
ညတိုင်း
ခုနှစ်စဉ်ကြယ်တွေ အမူုးလွန်လို့
ကျွမ်းထိုးမှောက်ခုံ လဲချိန်ရောက်မှ
လွန်းထိုးပြီး ကမ်းကပ်လာလေ့ရှိတဲ့
အိမ်ဦးနတ်ကို
ရင်ဝကအပူတွေနဲ့ ခြံဝကစောင့်မျှော်နေရတဲ့အမေ
နေ့တိုင်း
ပုံအော ပြန့်ခင်းထားခဲ့တဲ့ မေတ္တာများအပေါ်
အဖေ့ရဲ့ အတိုင်းဆမဲ့ထိုးအန်လာတတ်တဲ့
နင်ပဲငဆ အန်ဖတ်များကို
မညည်းမညူ
ဘ၀နဲ့ ကျုံးယူနေရတဲ့အမေ
အချိန်တိုင်း
တစ်ဘ၀လုံးလောင်မြိုက်နေမဲ့
မိသားစု ၀မ်းမီးအတွက်
မောင်တထမ်း ပျက်ခဲ့ပေမဲ့
မယ်တစ်ရွက် မပျက်ခဲ့တဲ့အမေ
အမေ့ဘ၀ဟာ
နောက်ကြောင်းပြန်ရစ်ကြည့်လို့မရတော့တဲ့
ယုဂန်စွန်းကနေလုံးနီနီကြီးလို
အမေရယ်.......
လင်ဆိုးတစ်ယောက်ရဲ့မယားးး
ဒီလိုနဲ့ပဲ
မီးစာကုန် ဆီခန်းသွားခဲ့တာ
ကြာ....ခဲ့.....့ပြီ..။ ။
ရေးသားသူ။ ။ကိုစစ်(တောင်ညို)
6 comments:
ယွန်းရေ
ကဗျာကောင်းလေး လာရောက်ခံစားသွားပါတယ်။
ယွန်းရေးထားတာ မှန်လိုက်တာကွယ်။
ဝေးးးးးးးးးးးးးးးးးးး
မှန်လိုက်လေနော်သယ်ရင်းလေး
အွန်လိုင်းမှာလဲတခါမှမတွေ့ ဘူး
ဘယ်ပျောက်နေလဲဟ
ချစ်တဲ့
မြူးလေး
ရွှေယွန်းရေ... အရက်သမား မယား ဆိုလို့ ...ကြောက်ကြောက်နဲ့ လာဖတ်တာ ကဗျာလေး ကောင်းတယ် ယွန်းရေ..။ တကယ်မှန်တယ်..။
အရက်..အရက်..အရက်... = မကောင်း...မကောင်း...မကောင်း...
ဒါပေမယ့် “အရက်”က ရှေ့ ကလာပြီး “မကောင်း”က နောက်ကလာတယ်နော်။ တကယ်လို့များ “မကောင်း”က ရှေ့ ကလာရင် “အရက်” သောက်တဲ့လူ မရှိတော့မှာဆိုးလို့နဲ့ တူတယ်။
ကျေးဇူးတင်စွာဖြင့်
yu ya
အစ်မရေ ကိုစစ်(တောင်ညို) ရဲ့ ဘလော့ရှိလားမသိဘူး
အရမ်းထိမိပါတယ်
Post a Comment