ဒီတပတ်မှာ မဟုတ်တရုတ်ဂျာနယ်က သတင်းထောက် မောင်မောင်ဗျူးတစ်ယောက်
အမောတကောနဲ့  ကျမအိမ်ကို ပေါက်ချလာတယ် ။
ဟယ် မောင်မောင်ဗျူးပါလား ..လာ..ထိုင်ပါဦး ..
ဒီလိုနဲ့  ခရီးဦးကြိုပြုလို့  အိမ်ရှေ့  ခန်းမှာနေရာပေး ကြိုဆိုလိုက်ရတယ် ။
မောလို့ ..ရေတစ်ခွက်လောက် လုပ်ပါဦး.. ဆိုတာနဲ့ 
ရေတစ်ခွက်တိုက်ပြီးသကာလ....
Dec 17, 2010
Dec 12, 2010
ဘ၀ သင်္ခန်းစာ
တခါတုန်းက အဘိုးအိုတစ်ယောက်မှာ သားလေးယောက်ရှိတယ် ။ သူဟာ သူသားတွေကို ဘ၀မှာ
ဝေဖန်ပိုင်းခြားနိုင်စွမ်း ..ဆုံးဖြတ်နိုင်စွမ်း တွေရှိစေချင်ခဲ့တယ် ။အမြဲ တမ်းရင့်ကျက် တည်ငြိမ်
နေတာမျိုးကို မြင်စေချင်ခဲ့တယ် ။ ဘ၀ရဲ့ အပြောင်းအလဲ အချိုးအကွေ့ တွေကို ခံနိုင်ရည်ရှိတာမျိုး
ဖြစ်စေချင်နေခဲ့တယ် ။

မွန်မြတ်တဲ့အလှူ - ၂
မဖြုဖြုသင်းဦးဆောင်၍ဖွင့်ထားသော HIV/AIDS ဆိုရှယ်ဟောက်စ်သို့ ( ၁၀ - ၁၂ - ၂၀၁၀ )နေ့ 
ကမ္ဘာ့ လူ့ အခွင့်ရေးနေ့ ကို ကြိုဆိုသောအားဖြင့် ရိက္ခာလှူဒါန်းပွဲကိုစတုတ္တအကြိမ်မြောက်ရိက္ခာများကို
NEWYORK ပြည်နယ်BUFFALO မြို့ မှမြန်မာနိင်ငံသားများမှစုပေါင်း၍လှူဒါန်းခဲ့ကြပါသည်။
ကမ္ဘာ့ လူ့ အခွင့်ရေးနေ့ ကို ကြိုဆိုသောအားဖြင့် ရိက္ခာလှူဒါန်းပွဲကိုစတုတ္တအကြိမ်မြောက်ရိက္ခာများကို
NEWYORK ပြည်နယ်BUFFALO မြို့ မှမြန်မာနိင်ငံသားများမှစုပေါင်း၍လှူဒါန်းခဲ့ကြပါသည်။
Dec 7, 2010
မွန်မြတ်တဲ့အလှူ
မြန်မာပြည်တွင်ရှိ ဖြူဖြူသင်း ဖွင့်လှစ်ထားသော (HIV-AIDS) ဆိုရှယ်ဟောက်တွင်
လိုအပ်နေလျှက်ရှိသော ဆန်-ဆီ-ကြက်သွန်- များအား လူနာများ
အတွက်Newyork ပြည်နယ် Buffaloမြို့ မှမြန်မာပြည်သားများမှစုပေါင်း၍
ကျပ်ငွေ = ၄၂၇၅၀၀ ကျပ်တိတိအားပေးပို့ လှူတန်းခဲ့ပါသည်။ ( ဒေါ်လာ - 450 )
လိုအပ်နေလျှက်ရှိသော ဆန်-ဆီ-ကြက်သွန်- များအား လူနာများ
အတွက်Newyork ပြည်နယ် Buffaloမြို့ မှမြန်မာပြည်သားများမှစုပေါင်း၍
ကျပ်ငွေ = ၄၂၇၅၀၀ ကျပ်တိတိအားပေးပို့ လှူတန်းခဲ့ပါသည်။ ( ဒေါ်လာ - 450 )
Dec 4, 2010
Nov 23, 2010
Nov 18, 2010
မောင်တို့  ယောက်ျားတွေမယ်...
အကြည်တစ်တစ်ယောက် အိမ်ရှေ့ ကုလားတိုင်ပေါ် ရောက်တတ်ရာရာ တွေးနေရင်းက စိတ်ဝယ်
ချစ်လင်ကိုညိုမောင်ထံသို့ သာ ရောက်နေလေတော့သည် ။ခုတလောကံမကောင်းဟု အကြည်ထင်၏ ။
ကံမကောင်းခြင်းအကြောင်းအရင်းကား ခဏခဏအလိမ် ခံနေရသောကြောင့်ပါပင် ။
သူလိမ်တိုင်းလဲ အကြည်မှာတနည်းမဟုတ်တနည်းဖြင့် ပြန်သိရမြဲ ။
တွေးရင်းမောရင်းက သက်ပြင်းတစ်ချက်ခိုးရှိုက်မိလေတော့သည် ။
ကိုညိုမောင်တစ်ယောက် လိမ်တာမှ အကြည့်ကို ပတ်ပြီးတော့ လိမ်တော့သည်သာ ။ အကြည်ခဗျာ
အလိမ်ခံမှန်း သိနေပါလျှက် အမှန်ကို ၀န်မခံပဲ ဘူးခံငြင်းတတ်သော ကိုညိုမောင်ကို စိတ်တိုရုံမှတပါး
ဘာမှမတတ်နိုင်အောင် ရှိနေလေတော့သည်။

