Jul 18, 2009

ဇူလိုင်(၁၉) အာဇာနည်နေ့



နှစ်စဉ် အာဇာနည်နေ့ကို ရောက်လာပြန်ပါပြီ...
ဒီနေ့ တနေ့တာဟာ ခြောက်သွေတိတ်ဆိတ်လို့ နေတယ်..
ကျမရင်ထဲ မြန်မာပြည်ကို သတိရလာမိတယ်...ဒီအချိန်ဆိုရင်...မိုးတွေများရွာနေမလားးရယ်လို့..
အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားရိုသေစွာဖြင့် စိတ်ထဲက
၁မိနစ်လောက် ငြိမ်သက် အလေးပြုလိုက်မိတယ်..




လွမ်းဆွတ်ဖွယ် ခံစားချက်လေးက ကျမရင်ထဲ အသာအယာလေးစီးဆင်း လာသလိုမျိုးပဲ..
လွန်ခဲ့တဲ့ ၆၂နှစ်တုန်းက ဗိုလ်ချုပ်ကို ချစ်တဲ့ပြည်သူတွေ ဒီအချိန်ဆို ကြေကွဲငိုကြွေးနေလောက်ရဲ့..
တိုင်းပြည်ရဲ့ အနာဂတ်တွေ ပျက်စီးပြိုကျခဲ့တဲ့ ဒီနေ့.....
ပြည်သူချစ်တဲ့ ပြည်သူတွေရင်ထဲက လေးစားဂုဏ်ယူချစ်မြတ်နိုးရသော
ပြည်သူ့ ခေါင်းဆောင်တွေ ကျဆုံး သွားခဲ့ရတဲ့ဒီနေ့..ဘယ်တော့မှမမေ့တော့တဲ့ ဒီနေ့....
ကျမရင်ထဲ မွန်းကြပ်ပြီးး ယူကျူံးမရ ဖြစ်လာတယ်..
လွန်ခဲ့တဲ့ ၆၂နှစ်က ပြည်သူတွေလဲ ယခု ကျမခံစားရတဲ့ ခံစားမှူမျိုး ထက်...ဆိုးတဲ့ ခံစားမှူမျိုးးး
လူတိုင်းခံစား နေခဲ့ရမယ်ထင်တယ်..
တကယ်လို့ အာဇာနည်ကြီးတွေသာ ဒီနေ့မှာ မကျဆုံးခဲ့ရင်..............
ကျမတို့ တိုင်းပြည်ဟာ အခုချိန်မှာ ဘယ်လို အခြေနေများး ရှိနေမှာပါလိမ့်....
ကျမတို့ အားလုံးရော အမိတိုင်းပြည်ကို စွန့်လို့  အခြားတိုင်းပြည်တစ်ခုမှာ နေထိုင်ဖို့ စိတ်ကူးပေါ်ခဲ့ပါမလားးး
ထားပါတော့လေ..............
ယခုကို ကြည့်ကြရအာင်....
ဒီနေ့ ...ကျမတို့တိုင်းပြည် အခြေအနေအရ နောင်လာမယ့်
မြန်မာပြည်က မျိုးဆက်သစ်တွေကရော ...........
အာဇာနည်နေ့ ဆိုတာ သိပါဦးမလားးး
တန်ဖိုးးးထားးတတ်ပါ့မလားရယ်လို့ ဒီခေတ် ဒီအခြေနေနဲ့ စိုးရိမ်စိတ်ဖြစ်မိတာ အမှန်ပါပဲရှင်...

5 comments:

Yu Ya said...

ရွှေယွန်းနဲ့ ထပ်တူထပ်မျှ စိုးရိမ်မိပါတယ်ဗျာ...

ကျေးဇူးတင်စွာဖြင့်
yu ya

Anonymous said...

ယွန်းလေး
ယွန်းလေးနဲ့ထပ်တူခံစားမိတယ်
ခေတ်အဆက်ဆက် နဲ့ ခုချိန်ထိ
အာဇာနည်ကြီး များကို အလေးလာပြုတယ်
သယ်ရင်းလေး

ချစ်တဲ့
မြူးလေး

မေဇင် said...

ဟုတ်တယ် နောင့် လဲ စောစောထပြီး ဘုရားရှိခိုး မေတ္တာပို့ပြီး ဘလော့လည်ပြီး .... စိတ်ထဲမကောင်းဘူး... အမှတ်တရ ရေးပေးတဲ့လူတွေကိုလဲ ခေါင်းဆောင်ကြီးများနဲ့ အတူ အလေး ပြုပါတယ်..။

kyalkalay said...

လာဖတ်ရင်းနဲ့ကျဆုံးလေပြီးသော
အာဇာနည်သူရဲကောင်းအပေါင်းကိုဂါရဝပြုပါတယ်
ကောင်းကင်ဘုံကကြယ်ပွင့်တွေပါo
ဘယ်တော့မှမကြွေတဲ့ ကျနော်တို့နှလုံးသားထဲမှာ
အစဉ်ထာဝရထွန်းတောက်နေဦးမယ့်ကြယ်ပွင့်တွေပဲပေါ့ဗျာ

မျက်မှန်လေး said...

ခုလော အလုပ်တွေများနေလို့ညီမလေးရေ...
ဖတ်ဖြစ်တာတွေကိုမန့်ခဲ့တယ်

About me

Blogger templates