Dec 27, 2009

ဥာဏ်စမ်းရဲ့  အဖြေများ

သူငယ်ချင်းအားလုံး မင်္ဂလာပါရှင်.....
ဘယ်လိုလဲ..မေးခွန်းလေးတွေ လာဖတ်ပြီးခေါင်းစားသွားကြပြီလား..အဟီး..
ဆံပင်ဖြူအောင်လုပ်တာတော့ ဟုတ်ပါဘူး...တခါတလေ အပျင်းပြေလေး ရည်ရွယ်တာပါရှင်....
မေးခွန်းလေးတွေကိုလာဖြေပေးတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးတင်ပါတယ်..
(မဖြေလို့ လဲ မရဘူး ...စီဗုံးမှာ လိုက်အော်နေတာကိုးးးးးးးးးးအဲဒိအတွက်လဲ စိတ်မရှိကြပါနဲ့ )
(ခင်မင်ရတဲ့ သူငယ်ချင်းလေးတွေကို စနောက်ချင်တဲ့ သဘောနဲ့ ပါ)
အဖြေလေးတွေကတော့....

(၁)
ခြေတွေလက်တွေမပါတဲ့ သူက ခြေတွေလက်တွေပါတဲ့ သူကို ဖမ်းခေါ်သွားတာ ခေါင်းမပါတဲ့သူက မြင်တာတဲ့။ အဲဒါ ဘယ်သူတွေဖြစ်မလဲ

အဖြေကတော့

  • 1. snake - ခြေတွေလက်တွေမပါတဲ့ သူ
  • 2. frog - ခြေတွေလက်တွေပါတဲ့ သူ
  • 3. snail - ခေါင်းမပါတဲ့သူ

(၂)
မ မ ရေ မ မ ရေ အိုး မ မ မ မ မ မ မ ငါ မ မ မ မ မ ပါ မ မ ရာ ။( အုပ်စုခွဲ ပြီး ကိုယ့်ဘာသာကိုယ်ဖတ်လို့အစဉ်ပြေရင် အဖြေမှန်ပါတယ် )

အဖြေကတော့

မမ ရေ.....
မမရေအိုး မမ မ
မမ မ မ ငါ မ မ
မမ မ ပါ မမ ရာ

အဓိပ်ပါယ်က တော့
မမ ရေ.. မမ ရဲ့ ရေအိုးကို မမ ပဲ မ ..... မမ သာ မ မ ဘူးဆိုရင် ကျွန်တော်လဲ
မ မ ဘူး ... မမ ရယ် မ ပါ ဗျာ.... လို့ပြောတာပါ



(၃)
မန်မာနိုင်ငံမှာ နာမည် ၁လုံးတည်းရှိတဲ့ မြို့ ၁၅ မြို့ ရှိတယ်ဖြေကြည့် ပါဦး။

အဇြေကတော့ 
၁။ ချောက်
၂။ ဂွ
၃။ ဆွာ
၎။ ပေါင်
၅။ ပြည်
၆။ ပေါက်
၇။ ဖြူး
၈။ မြိတ်
၉။ မြောင်
၁၀။မြိင်
၁၁။မေ
၁၂။ရေး
၁၃။လှိုင်
၁၄။ဝေါ်
၁၅။အန်း



ဘယ်လိုပဲဖြစ်ဖြစ် လာဖြေပေးကြတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်

ခင်မင်စွာဖြင့်
ယွန်း

5 comments:

ဝက်ဝံလေး said...

ဟိုက် တယ်ဟုတ်ပါလား
နံပါတ် ၂ ကို ကြိုက်တယ် ဟိဟိ မမ တွေနဲ့ ရှုပ်နေတာပဲ ဟိဟိ

ဇောင်း said...

ဖြေမကြည့်ပဲ စဉ်းစားနေရတာ ခေါင်းပေါ် ပန်ကာတင်ထားသလိုပဲ မူးသွား၏ :)

အင်ကြင်းသန့် said...

ဥာဏ်စမ်းဆိုလို့ဖြေမလို့ လိုက်လာတာ၊ အဖြေတွေနဲ့တိုးသွားတော့ အစွမ်းအစတွေတောင်မသုံးလိုက်ရတော့ဘူး....
နောက်တစ်ခေါက်ပေါ့နော် :D

နွေဆူးလင်္ကာ said...

အေးဗျာ အင်ကြင်းသန့် ပြောသလိုပဲ။ ဆံပင်မဖြူတော့ဘူးပေါ့နော်။

ဝေလင်း said...

နောက်ကျသွားလို့ အဖြေတွေပဲလာဖတ်သွားတယ်..:)

About me

Blogger templates