Nov 14, 2010
အမေရိကန်မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်ထံ အရောက် ပြည်သူ့အသံ ပေးပို့ကြရန် တိုက်တွန်း
အမေရိကန်မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်ထံ အရောက် ပြည်သူ့အသံ ပေးပို့ကြရန် တိုက်တွန်း
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၁၄၊ ၂၀၁၀
ယနေ့ နေ့ခင်း ၁၂ နာရီခွဲမှာ ရန်ကုန်မြို့၊ ဗဟန်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရှေ့ ဧည့်ပရိသတ် သောင်းကျော်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သူလွတ်မြောက်လာအပြီး ပထမဦးဆုံး လူထုသို့ မိန့်ခွန်းပြောကြားလိုက်ပါတယ်။ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုရဲ့ အသံ၊ ဆန္ဒသဘောထားကို နားထောင်သွားမယ်။ လူထုနဲ့အတူ လက်တွဲပြီး အလုပ်လုပ်ကြမယ်လို့ ပြောလိုက်ပါတယ်။
Nov 7, 2010
Nov 3, 2010
Oct 25, 2010
လွမ်းနေတော့မည့် ပုဂံမြေ
ယွန်းတို့  ၁၀တန်းအောင်ပြီးတဲ့ အချိန်မှာ သူငယ်ချင်းတွေအားလုံး အမှတ်တရအဖြစ်ဘုရားဖူးထွက်ခဲ့ကြတယ် ။ရွှေစက်တော် ၊ပုဂံညောင်ဦး ၊ ပင်းတယ၊အင်းလေး အထက်မြန်မာပြည် အစုံပါပဲ ။သူငယ်ချင်းတွေနဲ့ မသွားစဖူးသွားရတာဆိုတော့ အားလုံးပျော်နေကြတာပေါ့ ။ ဆရာဆရာမတွေလဲပါရဲ့  ၊ရွှေကြေးစည် ဘုရားဖူးယာဉ် နှစ်စီးနဲ့  အပြည့်ပေါ့ ။ ရန်ကုန်က စထွက်တော့ ကျောင်းသားတွေပျော်လွန်းလို့ ဂစ်တာတွေတီးသီချင်းတွေဆိုနဲ့ အိပ်ကိုမအိပ်ကြပါဘူးး ။
Oct 14, 2010
Oct 13, 2010
အမှတ်တရ အောက်တိုဘာ ၁၄
"ဟက်ပီဘတ်ဒေးတူးယူ .... ဟက်ပီဘတ်ဒေးတူးယူ..ဟက်ပီဘတ်ဒေး ယွန်းလေးး
ဟက်ပီဘတ်ဒေးတူယူ........."
ဘတ်ဒေးသီချင်းကို အသံကျယ်ကြီးနှင့် အော်ဆိုရင်း အခန်းထဲဝင်လာသောသူ့ ကို လှမ်းကြည့်လိုက်မိသည်။လက်ထဲမှာ ဖယောင်းတိုင်ထွန်းထားသော မွေးနေ့ ကိတ်ဖြူဖြူလေးကိုမ၇င်း သူကျမအနားသို့ 
ရောက်လာသည်။ဘေးနားမှ သားသားကလည်း သူ့ အဖေယူလာတဲ့ မွေးနေ့ ကိတ်ကို စိတ်ဝင်တစားနဲ့  ကိုင်တွယ်ဆော့ကစားချင်နေပုံရပါတယ်။ လက်ညိုးတစ်ထိုးထိုးနဲ့  သူ့ အဖေလက်ထဲကမွေးနေ့ ကိတ်ကို
တောင်းနေလေရဲ့  ။
Sep 30, 2010
အနာဂတ်မှာ ဘာလဲ
နေခြစ်ခြစ်တောက်ပူနေသည်။လူများက ပူလွန်းသဖြင့် ထီး၊ဦထုပ်၊နေကာမျက်မှန် စသဖြင့်နေရောင်မှအကာအကွယ်ရရန် ၀တ်ဆင်ထားကြသည်။
အားလပ်ရက်ဖြစ်သောကြောင့် လူအများဟိုဟိုဒီဒီသွားလာနေကြ၏။
ကမ်းနဘေးတွင်ငါးမျှားသည့်လူများ ၊ အပမ်းဖြေလာကြသည့်လူများနှင့် စည်ကားနေ၏။
အားလပ်ရက်ဖြစ်သောကြောင့် လူအများဟိုဟိုဒီဒီသွားလာနေကြ၏။
ကမ်းနဘေးတွင်ငါးမျှားသည့်လူများ ၊ အပမ်းဖြေလာကြသည့်လူများနှင့် စည်ကားနေ၏။
Sep 28, 2010
ဓာတ်ပုံဆရာတို့ ရဲ့  ဘဝ
ဓာတ်ပုံကောင်းကောင်း တစ်ပုံရဖို့ ဆိုတာ လွယ်ကူသော အ၇ာမဟုတ်ပါ။ ဓာတ်ပုံဆရာတို့ ရဲ့ 
ရိုက်ချက် ၊ အနေအထား ၊မီးအလင်းအမှောင် စသော ပညာပိုင်းဆိုင်ရာ တို့ ပါဝင်နေပေလိမ့်မည်။
ဓာတ်ပုံဆရာတို့ ရဲ့  ပရိသတ်အပေါ်ပေးခြင်သော မြင်ကွင်း ၊ အနေအထားစသည်တို့ လည်း
အရေးပါပေလိမ့်မည်။ ကြည့်ရူသူရဲ့  စိတ်ထဲ ကြိုက်နှစ်သက်စေဖို့ နဲ့ 
ပုံကောင်းကောင်းလေးတွေ ထွက်လာဖို့ သူတို့ ဘယ်လို ကြိုးစားခဲ့ကြသလဲ
ကြည့်ကြည့်ကြရအောင်ပါ။

