Jul 15, 2009

ကျမလေးစားရသော သတင်းထောက်တစ်ဦး

လေးစားသမှူနှင့် သူ့ကိုကျမ ဆရာဟုခေါ်ပါရစေ...
လေးစားထိုက်သော သူ၏စိတ်ဓာတ် ..သူ၏ပညာ..သူ၏အတွေးအခေါ်အယူအဆများ
ကျမတို့အတွက် တစ်နာရီလောက်သူနှင့်စကားပြောကြည့်လျှင် (ယူတတ်လျှင်ရမည့်)
သူဆီက အဖိုးတန်အသိပညာများ....

သူကတော့ အခြားသူမဟုတ်ပါ ..မိုးမခသတင်းစာမှ သတင်းထောက် ကိုလောအယ်စိုး ဖြစ်ပါသည်
ကျမ ဆရာ့ကိုအင်မတန် လေးစားမိပါသည်..
မိုးမခတွင် ဆရာ့ဆောင်းပါးပါလာလျှင် ခင်ပွန်းသည်နှင့်ကျမ ဖတ်ဖြစ်အောင်ဖတ်ကြသည်။
လုပုံက ပိန်ပိန်ပါးပါး..စကားပြောလျှင် နူးညံ့ပြီးယဉ်ကျေးသိမ်မွေ့စွာ ပြောတတ်သည်။
ဆရာ့စကားအသုံးအနှုန်းများက လေးနက်ပြီးအနက်ကို လိုရင်းနှင့်ထိထိရောက်ရောက်ရှိလှသည်။
အမူအရာယဉ်ကျေးသိမ်မွေ့ ပြီး အေးအေးဆေးဆေးရှိလှသည်..ဆရာသည် စာအုပ်စုစောင်း
ရသည်ကိုဝါသနာပါသည်ထင်၏။ သူ့ နေအိမ်သူ့အခန်းတွင် စာအုပ်စင်လေးကိုသပ်သပ်ရပ်ရပ်လေးတွေ့
ရ၏...စာအုပ်များကိုသပ်ရပ်သေချာစွာ ပလတ်စတစ်ကာဘာဖုံးထားသည်။ ကျမတို့နေရာတွင်
မြန်မာစာအုပ်များ အလွယ်မရနိုင်ပါ.ဖတ်ချင်လျှင် မြန်မာပြည်မှ ဈေးကြီးပေးပြီး ပြန်မှာဝယ်ရသည်
ရသလောက်မှာဝယ်ကာ သူဆောင်းထားသည်မှာ ကျမအထင် အုပ်ရေ၃၀၀ခန့်ရှိမည်။
ကျမအဖို့ ထိုစာအုပ်စင်လေးကိုတွေ့ရသည်မှာ ရေငတ်တုန်းရေတွင်းထဲ ကျသည့်နှယ်..။
ဆရာထံတောင်းဖတ်တော့ ကျမအတွက် ပထမဆုံးဆရာနေ၀န်းမြင့်ရဲ့ အိမ်ကလေး၁၆လုံးစာအုပ်နှင့်
ဆရာမဂျူးရဲ့  တိမ်နှင့်ချည်တဲ့ကြိုး..စာအုပ်၂အုပ်ပေးဖတ်ပါတယ်..
ခင်ပွန်းသည်အတွက်တော့ ဆရာရွှေဥဒေါင်းရဲ့ စာအုပ်အထူကြီးတစ်အုပ်ပေးပါတယ်.
ဆရာက ကျမတို့အိမ်ကိုလာလျှင် သူ့ဘ၀အတွေ့အကြုံများအကြောင်း၊သူနှစ်သက်သောစာရေးဆရာများအကြောင်း
ဘာသာရေးအကြောင်းနှင့် ယခုလက်ရှိကြုံတွေရသော လူနေမှူစရိုက် စသဖြင့်စီကာပတ်ကုံးပြော
ပြတတ်သည်။ ဆရာနှငိ့စကားပြောရတာ စိတ်ဝင်စားဖွယ်ကောင်းသလို အသိပညာလဲတိုးပါသည်

"သြော်..လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကျတော့ကို ဘယ်သူမှမသိဘူးဗျ...."
ဆရာဆိုလိုသည်မှာ သူယခုလိုသတင်းထောက်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ထင်ထားပုံမရချေ။
ဆရာအရည်အချင်းနှင့် ဒီအလုပ်သင့်တော်လှပါသည်။
ကျမကတော့ ဆရာ၏နာမည်ရချင်စိတ် မရှိပုံကို လေးစားရပြန်ပါသည်။

