Sep 16, 2010
လမ်းမရှိတဲ့ရွာ
အခုတွေ့ မြင်ရတာကတော့ ဟော်လန်က လမ်းမရှိတဲ့ ရွာလေးပါ ။
တစ်ရွာလုံးကလူတွေဟာ သွားဖို့ လာဖို့ လှေကိုသာ အသုံးပြုကြပါတယ် ။
Sep 12, 2010
ချစ်ခြင်းတရား၏ လက်ဆောင်
ကျမကလေးကို ကြည့်လို့ ရမလားရှင်..
ကလေးမွေးပြီးစ မိခင်တစ်ယောက်က ဆရာဝန်ကို လှမ်းပြောလိုက်တယ်။
သူမဟာ ကလေးကို လက်မောင်းတစ်ဖက်ပေါ် ပွေ့ ချီလိုက်ပြီး ကလေးလေးရဲ့ 
ဦးခေါင်းနေရာတစ်ဝိုက်မှာ ကျပ်တည်းစွာ ထုပ်ထားတဲ့ အနှီးကိုဖြေကြည့်လိုက်တယ် ။
ဆ၇ာဝန်လေးဟာ သူမရဲ့  သက်ပြင်းသံသဲ့သဲ့ကိုကြားတဲ့အခါ  ပြတင်းပေါက်ဘက်ကို မျက်နှာမူ၇င်း
အဓိပါယ်မဲ့ ငေးကြည့်နေခဲ့တယ်။ကလေးလေးဟာ မိခင်ဝမ်းက ကျွတ်ကတည်းက
နားရွက်နှစ်ဘက် ပါမလာခဲ့ဘူး ။သို့ ပေမဲ့ ကလေးရဲ့ အကြားအာရုံဟာ အချိန်ကြာလာတာနဲ့
အမျှ ပိုပြီး ကောင်းမွန်လာသလောက် ရှိလာခဲ့တယ်။ နားရွက်နှစ်ဘက်မပါတာကတော့
မွေးရာပါဖြစ်တာကြောင့်  ဘာမှမတတ်နိုင်ခဲ့ဘူး။
Sep 9, 2010
ဒါမှ တကယ့် ဂျီပုန်းဖမ်းနည်းး (မနောက်ဘူးးတကယ်)
 (သူငယ်ချင်းတွေကို စိတ်ပူအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်..
အားလုံးကို ကျေးဇူးတင်ပါတယ်နော်...ဒီပို စ့်ကြောင့်  ဘလော့ဂါမောင်နှမတွေရဲ့ 
ရင်ထဲကစကားတွေကြားခဲ့ရတဲ့အတွက် ကျေးဇူးတင်ပျော်ရွှင်မိပါတယ် ။
စိတ်ပူပြီး ဖုန်းဆက်မေးတဲ့ ဘကျောက်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ် ။ 
ဘကျောက် အမြန်ဆုံး နေကောင်းပြီး ကျန်းကျန်းမာမာ ရှိပါစေလို့ ဆုတောင်းပေးပါတယ် ။
ပြီးတော့ တခါမှဝင်မမန့် ပဲ စာဖတ်ပြီး  ပြန်သွားတတ်တဲ့ သူငယ်ချင်းအချို့ 
နဲ့ စာဖတ်သူအချို့ ကပါ စာဆက်ရေးဖို့ မန့် လာတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်..)
Sep 8, 2010
ဘလော့ပိတ်လိုက်ရင်ကောင်းမလားးးဆုံးဖြတ်ပေးကြပါ
အားလုံးကို နုတ်ဆက်ပါတယ်။ဒီဘလော့လေး ကိုကျမတည်ဆောက်ခဲ့တာ နောက်နှစ်မတ်လဆို ၂နှစ်တင်းတင်းပြည့်တော့မှာပါ ။ အလွယ်တကူတည်ဆောက်ယူခဲ့ရတာ မဟုတ်ခဲ့လို့ 
ဒီဘလော့လေးကို သံယောဇဉ်ရှိလို့  ..သူငယ်ချင်းတွေကို ခင်မင်ခဲ့လို့  ..
 ယွန်း အဖြစ်ဆက်လက်ရပ်တည်ခဲ့တာပါ။
Sep 6, 2010
ဂျီပုန်းဖမ်းနည်း
တနေ့ က ပျင်းတာနဲ့  အွန်လိုင်းတက်ပြီးး ရုပ်ရှင်ကြည့်ရင်းက သရဲကားဆီရောက်သွားတယ် ။
Sep 1, 2010
အမေရိကန်မြန်မာ အဆိုတော်နှင့် တွေးမိတွေးရာ
အမေရိကန် မြန်မာ အမျိုးသမီးအဆိုတော် Robin Natalise Chow တဲ့ ..
Aug 31, 2010
ကြံကြံဖန်ဖန်ရယ်...ဒီလိုမျိုးလဲရှိသေးတယ်..
လေးဖြူတွေ့ ရင် ထိုင်ငိုမလားးး မသိဘူးးး
တော်တော် တော့ရီရတယ်...ပေါက်ကရ သက်သက်ပဲ....
