Jul 9, 2009

မလိမ်ပေါင်

အချိန်ကတော့ စစ်ပြီးခေတ်..
အဘစံတစ်ယောက် လှည်းကိုခပ်သွက်သွက်မောင်းလာသည်။
အခြားမြို့မှ ကုန်ကူးပြီးပြန်လာခြင်းဖြစ်၏

ခေတ်ကာလ မကောင်းသောကြောင့် လမ်းတွင်အနားမယူပဲ မောင်းလာခဲ့တာတောက်လျှောက်...
ညနေစောင်းအချိန် ဖြစ်တာကြောင့် နားလို့မကောင်းပေ..တော်ကြာစစ်သားများနှင့် တိုးလျှင်မလွယ်..
တွေးနေတုန်းရှိသေး ရှေ့တွင်စစ်ကင်းတပ်တစ်ခုနှင့် တိုးလေတော့သည်..
ရှောင်လို့မရတာကြောင့် တည့်တည့်ဝင်ရပ်ပေးလိုက်သည်...

"ဟေ့...ရပ်စမ်းးးလှည်းပေါ်မှာဘာတွေပါလဲ.."
ရှေ့မှစစ်သားကသေနတ်နှင့်ချိန်ပြီးမေးသည်။

"ဘာမှမပါပါဘူးခင်ဗျာ...အိမ်အတွက် သနပ်ရယ်၊ဗုံးရယ်၊ဆန်ရယ် ပါခင်ဗျာ.."

"ဘာ...ဘာပြောတယ်..အဖိုးကြီးးလှည်းပေါ်ကဆင်းပြီးးမှောက်စမ်း..."

စစ်သားများအလျှင်အမြန် သေနတ်နှင့်ဝိုင်းချိန်ထားလိုက်သည်..
အဘစံလှည်းပေါ်တွင် သေနတ်များ၊ဗုံးများ ပါလာသည်ဟု ထင်သွားဟန်ရှိသည်..
အဘစံမြေပေါ် ၀ပ်ပေးနေစဉ် အဘစံ၏လှည်းကိုစစ်သားများ ရှာဖွေနေကြ၏

"အဖိုးကြီး..ဘယ်မှာလဲပြောစမ်းးးခုနပြောတဲ့ သနပ်ရယ်၊ဗုံးရယ်၊ကျည်ဆန်ရယ် ဆိုတာ...."
ထိုအခါ အဘစံပြန်ပြောလိုက်သည်မှာကားးး

"လှည်းပေါ်မှာပါခင်ဗျာ...သနပ်သီးသနပ်ရယ်...ဆီဗုံးရယ်...ဆန်အိတ်ရယ်ပါ..
ကျနော်မလိမ်ပါဘူးးဗျာ"
..........................................................

2 comments:

Anonymous said...

မန့်လို့ရပြီ

ယွန်း said...

မန့်လို့ရပြီလားးးးဗျို့
ရရင်ကြောင်းးးးပြန်နော်.....

About me

Blogger templates