Jul 8, 2009

ဖြစ်ရလေ

ငယ်ငယ်လေးကတည်းက ညီအမလိုပေါင်းဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
သူက နဲနဲရယ်ရပါတယ်..အဲ..ရယ်ရတယ်ဆိုတာအခြားနောက်ပြောက်တတ်တာမျိုး
မဟုတ်ပဲ သူ့ ပင်ကိုယ်စတိုင်က အူတူတူနိုင်တတ်သူပါ...သေသေချာချာပေါင်းကြည့်
ရင်စိတ်သဘောထားကောင်းပြီး ဖြူစင်ပါတယ်...
အိမ်ထောင်မကျခင်အထိ သူမက
ကျမအိမ်ကိုမကြာခဏ လာတတ်ပါတယ် ..တခါတလေ ညအိပ်ညနေ နေတတ်တယ်...
တခါကသူမကအိမ်လာလည်ရင်းညအိပ်ပါတယ်...ဒေါ်လေးကသူ့အတွက် အခန်းလွတ်
တခုမှာ အိပ်ရာပြင်ပေးခဲ့တယ်။(အရင်လာလည်ရင်လဲ သူမအဲ့အခန်းမှာ အိပ်နေကျမို့ပါ)
ဖြစ်ချင်တော့ သူမလာခင်တပတ်လောက်က ဒေါ်လေးက လက်ဆောင်ရလာတဲ့ 
နာမည်ကြီး ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း ပိုစတာ၂ခု၃ခု
ကိုအခန်းနံရံမှာကပ်ထားလိုက်တယ်..(လွှင့်ပစ်ရမှာ နှမြောလို့ထင်ပါရဲ့ )
ဒီလိုနဲ့ ညကျတော့ ကိုယ့်အခန်းကိုယ်ဝင်ပြီးအိပ်ကြတာပေါ့...
ခက်တာက ည၂နာရီလောက်လဲကျရော သူမကစောင်ကို တကိုယ်လုံးပတ်ပြီး
ကျမအခန်းထဲပြေးလာပါတယ်...ကျမကအလန့်တကြားဝင်လာတဲ့သူမကိုကြည့်ပြီးး
ဘာဖြစ်လာတာလဲမေးတော့ဘာမှမပြောပဲ တုန်တုန်ရီရီနဲ့
"ငါနင်နဲ့ပဲအိပ်တော့မယ်နော်..ဘာဖြစ်တာလဲဆိုတာတော့
မနက်ကျမှပဲပြောတော့မယ်" လို့ပြန်ပြောတယ်..ဒါနဲ့ကျမလည်း ဘာဖြစ်မှန်းမသိ
ဘာမှမမေးတော့ပဲကြောင်တောင်တောင်နဲ့ပဲ အိပ်ရာဝင်ခဲ့တယ်...မနက်ကျတော့
သူ့မကို မေးရတယ်...သူမကဒီလိုပြန်ဖြေပါတယ်..
"အဲဒိအခန်းမှာကပ်ထားတဲ့ ဘောလုံးသမားကိုကြောက်လို့"...တဲ့လေ..
ကျမကိုယ့်နဖူးကိုယ်ပြန်ရိုက်ပြီး သေပြီဆရာလို့သာ အော်လိုက်ချင်တော့တယ်..
ဒီလောက်ချောတဲ့
နာမည်ကြီး ကမ္ဘာကျော် ဘောလုံးသမား ကိုမှကြောက်ရလားလို့မေးတော့
"သူ့ ပိုစတာတွေက ငါ့ကိုဝိုင်းကြည့်နေသလိုပ"ဲ လို့မျက်နှာငယ်လေးနဲ့ပြောရှာတယ်..
ကျမသူမကို စိတ်မဆိုးရက်တော့ပါ...

**************************

ဝေးသွားတော့လဲ သူမနဲ့ကျမ နဲ့ဖုံးနဲ့ဖြစ်စေ၊ အွန်လိုင်းကဖြစ်စေမကြာမကြာ
စကားပြောဖြစ်ကြတယ်။ ဒီလိုနဲ့တနေ့က သူမနဲ့ကျမ စကားပြောရင်း မိုက်ကယ်ဂျက်ဆင် အကြောင်းရောက်သွားပါတယ်..ကျမကစကား စ,လိုက်တယ်...

ကျမ။ ။သေရှာပြီဟယ်..သနားပါတယ်

သူမ၊။ ။ ဘယ်သူလဲ..

ကျမ။ ။ မိုက်ကယ်ဂျက်ဆင်လေ..

သူမ။ ။ သူကနင့်အသိလားး

အမ်...ကျမသူမေးခွန်းကြောင့် ကြောင်တောင်တောင်ဖြစ်သွားပြီးမှ သဘောပေါက်လိုက်သည်။
အဲမှာ စ တွေ့ ပြီဟု..။

သူမ။ ။အဲဒိနာမည်ကြားဘူး သလိုလိုပဲ...