Sep 24, 2010
လက်ရှိဘ၀ကို ရောင့်ရဲ ပျော်ရွှင်စေ
မျက်မမြင်မိန်းကလေးတစ်ယောက်ဟာ သူ့ ဘ၀ကိုသူ အမြဲတမ်း အားမလို အားမရ ဖြစ်နေခဲ့တယ်။
သူဟာ မျက်စိမမြင်တဲ့အတွက် အမြင်အာရုံရှိတဲ့သူတွေကို အမြဲ မုန်းတီးနေခဲ့တယ်။
သူ့ ချစ်သူကောင်လေးကလွဲလို့  ကျန်တဲ့သူတွေအားလုံးကို အမြင်မကြည်ဖြစ်နေခဲ့တယ်။
ချစ်သူကောင်လေးကတော့ ကောင်မလေးနားမှာ အမြဲနေထိုင်ရင်း သူမလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ် ။

Sep 18, 2010
Sep 16, 2010
လမ်းမရှိတဲ့ရွာ
အခုတွေ့ မြင်ရတာကတော့ ဟော်လန်က လမ်းမရှိတဲ့ ရွာလေးပါ ။
တစ်ရွာလုံးကလူတွေဟာ သွားဖို့ လာဖို့ လှေကိုသာ အသုံးပြုကြပါတယ် ။
တစ်ရွာလုံးကလူတွေဟာ သွားဖို့ လာဖို့ လှေကိုသာ အသုံးပြုကြပါတယ် ။
Sep 12, 2010
ချစ်ခြင်းတရား၏ လက်ဆောင်
ကျမကလေးကို ကြည့်လို့ ရမလားရှင်..
ကလေးမွေးပြီးစ မိခင်တစ်ယောက်က ဆရာဝန်ကို လှမ်းပြောလိုက်တယ်။
သူမဟာ ကလေးကို လက်မောင်းတစ်ဖက်ပေါ် ပွေ့ ချီလိုက်ပြီး ကလေးလေးရဲ့ 
ဦးခေါင်းနေရာတစ်ဝိုက်မှာ ကျပ်တည်းစွာ ထုပ်ထားတဲ့ အနှီးကိုဖြေကြည့်လိုက်တယ် ။
ဆ၇ာဝန်လေးဟာ သူမရဲ့  သက်ပြင်းသံသဲ့သဲ့ကိုကြားတဲ့အခါ ပြတင်းပေါက်ဘက်ကို မျက်နှာမူ၇င်း
အဓိပါယ်မဲ့ ငေးကြည့်နေခဲ့တယ်။ကလေးလေးဟာ မိခင်ဝမ်းက ကျွတ်ကတည်းက
နားရွက်နှစ်ဘက် ပါမလာခဲ့ဘူး ။သို့ ပေမဲ့ ကလေးရဲ့ အကြားအာရုံဟာ အချိန်ကြာလာတာနဲ့
အမျှ ပိုပြီး ကောင်းမွန်လာသလောက် ရှိလာခဲ့တယ်။ နားရွက်နှစ်ဘက်မပါတာကတော့
မွေးရာပါဖြစ်တာကြောင့် ဘာမှမတတ်နိုင်ခဲ့ဘူး။
Sep 9, 2010
ဒါမှ တကယ့် ဂျီပုန်းဖမ်းနည်းး (မနောက်ဘူးးတကယ်)
(သူငယ်ချင်းတွေကို စိတ်ပူအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်..
ဘလော့ဂါမောင်နှမတွေရဲ့ အားပေးမူကြောင့် ဘလော့ဂါတစ်ယောက်အဖြစ် ဆက်ရှိနေခဲ့ပြန်ပါပြီ ။
အားလုံးကို ကျေးဇူးတင်ပါတယ်နော်...ဒီပို စ့်ကြောင့် ဘလော့ဂါမောင်နှမတွေရဲ့ 
ရင်ထဲကစကားတွေကြားခဲ့ရတဲ့အတွက် ကျေးဇူးတင်ပျော်ရွှင်မိပါတယ် ။
နဲ့ စာဖတ်သူအချို့ ကပါ စာဆက်ရေးဖို့ မန့် လာတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်..)

