Dec 16, 2009

ဖတ်မိတဲ့ ဟာသတွေ

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။

တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "

၂)
တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။
လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ" လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။
အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူတည်း။
၃)
တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့ တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....
ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...
" ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့ လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။ အရင်အသံလိုပဲ..
" ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး
" ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက
" မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်း။
တွေးတွေးပြီးရယ်.. ကြောက်ကြောက်နဲ့ ရယ်....း)



၁)
နေရာ ... စိတ္တဇဆေးရုံ
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"
နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည်း။


၂)
ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံ အကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို ဤသို့ခိုင်းနှိုင်းပြသည်။
"ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်"
ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက "ဆရာနေ့တိုင်း သွားတိုက်သင့်တယ်" ဟူတည်း။


၃)
ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။
ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် "ဆရာမ ကလေးမလိုချင်ဘူး" ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက "ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။



၁) တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။ ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့ မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။ အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတော့တယ်..


၂) ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့ Tom က အမေကို ပူဆာတယ်။ Tom က ဆိုးပေပြီး စာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက Tom ကို "Tom ဘုရားသခင်ကို စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်.. ဘုရားသခင်က တီဗွီတစ်လုံး လက်ဆောင်ပေးလိမ့်မယ်" လို့ ပြောလိုက်တယ်။
ဒါနဲ့ Tom က ဘုရားသခင်ထံ စာရေးတော့တယ်။
"ချစ်လှစွာသော ဘုရားသခင်၊ ကျွန်တော်က ဘုရားသခင်ရဲ့ အချစ်ဆုံး Tomလေးပါ။ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အခုဆို ခရစ်စမတ် ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။ Tom က စာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့ ဒုတိယတစ်စောင်ကို ကောက်ရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ကျွန်တော် Tom ပါ။ ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။ ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်" လို့ ပြင်ရေးလိုက်တယ်။
Tom က စာကိုတစ်ခေါက် ပြန်ဖြစ်ကြည့်ပြီး မကြိုက်လို့ တတိယတစ်စောင်ကို ရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ကျွန်တော်ပါ.. Tomပါ။ ဟုတ်ပါတယ်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။ ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်" လို့ ပြင်ရေးပြီး ဘုရားကျောင်းကို သွားခဲ့တယ်။ ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့ Tom က စတုတ္ထမြောက် စာကိုရေးပြီး မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။
နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ စာတစ်စောင်ကျနေတာကို တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့...
"ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို တီဗွီတစ်လုံး မြန်မြန်ပေးပါ" ဟူတည်း။


၃) ထောက်ဒဏ်၁၂နှစ် ကျခံနေတဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာ ပျင်းနေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်တစ်ကောင်ကို သူတွေ့ခဲ့တယ်။ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်ကို ကင်းမြီးကောက်ထောင်ခိုင်း၊ နောက်ဂျွမ်းပစ်ခိုင်း.. စတာတွေ လေ့ကျင့်ပေးပြီး အကျေနပ်ကြီး ကျေနပ်နေခဲ့တယ်။
ဒီလိုနဲ့ ထောင်ထွက်တဲ့နေ့မှာပဲ သူလေ့ကျင့်ထားတဲ့ ပုရွတ်ဆိတ်ကို ကြွားချင်လွန်းလို့ လူစည်ကားတဲ့ အရက်ဆိုင်တစ်ဆိုင်ကို သူသွားခဲ့တယ်။ အရက်တစ်ခွက်မှာပြီး အင်္ကျီအိတ်ထဲက ပုရွတ်ဆိတ်ကို ထုတ်ပြီး ခုန်ပေါ်တင်လိုက်တယ်။ ပြီးတော့ စားပွဲထိုးကို " ဒီပုရွတ်ဆိတ်ကို ကြည့်စမ်း" လို့ ပြောလိုက်တယ်။
စားပွဲထိုးက ပုရွတ်ဆိတ်ကို လက်ဖဝါးနဲ့ ချက်ချင်းရိုက်ချလိုက်ပြီး အားတုန့်အားနာနဲ့ " ဆောရီးနော်..ကျွန်တော် နောက်တစ်ခွက် ချက်ချင်းလဲပေးမယ်" လို့ ပြောလိုက်တယ်။



