Jul 19, 2009

အက်စစ်ဝိုင်



အခန်း(၁)
..................

ဘယ်သူသိနိုင်မှာလဲ
နာကျင်နေတဲ့ နှလုံးသားက
ရှင်သန်ခြင်းတွေကို

မျှော်လင့်ချက်ကြိုးမျှင်မျှင်လေးနဲ့

သယ်ပိုးထားရတယ်ဆိုတာ..
.....................


"မေသူဇော်"
သူနာပြုဆရာမတစ်ယောက်တွက်လာပြီး သူမနာမည်ကိုခေါ်လိုက်၏
ဟော...အလှည့်ရောက်ပြီထင်..ထိုင်ခုံလက်တန်းကိုကိုင်လျှက် လေးပင်စွာထလိုက်သည်
ကိုယ်တွင်သယ်ပိုး ထားရသောကိုယ်ဝန်ကို တယုတယ မကိုင်လျှက်။

"ခင်ပွန်းသည်မပါဘူးလား" ဟုဒေါက်တာကမေးသည်။သူမရင်ထဲ စစ်ကနဲနာကျင်သွား၏
"ဟင့်အင်း "
သူမအသာအယာခေါင်းခါသည။် ဒေါက်တာက သူမဗိုက်ကိုဖြေးညင်းစွာစမ်းလျှက်

"ဘာလေးလိုချင်လဲမေသူ"

"ဘာလေးပဲဖြစ်ဖြစ်ချစ်ရမှာပေါ့ ဒေါက်တာရယ်..ဘာပဲဖြစ်ဖြစ်အရေးမကြီးပါဘူး"

ဒေါက်တာက သူမအဖြေကိုသဘောတကျပြုံး၏

"အမျိုးသားကရော ဘာလေးလိုချင်သလဲ.."

သူမမျက်ဝန်းတွင်နာကျင်ရိပ် တို့လွှမ်းသွား၏

"ဘာပဲဖြစ်ဖြစ် သူလဲချစ်မှပါ.."

ယောင်ဝါးဝါးနှင့် စကားလုံးများ အဆီအငေါ်မတည့်စွာထွက်သွား၏ ။
ဒေါက်တာကသူမကိုတချက်လှမ်းကြည့်ပြီး လုပ်စရာရှိတာကို ဆက်လုပ်နေသည်။
ချစ်ရသောခင်ပွန်းသည်နှင့် တစ်အိမ်တည်းနေသည်ဆိုသော်လည်း မဆုံဖြစ်တာကြာပြီ
စကားမပြောဖြစ်တာလဲ ကြာပြီ။ သူမကအမြဲ အခန်အောင်းနေတတ်တာများသည်
လက်ထပ်ခါစနေ့များတွင် သူမဘ၀ကအရမ်းပျော်စရာကောင်းခဲ့သည်။
သူသာသူမရဲ့ ဘ၀........
သူသာသူမရဲ့ တစ်ဦးတည်းသော ချစ်သူခင်ပွန်း.......
သူ့ ပျော်ရွှင်ခြင်းက သူမရဲ့ ပျော်ရွှင်ခြင်းတွေဖြစ်သည်။
သူကထိုင်ဆိုထိုင်..ထဆိုထ..သူ့ အလိုကျ အရာရာ ငြိမ်သက်ခဲ့တာ အဆိပ်မရှိတဲ့သိုးငယ်လိုမျိုး..
သူမရင်သွေးလေးရလာတော့ သူမသိပ်ပျော်ခဲ့ရသည်.အဲအချိန်တုန်းကရော...
သူသိလျှင်ပျော်လိမ့်မည်ဟု သူမအကြွင်းမဲ့ ယုံကြည်ထားခဲ့ဖူးပါသည်.။

"ကဲ..ကိုယ်ဝန်ဆောင် အားတိုးဆေးကိုကောင်တာမှာ ထုတ်သွားပါ..ကလေး
အခြေအနေအားလုံးကောင်းတယ်..အခု၅လထဲရောက်ပြီဆိုတော့..အသွားအလာအနေအထိုင်
ဂရုစိုက်ပါ..နောက်ဆိုလရင့်လာတော့မှာ.."

ဒေါက်တာပြောသောစကားများကို လိုက်မှတ်သားရင်းသူမပျော်နေသည်..ယခုချိန်မှာတော့
ဒီရင်သွေးလေးက သူမရဲ့ဘ၀..သူမရဲ့အသက်ရှင်ရပ်တည်မှူ ဖြစ်တာခဲ့ပြီမို့...။

အခန်း(၂)
...............

