Dec 26, 2009

ဥာဏ်စမ်းလေးတွေ ဖြေပေးကြပါ

အပျော်ပေါ့နော်။ ဘယ်သူမဆို ဖြေလို့ ရပါတယ်။
ခေါင်းစားတာတော့ ဟုတ်ပါဘူး။
ကဲ..စပြီနော်။


  1. ခြေတွေလက်တွေမပါတဲ့ သူက ခြေတွေလက်တွေပါတဲ့ သူကို ဖမ်းခေါ်သွားတာ ခေါင်းမပါတဲ့သူက မြင်တာတဲ့။ အဲဒါ ဘယ်သူတွေဖြစ်မလဲ
  2. မ မ ရေ မ မ ရေ အိုး မ မ မ မ မ မ မ ငါ မ မ မ မ မ ပါ မ မ ရာ ။( အုပ်စုခွဲ ပြီး ကိုယ့်ဘာသာကိုယ်ဖတ်လို့အစဉ်ပြေရင် အဖြေမှန်ပါတယ် )
  3. မြန်မာနိုင်ငံမှာ နာမည် ၁လုံးတည်းရှိတဲ့ မြို့ ၁၅ မြို့ ရှိတယ်ဖြေကြည့် ပါဦး။

ကဲ..ဖြေပေးနော်...တချို့ သူငယ်ချင်းတွေလဲ သိပြီးသားလေးတွေဖြစ်မှာပါ
ပျော်ပျော်ပါးပါးပေါ့...

ခင်မင်စွာဖြင့်
ယွန်း

7 comments:

ဝက်ဝံလေး said...

အာာာာာာာာ ခက်လိုက်တာ ဗျာာာာာာာာာာ မသိဘူးနော် ဟဲဟဲ သူများတွေ လာဖြေပြီးရင် လာဖတ်မယ် ဟဲဟဲ

မျှော်လင့်သူ said...

ဟိဟိ ကျွန်တော်မူးသွားပါပြီ ခင်ဗျာ.

မျက်မှန်လေး said...

ဟီး၂

နံပါတ် 1 တော့သိဝူး

၂ ကိုတော့သိသလောက်ချရေးသွားပါတယ်နော်။။

၁. ရေး
၂.ဝေါ
၃.ပေါင်
သိတော့ဝူး

ဟီး၂

Anonymous said...

နဲနဲတော့မှန်နေပြီ...ဆက်ဖြေပေးကြပါဦးးး :D

ခင်မင်စွာဖြင့်
ယွန်း

ချစ်ကြည်အေး said...

မမရေ မမ ရေအိုးမ မမ မမ မမ ငါမ မ မမပါ မမရာ

မြိုင်
ရေး
ဝေါ
ပေါင်
ပြည်
မြိတ်
မြောင်
အင်း.....အဲ.....ဒီကောင်မလေး လူတွေကို ဆံပင် မြန်မြန်ဖြူအောင် တော်တော်လုပ်....:D

ကာရံမဲ့ said...

ကိုယ်တိုင်တော့ ဖြေတတ်ဘူး သူများအဖြေတွေ ကြည့်ရတာတော့ ဟုတ်သလိုလိုပဲ.. ဟီး ဟီး... :)

Anonymous said...

ဖားကိုမြွေကဖမ်းသွားတာလိပ်ကမြင်လိုက်တယ်

About me

Blogger templates