Jul 26, 2009

အမေ





"အမေ"တဲ့..
ဒီစကားလေးရေရွတ်မိရင် ကျမရင်ထဲ ဘာမှန်းမသိတဲ့ အင်အားတွေ စီးဆင်းလာသလိုမျိုး.......
လောကမှာ လူသားတိုင်းအတွက် ဘုရားကဖန်ဆင်းပေးထားတဲ့ အားကိုးအားထားပြုစရာ
ရင်ခွင်တစ်ခု..........သိပ်အေးမြတဲ့အရိပ်တစ်ခုဆိုလဲ ဟုတ်ပါတယ်...

သူငယ်ချင်းတစ်ယောက်ပြောတာ သွားသတိရမိတယ်...လောကမှာအမေ့မေတ္တာကလွဲ
လို့ အခြားဟာတွေ ဘယ်တော့မှ အလကားမရဘူးတဲ့....
ခုနှစ်နှစ်ကြာကွဲကွာနေတဲ့ မေမေနဲ့ စပြီးစကားပြောတဲ့နေ့ကဆို ကျမပျော်လွန်းလို့
၉နှစ်၁၀နှစ်ကလေးတွေလိုမျိုး ရယ်မောခုန်ပေါက်ခဲ့ဘူးတယ်...
အမေဆက်သွယ်လို့လွယ်အောင် သမီးရဲ့အီးမေးလ် ယူထားပါလားဆိုတော့
အင်တာနက်ဆိုတာ ဘာမှန်းမသိပါဘူးအေ...အမေတို့ခေတ်တုံးက အင်တာနက်တွေ
အီးမေးတွေမှ မရှိပဲ....တလောကအင်တာနက်ဆိုင်သွားတာ ....
ကွန်ပြူတာကို ဘယ်ကဘယ်လို စကိုင်ရမှန်းမသိလို့ပြန်လာခဲ့တယ်..တဲ့...
မေမေ့ တုံးတိတိစကားကြောင့် ကျမရယ်မောပျော်ရွှင်ခဲ့တယ်.........မေမေ့အသံကိုပြန်ကြား
ရတုန်းကဆို ကျမရင်တွေတလှပ်လှပ်နဲ့ ......ဘ၀မှာ ပျောက်ဆုံးနေတဲ့ ချစ်ခြင်းတရား
ကိုပြန်ရလိုက်သလိုမျိုးးးးး
ကျမ (၇)နှစ်အရွယ်တုန်းက ကျမမေမေ....
အဲနေ့က မေမေက အဖြူနောက်ခံမှာ အစိမ်းလုံးလေးတွေပါတဲ့ အင်္ကျီဝမ်းဆက်လေးနဲ့..
ဆံပင်ရှည်တွေက ခေါင်းလျှော်ပြီးစ မခြောက်တခြောက်....
မေမေမျက်နှာမှာ နုပျိုလှပနေတယ်...ပါးနှစ်ဘက်မှာ ပန်းနုရောင်လွှမ်းလို့....
မေမေ့ကို သူငယ်ချင်းတွေက သိပ်လှတာပဲလို့ ပြောတဲ့အခါ..မေမေ့ရင်ထဲ တိုးဝင်ပြီး
မေမေ့ခါးကို ခပ်တင်းတင်းဖက်ရင်း ကျမ သ၀န်တိုခဲ့ဖူးတယ်...
(၁၄)နှစ်အရွယ်တုန်းက ကျမမေမေ....
ရင့်ကျက်လာတဲ့ မေမေ့အလှကို ကျမအားကျ ဂုဏ်ယူတတ်လာတယ်
ကျမမေမေ့ကို သိပ်ချစ်တာပဲ...
(၁၈)နှစ်အရွယ်တုန်းက ကျမမေမေ...
သနပ်ခါးပါးကွက်နဲ့ ဆံထုံးကို ခပ်တင်းတင်းဆွဲထုံးထားတတ်တဲ့ကျမမေမေ
မေမေ့မျက်နှာမှာ ဇရာအရေးအကြောင်း နဲနဲတော့ထင်ပြီပေါ့....
ဒါပေမဲ့ ကျမအမြင်တော့ အမေကလှနေတုန်းပါပဲ...
အခု (၇)နှစ်ကြာမှ ပြန်တွေ့ရတဲ့ ကျမမေမေ...
ဘယ်လိုများရှိမှပါလိမ့်....မေမေ့မျက်နှာမှာ အေ၇းအကြောင်းတွေများလောက်ရောပေါ့...
မေမေ့လက်တွေ တုန်ချိနေရောပေါ့.....
ဘ၀မှာ ရုန်းကန် ရှင်သန်ရင်း အမေမောလောက်ရောပေါ့....ဘာတွေဘယ်လိုပဲဖြစ်ဖြစ်..