မောင် သိရဲ့လားဟင်
မောင့်စကားတစ်ခွန်းက
ကိုယ့်ရဲ့ အနာဂတ် အိပ်မက်တွေဆိုတာ..
..........................

"ကိုယ်..ကလေးမလိုချင်သေးဘူးမေသူ..မင်းလဲသိရဲ့သားနဲ့..ကိုယ်လွတ်လွတ်လပ်လပ်နေချင်သေးတယ်
နောက်၅နှစ်လောက်မှ ယူကြရအောင်နော်..မေသူ.."

"ဒါဆိုအခုကရော...'"

သူမအထိတ်တလန့်နှင့် မေးသည်။

"အခုဒီကလေးကို...."

"ဟင်းအင်းးဆက်မပြောပါနဲ့တော့...တော်ပါပြီ..ကိုယ်မကြားရဲလို့ပါ..."

ဒါဖခင်တစ်ယောက်ရဲ့ ပါးစပ်ကထွက်လာတဲ့ စကားတွေတဲ့..အိုးးရက်စက်လိုက်တာ...
ရင်သွေးလေးရယ်..သူရယ်..ကိုယ်ရယ်ဆိုတဲ့ ကိုယ်မျှော်လင့်ခဲ့တဲ့ ဘ၀လေးး။
ကိုယ့် အနာဂတ်အိမ်မက်တွေကို ရိုက်ချိုးရက်လေခြင်း။

ထိုစဉ်ကကြားရသောစကားတို့ကို သူမမယုံနိုင်စွာ ဆွံ့အနေခဲ့သည်
ဒါသူ့နုတ်ဖျားမှ ထွက်လာသောစကားလုံးများဖြစ်သတဲ့...။သူမအတွက်အိပ်မက်ဆိုး တစ်ခုသာ
ဖြစ်လိုက်ချင်တော့သည်။
မဟုတ်ဘူးးး အားယုတ်လျှော့ရဲစွာ...ငြင်းမိသည်
လက်ထဲမှ ဖတ်လက်စစာအုပ်ကို သူမအာရုံ မရ...
"ဟင်းး"
သက်ပြင်းသဲ့သဲ့ချရင်း ခေါင်းကိုမော့ကာစဉ်းစားတွေဝေနေ၏
သူပြောခဲ့သောစကားများကို ပြန်တွေးရင်းသူ့အားနာကျည်းရမလား...ဝေခွဲရခက်နေသည်
ဘာပဲဖြစ်ဖြစ် ဒီရင်သွေးကို မရရအောင်မွေးမည်..သူထံမှဒီလိုကြားရသောနေ့မှစကာ
သူမ သူ့ အနားကိုမကပ်တော့။ ပျော်ရွှင်ဖွယ်အတိ ဟောအိမ်လေးမှာ တိတ်ဆိတ်ငြိမ်သက်စွာ
တည်ရှိနေသည်။ သူမဘာသာ အခန်းအောင်းနေတတ်တာများသည်။ အရင်ကလို
သူ့အကြင်နာတွေက သူမအတွက်မချိုမြနိုင်တော့။ သူနှင့်သူမအကြား ဖြိုမရသောတံတိုင်းတစ်ခု
သူကိုယ်တိုင် ဖန်တီးခဲ့ပေပြီ ။ မကြာလိုက်သော အချိန်လေးအတွင်း ဘ၀တစ်ခုမှာ
ခြောက်သွေ့စွာ အဓိပါယ်မဲ့ခဲ့ရလေပြီ ။

အခန်း(၃)
............
မောင်
အချစ်ကြီးလို့

အမျက်ကြီးတတ်မှန်းသိအောင်

မျက်လုံးလေးတစ်ချက်တော့
ဝင့်ကြည့်ခွင့်ပေးးပါ
....................

လေးပင်နေသော သူမကိုယ်သူမ ထိန်းရင်း လှေကားအတိုင်းခပ်ဖြေးဖြေးတက်လာခဲ့သည်။
သူပြန်လာပြီထင်၏ ။ တံခါးသော့ဖွင့်သံ..ပြန်ပိတ်သံ...အိမ်ထဲဝင်လာသော ခြေသံသဲ့သဲ့
သူမကြားနေရသည်။သူနှင့် မျက်နှာချင်းမဆိုင်ချင်ပါ။
လှေကားကို ခပ်သွက်သွက်တက်ပြီး အခန်းအောင်းနေရန် ကြံလိုက်သည်..။
ခြေသံသည် တဖြေးဖြေးနီးကပ်လာပြီး လှေကားရင်းတွင်ရပ်သွား၏ ။
"မေသူ"

နောက်ပါးဆီမှခေါ်သံ
"......"