၁)
စင်ပေါ်မှာ ကြက်ဥတွေ ထင်ထားတယ်။ ပထမကြက်ဥက နောက်ဆုံးတစ်လုံးကို ကြည့်ပြီး..
"ဟိုတစ်လုံးက အမွေးရှိတယ်.. ရွံစရာကြီး" ဒုတိယကြက်ဥကို ပြောပြတယ်။
ဒုတိယကြက်ဥက တတိယကြက်ဥကို ပြန်ပြောတယ်။
တတိယကြက်ဥက စတုတ္ထကြက်ဥကို ပြန်ပြောတယ်။
စတုတ္ထကြက်ဥက သူ့ဘေးက အမွေးရှိတဲ့ အလုံးကိုလှည့်ကြည့်တော့
"မင်း ဘာကြည့်တာလဲ.. အလုံးမှာအမွေးပေါက်တာ မမြင်ဖူးဘူးလားကွ.. မှတ်ထား.. ငါ့နာမည် ကီဝီသီးတဲ့"


၂)
တစ်ခါက လူဖြူတစ်ယောက် တရုတ်ဆိုင်မှာ ကြက်ဥသွားဝယ်သတဲ့။ တရုတ်က အင်္ဂလိပ်စကား မတတ်တော့ ကြက်ဥ၀ယ်ရမှာ လူဖြူအခက်တွေ့နေတယ်။ နောက်ဆုံး လက်နဲ့ ကြက်ဥပုံလုပ်ပြလိုက်မှ တရုတ်က ကြက်ဥတွေ ပေးလိုက်တယ်။ အဲဒီလိုပဲ လူမည်းတစ်ယောက်လည်း တရုတ်ဆိုင်မှာ ကြက်ဥ၀ယ်ဖို့ ရောက်သွားတယ်။ အင်္ဂလိပ်စကား မတတ်တဲ့ တရုတ်ကို လက်နဲ့ ကြက်ဥပုံ လုပ်ပြလိုက်တော့ တရုတ်ကလူမည်းကို ဆေးဘဲဥတွေ ထုတ်ပေးလိုက်တယ်။


၃)
ဗေဒင်ဆရာ "ဟေ့.. ခင်ဗျား ပိုက်ဆံမရှင်းရသေးဘူး"
ဗေဒင်မေးသူ "ကျွန်မမှာ ပေးစရာပိုက်ဆံမရှိဘူးဆိုတာ အခုနားက ဆရာမတွက်မိဘူးလား"


၎)
လူနာ "အား... နာတယ်ဗျာ"
ဆရာဝန် "အပ်က ခင်ဗျားအသားကိုတောင် မထိရသေးဘူး"
လူနာ "ဒါပေမယ့် ကျွန်တော့်ခြေထောက်ကို ဆရာနင်းထားတယ်ဗျာ"


၅)
အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ ကလေးနှစ်ယောက်ဆီက ရီသံကို ကြားလိုက်တယ်။
အမေ "ဘာလို့ ရီတာလဲ"
အမွှာထဲကတစ်ယောက် "ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့ ချိုးမပေးဘူး"



(၁)
မောင်... ချစ်သူများနေ့မှာ ခင့်ကို ဘာလက်ဆောင်ပေးရင် ကောင်းမလဲ?
မ...... ခင်ကလေ အရုပ်အကြီးကြီးကို အရမ်းကြိုက်တာပဲ။ နောက်ပြီး ပြင်သစ်ရေမွှေးဆို အသဲစွဲပဲ။ စိန်ဆိုတာ တည်မြဲခြင်းတဲ့။ နောက်ပြီး....
မောင်..... နေပါအုန်း ခင်။ ခင်ကြိုက်တဲ့ အထဲမှာ ဈေးပေါတဲ့ပစ္စည်း မရှိဘူးလား?
မ...... ရှိတယ်။ မောင်ပဲလေ...


(၂)
မောင်.... တကယ်လို့ ဖေဖေက မောင့်ကို အမွေတွေအများကြီး ပေးခဲ့မယ်ဆိုရင် မောင့်ကို ခင်လက်ထပ်မလား?
မ...... မောင့်အတွက် အမွေကို ဘယ်သူပေးခဲ့ပေးခဲ့ မောင့်ကို ခင်လက်ထပ်မှာပါ။



