အမေ
အဝေးရောက်နေတဲ့သမီး
အမေ့ကိုလွမ်းတယ်...
ဘ၀မှာ
အခက်အခဲကြုံတွေတဲ့အခါ
အမေ့အရိပ်မှာ
အပူအပင်ကင်းခဲ့တာကို
သတိရမိတယ်
နာကျင်စရာတွေတွေ့ တဲ့အခါ
တချိန်က
အမေ့ရင်ခွင်မှာ
ရယ်မောပျော်ရွှင်ခဲ့တာကို
ပြန်တမ်းတမိတယ်
အရှုံးတွေနဲ့ ရင်ဆိုင်ရရင်လဲ
အရင်ကလို
အမေ့ရဲ့ နွေးထွေးမူမျိုး
တကြိမ်တခါလောက်
ပြန်ရချင်သေးရဲ့ 
ဘ၀မှာ
ရိုးသားတတ်အောင်
သင်ပေးခဲ့တဲ့
အမေ့စေတနာတွေကို
သိလာတဲ့အချိန်မှာ
သမီးဟာအမေနဲ့ 
အဝေးဆုံးအရပ်ကိုရောက်နေခဲ့ပြီ..။
(mother day အမှတ်တရ)
4 comments:
ယွန်းရေ..........
ရောက်တယ်သိလား
ကဗျာဖတ်သွားတယ်နော်
အရမ်းကောင်တာပဲ
အမေနဲ့ အမြန်ဆုံးတွေ့ ဆုံပါစေလို့ 
မြူးဆုတောင်းပေးပါတယ်
ကျနော်တို့လည်း အမေ့ကို လွမ်းပါရဲ့ ရွှေယွန်းရယ်
ကျနော်လည်း အမေ့ကို လွမ်းတယ်
ယွန်း ...
ကဗျာလေးဖတ်ပြီး အမေ့ကို ပိုပြီး လွမ်းလာတယ်ဗျာ ...
အဝေးကို ရောက်နေသူချင်း ခံစားချက်ချင်း အတူတူပဲ ထင်ပါတယ် .. အိမ်ပြန်ချင်လာပြီ ယွန်းရယ် .
Post a Comment