စိတ်ပူပြီး ဖုန်းဆက်မေးတဲ့ ဘကျောက်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ် ။
ဘကျောက် အမြန်ဆုံး နေကောင်းပြီး ကျန်းကျန်းမာမာ ရှိပါစေလို့ ဆုတောင်းပေးပါတယ် ။
ပြီးတော့ တခါမှဝင်မမန့် ပဲ စာဖတ်ပြီး ပြန်သွားတတ်တဲ့ သူငယ်ချင်းအချို့ ဘကျောက် အမြန်ဆုံး နေကောင်းပြီး ကျန်းကျန်းမာမာ ရှိပါစေလို့ ဆုတောင်းပေးပါတယ် ။
နဲ့ စာဖတ်သူအချို့ ကပါ စာဆက်ရေးဖို့ မန့် လာတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်..)
Sep 8, 2010
ဘလော့ပိတ်လိုက်ရင်ကောင်းမလားးးဆုံးဖြတ်ပေးကြပါ
အားလုံးကို နုတ်ဆက်ပါတယ်။ဒီဘလော့လေး ကိုကျမတည်ဆောက်ခဲ့တာ နောက်နှစ်မတ်လဆို ၂နှစ်တင်းတင်းပြည့်တော့မှာပါ ။ အလွယ်တကူတည်ဆောက်ယူခဲ့ရတာ မဟုတ်ခဲ့လို့ 
ဒီဘလော့လေးကို သံယောဇဉ်ရှိလို့  ..သူငယ်ချင်းတွေကို ခင်မင်ခဲ့လို့  ..
ယွန်း အဖြစ်ဆက်လက်ရပ်တည်ခဲ့တာပါ။
Sep 6, 2010
ဂျီပုန်းဖမ်းနည်း
တနေ့ က ပျင်းတာနဲ့  အွန်လိုင်းတက်ပြီးး ရုပ်ရှင်ကြည့်ရင်းက သရဲကားဆီရောက်သွားတယ် ။
Sep 1, 2010
အမေရိကန်မြန်မာ အဆိုတော်နှင့် တွေးမိတွေးရာ
Aug 31, 2010
ကြံကြံဖန်ဖန်ရယ်...ဒီလိုမျိုးလဲရှိသေးတယ်..
လေးဖြူတွေ့ ရင် ထိုင်ငိုမလားးး မသိဘူးးး
တော်တော် တော့ရီရတယ်...ပေါက်ကရ သက်သက်ပဲ....
တော်တော် တော့ရီရတယ်...ပေါက်ကရ သက်သက်ပဲ....
Aug 29, 2010
မိုးထဲက ည
မိုးတွေ သဲကြီး မဲကြီး ရွာနေတဲ့ ညတစ်ည.....အချိန်က ၁၁နာရီ ခွဲလောက်ရှိနေပြီ ။အယ်ဘားမားမြို့ ရဲ့ ဟိုင်းဝေး တစ်နေရာမှာ အမေရိကန်အာဖရိကန် အမျိုးသမီးတစ်ယောက်ဟာ ကားလမ်းနဘေးမှာ
ရပ်ပြီး ဖြတ်သွားဖြတ်လာ ကားတွေကိုတားနေတယ် ။သို့ သော် တစ်စီးမှ ရပ်မပေးကြပါ ။
သူမရဲ့ ကားဟာ မောင်းနေရင်း တိုးရပ်သွားတာကြောင့်ကားကို မိုးရေထဲမှာ ရပ်ထားရပါတယ်။
ခရီးဆက်သွားဖို့ သူမ အကူအညီလိုနေတယ် ။ သူမတစ်ကိုယ်လုံးလဲ မိုးရေတွေစိုနေပြီ ။

Aug 26, 2010
ပစ္စုပန်ကို ပျော်ရွှင်စွာ ဖြတ်သန်းပါ
အိမ်အသစ်တစ်လုံး ပိုင်ဆိုင်ရ၇င်ပဲဖြစ်စေ ၊ အလုပ်သစ်တစ်ခုရရင်ပဲဖြစ်စေ ၊ သားဦး သမီးဦးမွေးဖွားပြီးရင်
ပဲဖြစ်စေ ၊ လက်ထပ်ပြီး၇င်ပဲဖြစ်စေ ဘ၀ဟာ ပိုပြီး ကောင်းမွန်လာတယ်လို့  ကျတော်တို့ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်လာတတ်ကြပါတယ်။ ထို့ နောက် ကျတော်တို့ ဟာ ကလေးတွေ အရွယ်မရောက်သေးတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် မချင့်မရဲ ဖြစ်တတ်ကြပေမဲ့ သူတို့ အ၇ွယ်ရောက် လာသောအခါ ကျတော်တို့ ကိုယ့်ကို
ကိုယ် အားရကျေနပ်မှူတွေ ခံစားလာတတ်ကြပါတယ်။

မိခင်၏ ချစ်ခြင်းဟူသည်
ညနေခင်းတစ်ခုမှာ ကလေးတစ်ဦးဟာ ညနေစာ ပြင်ဆင်နေတဲ့ သူ့ မိခင်ရှိရာ
မီးဖိုချောင်ထဲသို့ ဝင်လာခဲ့တယ် ။ပြီးတော့ကလေးငယ်လေးဟာ သူ့ မိခင်ကိုင်ထားတဲ့ စာရွက်ပိုင်းလေးကိုယူပြီး စာတချို့ ကိုရေးချလိုက်တယ် ။ မိခင်ဖြစ်သူက ရေစိုနေတဲ့
သူမရဲ့ လက်တွေကို အခြောက်ခံပြီးတဲ့အခါမှာကလေးငယ်လေး ရေးထားတဲ့စာကို
ယူဖတ်လိုက်တယ် ။ ဘာရေးထားလဲဆိုတော့....

Aug 20, 2010
ကလေးပြောတဲ့ နိုင်ငံရေး
" ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး။ " နိုင်ငံရေးဆိုတာ ဘာလဲတဲ့"
မောင်ဖြူစင်ကသူ့ဖခင်အား အကူအညီတောင်းလိုက်သည်။ဖခင်က…
" အေး သားသား သဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊
Aug 19, 2010
ဟိုတစ်စ ဒီတစ်စ အတွေးစများ
(သူငယ်ချင်းတွေအတွက်ဘာအကျိုးမှ ရှိမှာမဟုတ်တဲ့အတွက် ဘာရသမှပေးနိုင်မှာ မဟုတ်တဲ့အတွက် ဆန္ဒရှိမှသာဖတ်ပါနော်)
Aug 11, 2010
ကဗျာဆရာနှင့် ကဗျာည
ကဗျာဆရာတေစ်ယောက်ဟာ ဖြစ်လိုက်ရင် ဒီလိုချည်း။
တခါတလေ တွေးလိုက်၊ ငေးလိုက် ၊ မှိုင်လိုက် တွေလိုက်နဲ့  တခါတရံပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲဆိုတာ
မေ့နေတတ်ပါတယ် ။ ကဗျာဇ ကရှိတော့ တွေ့ ရာမြင်ရာ ကဗျာလေးကောက်စပ်လိုက်ရမှ
နေသာထိုင်သာရှိသူ ။ဘ၀ကဗျာ ၊ရင်တွင်းဖြစ် ကဗျာ ၊ နိုင်ငံရေး ကဗျာက အစ အချစ်ကဗျာအဆုံး ဖတ်ရမှ
ကျေနပ်နှစ်သက်တတ်သူ။