တုန်ရီနေတဲ့ မေမေ့လက်တွေကို သမီး ကိုတွဲခေါ်ခွင့်ပေးပါ....

ကလေးဘ၀တုန်းကလို မေမေ့အနား ချွဲနွဲ့  ခွင့်ပေးပါ......

မေမေ့ခြေလက်တွေကို နင်းနိုပ်ပြုစုခွင့်ပေးပါ....

မေမေ့စိတ်ဆိုးလို့ ဆူတဲ့အခါ ခေါင်းငုံ့ရင်း ငြိမ်ခံပါရစေ....

မေမေ့ခြေထောက်တွေကို တယုတယ ကိုင်တွယ် ဆေးကြောပေးခွင့်ပြုပါ...

ပြီးတော့လေ.........

.....သမီး ရင်ခွင်မှာ အပူပင်ကင်းကင်းနဲ့ တခါပြန်ပြီး ခိုနားလှည့်ပါတော့......မေမေရယ်
................................................................................................................................

4 comments:

မြစ်ကျိုးအင်း said...

အမေဆိုတာကို ဘာအရာနဲ့ နှိုင်းပြရမလဲ စကားလုံးမရှိပါဘူး...

အမေနေရာကို ရောက်လာခဲ့ရင် ဒီထက်တောင် ပိုနားလည်လာလိမ့်မယ်
ထင်တယ်နော်....။

ကျွန်တော်လည်း အမေကိုချစ်တဲ့သားတယောက်ပါပဲ...။

Yu Ya said...

မရွှေယွန်းရေ... ကျွန်တော်ဆီက အမေအလွမ်းပြေ သီချင်းလေး နားထောင်ကြည့်ပါလား။ ၁၀ ပုဒ်မြောက်ပါ။ သီချင်းလေးက ချစ်စရာကောင်းတယ်။ အမေချစ်တဲ့ မရွှေယွန်းအတွက် အလွမ်းပြေ ဖြစ်စေနိုင်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

မေဇင် said...

ရွှေယွန်း ရေ.... နောင့်လဲ အမေ့ နဲ့ မိသားစုကို အနားနား ခေါ်ထားချင်တယ်..။

လင်းကြယ်ဖြူ said...

အမေကိုချစ်တဲ့ သမီး လိုရာခရီးကို အဆီးအတားမရှိ ရောက်နိုင်ပေါက်နိုင်ပြီး
အမေ့ရင်ခ္ဂင်ကို ပြန်လည်ခိုနားရင်း ကြေ္ဂးဟောင်းဆပ်ခ္ဂင့် ရလို့
ပျော်စရာ အဲပြုံးပန်းလေးတ္ဂေ ယ္ဂန်း တို့ ဘသလေးထဲမှာ ဝေေ၀ဆာဆာ
ဖူးပ္ဂင့် လာပါစေလို့....
လေးစားစ္ဂာဖြင့်
လင်းကြယ်ဖြူ
ပျော်ပါစေ.....

About me

Blogger templates