်မရေ...။ စိတ်ပျက်ပါတယ်။ ဘယ်လိုလူတွေမှန်းလည်း မသိဘူး။ တကယ်တော့ blogger အသိုင်းအ၀ိုင်းမှာ မောင်နှမတစ်တွေစည်းစည်းလုံးလုံး ခင်ခင်မင်မင်နေကြတာ။ သူတို့လိုလူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ဘာပဲပြောပြော အစ်မလုပ်ခဲ့တာမှန်ပါတယ်။ အဲဒီလိုလူမျိုးကို ဂရုစိုက်မနေပါနဲ့။
ပျော်ပျော်ရွှင်ရွှင် blogging နိုင်ပါစေ...

ချစ်ကြည်အေး said...

ညီမ ယွန်းရေ...အဲဒီလို ယောင်္ကျားတွေ အများကြီး ရှိပါရဲ့ ၊ အမလဲ ကြုံဖူးပါတယ်၊ အွန်လိုင်းမှာ မဟုတ်၊ အပြင်မှာကို တွေ့ဖူးတာ၊ ဂရုမစိုက်နဲ၊့ ကိုယ် လုပ်စရာရှိတာသာ ဆက်လုပ်ပါကွယ်...သူတို့ တန်ဖိုး သူတို့ ဆုံးဖြတ်ပါစေ...။

Anonymous said...

အမယွန်းရေ....အဆင့်မရှိတဲ့လူတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ .........
နောက်တော့လဲ...သူ့ စရိတ်နဲ့သူ သွားပါလိမ့်မယ်...
ပျော်ရွှင်စွာနှင့် ပိုစ့်အသစ်တွေထပ်ရေးနိုင်ပါစေ...

ရန်ကုန်မိုး

နေ၀သန် said...

အလည်ရောက်ရောက်ချင်းပဲ ဒီလို အဆင်မပြေတာကိုတွေ့ရတာ စိတ်မကောင်းပါဘူး.. မယွန်း... အခုလက်ရှိအနေအထားကတော့ ဘလော့ခ်လောကမှာ ဒီလိုလူတွေ အများကြီးပေါ်နေပါတယ်..း(

Unknown said...

ဟုတ်တယ်လာလည်တယ် ။ ဖတ်တယ် ။ အငှါးခံစားချက်ဖြစ်ဖြစ် ကိုယ်ချင်းစာပါတယ် ။
ကျနော့် မှာလည်း အမရှိတယ် ညီမရှိတယ်ဗျာ ..။ တစ်ချို့တစ်ချို့ကဆိုလှကြတယ်။ ဆော်သာဆော် ပါအားပေးတယ် ။

michaelbone said...

စိတ်မကောင်းပါဘူး အမရယ်... ဒါမျိုးတွေက ကြုံတတ်ပါတယ်။ ဒါပေမယ့် သီးခံနိုင်စွမ်းထက်လွန်လာရင်တော့ တစ်ခုခုတုန့် ပြန်သင့်တယ်လို့ ထင်တယ်။ ယဉ်ကျေးစွာနဲ့ ပေါ့။ ဒီကိစ္စအတွက်နဲ့ တော့ စိတ်မကောင်းမဖြစ်ပါနဲ့ ။ အမ ဘလော့ဂ်ကို အမြဲအားနေပါတယ်။ ဆက်ကြိုးစားပါ။ အမြဲအားပေးနေပါ့မယ်။

About me

Blogger templates