Jul 27, 2009

လူသားစား အားရှိလျှင်

ခါတိုင်းလို ကွန်ပြူတာရှေ့မှာထိုင်ရင်း စိတ်ကလဲဟိုတွေးဒီတွေးပေါ့...
ဘာရယ်မဟုတ်ဘူး ပျင်းနေတာနဲ့...ဟိုဆိုဒ်ဝင်..ဒီဆိုဒ်ဝင်...လမ်းသလားနေတုန်း...
အကောင့်လုပ်ထားတဲ့ ဆိုဒ်တစ်ခုထဲရောက်သွားတယ်....

ပထမတော့ ဟိုကြည့်ဒီကြည့်ပေါ့..ဒါပေမဲ့....တနေရာလဲရောက်ရော....
လူသားစားခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ...ပုံတွေကိုမျက်လုံးကအလိုလိုကြည့်မိရက်သား...
အားး တကယ်ကို ရင်ထဲကနေ ပျို့အန်လာတယ်...ခေါင်းတွေပါမူးနောက်လာတယ်...
ဖြစ်မှဖြစ်ရလေ.....မွေးကင်းစကလေးအကောင်လေးကို ကျကျနန ပန်းကန်ထဲထည့်..
ခြေတွေလက်တွေ လှီးဖြတ်ပြီးစားနေလိုက်တာ....လူနဲ့တောင်မတူတော့ဘူး....
သွေးရဲရဲ သံရဲရဲနဲ့....ဘယ်လိုလူတွေပါလိမ့်.....အကြင်နာတရားခေါင်းပါးလိုက်ကြတာလို့..
ကျမထင်မိတယ်....ကလေးဦးနှောက်ကို ဘူးသွပ်ပြီး ရောင်းကြသေးတယ်...
ကျမရင်ထဲ ပျို့အန်ချင်လာတယ်.....ဇာတ်တူသားစားရင် ဟင်္သာကိုးသောင်းပျက်တဲ့စကားပုံတောင်
မပျောက်သေးဘူး...အခုလူတွေဇာတ်တူသားစားကုန်ကြပြီ....
နောက်၁၀နှစ်..အနှစ်၂၀ ..ကြာရင် လူတွေ ယောက်ကိုတယောက် အမဲလိုက်သလိုလိုက်ပြီး
စားကြမလားမသိဘူနော်...........
ပုံတွေတော့မတင်ပေးတော့ဘူးးးးကြောက်စရာကောင်းလို့ပါ...ကြည့်ချင်ရင်ပြောပါ..
လင့်ခ်ပေးပါ့မယ်......
ကျမတော့ ခုချိန်ထိ အဲပုံတွေမြင်ယောင်ရင်း ဘာမှတောင်စားလို့မရတာ ခုထိပါပဲ...

5 comments:

Yu Ya said...

မရွှေယွန်းရေ... အစစ်ဖြစ်နိုင်မယ် မထင်ပါဘူး။ ဒါတွေဟာ ဓာတ်ပုံပညာ လျှို့ ၀ှက်ချက်တွေ ဒါမှမဟုတ် Software တစ်ခုနဲ့ ဖန်တီးထားတဲ့ ရုပ်ရှင် ဒါမှမဟုတ် ဓာတ်ပုံတွေပဲ ဖြစ်မှာပါ။ အများကြီး တွေ့ဖူးပါတယ်။ စိတ်ထဲမှာ မထားပါနဲ့ဗျာ။ ဒီလောက် ကြက်သား၊ ၀က်သား၊ ငါး၊ ပုစွန်တွေ ပေါနေတာ ဇာတ်တူသားလည်း မစားကြပါဘူး။ တစ်ခါတစ်လေ ဓာတ်ပုံရဲ့ လှည့်ဖျားမှုတွေကြောင့် ဒုက္ခရောက်ရသူတွေ၊ ထိန့်လန့်ကြောင့်ကြရသူတွေ ဒုနဲ့ဒေးပါ။ စိတ်က မခိုင်ရင် သွားမကြည့်ပါနဲ့။ စိတ်ခိုင်ရင် ဒီထက်ကောင်းတာတွေ ပြမယ်..အဟီး။

yu ya

မေဇင် said...

အဲ့လို ပုံတွေ မတော်တဆ ကြည့်မိရင်တောင် စိတ်မကြည်တာ 2 ရက် လောက် မနဲဖျောက်ရတယ်...။

မြစ်ကျိုးအင်း said...

အကျိုးမရှိတာတွေကို မကြည့်တာပဲကောင်းပါတယ်...
ပုံတွေမတင်တဲ့ စိတ်ကူးကိုလည်း သဘောတူပါတယ်...။

ဟန်လင်းထွန်း said...

ကျနော်အဲ့ဒီပုံတွေ မြင်တိုင်း ဘယ်လူ့အဖွဲ့စည်းက ဒီလိုမျိုးတွေ လက်ခံသလဲလို့ အမြဲတမ်းတွေးမိတယ်။ တကယ်တမ်းသာ ဒီလိုလုပ်ကြမယ်ဆိုရင် လုပ်တဲ့လူတွေက ဒီလောက် သတ္တိရှိပါ့မလား။ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူးဆိုတဲ့ တာလီဘန်တွေတောင် ဓတ်ပုံအရိုက်ခံရမှာ ကြောက်
ပါတယ်။

Anonymous said...

ယွန်းလေး
ဟုတ်တယ်နော် မြူးလဲ တော်တော်ကြာပြီ အဲ့ပုံလေးတွေ့ ခဲ့တာ
စိတ်ထဲမကောင်းဘူး ရက်စက်လိုက်ကြတာနော်
ကိုကြီးမြစ် ပြေားသလိုပဲ မကြည့်တာပဲကောင်းပါတယ်

ခင်တဲ့
မြူးလေး

About me

Blogger templates