Jul 19, 2009

အက်စစ်ဝိုင် ၂

အခန်း(၄)
.......................
မောင် သိရဲ့လား
သူဟာမောင့်အတွက် အရေးမကြီးပေမဲ့
ကျမအတွက်တော့
ဘ၀တစ်ခုလုံး ဖြစ်ခဲ့တယ် ဆိုတာ
..................................

ပြတင်းပေါက်မှ လေတိုးဝှေ့နေသောကြောင့် လိုက်ကာဖြူလေးမှာ တဖြတ်ဖြတ်လွင့်နေ၏
သူမအသက်ရှူနေသည် ထင်ပါသည်။ လေထုသည် ခါတိုင်းထက် သိပ်သည်းနေသယောင်
သူမအသက်ရှူမ၀ပါ။ ခေါင်းထဲ မှူးနောက်ရီဝေနေ၏။
နေ့ရော ညရောသူမငိုကြွေးနေမိသည်ထင်၏...ရင်ဘတ်မှခပ်စူးစူးထိုးအောင့်လာသည်။
အရာအားလုံးကို သူမဆုံးရှူးံ ခဲ့ရပြီ။
အသက်မဲ့နေသော သားငယ်၏ ရုပ်ပုံလေးကိုသာ မျက်ဝန်းထဲ အထပ်ထပ် အခါခါမြင်
ယောင်လျှက်...ရင်ထဲစူးစူးဝါးဝါး နာကျင်လာသည်နှင့်အမျှ မျက်ရည်ကအလိုလို
စိမ့်အိုင်လာတာချည်း။ ကိုယ်ဘယ်လို ဆက်ရှင်သန်ရပါ့မလဲ ...
ဘ၀က နေချင်စရာ မကောင်းတော့ပြီ.....
"မေသူ "
သူမတုန်လှူပ်ချောက်ခြားစွာ ခံစားမှူမဲ့စွာ သူ့မျက်ဝန်းဆီ လှမ်းကြည့်လိုက်သည်

"ကိုယ်တို့ နောက်ကလေးတစ်ယောက် ထပ်ယူုကြမယ်လေ....နော်
သိပ်ပြီးခံစားနေရတယ်ဆိုတာ ကိုယ်သဘောပေါက်ပါတယ်...
ဒါပေမဲ့ သူ့ကို ကိုယ်တို့ပြန်ရနိုင်တော့တာမှမဟုတ်တာ....."

ဟင့်အင်းးးးသူလေးကိုဆုံးရှူံးလိုက်ရပြီလို့ သူမကိုယ်တိုင် ခက်ခဲစွာ ကြိုးစားယုံကြည်ရဦးမှာ..
သူ့စကားသံတွေကို သူမအလွန်မုန်းပါသည်....သူ့မျက်နှာမှာ ထူးထူးခြားခြား အစ်မို့နေ၏
သူလဲငိုထားသည်ထင်ပါ့...သူမကျေနပ်သွားသည်...နောက်ဆုံးတော့ သူမလိုချင်တဲ့
ကလေးအတွက် သူမျက်ရည်တော့ကျ ရသေးသည်ပဲလေ......

"ကိုယ့်ကိုကွာရှင်းပေးလို့ရမလား...."

"ဘာ..ဘာပြောတယ် ..မေသူ'

"မောင်..ကိုယ့်ကိုကွာရှင်းပေးပါလို့ ကိုယ်တောင်းဆိုနေတာ...."

သူနောက်သို့ အနည်းငယ်ယိုင်သွားသည်..သူ့ပုံကတုန်လှူပ်ခြောက်ခြားနေဟန်ရှိ၏
သူမကျေနပ်ပါသည်...ဒါ သူ့ဆီကသူမပြန်ရမည့်လျှော်ကြေးဖြစ်သည်..

"နိုးးးလုံးဝမဖြစ်နိုင်ဘူး ဘေဘီ..မင်းကိုမောင် ဘယ်လောက်ချစ်တယ်ဆိုတာ
မင်းသိရဲ့သားနဲ့...."

မိန်းမကိုပဲချစ်တတ်ပြီး ကိုယ့်ရင်သွေးကိုမချစ်တတ်တဲ့ ယောက်ျားမျိုး..
ကိုယ်အလိုမရှိဘူးမောင်..။

"ကိုယ်လုံးဝကွာရှင်းမပေးနိုင်ဘူး...မေသူ....မင်းကိုကိုယ်ချစ်လို့ ယူခဲ့တာ..
မင်းဟာတသက်လုံး မောင့်မိန်းမပဲဖြစ်ရမယ်....."
သူခြေလှမ်းကျဲကျဲနှင့် အခန်းပြင်သို့ ထွက်သွား၏..
တံခါးစောင့်ပိတ်သံ သူမရင်ထဲအထိဒိုင်းခနဲစောင့်တိုးသွားလေသည်။
ထိုနေရာမှ အငွေ့အဖြစ်ပျောက်ဆုံး လိုက်ချင်ပြီ...
ဘယ်သူမှမမြင်နိုင် တဲ့နေရာတစ်ခုမှာ ရှိုက်သာငိုလိုက်ချင်ပြီ...
သူမရှိတဲ့ဘ၀မှာ သူမဘာကိုမှမလိုချင်တော့..။

အခန်း(၅)
.....................................
မောင်
အဲဒိနေ့က ကိုယ်ငိုနေခဲ့တယ်
တိမ်တွေကပြောတယ်
အဲဒါ သူ့ မျက်ရည်တွေတဲ့....
................................................

