May 23, 2009

နတ်မင်းကြီးများမနေနိုင် - (၂)


ဒီလိုနဲ့ဆေးရုံကပြန်လာတဲ့ကျမတို့လေးလေးဟာအိမ်ကို ညနေလောက်မှပြန်ရောက်လာတယ်
ရောက်လာတာကလဲ ရိုးရိုးပြန်လာတာမဟုတ်ပဲ သိုင်းကွက်နင်းပြီးလာလေရဲ့ ။
တူတွေတူမတွေကလဲမုန့် ဖိုးရတော့မယ်ဆိုပြီး ပျော်လို့ ရွှင်လို့ ..။
သူ့ နားမှာဝိုင်းဝိုင်းလည်လို့ ။


(သူကမူးလာရင်မုန့် ဖိုးပေးတတ်တာကိုး)


ပြီးလဲပြီးရော သူ့ လုပ်ငန်းစတော့တာပဲ..။


"ဒီမှာ ...ခေါင်းရင်းခန်းက နတ်တွေ..ကျုပ်အမေကို ဒူးကွဲအောင်လုပ်တာ ဘယ်သူလဲ...
မှန်မှန်ပြောနော်...မပြောရင်အကုန်လုံးအိမ်ပေါ်ကဆင်းရမယ်...
ကျော်အေးတဲ့ ..တအေးထဲရှိတယ်...
ရတနာသုံးပါးကလွဲလို့  ဘယ်ဟာမှမကိုးကွယ်ဘူးမှတ်...
နတ်စိမ်းဆိုတာမျိုးက တကောင်မှကောင်းကောင်းသေတာမပါဘူး...
သူများသတ်လို့ သေပြီးအယူတိမ်းတဲ့ဟာတွေချည်းပဲ....ဘာလို့ ရှိခိုးရမှာလဲ..."


နတ်ရုပ်ကြီးတွေကလေးလေးကိုပြူးကြောင်ကြောင်ကြည့် နေကြတယ်။တုပ်တုပ်မျှမလူပ်ရဲကြဘူး။


"အရောင်တွေ ကကြောင်ကြောင်ကျားကျားနဲ့ ။လူတွေ စိတ်အနှောင့်အယှက်ဖြစ်အောင်
လူတွေကြောက်အောင် အနီရဲရဲတို့ ..အနက်မှောင်မှောင်တို့ ဝတ်ပြီး မျက်လုံးကပြူးနေသေး
အမေကြောက်ပေမဲ့ ကျူပ်မကြောက်ဘူးဗျ......."


နတ်ရုပ်ကြီးတွေရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းအော်နေလေသည်။ကလေးများကတော့
သူ့ ကိုဂရုမစိုက်ကြ။ကြုံရပါများသောကြောင့် ရိုးနေကြလေပြီ။


"လူဆိုတာနတ်ထက် ဘုန်းရှိတယ်..ဘာလို့ ရှိခိုးရမှာလဲ..
ဒီလောက်ပူဇော်ပသနေတာတောင် ကျုပ်အမေကို ခြေထောက်ဖြစ်အောင်လုပ်သေးတယ်
အမေကပြောတယ်...သူ့ ကိုနတ်ကိုင်တာတဲ့...အမေနတ်ကရိုင်းဆိုပဲ...
အေး...အဲလောက်တောင်ကိုင်ချင်တဲ့နတ်...ကျော်အေးကိုလာကိုင်ကြည့်စမ်းပါ...
ဘာဖြစ်သွားမယ်ထင်လဲ...
ကျုပ်အမေကိုကိုင်တဲ့နတ်..အိမ်ပေါ်ကဆင်းပေတော့..."


ဟုဆိုကာ နတ်ရုပ်များတစ်ခုခြင်းလိုက်ဖြုတ်ကာ ပုံးအလွတ်ထဲထည့်ပြီးလမ်းထိပ်အမိုက်
ပုံသို့ ပို့ လိုက်လေတော့သည်။အမိုက်ပုံထိပ်တွင် နတ်ရုပ်များထိုးထိုးထောင်ထောင်နှင့် ။
လေးလေးက နတ်ရုပ်များမရှိသောအခါ စင်အလွတ်များပါ ဖြုတ်ပစ်လိုက်တော့၏။
ဒေါ်လေးကသူ့ အစ်ကိုမို့ မပြောရဲပဲလွှတ်ထားလိုက်ရသည်။
သို့ ပေမဲ့ မိန်းမသားပေမို့  နဲနဲတော့ကြောက်နေပုံရ၏။နေ့ချင်းပင်ကျမတို့မောင်နှမ
များကိုနေအိမ်အသီးသီးသို့ ပြန်ပို့ ပြီး သူပါကျမတို့ အိမ်သို့ ရောက်လာတော့သည်။


ကျမတို့ မှာကလေးသာသာလေးငါးတန်းသာရှိသောကြောင့် လူကြီးတွေလာဖြစ်နေလဲ
ဲစိတ်မ၀င်စားပဲဆော့ လို့ ကောင်းတုန်း။ဒီလိုနဲ့ ကျောင်းတွေ ပြန်ဖွင့်ပြီးကျောင်းပြန်တက်ရင်း
ထိုအကြောင်းကိုမေ့မေ့ပျောက်ပျောက်ရှိသွားခဲ့လေသည်။နောက်နှစ်နွေရာသီပြန်
ရောက်တော့အဖွားအိမ်ကို ပြန်သွားလည်တဲ့အခါဘုရားစင်ဘေးမှာ ဘာနတ်စင်မှမရှိတော့။
နောက်တခုကကျမတို့ လေးလေးလဲအရက်မသောက်တော့။
လေးလေးက အဲအကြောင်းပြောတိုင်း အမြဲပြုံးနေလေ့ရှိတယ်။
တူတွေ တူမတွေက နတ်အစွဲကြီးတဲ့အဖွားကိုဘယ်လိုလုပ်လိုက်
လဲလို့ ဝိုင်းမေးတဲ့အခါလေးလေးကအမေနတ်ပြန်ကိုးကွယ်ရင်ကျတော်လဲ
အရက်ပြန်သောက်လိုက်မယ်လို့ ပြောလိုက်ကြောင်း
အပြုံးပြုံးကြီးပြောပြလေတော့သည်။ဒီလိုနဲ့ လေးလေးရဲ့ နတ်တိုက်ခိုက်ရေး
စီမံကိန်းကြီးအောင်မြင်သွားခဲ့လေ၏။
*********************************************


(အပျော်သဘောနှင့်ရေးခြင်းဖြစ်ပါ၏..ဘယ်သူ့ ကိုမှမရည်ရွယ်ပါ..တိုက်ဆိုင်မူရှိလျှင်ခွင်လွှတ်ပါရန်)

3 comments:

မြူးသျှရီ said...

သယ်ရင်းလေး နတ်မင်းကြီးများအကြောင်ဖတ်သွားတယ်

မျက်မှန်လေး said...

ဟဟ...ရီရတယ်။ အမေလဲနတ်မကိုးကွယ်တော့ဘူး. သားလဲအရက်ပြတ်
ဘယ်လောက်ကောင်းလိုက်သလဲနော်

Anonymous said...

ဒါမျိုးတွေ ရေးသင့်တယ်။ လူတွေ အယူမှားနေ ကြတာကို တဖက်တလမ်းက ပြုပြင်ပေးတဲ့စာကို အားပေးပါတယ်

About me

Blogger templates