(ဆရာ့စကားကြားတော့ နာမည်လိုချင်သည့် မိတ်ဆွေတစ်ယောက်ကို
မဆီမဆိုင် သွားသတိရမိသေးသည်။ သူကပြောသည်..နာမည်ကြီးချင်လျှင် လူသိများသော
ဝက်ဆိုက်ဒ်တွင် သူငယ်ချင်းအကူအညီဖြင့် စာများကဗျာများ တင်မည။်
ပြီးလျှင်ဘလော့တစ်ခုဖွင့်ပြီး လူသိများသည့်နိုင်ငံရေးဘလော့တစ်ခုတွင် သူ့၏ဘလော့ကို
တင်လိုက်ခြင်းဖြင့်နာမည်ရနိုင်သည် ဟုဆိုသည်။ ကျမသူ့ ကိုကြည့်ရင်း ဘာမှမပြောနိုင်ပဲ
ပါးစပ်အဟောင်းသားဖြစ်ရသည်။ နာမည်တစ်လုံးရဖို့ လွယ်လိုက်သည့်ဖြစ်ခြင်း။)

ပြီးတော့ဆရာက စာရေးဆရာကြီးနေ၀န်းမြင့်ကို သိပ်လေးစားလွန်းလို့ နေထိုင်ရာအရပ်ကို
အရောက်သွားတွေ့ခဲ့သည့်ကြောင်း ၊ တက္ကသိုလ်တက်စဉ်က အင်္ဂလိပ်စာကို လေ့လာခဲ့ပုံများကိုပြောပြသည်။
ဆရာသည် အမှန်တရားကိုမြတ်နိုးသူဖြစ်၏ ။
မည်သူ့ကိုမဆို အရေးအကြောင်းဆိုလျှင် ရေဆုံးမြေဆုံးလိုက် ကူညီပေးတတ်သူဖြစ်သည်။
ဆရာသည် မြန်မာ ကရင် အင်္ဂလိပ် သုံးဘာသာကို ကောင်းကောင်းတတ်ကျွမ်း၏ ။
ထို့ပြင် ပညာရဲရင့် ပွဲလည်တင့် ဆိုသည့်အတိုင်း မိမိလူမျိုးများအတွက် ပြောရဲ ဆိုရဲရှိပြီး အားကိုးရပါသည်။
စာအရေးအသားကောင်းသလို စကားပြော အင်မတန်ကောင်း၏။
စကားပြောကောင်းသလို စိတ်ထားကလဲကောင်းပါသည်။
ကျမတို့ဇနီးမောင်နှံကို ညီအကိုမောင်နှမလို အမြဲသွန်သင်လေ့ရှိသည် ။
သူပြောသည့်စကားတစ်ခွန်းကို ကျမစိတ်ထဲစွဲစွဲမြဲမြဲ ရှိလှသည်။

"ဘ၀ဆိုတာ တနေ့တာ တနေ့တာ သေးသေးလေးတွေကို ပေါင်းစပ်ထားတာ..
အဲဒိတနေ့တာလေးတွေကို အဓိပါယ်ရှိရှိတန်ဖိုးရှိရှိုဖြတ်သန်း နိုင်ဖို့ပဲလိုတယ်
ကိုယ့်အိမ်ထောင်ဘက်ကိုပဲဖြစ်ဖြစ် လူတွေနဲ့ ဆက်ဆံရင်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့မေတ္တာကိုပြပါ..
အဲဒါ အကောင်းဆုံးတန်ဖိုးရှိအောင်နေခြင်းပဲ"

ဆရာနှင့်အသိမိတ်ဆွေ ဖြစ်ရခြင်း ။ရင်းနှီးရခြင်းမှာ ကျမအတွက် အင်မတန်ဝမ်းသာပီတိဖြစ်ရပါသည်။
နောက်ထပ် ဆရာ့လိုလူမျိုး မိတ်ဆွေဖြစ်ခွင့်ရှိလျှင် ရချင်ပါသေး၏။

1 comment:

မေဇင် said...

အင်း လေးစားစရာကောင်းတဲ့ လူ တစ်ယောက်ပဲနော်..ယွန်းရေ...။ ဆရာ့ စကားလေး တွေကို အဲ့လို တစ်လုံးစ နှစ်လုံးစ ဖြစ်ဖြစ် ပြန်ပြောပြတာလဲ...ထိရောက်တာပါပဲ..။

There was an error in this gadget

About me

Blogger templates