Jul 15, 2009

အဖြူရောင် ကိုက်ခဲမှူ




ဘ၀က ရိုးရှင်းချင်ပေမဲ့

စိတ်တွေက မရိုးရှင်းဘူး


တခါတလေ

ကိုက်ခဲမှူတွေ

အလိုမကျမှူတွေနဲ့ ..ပြည့်....။

တကယ်ပါ........

တခါတရံမှာ

သိုးငယ်တစ်ကောင်လို

ငါ...

ရိုးသားချင်လိုက်တာ..
အမေ့ရင်ခွင်မှာ

ရှင်သန်ခဲ့ဘူးတဲ့

အပူအပင်ကင်းခဲ့တဲ့

နေ့စွဲတွေလိုမျိုးးးး ။ ။

5 comments:

Yu Ya said...

ကဗျာလေးဖတ်ပြီး ပြန်ငယ်ချင်သွားပါတယ်ဗျာ.. သူငယ်ပြန်ချင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် .. အဟီး။

yu ya

Anonymous said...

ယွန်းလေးလာဖတ်တယ်
ကောင်းတယ်

ချစ်တဲ့
မြူးလေး

မေဇင် said...

အကောင်းဆုံးကတော့ အမေ့ ရင်ခွင်ထဲက ဘ၀ပေါ့ ယွန်းရယ်..။

ဏီ(န်)ကင်း said...

တသက်လုံးမှအမေ့ရင်ခွင်မှာဆိုးနွဲ့နေလို့မရဘူးလေ။သို့ပေသိတခါတလေတော့တမ်းတမိသားဗျာ။

neking said...
This comment has been removed by a blog administrator.

About me

Blogger templates