Jul 5, 2009

စိတ်ဝင်စားရင် အမြန်ဆက်သွယ်နိုင်သည်

အားလပ်ရက်လေးအိမ်မှာနေရတာ ခပ်ပျင်းပျင်းရှိတာနဲ့ အင်တာနက်လေးဖွင့်ပြီးရုပ်ရှင်ကြည့်ဖို့ ကြံလိုက်တယ်....ဘာရယ်တော့ ဟုတ်ပါဘူးးးး.............

ဒီလိုနဲ့ ရုပ်ရှင်လေးတွေရွေးရင်း အချိန်လေးလဲကုန်စေရင်းပေါ့်...မင်းသားမင်းသမီးအသစ်
တွေကလဲများလိုက်တာဆိုတာ....တစ်ရပ်ကွက် တစ်ယောက်နုန်းနဲ့များ ရိုက်နေရော့ကလားလို့
ဒီလိုနဲ့ ရွေးရင်း ရွေးရင်း တနေရာရောက်တော့ သွားတွေ့ တယ်...ပြေတီဦး နဲ့ သက်မွန်မြင့် တဲ့..
အခုတလော ပြေတီဦးက နာမည်ကြီးနေတယ်ဆိုပဲ...ဇာတ်ကားနာမည်က ရင်ခုန်သံထပ်တူ



ဘာရယ်တော့ဟုတ်ဘူးးးးကြည့်ရင်း တနေရာရောက်တော့ မင်းသမီးနဲ့ သူ့ အဖေလုပ်သူစကားပြော
တဲ့ဇာတ်ဝင်ခန်းလေးအရောက်.... ကျမမှာရယ်ရမလို ငိုရမလိုနဲ့လေ...
သူငယ်ချင်းတို့ ကြည့်ကြပါဦးးးး...
မင်းသမီးနဲ့ သူ့ အဖေဟာ အရပ်တကာလှည့်ပြီး မျက်လှည့်ပြစားရင်း နေရာလေးတခုမှာ အမောဖြေ
နားနေရင်းပြောတဲ့စကားလေးတွေပါ..

သမီး ။ ။ ဒီညသမီးတို့ ဘယ်မှာသွားအိပ်ကြ မလဲ..

အဖေ ။ ။ ဗုဒ္ဓဘုရားက တို့သားအဖကိုပစ်မထားပါဘူးကွယ်...ဘုရားကျောင်းကန်တွေမှအများကြီးပဲ
ဒါကိုအားမရသေးဘူးဆိုရင် နိုင်ငံတော်ရဲ့ အထောက်အပံ့နဲ့တောင် နေလို့ရတယ်

သမီး ။ ။ ဟင်...ဘာလဲအဖေ နိုင်ငံတော်ရဲ့ အထောက်အပံ့ ဆိုတာ..

(အဲမှာ အဖေလုပ်သူက ဘာပြန်ပြောလိုက်လဲ ဆိုတော့....)

အဖေ။ ။ နိုင်ငံတော် တံတားကြီးတွေ လမ်းးးမကြီးးးတွေပေါ့..သမီးရဲ့....

အမ်..
ကျမကြည့်နေရင်းနဲ့ ငိုအားထက် ရယ်အားသန်ဆိုသလိုပါပဲ..
သူတို့ ပြောတဲ့ပုံက အိပ်စရာနေစရာမရှိရင် ဘုရားကျောင်းကန်ဇရပ်တွေ မှာလိုက်နေလိုက်အိပ်ရမဲ့ပုံပဲ...
ဒါမှ အားမရသေးဘူးဆိုရင်နိုင်ငံတော်ရဲ့ အထောက်အပံ့ဖြစ်တဲ့
လမ်းမကြီးးတွေနဲ့ တံတားကြီးးတွေအောက်မှာ အိပ်လို့ရသေးတယ်ဆိုပဲ...
တော်တော်လဲနောက်တဲ့ လူတွေ...ဒါနဲ့ မှတ်မိအောင်လို့ နှစ်ထပ်ကြည့်လိုက်သေးတယ်..
(နှစ်ထပ်ကြည့်မှ မှတ်မိမယ်ဆိုလို့ပါ)
(အဟဲ...မဆိုးဘူးနော်...နိုင်ငံတော်အထောက်အပံ့လေးးးစိတ်ဝင်စားရင်အမြန် ဆက်သွယ်လိုက် :D)

9 comments:

မေလေး said...

ယွန်းရေ
စိတ်ဝင်စားရင်အမြန်ဆက်သွယ်ဆိုလို့ ရုံးရောက်ရောက်ချင်းပြေးလာတာဝေးးမဆိုးဘူးကွ။တို့နိုင်ငံတော်တော်တိုးတက်နေတယ်နော်။ဟိဟိ

မြူးလေး said...

ဟေးးးးးးးးးးးးးးးးးးးး
ဆက်သွယ်လိုက်မယ်လေ
ကူညီပါရစေကိုလားဟဟ

ချစ်တဲ့
မြူးလေး

မျက်မှန်လေး said...

ယွန်းရေ။ အေးလေ။ကျေးဇူးတရားကြီးမားပေစွ။
သာဒု သာဒု...နာနာထု

မေဇင် said...

ဟဟဟ ရီရတယ် သိလား..ဟုတ်သားပဲ ...တို့မှာ နိုင်ငံတော် ရဲ့ အထောက်အပံ့တွေ မှ အများကြီး...အဲ့ တံတားအောက် သွားနေမိလို့ အခန့်မသင့်ရင်တော့ တံတားပြိုကျနိုင်တာက လွဲရင်ပေါ့ လေ..။

rose of sharon said...

တကယ့်ကိုရီစရာကြီးဘဲ...

မြစ်ကျိုးအင်း said...

အေးလေယွန်းရဲ့ အခုလည်း နိင်ငံတော်ရဲ့
အထောက်အပံ့နဲ့ နေတဲ့သူတွေ အများကြီး
ဖြစ်နေပြီလေ..
နောက်ဆို ဒီ့ထက်တောင် များလာအုံးမှာ မြင်ယောင်သေးတယ်...။

Anonymous said...

ဟုတ်တာပေါ့။ဟားဟား

Anonymous said...

ဒီထက်မကတော့ဘူး

Unknown said...

သူအားကိုယ်သလိုအားကိုယ်ကြည့်လေ

About me

Blogger templates