ကျမရယ်ချင်စိတ်နှင့်ရောကာဒေါပွသွားသည်..နာမည်ကြီး ကမ္ဘာကျော်
အဆိုတော်ကိုသူမ မသိဘူးဆိုတော့..စိတ်မှာလဲ ဘုတောချင်လာသည်..

ကျမ။ ။ အေးလေ သူနဲ့ငါက အိမ်နီးချင်းးး တရပ်ကွက်ထဲနေတာ..ငါကနယူးယောက်မှာ
သူက ကယ်ရီဖိုးနီးယားက...

သူမ။ ။ ဟုတ်လားးး
(တအံ့တသြ ရေရွတ်သံ)

ရယ်ချင်စိတ်ကို မြိုသိပ်ရင်း ကျမဆက်ပြောလိုက်သည်။

ကျမ ။ ။ အေးးလေ..သူငယ်ချင်းတွေလေ...သူအဆိုတော်ဖြစ်တော့ ငါတောင်မမွေးသေးဘူး။

အဲဒိကျမှ သူမ ရယ်ပါတော့သည်...ကျမ ဘုတောနေမှန်းးသူသဘောပေါက်သွားလေပြီ။။
နောက်မှ ခပ်ရှက်ရှက်နှင့် ပြန်ပြောသည်။

သူမ။ ။ ဟွန်းးးမိန်းမ ငယ်ငယ်ကအကျင့်မပျောက်သေးဘူးးး

ကျမရယ်မောမိသည်...တနေ့တနေ့မိသားစု အတွက်စီးပွားရှာနေရသော သူမအား
နာမည်ကြီး ကမ္ဘာကျော်တွေမသိရကောင်းလားဟု ကျမအပြစ်မတင်ရက်ပါ...
ကျမစိတ်မဆိုးရက်တော့ပါ...၊။။။။

6 comments:

Anonymous said...

ယွန်းလေး
ရီသွားတယ် သနားပါတယ်နော်
မြူးလေးမှာတော့အဲ့လိုသူငယ်ချင်းမျိုးမရှိဘူး
ယွန်းနဲ့ တွေ့ ရင်မိတ်ဆက်ခိုင်းမယ်သိလား

ခင်တဲ့
မြူးလေး

Anonymous said...

သနားပါတယ်ဗျာ..

rose of sharon said...

ရိုးသားတဲ့သူငယ်ချင်းလေးပေါ့နော်...

မေဇင် said...

အဲ့ဒီ သူငယ်ချင်း နေရာမှာ နောင့် ဖြစ်ဖူးတယ်...။ နောင့် ကတော့ မိုက်ကယ်ဂျက်ဆင် ကိုတော့ သိပါရဲ့ ဒါပေမယ့် သူငယ်ချင်း ပေါင်းပြတဲ့ အင်္ဂလိပ်လို မိုက်ကယ်ဂျပ်ဆင် ကို သေချာ မပေါင်းပဲ နဲ့ ဘယ်သူလဲ ငါမသိဘူး ဆိုတော့ သူငယ်ချင်းက ကမ္ဘာကျော် အဆိုတော်လေ တဲ့..။ နောင့် က ကမ္ဘာကျော်တာ ငါ မသိဘူး လို့ မြန်မာနိုင်ငံမှာ ကျော်ရင်တော့ သိမယ်ဆိုတော့...သူငယ်ချင်း ကဆဲပြီး ထွက်သွားတယ်....။း) ဟိဟိ..

မေလေး said...

အဟီးးးသူနဲ့မေလေးနဲ့သိပ်တော့မကွာဘူးး ဟိုနေ့ကမမက မိုက်ကယ်ဂျက်ဆင်က မိန်းမနဲ့ ကွဲနေတာ ကလေးကနှစ်ယောက် နောက်တစ်ယောက် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ လာပြောတာ မေလေးက ဘာမှသိဘူး။သူစိတ်တိုသွားတယ်။ မိုက်ကယ်ဂျက်ဆင်တော့ သိပါရဲ့။သူအကြောင်းမသိဘူး။ သီချင်းဆိုတယ်ဆိုတာဘဲသိတယ်။
သယ်ရင်းလေးကိုအမြဲခင်နေမဲ့
မေလေး

မြစ်ကျိုးအင်း said...

အားတဲ့အချိန်လေးမှာ အချိန်ရသလောက် စာဖတ်ပါလို့ အကြံပေးပေါ့..။
အဲလိုသူငယ်ချင်းတွေ ကျွန်တော့်မှာလည်းရှိတယ်ဗျ...လူစုံပြီဆိုကျန်တဲ့သူတွေ
ပါးစပ်မပိတ်ရတော့ဘူး...။ကျွန်တော်က အစအနောက်က သန်သန်ရယ်
ရုပ်တည်နဲ့ကျပ် တတ်တော့ ကျန်တဲ့သူတွေ ရယ်နေရတာပဲ...။
အဲလိုလူတွေကိုပဲ လူပိုခင်လေ့ရှိကြတယ်ဗျ...။

About me

Blogger templates