Aug 3, 2010
ပင့်သက်
” ထပ်တူမကျမှူ ”ဆိုတဲ့
စကားတစ်ခွန်းမှာ
မျှော်လင့်ချက်တွေ အသက်မဲ့ခဲ့ရတယ်..
Jul 29, 2010
Jul 26, 2010
အဟောင်းဆိုင် သို့ တခေါက်
ဒီတပတ် အားလပ်ရက်မှာ American Thrift Store ကို ရောက်သွားခဲ့တယ်။
အဟောင်းပစ္စည်း ရောင်းတဲ့ဆိုင်ပါ။ အစိုးရက ပြည်သူတွေအတွက် စရိတ်သက်သာရာ
သက်သာကြောင်း ဖွင့်ပေးထားတာပါ။အဟောင်းဆိုင်ဆိုပေမဲ့ အသစ်ဆိုင်လိုပါပဲ :P
အဟောင်းပစ္စည်း ရောင်းတဲ့ဆိုင်ပါ။ အစိုးရက ပြည်သူတွေအတွက် စရိတ်သက်သာရာ
သက်သာကြောင်း ဖွင့်ပေးထားတာပါ။အဟောင်းဆိုင်ဆိုပေမဲ့ အသစ်ဆိုင်လိုပါပဲ :P
Jul 22, 2010
ကလိကလိ ပြုံးစိစိ
(၁)ကွန်ပြူတာ သမားဆိုတာ
အိုင်တီနည်းပညာတွင် က၀ိတဆူဖြစ်သူ ကွန်ပြူတာ သမားတစ်ယောက်သည် လမ်းဖြတ်ကူးနေစဉ်
စကားပြောတတ်သော ဖားပြုပ်တစ်ကောင်နှင့်တွေ့ သည်။ ဖားပြုပ်ကပြောသည်။
"ရှင်ကျမကို နမ်းလိုက်ရင် ကျမဟာသိပ်လှတဲ့ မင်းသမီးလေးအဖြစ် ဘ၀ပြောင်းသွားလိမ့်မယ်
ရှင်နဲ့ တပတ်အတူနေပြီး လိုတာမှန်သမျှ အကုန်လုပ်ပေးမယ်"
Jul 20, 2010
HAPPY BIRTHDAY (July 20)
ဒီနေ့က အိမ်ကလူကြီးရဲ့ မွေးနေ့ပါ။
မွေးနေ့ လေးမှာ အမှတ်တရလေး ဖြစ်စေချင်တာကြောင့် လည်းကောင်း၊
ဘလော့ဂါမောင်နှမတွေကို ကျွေးချင် မွေးချင်တဲ့ ဆန္ဒလေးတားဆီးမရနိုင်တာကြောင့်
လည်းကောင်း ဒီမွေးနေ့ ပွဲလေးကို လုပ်ဖြစ်သွားပါတယ် ။
ဘလော့ဂါမောင်နှမတွေကို ကျွေးချင် မွေးချင်လွန်းလို့  ယွန်းကိုယ်တိုင်ပင်ပင်ပမ်းပမ်း ချက်ထား အဲ....
ဂူးဂဲလ် ကနေ ရှာထား တာလေးတွေ အားပေးသွားကြပါဦးနော်.......

Jul 19, 2010
(၁၉) ဇူလိုင်
(၆၃)နှစ်မြောက် အာဇာနည်နေ့ 
Jul 15, 2010
အသွင်တူ၏ မတူ၏

ဘုရားသခင်က လူယောကျာ်းရဲ့  နံရိုးတစ်ချောင်း နဲ့  လူမိန်းမကို ဖန်ဆင်းခဲ့သတဲ့။
လူယောကျာ်းရဲ့  နံရိုးနဲ့  လူမိန်းမဖြစ်လာရတဲ့အတွက် ထိုသူနှစ်ယောက်ပေါင်းမှ လူတစ်ယောက်ဖြစ်တယ်လို့ 
အဆိုရှိကြတယ် ။ လက်ထပ်ထိမ်းမြှားခြင်းဆိုတာ လူသားနှစ်ယောက်ကို တစ်ယောက်ထဲဖြစ်အောင်
ပေါင်းစည်းလိုက်ကြတာပါပဲ ။နှစ်ရွက်ပေါင်းမှတစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လိုပေါ့ ။
Jul 12, 2010
တခါတရံတွင် အချစ်သည် ဤသို့ .........
ဆန္ဒ
ရင်နှင့်အမျှ
မြင်ခွင့်ရလျှင်...
သခင် သိသင့်တယ်...
Jul 7, 2010
ဟယ်ရီပေါ်တာ မှော်ကစားကွင်း ဖွင့်လှစ်
ဇွန်လ ၁၈ ရက်နေ့ က စပြီး ဟယ်ရီပေါ်တာကစားကွင်းကို အမေရိကန်နိုင်ငံ ဖလော်ရီဒါ တွင် ဖွင့်လှစ်ခဲ့ပါတယ်။
ထိုကစားကွင်းကြီးကို အချိန်၅နှစ်တာ အချိန်ယူပြီး တည်ဆောက်ခဲ့ရသည်။ လာရောက်လည်ပတ်သူများမှာ
ဟယ်ရီပေါ်တာ လောကထဲသို့  တကယ်ရောက်ရှိ နေသကဲ့သို့  ခံစားကြရမည်ဖြစ်သည်။
ဖွင့်ပွဲနေ့ တွင်ပင် လူ၅၀၀၀ကျော်မှာ ကစားကွင်းထဲသို့ ဝင်ရန် တန်းစီစောင့်မျော်နေကြသည်ဆို၏ ။