မိုးစက်မိုးပေါက်များက သူမကိုယ်ပေါ်သို့ တဖြောက်ဖြောက်ကြွေဆင်းနေသည်။
မိုးရေစက်များကြားက ကြေကြေကွဲကွဲ ခံစားငိုကြွေးနေသော ဒီအမျိုးသမီးကို
ဘယ်သူမှအထူးတလည် ဂရုပြုမိမှာမဟုတ်ပါ...မိုးရေစက်များနှင့် သူမမျက်ရည်များက
ရောထွေးနေကြသည်ပဲ...ဂျိမ်းခနဲမိုးချိန်းသံက သူမရင်ထဲသို့ ဆောင့်တိုးလိုက်လေသည်။
နာကျင်မှူဖြင့် ဒယိမ်းဒယိုင် ဖြစ်နေသော သူမခြေလှမ်းများကို ဘယ်လိုမှ ထိန်းချုပ်မရနိုင်ပါ။
ဆေးရုံမှ ဘယ်သူမှမမြင်အာင် သူမခိုးထွက်လာခဲ့သည်...
သူမသိပ်မုန်းတဲ့ သူ့ အရိပ်ဆီမှ အဝေးဆုံးသို့ ထွက်ပြေးမည်..
သူဘယ်တော့မှရှာမတွေ့နိုင်တဲ့ နေရာတစ်ခုဆီကိုပေါ့........
သူမရှေ့က မြစ်ရေက အဆက်မပြတ် တသွင်သွင် စီးဆင်းနေဆဲ......
လူရှင်းသောနေရာ တစ်ခုကိုသူမရွေးချယ်လိုက်သည်...ထို့နောက် မြစ်ကမ်းနှင့်
့ရေကိုခြားထားသော လက်ရန်းကို သူမခွကျော်လိုက်ပြီး အစွန်းထွက်နေရာလေးမှာ
သူမရပ်သည်။ လက်တစ်ဖက်မှ လက်ရန်းကို သေချာဆုပ်ကိုင်လျှက်..
ဒီလက်ကို ဖြေချလိုက်ရင် ကိုယ် မြစ်ထဲကျသွား နိုင်တယ် မောင်...
မဝေးတော့တဲ့ အချိန်တစ်ခုမှာ ဒီမြစ်ရေနဲ့ ဘယ်အထိသူမမြောပါသွားမလဲ....
ဟိုးးးမိုးကုပ်စက်ဝိုင်းအထိလားးးဒါမှမဟုတ်ပင်လယ်ထဲထိလားးးး
သူမသေဆုံးမှာရော သေချာရဲ့လားးသေခြင်းတရားရဲ့တဖက်မှာ ဘာတွေရှိလဲ...
ထိုသို့ ဘယ်တုန်းကမှ သူမမတွေးခဲ့ဘူးပါချေ..။
စီးနေသော မြစ်ရေကိုကြည့်ရင်း သူမ မူးနောက်ရီဝေလာသည်။
တကယ်တော့ မောင်က အက်စစ်ဝိုင်တစ်ခွက်ဖြစ်ခဲ့သည်..ဒါဆို သူမက ၀ိုင်သောက်သူပေါ့........
ဝိုင်ရဲ့ ရစ်မူးဖွယ် ခံစားချက်လေးကို တပ်မက်မောရင်း လောင်ကျွမ်းတတ်ခြင်းကို
မေ့လျော့နေတတ်သူ......ရစ်မူးရီဝေခြင်းမှ ရုန်းမထွက်မီ သူမတကိုယ်လုံး လောင်ကျွမ်းပြာကျစေခဲ့ပြီ
မောင်က ချစ်သာချစ်ပြီး လက်မထပ်သင့်သောလူတယောက် ဖြစ်သည်...
ကိုယ်မောင့်ကို မုန်းပါရစေ...မောင့်ကိုနာကျင်စေချင်ပါသည်..
ကိုယ်သေဆုံးသွားလျှင် မောင်ဘယ်လိုခံစားရမည်လဲ...သိချင်လှသည်...
ကိုယ့်ရင်သွေးလေး အတွက် ကိုယ်ခံစားရသလို မောင်လဲ ကိုယ့်အတွက် ခံစားစေရမည်..
ဒါ မောင့်ဆီမှ ကျမရစရာ လျှော်ကြေးဖြစ်သည်..။
သူမက လက်ရန်းဆုပ်ကိုင်ထားသော လက်ကို တဖြည်းဖြည်း ဖြေလျော့ချလိုက်တော့သည်။။။
...................................