(၃)
ပဲရစ်မြို့က ကော်ဖီဆိုင်တစ်ဆိုင်မှာ ပြင်သစ်စုံတွဲတစ်တွဲ ထိုင်နေတယ်။ ကောင်လေးက ကောင်မလေးကို စူးစိုက်ကြည့်လို့... ကောင်မလေးက ရှက်သွေးတွေဖြာလို့.. ရုတ်တရက် ကောင်လေးက ကောင်မလေးကို "ခင့် ဖေဖေက သူခိုးလား" လို့ မေးတော့ ကောင်မလေးက ပျာပျာသလဲ....
"အိုး.. မဟုတ်ရပါဘူး။ ခင့်ဖေဖေက ရဲသားရှင့်။ ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ"
"ခင့်ဖေဖေက သူခိုးမဟုတ်ခဲ့ရင် ဘယ်လိုလုပ်ပြီး ခင်မျက်လုံးထဲ ကောင်းကင်ကကြယ်တွေကို ခူးထည့်ပေးခဲ့ ရတာလဲ"
တရုတ်ပြည်ရှိ ကျောင်းသားတစ်ယောက်က အထက်ပါ ပုံပြင်ကိုနားထောင်ပြီး သူ့ကောင်မလေးကို သွားရှာခဲ့တယ်။ ကောင်လေးက ကောင်မလေးကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်။
"ခင့်ဖေဖေက အဆောက်အဦး အင်ဂျင်နီယာလားဟင်"
"မဟုတ်ရပါဘူး။ ဖေဖေက ဆရာဝန်ပါ.. ဘာဖြစ်လို့လဲ"
"အဆောက်အဦး အင်ဂျင်နီယာ မဟုတ်ခဲ့ရင် ဘယ်လိုလုပ်ပြီး ခင့်ရင်ဘတ်မှာ လေယာဉ်ကွင်းတစ်ကွင်း ဆောက်ပေးခဲ့ရတာလဲ"


(၄)
ဦးနှောက်မရှိတဲ့ မိန်းမကို ဘုရားသခင်က သူ့အတွက် ကိုယ်လုံးလှအောင် ဖန်ဆင်းပေးသတဲ့။ ကိုယ်လုံးမလှတဲ့ မိန်းမကို ဘုရားသခင်က ဦးနှောက်ထက်မြက်အောင် ဖန်ဆင်းပေးသတဲ့။
တကယ်လို့ ဦးနှောက်လဲမရှိ ကိုယ်လုံးလဲ မလှခဲ့ရင်ကော...?
အဲဒီမိန်းမအတွက် ကံဆိုးတဲ့ ယောက်ျားတစ်ယောက်ကို ဘုရားသခင်က ပေးလိုက်မယ်။



၁)
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။


၂)
ဆရာမတစ်ဦးက မူကြိုကလေးတွေကို အိမ်မွေးတိရိစ္ဆာန် အခေါ်အဝေါ်တွေ သင်ပေးနေတယ်။
ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ် "မေမေ" တဲ့။



၃)
ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက
"ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက
"ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။


၎)
"အာဒံနဲ့ ဧ၀သာ တရုတ်ဖြစ်ခဲ့ရင် ငါတို့တွေ ကောင်းကင်ဘုံ ရောက်နေကြမယ် ထင်တယ်နော်"
"ဘာဖြစ်လို့လဲ"
"သူတို့သာ တရုတ်ဖြစ်ခဲ့ရင် ပန်းသီးကို မစားဘဲ မြွေကိုပဲ စားလိုက်မှာလေ"


၅)
တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ......
--------
--------
--------
--------

အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့

6 comments:

ချစ်ကြည်အေး said...

Thanks for the afternoon laughter :D

shwezinu said...

ဟာသလေးတွေဖတ်ရတာကျေးဇူးဘဲဗျာ

မြစ်ကျိုးအင်း said...

ဖတ်ဖူးတာတွေရော မဖတ်ဖူးတာတွေရော ထိုင်ဖတ်နေရင်း တဟားဟားရယ်နေရတယ် ။ ၂ ကြောင်းလောက်ထဲနဲ့ ထိမယ့် ဟာသမျိုးတွေ ရေးတတ်ချင်တယ်။

စိတ်ပေါ့ပါးအောင် တင်ပေးထားတာ ကျေးဇူးပါဗျာ
အဆင်ပြေပျော်ရွှင်ပါစေနော်

Anonymous said...

မယွန်းရေ....အားရပါးရ ရယ်သွားတယ်..
အဆင်ပြေပျော်ရွှင်ပါစေ..

ရန်ကုန်မိုး

လင်းကြယ်ဖြူ said...

တော်တော် ရယ်ရတယ်..
စိတ်ကို ပေါ့ပါးသွားစေခဲ့ပါတယ်
ကျေးဇူးပါ
လေးစားစွာ
*.*.*

မျက်မှန်လေး said...

ဟဟ
ရီရတယ်ဗျို့

နေကောင်းလား
မတွေ့တာကြာပြီ
မရောက်ဖြစ်ဘူး
ဟီး

About me

Blogger templates