Jul 2, 2010
အမှတ်တရ သူငယ်ချင်းလေး
ကျမမှာဆွေကြီးဆိုတဲ့ သူငယ်ချင်းလေးတစ်ယောက်ရှိပါတယ။်လူပုံက ပိန်ပိန်ပါးပါး အရပ်ကမြင့်မြင့်
အသားဖြူဖြူနဲ့  အမှတ်တမဲ့ ကြည့်ရင် ရတနာ(NO) လိုလို ဘာလိုလိုပေါ့။ သူ့ ကို သူငယ်ချင်းအားလုံးက
ချစ်စနိုးနဲ့  ဆွေကြီး လို့ ခေါ်ကြပါတယ်။ နာမည် အရင်းကတော့ သီတာဆွေပါ။ ချစ်စနိုးနဲ့ အဖျားဆွတ်
ခေါ်တော့ ဆွေကြီး ပေါ့ ။ သူငယ်ချင်းထဲမှာ မျိုးကြီးလို့ ခေါ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါသေးတယ်။
သူတို့ နှစ်ယောက်ဆုံတော့ ဆွေကြီးမျိုးကြီး လို့ကျမတို့ ကနောက်လေ့ရှိပါတယ်။

Jun 18, 2010
လွဲတတ်ပလေ
တစ်နှစ်တစ်ခါ သီတင်းကျွတ် တန်ဆောင်တိုင်ရောက်ရင် မြန်မာပြည်ကို ပြန်ပြန်ြပီး သတိရလာမိတယ်
ကိုယ့်ရိုးရာ ဓလေ့အတိုင်း လူကြီးသူမတွေကို ကန်တော့တာတို့ ၊ သူငယ်ချင်းတွေနဲ့  အပျော်ခရီး ထွက်
ရတာတို့  ပြီးတော့ သီတင်းကျွတ်ညမှာ စက်ဘီးလေးတွေနဲ့  လမ်းတကာလျှောက်စီးရတာတွေ ကိုက
ဘယ်တော့မှပြန်မရနိုင်တဲ့ ဘ၀ရဲ့ အရသာလေးတွေပါ ။

Jun 16, 2010
Jun 12, 2010
အဲဒိနေ့ 

အဲဒိနေ့ က.....
ကျတော့်ခြေထောက်တွေ အဖြည်းဖြည်းနဲ့  အေးစက်ထုံကျဉ်လာတယ်။ ဖြေထောက်က ထုံကျဉ်မှူကို
သတိမပြုမိနိုင်လောက်အောင် ကျတော့်ရင်ထဲက နာကျဉ်နေတာတွေက ပိုမိုကြီးမားလွန်းနေတယ်။
Jun 10, 2010
အသည်းကွဲနေသော ကောင်မလေးတွေ ဖတ်ရန်
ပုံပြင်အစ
တစ်ခါတုန်းကဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........
"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"
Jun 4, 2010
Jun 3, 2010
"..ခေါင်းစဉ်မဲ့ခြင်း..."
ကိုယ့်မျက်ရည်နဲ့ကိုယ် ၀မ်းနည်းခဲ့ရတာပါ
ကိုယ့်အိမ်မက်နဲ့ကိုယ် မျော်လင့်ခဲ့ရတာ..
ကိုယ့်အိမ်မက်နဲ့ကိုယ် မျော်လင့်ခဲ့ရတာ..
Mar 27, 2010
ခဏပျောက်မယ်နော်
အခုတလော ကွန်နက်ရှင်သိပ်မကောင်းတာနဲ့ ပိုစ့်အသစ်မတင်ဖြစ်သေးပါဘူး။
ကွန်နက်ရှင် ကျလိုက်တက်လိုက်နဲ့  ကွန်ပြူတာရှေ့၂နာရီလောက် ထိုင်ပေမဲ့လည်း စိတ်တိုရတာပဲ
အဖတ်တင်ပါတယ်။ ဘိုးတော် ကွန်နက်ရှင်ကတော့ ဖြုံတောင်မဖြုံပါဘူး။
ကွန်နက်ရှင် ကျလိုက်တက်လိုက်နဲ့  ကွန်ပြူတာရှေ့၂နာရီလောက် ထိုင်ပေမဲ့လည်း စိတ်တိုရတာပဲ
အဖတ်တင်ပါတယ်။ ဘိုးတော် ကွန်နက်ရှင်ကတော့ ဖြုံတောင်မဖြုံပါဘူး။
Mar 13, 2010
ကျမနှင့် NAIL ART
မိန်းသလေးသဘာဝ အလှအပကြိုက်ကြတာ သဘာဝပဲမဟုတ်လား။
လှပခြင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှူကိုရစေတယ်တဲ့ ..စာထဲမှာ ဖတ်ဖူးတာလေးပါ။
တနည်းပြောရရင် အကျည်းတန် မှန်ကြိုက် ဆိုသလိုပေါ့။
Mar 10, 2010
သင့်အတွက် ခဏတာ ပျော်ရွင်စရာများ
(အောက်ကအဖြေကိုကြိုမကြည့်ပါနဲ့)
မေခွန်း
၁။ မင်းရဲ့ အကြိုက်ဆုံးအရောင် က အနီ ။ အနက်။အပြာ ။အစိမ်း။ အ၀ါ ? (တခုရွေးပါ )
၂။မင်းနာမည်ရဲ အစစာလုံးကဘာလဲ?
၃။မင်းမွေးတဲ့လ?
၎၊ မင်း အဖြူရောင် ။အနကရောင် ဘယ်အရောင်ကိုပိုကြိုက်သလဲ?
၅၊ မင်းအချစ်ဆုံးလူရဲ့နာမည် (မိမိနှင့်အမျိုးတူုသောသူ
တွက်သူသည်မိန်ကလေးဖြစ်ရင်မိန်း
ကလေးနာမည်ဖြစ်ရမည်
တွက်သူသည်ယောင်္ကျားလေးဖြစ်ရင်ယောင်္ကျားလေးနာမည်ဖြစ်ရမည်)
၆၊မင်းအကြိုက်နှစ်သက်ဆုံး NO ?
၇။ မင်းလေယာဉ်မောင်းရတာကိုကြိုက်လား ။ကားမောင်းရတာကိုကြိုက်လား?
၈။မင်း ရေကန် ကိုကြိုက်လား ။ ပင်လယ်ကိုကြိုက်လား?