အခန်း(၆)
...................................

တခါက မောင်နှင့်ကိုယ် ကြယ်ကြွေညကို ခံစားခဲ့ဘူးပါသည်..
ကြယ်လေးကြွေတော့ မောင်နှင့်ကိုယ် အတူတူတောင်းဆု ပြုခဲ့ကြသည်။။။
ပြီးတော့ မောင်ကမေးသည်..

"ဘာဆုတောင်းလဲမေသူ"

"အင်း..မောင်ရယ်..ကိုယ်ရယ်....ကိုယ်တို့သားသမီးလေးရယ်....အတူတူရှိနေရပါစေလို့"

မောင်ကကိုယ့်ခေါင်းကို ခပ်ဖွဖွ အုပ်ကိုင်လိုက်သည်...
ကလေးငယ်တစ်ယောက်လိုမျိုးးးးကိုယ်ပျော်ရွှင်ခဲ့ဘူးပါသည်..

"မောင်ရော...ဘာဆုတောင်းလဲ...."

'"မေသူ့ ကို အမြဲ ချစ်နေရပါစေလို့လေ....."

"တကယ်...."

အဲဒိတုန်းက................ကိုယ် တကယ့်ကို ကျေကျေနပ်နပ် ရယ်မောခဲ့ဘူးပါသည်။
......................................................................................................................................

ပြီးပါပြီ။

4 comments:

မေဇင် said...

ဟာ...ဘယ်လိုဇတ်သိမ်းလိုက်တာလဲ..ဟင့်ဟင့် ...သူသေသွားလားဟင်... မောင် နဲ့ နောက်ထပ် ကလေး ယူလို့ ရသေးတယ်လေ... ဘာလို့ မောင် ကရင်သွေးလေး ကိုမချစ်တာလဲ.... 1 ကိုပြန်သွားဖတ်ဦးမယ်...။ စာရေး တကယ်ကောင်းတယ် ရွှေယွန်းရယ်....း)များများ ဆက်ရေး...

ခင်တဲ့
မေဇင်

မျက်မှန်လေး said...

ဘာဖြစ်သွားတာလဲဟင်။။
သူသေသွားသလား
ရင်နင့်အောင်ေ၇းတတ်ပါပေ့

Yu Ya said...

ကောင်းလိုက်တာဗျာ မရွှေယွန်းရယ်... အရမ်းနဲ့ချစ်တတ်ရင် အခြားတစ်ဖက်မှာ အရမ်းနဲ့ မုန်းသွားနိုင်တယ်ဆိုတာကို သတိထားမိစေပါတယ်။
ဒါကြောင့် ဘ၀တွေဆိုတာ အချစ်သက်သက်နဲ့ တည်ဆောက်တာထက် မေတ္တာဖြင့် တည်ဆောက်သော ဘ၀တွေက ပိုမိုတည်တန့်ခိုင်မြဲစေမယ်လို့ ယုံကြည်မိပါတယ်။

yu ya

မြစ်ကျိုးအင်း said...

ထူးခြားတဲ့ ချစ်ခြင်းဖွဲ့ ဇာတ်လမ်းလေးတပုဒ်ပါပဲ....။
ခံစားချက်ကို ဦးစားပေးလွန်းတဲ့ မိန်းခလေးတယောက် အကြောင်းပေါ့
အနည်းငယ်သာ စိတ်ရှည်ပြီး လက်တွေ့ကျကျတွေးတတ်ခဲ့ရင် သာယာတဲ့
အနာဂတ်ဘ၀ကို ပိုင်ဆိုင်ရလိမ့်မယ်လို့ ဆက်တွေးဖြစ်တယ်...။
ကိုယ့်ကိုကိုယ်သတ်သေတဲ့လူတွေကို ကျွန်တော်ကတော့ မနှစ်သက်ဘူး
ရှင်သန်ခြင်းမှာ ဖြစ်နိင်ခွင့်တွေ အများကြီးရှိတယ်မဟုတ်လား...။
ဒီဝတ္ထုလေးအတွက်ကတော့ ရသတခုကျန်ခဲ့တဲ့ ၀တ္ထုတိုလေးလို့ မှတ်ချက် ပေးချင်ပါတယ်...။ရသတခုခုပါတဲ့စာတိုင်း နှစ်သက်ပါတယ်...။
စာတပုဒ်မြန်မြန်တင်ဘို့ထက် ရသ တခုခုပါအောင် ကြိုးစားတာ ပိုကောင်းတယ်လို့ စေတနာ သန့်သန့်နဲ့ အကြံပေးပါတယ်...။
အဲဒီလိုစာမျိုး ဘယ်အချိန်ပြန်ဖတ်ဖတ် တန်ဖိုး မလျော့ပါဘူး...။

About me

Blogger templates