"အိပ်တော့မလို့လားး"

"...."
"ကိုယ်အိပ်ခန်းထဲလိုက်ပို့မယ်"

"မလိုပါဘူးးမေသူကိုယ့်ဘာသာသွားနိုင်ပါတယ်.."

"ဘယ်ဟုတ်မလဲ...ကိုယ့်ရင်သွေးလေးကို ကိုယ်ဂရုစိုက်ပါရစေ..နော်.."

သူမ မဲ့ကာပြုံးသည်။ သူမမျက်နှာပေါ် သရော်ရိပ်တို့ ဖြတ်ပြေးသွား၏။

"ဘာစိတ်ကူးပေါက်လာပါလိမ့်နော်...မောင်က ဒီကလေးကို ဂရုစိုက်ဖို့ သတိရသေးတာကိုးး"

"အဲလိုမပြောပါနဲ့ မေသူရယ်..ဒါကိုယ့်ရင်သွေးလေးလေ..."

"မောင်..နေရောကောင်းရဲ့လားးးစိတ်တွေကယောက်ကယက်ဖြစ်နေတယ်ထင်ပ့ါ..
မောင်တို့ ယောက်ျားတွေ ကိုယ်နားမလည်နိုင်တော့ဘူး"

"မေသူ ကိုယ့်ကို စိတ်ဆိုးနေတာလား"

သူမဘာမှပြန်မပြောပဲ သူ့ကိုခပ်စိမ်းစိမ်းစိုက်ကြည့်နေ၏။
သူ့ ကို နာကြည်းနေမိပြီ..။မျက်ဝန်းမှမျက်ရည်များ ရစ်ဝိုင်းလာကြ၏ ။
အချိန်လွန်သွားခဲ့ပြီ..သူမနှလုံးသားက နာကြည်းစိတ်နှင့် တဆတ်ဆတ်တုန်ခါသလို..
သူမ လည်ချောင်းထိတစ်ဆို့လျှက်...အသက်ရှူလို့ပင်မ၀တော့..။

"ကျေးဇူးပြုပြီးးမောင်ထွက်သွားပေးပါ..ကိုယ်နဲ့ဝေးဝေးနေပေးပါ..
တောင်းပန်ပါတယ်..."

"အိုကေ..ကောင်းပါပြီ..ကောင်းပါပြီ.."

သူမကိုထိတော့မလိုဟန်ရှိသော သူ့လက်နှစ်ဘက်ကို လေတွင့်ဝှေ့ရမ်း ရုတ်သိမ်းလိုက်သည်
ထို့နောက် လှေကားမှ တစ်ထစ်ခြင်း..တစ်ထစ်ခြင်းး သူဆင်းသွားသည်
သူထွက်သွားချိန်မှ သူမစိတ်တို့ကိုလျှော့ချလိုက်သည်။
သူမစိတ်တို့ကိုလျှော့ချလိုက်သည့်အချိန်တွင် သူမတကိုယ်လုံးသည် အရုပ်ကြိုးပြတ်လဲကျသွားခဲ့လေတော့သည်..
သူမနောက်ဆုံးသိလိုက်သည်က သူမလှေကားပေါ်မှ ဒလိမ့်ခေါက်ကွေးးလဲကျ..
သူ၏ စိုးရိမ်တကြီးခေါ်သံ...
ထို့နောက် အားလုံး တိတ်ဆိတ် မှောင်မိုက်စွာ...လွှင့်မြောလျှက်......။

ဆက်ရန်.....

3 comments:

Yu Ya said...

အက်စစ်ဝိုင်ကို စောင့်ဖတ်နေပါတယ်ဗျာ..

yu ya

Anonymous said...

သယ်ရင်းလေးးးးးးးးးးးးးးးး
ဆက်ရန်မျှောနေတယ်နော်

ချစ်တဲ့
မြူးလေး

စည်သူ said...

အောင်မယ်လေး
ကြာက်စရာကြီးပါလား
ကွာရှင်းပေးပါတဲ့....

မလုပ်လိုက်ပါနဲ့
မဖြစ်နိုင်ဘူး....ဟီးဟီး.။

ခင်မင်စွာဖြင
စည်သူ။့်

There was an error in this gadget

About me

Blogger templates