Mar 2, 2010
စည်းကမ်းရှိသော နိုင်ငံ၏ ထင်ရှားသော စာများ
လူမြင်ကွင်းလမ်းဘေး ဘယ်ညာ မှာတွေ့ရတက်တာက
စည်းကမ်းရှိမှ တိုးတက်မည်
မြက်ခင်းပေါ်မနင်းရ
အမှိုက်မပစ်ရ
Feb 23, 2010
၉လသာ စောင့်ပါ
အမျိုးသား တစ်ဦးသည် အလုပ်တွင် အဆင်မပြေဖြစ်တိုင်း မိမိမှာတော့
မိသားစုအတွက် နေ့စဉ်နေ့တိုင်းအလုပ်တွင် အနည်းဆုံး ၈ နာရီ အလုပ်လုပ်ရချိန်၌
ဇနီးဖြစ်သူ မှာ အိမ်တွင် အေးအေးဆေးဆေး နေနိုင်နေကြောင်းကို
တွေးမိကာဇနီးသည် ကို မနာလိုဖြစ်နေတက်သည်။မိန်းမအား မနာလိုမူတို့
အားကြီးလာသာအခါ တစ်ည ညအိပ်ရာ ၀င်ချိန်တွင် ဘုရားသခင်ကို တိုင်တည်ဆုတောင်းသည်ဟူ၏။

Feb 20, 2010
Feb 17, 2010
Google Buzz အကြောင်း Forward Mail ရလို့ မျှဝေလိုက်ပါတယ်
Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy
လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို
သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။
လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို
သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။
Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။
ollow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။
ollow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။
Feb 14, 2010
မျှော်လင့်ချက်
တခါတရံ
ယုံကြည်ချက်တွေပြိုလဲ
တစ်ယောက်တည်းအထီးကျန်တဲ့အခါ
နင်ငါ့ကိုသတိရပေးပါ...
ယုံကြည်ချက်တွေပြိုလဲ
တစ်ယောက်တည်းအထီးကျန်တဲ့အခါ
နင်ငါ့ကိုသတိရပေးပါ...
Feb 13, 2010
ကျမနှင့်ချစ်သူများနေ့ 
၂၀၀၉ ဖေဖော်ဝါရီ ၁၄
ချစ်သူများနေ့ က ကျမတို့ အိမ်ထောင်သည်တွေအတွက် ဘာမှထွေထွေထူးထူး
မဟုတ်သလိုပါပဲ။လူပျို အပျိုတွေအတွက်ကတော့ သိပ်ပျော်စရာနေ့ လေးတစ်
နေ့ ပေါ့။ဟိုဟိုဒီဒီလျှောက်လည်ကြ စားကြသောက်ကြနဲ့ ..
ချစ်သူအချင်းချင်း လက်ဆောင်လေးတွေဖလှယ်ကြ..
ပျော်စရာလေးပေါ့ ။ဘ၀မှာကိုယ်ချစ်တဲ့
ချစ်သူအချင်းချင်း လက်ဆောင်လေးတွေဖလှယ်ကြ..
ပျော်စရာလေးပေါ့ ။ဘ၀မှာကိုယ်ချစ်တဲ့
သူနဲ့ အတူတူရှိနေရခြင်းကလဲ တချိန်ချိန်မှာအမှတ်တရလေးတွေပဲမဟုတ်လား။
Feb 11, 2010
မိန်းခလေးများအတွက်သီးသန့်
“ဘ၀ လက်တွဲဖော် ရွေးကြည့်ချင်သူများ အတွက်”
မြန်မာ့ရိုးရာ လက်ဆန်းနည်းလေးပါ။မိန်းခလေးတွေအတွက်သီးသန့်ပါ။အရွယ်ရောက် တဲ့မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေတခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာချစ်စကားကမ်း လှမ်းခံရတာ မေတ္တာရှိကြောင်းပြောလာတာ၊ လက်ထပ်ခွင့်ပန်လာတာတွေရှိပါလိမ့်မယ်...ရင်ခုန်ရတာ တဖက် ၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ်ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ ဒီပညာ လေးကလွယ်ပါတယ်။ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နော်.

