May 4, 2009

သူ





သူဆိုတာ..
ကျမအပေါ်အမြဲခွင့်လွှတ်နားလည်ပေးတတ်သူ...
ကျမရဲ့ အမှားတွေအပေါ် အမြဲအကောင်းမြင်တတ်သူ...
ကျမရှူံးနိုမ့်ချိန်တွေမှာဘေးမှာအမြဲရှိသူ...
ကျမလဲကျတဲ့အချိန်မှာအမြဲထူမပေးခဲ့သူ...
ကျမနေမကောင်းတဲ့အချိန် လက်ကိုခပ်တင်းတင်းဆုပ်ကိုင်အားပေးတတ်သူ....

ပြီးတော့..
ကျမကိုသိပ်တန်ဖိုးထားတတ်သူ...

သူနဲ့ ကျမ အခက်အခဲတွေကို အတူတူကျော်ဖြတ်ခြဲ့ကဘူးတယ်..
ငွေမျက်နှာ တစ်ခုတည်းကြည့် အလွယ်တကူအထင်သေးတတ်တဲ့လူတွေရဲ့ အကြည့်တွေ
ကြုံခဲ့ရင်လဲ ကျမရှေ့က ရင်ကိုကော့ပြီး မားမားမတ်မတ်ကာကွယ်ပေးတတ်တယ်..

ကျမကို ကလေးတစ်ယောက်လို အမြဲအလိုလိုက်တတ်ပြီး လူကြီးတစ်ယောက်လို
ဆုံးမတတ်တယ်။ အမြဲပျော်ပျော်နေတတ်ပြီး ကျမကိုလဲသူ့ လိုပျော်ပျော်နေတတ်စေ
ချင်တယ်။ ဘာလို့ လဲဆိုတော့ ကျမက အမြဲစိတ်ညစ်နေတတ်လို့  လေ။

စကားကိုဘုကလန့် ပြောပြီးသူ့ အပေါ်မကြာမကြာစိတ်ကောက် တတ်တဲ့ကျမကို
နားလည်ပေးတတ်သလိုကြည့်နေတတ်တယ်။ကျမ ဘ၀မှာ ပျော်စရာတွေ သိပ်နည်း
ခဲ့တာ သူသိနေခဲ့သလိုပဲ။

အမြဲ လူတွေကိုခွင့်လွှတ်ပေးနိုင်အောင်သင်ပေးရင်း ကျမဘာလိုချင်လဲဆိုတာကျမကိုယ်တိုင်
သိအောင် လမ်းပြပေးခဲ့တယ်..။ဘာလို့ လဲဆိုတော့ ကျမဟာ စိတ်ထိခိုက်လွယ်ပြီး လမ်းစပျောက်
တတ်လွန်းလို့ ။

သူ့ လက်ကိုတွဲပြီး ဘ၀ကိုစခဲ့တုန်းကဆို ကျမလက်တွေက ခိုင်မြဲပါ့မလားဆိုတဲ့ သံသယ တစ်ဝက်
ယုံကြည်ချက်တစ်ဝက် လွန်ဆွဲနေခဲ့ကြတယ်။ ကျမရဲ့ မိဘအသိုင်းအ၀ိုင်းနဲ့  ပတ်ဝန်းကျင်က
လူတွေရဲ့ စိန်ခေါ်တဲ့ အကြည့်တွေထဲမှာ ကျမစိတ်တို့  သိမ်ငယ်နေခဲ့သလိုပဲ။

မျက်စိစုံမှိတ်ပြီး သူခင်းတဲ့လမ်းမှာ ယုံကြည်ချက်တစ်ခုနဲ့ ခပ်ရဲရဲလျှောက်ခဲ့ပြီးတဲ့အခါ
ကျမ သူ့ လက်ကို ခပ်တင်းတင်းတွဲထားခဲ့ ပြီးပြီ။
ရှေ့မှာပန်းခင်းတဲ့လမ်းလား..ဒါမှမဟုတ်..ချောက်ကမ်းပါးများလား..။

အားလုံးက ကျမအတွက်ချောက်ကမ်းပါးတစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတယ်။
ဒါပေမဲ့ ကျမအတွက်သူက ကံကောင်းခြင်းတွေ ဖန်ဆင်းပေးခဲ့ပြန်တယ်။

သူ့ ဆံပင်ရှည်ရှည်တွေက သူ့ ကိုပတ်ဝန်းကျင်ကလူဆိုးတစ်ယောက်လို့ ထင်ယောင်ထင်မှား
ဖြစ်စေခဲ့ပါသလား။ ဒါ အနုပညာသမားတစ်ယောက်ရဲ့ ရူးသွပ်မူလို့  ကျမတော့နားလည်ပေးလို့ ရရဲ့ ။
သူ့ ဆံပင်တွေကို ကျမသိပ်ချစ်တာလဲ ပါမှာပေါ့လေ။

တခါတလေဂစ်တာတီးတဲ့အခါဝဲကျနေတတ်တဲ့ သူ့ ဆံပင်တွေက ကျမအတွက် ကဗျာတပုဒ်လား...
အိမ်မက်တစ်ခုလေလား....
ဘာပဲဖြစ်ဖြစ်အဲဒိ အိမ်မက်တွေကို ကျမဆက်မက်နေဦးမှာ....
သေချာနေလေရဲ့ ...။
..........................................................................................
(သူ့ အတွက် အမှတ်တရ ရေးပါသည်)

4 comments:

မြစ်ကျိုးအင်း said...

ဘာပဲ ဖြစ်ဖြစ်ချစ်တော့မယ် ဆိုပါတော့ ကောင်းပါ့ဗျာ..
အရေးအသားလေးတွေ ပိုပြီးပိုပြီး ကောင်းလာပါတယ်.
...ခင်မင်သောအားဖြင့်...

ဖိုးဂျယ် said...

အိုးးးး ကံကောင်းစေတဲ့ သူပဲ
ဆက်လက် လက်တွဲ ပျော်ရွှင်နိုင်ပါစေဗျာ

ခင်မင်လျှက် ဖိုးဂျယ်

မိုးစက်အိမ် said...

သူ နဲ. ထာဝရ လက်တွေ မြဲပါစေ လို.
ဆုတောင်းပါတယ် ခင်ဗျာ...

Anonymous said...

ဟေ့ယွန်း..
ဆေားရီးနော်....နောက်ချင်လို့ အောက်ကတယောက်က
thz bro လို့ ရေးထားတာကိုကြည့်ပြီးနောက်လိုက်တာပါ
နောက်လဲခေါ်မယ်ခုလဲခေါ်မယ်....အမြဲကျွေးပါ့မယ်လာသာစားသွားသိလား
အင်းးးးးးးးးးလက်တွဲဖော်ကြီး.အကြောင်းဖတ်သွားတယ်နော်
တော်လိုက်တာစာတွေဘယ်ကရေးသင်တာလဲဟင်
လုပ်ပါအုံးလာသင်ရအုံးမယ်

About me

Blogger templates