Feb 6, 2010
အကယ်ဒမီယတြာ
ဦးရုက္ခစိုး တယောက် အကယ်ဒမီပွဲ တက်ဖို့ နေပြည်တော် ရောက်နေသည်။ ယခုခရီးစဉ်သည် သူ၏ ပထမဆုံး အကြိမ် နေပြည်တော် ခရီးစဉ်ဖြစ်သည်။ သူ့လက်ထဲမှာ ကင်မရာ၊ ကက်ဆက်၊ မှတ်စုစာအုပ်၊ ဘောပင်တို့နှင့် ရှုပ်နေရသည့်အထဲ ဖိုးရှုပ်က မိုးဟေကို လက်မှတ် အရယူခဲ့ဖို့ဆိုပြီး အော်တိုတအုပ် အတင်းထည့် ပေးလိုက်သေးသည်။ ဆုပေးပွဲပြုလုပ်မည့် မြို့တော်ခန်းမ အ၀င်အဝမှ အပေါက်စောင့်က သူ့ကိုအသေအချာရှာသည်။
Feb 1, 2010
ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ
ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။
Jan 27, 2010
သင် ဘယ်နိုင်ငံမှာ နေရတာ အကောင်းဆုံးလဲ ဆိုတာ
ဒီနိုင်ငံက သက်ကြီးရွယ်အို"အနန္တဂိုဏ်းဝင် ကျေးဇူးရှင်"၊ "ကြီးသူကို
ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစား" …စတဲ့ အဆုံးအမတွေနဲ့ 
ကြီးပြင်းခဲ့ရသူ၊ လိုက်နာခဲ့ရသူ ကျွန်မလို မြန်မာလူမျိုး တယောက် အတွက်
ဒီိနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘ၀ကို တွေ့ တိုင်း၊ မြင်တိုင်း၊
ကြားတိုင်း ရင်ထဲမှာ နင့်နင့်သီးသီး ဆို့ ဆို့ နင့်နင့် ခံစားရမြဲ။
ဆင်းရဲချမ်းသာမှုတွေကြား ဘယ်အရာကများ လစ်ဟင်းပျောက်ကွယ်နေလဲလို့ 
မဆုံးနိုင်မေးခွန်းတွေနဲ့ လုံးလည်လိုက်စမြဲ။

Jan 12, 2010
မိုးထဲကအလွမ်း
မိုးနံ့ လေနံ့ လေးရတာနဲ့ 
အလွမ်းတွေ ရောက်ရောက်လာတယ်ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက်
တစ်ယောက်တည်းဆိုတဲ့အသိက
အလွမ်းတွေကို ပိုထန်စေတယ်.........
Jan 5, 2010
ကျတော်နှင့် ၂၀၁၀ နိဒါန်း
လွန်ခဲ့တဲ့ ၁ရက်နေ့ ကပေါ့....
၂၀၁၀ရဲ့  နံနက်ခင်းလေပြည်ကအေးမြလတ်ဆတ်လို့ နေတယ် ။ နှစ်သစ်မှာ စိတ်သစ်လူသစ်
ခွန်အားသစ်တွေနဲ့ အစပြုဖို့  ရင်ထဲကတွန်းအားပေးနေကြတယ် ။ ကျတော်အိမ်တံခါးကို
၂၀၁၀ရဲ့  နံနက်ခင်းလေပြည်ကအေးမြလတ်ဆတ်လို့ နေတယ် ။ နှစ်သစ်မှာ စိတ်သစ်လူသစ်
ခွန်အားသစ်တွေနဲ့ အစပြုဖို့  ရင်ထဲကတွန်းအားပေးနေကြတယ် ။ ကျတော်အိမ်တံခါးကို
သော့ခတ်ပြီး အပြင်ကိုထွက်လိုက်တယ်ဆိုရင်ပဲနေရောင်ခြည်နဲ့  နံနက်ခင်းရဲ့  လေပြေက
ကျတော့်ကိုဆီးကြိုနေကြတယ် ။
ကျတော့်ကိုဆီးကြိုနေကြတယ် ။
Jan 4, 2010
မြန်မာလို တိုက်ရိုတ် ပြန်ထားသော စကားလုံးများ
ပြဒါးတလမ်း သံတလမ်း Mercury one way, Iron one way
လက်လွတ်စပယ် Hand Free Jasmine
ဆရာ မလုပ်နဲ့  Don’t Make the Teacher
လက်လွတ်စပယ် Hand Free Jasmine
ဆရာ မလုပ်နဲ့  Don’t Make the Teacher
Jan 3, 2010
လွတ်လပ်ရေးနေ့  အမှတ်တရ
နှစ်စဉ်ဇန်န၀ါရီ ၄ ရက်နေ့ကိုရောက်လာခဲ့ပြန်ပါပြီ။
အဝေးတနေရာမှာ ရောက်နေပေမဲ့ အမိနိုင်ငံရဲ့ နေ့ ကြီးနေ့ မြတ်တွေကို စိတ်မှာ
အမြဲ အမှတ်ရနေမိတယ်၊ ကလေးဘ၀တုန်းကဆို လွတ်လပ်ရေးနေ့ ရောက်ရင်
အင်မတန်ပျော်ပါတယ်၊
အဝေးတနေရာမှာ ရောက်နေပေမဲ့ အမိနိုင်ငံရဲ့ နေ့ ကြီးနေ့ မြတ်တွေကို စိတ်မှာ
အမြဲ အမှတ်ရနေမိတယ်၊ ကလေးဘ၀တုန်းကဆို လွတ်လပ်ရေးနေ့ ရောက်ရင်
အင်မတန်ပျော်ပါတယ်၊
Subscribe to:
Posts (Atom)