Aug 29, 2010
မိုးထဲက ည
မိုးတွေ   သဲကြီး မဲကြီး ရွာနေတဲ့ ညတစ်ည.....အချိန်က ၁၁နာရီ ခွဲလောက်ရှိနေပြီ ။အယ်ဘားမားမြို့ ရဲ့ ဟိုင်းဝေး တစ်နေရာမှာ အမေရိကန်အာဖရိကန် အမျိုးသမီးတစ်ယောက်ဟာ ကားလမ်းနဘေးမှာ 
ရပ်ပြီး ဖြတ်သွားဖြတ်လာ ကားတွေကိုတားနေတယ် ။သို့ သော် တစ်စီးမှ ရပ်မပေးကြပါ ။
သူမရဲ့ ကားဟာ မောင်းနေရင်း တိုးရပ်သွားတာကြောင့်ကားကို မိုးရေထဲမှာ ရပ်ထားရပါတယ်။
ခရီးဆက်သွားဖို့ သူမ အကူအညီလိုနေတယ် ။ သူမတစ်ကိုယ်လုံးလဲ မိုးရေတွေစိုနေပြီ ။
Aug 26, 2010
ပစ္စုပန်ကို ပျော်ရွှင်စွာ ဖြတ်သန်းပါ
အိမ်အသစ်တစ်လုံး ပိုင်ဆိုင်ရ၇င်ပဲဖြစ်စေ ၊ အလုပ်သစ်တစ်ခုရရင်ပဲဖြစ်စေ ၊ သားဦး သမီးဦးမွေးဖွားပြီးရင်
ပဲဖြစ်စေ ၊ လက်ထပ်ပြီး၇င်ပဲဖြစ်စေ ဘ၀ဟာ ပိုပြီး ကောင်းမွန်လာတယ်လို့  ကျတော်တို့ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်လာတတ်ကြပါတယ်။ ထို့ နောက် ကျတော်တို့ ဟာ ကလေးတွေ အရွယ်မရောက်သေးတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် မချင့်မရဲ ဖြစ်တတ်ကြပေမဲ့ သူတို့ အ၇ွယ်ရောက် လာသောအခါ ကျတော်တို့ ကိုယ့်ကို
ကိုယ် အားရကျေနပ်မှူတွေ ခံစားလာတတ်ကြပါတယ်။
မိခင်၏ ချစ်ခြင်းဟူသည်
ညနေခင်းတစ်ခုမှာ ကလေးတစ်ဦးဟာ ညနေစာ ပြင်ဆင်နေတဲ့ သူ့ မိခင်ရှိရာ
မီးဖိုချောင်ထဲသို့ ဝင်လာခဲ့တယ် ။ပြီးတော့ကလေးငယ်လေးဟာ သူ့ မိခင်ကိုင်ထားတဲ့ စာရွက်ပိုင်းလေးကိုယူပြီး စာတချို့ ကိုရေးချလိုက်တယ် ။ မိခင်ဖြစ်သူက ရေစိုနေတဲ့
သူမရဲ့ လက်တွေကို အခြောက်ခံပြီးတဲ့အခါမှာကလေးငယ်လေး  ရေးထားတဲ့စာကို
ယူဖတ်လိုက်တယ် ။ ဘာရေးထားလဲဆိုတော့....
Aug 20, 2010
ကလေးပြောတဲ့ နိုင်ငံရေး
"   ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး။ "    နိုင်ငံရေးဆိုတာ ဘာလဲတဲ့"
မောင်ဖြူစင်ကသူ့ဖခင်အား အကူအညီတောင်းလိုက်သည်။ဖခင်က…
"   အေး သားသား သဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊
Aug 19, 2010
ဟိုတစ်စ ဒီတစ်စ အတွေးစများ
(သူငယ်ချင်းတွေအတွက်ဘာအကျိုးမှ ရှိမှာမဟုတ်တဲ့အတွက် ဘာရသမှပေးနိုင်မှာ မဟုတ်တဲ့အတွက် ဆန္ဒရှိမှသာဖတ်ပါနော်)
Aug 11, 2010
ကဗျာဆရာနှင့် ကဗျာည
ကဗျာဆရာတေစ်ယောက်ဟာ ဖြစ်လိုက်ရင် ဒီလိုချည်း။
တခါတလေ တွေးလိုက်၊ ငေးလိုက် ၊ မှိုင်လိုက် တွေလိုက်နဲ့  တခါတရံပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲဆိုတာ 
မေ့နေတတ်ပါတယ် ။ ကဗျာဇ ကရှိတော့ တွေ့ ရာမြင်ရာ ကဗျာလေးကောက်စပ်လိုက်ရမှ 
နေသာထိုင်သာရှိသူ ။ဘ၀ကဗျာ ၊ရင်တွင်းဖြစ် ကဗျာ ၊ နိုင်ငံရေး ကဗျာက အစ အချစ်ကဗျာအဆုံး ဖတ်ရမှ 
ကျေနပ်နှစ်သက်တတ်သူ။
Aug 3, 2010
ပင့်သက်
” ထပ်တူမကျမှူ ”ဆိုတဲ့
စကားတစ်ခွန်းမှာ
မျှော်လင့်ချက်တွေ အသက်မဲ့ခဲ့ရတယ်..
Jul 29, 2010
ရင်ဘတ်တံခါးဆီမှ
ရင်ဘတ်မှာ အသံတိတ်နဲ့
အံကြိတ် ငိုနေတဲ့ ငါ....
Jul 26, 2010
အဟောင်းဆိုင် သို့ တခေါက်
ဒီတပတ် အားလပ်ရက်မှာ  American  Thrift Store ကို ရောက်သွားခဲ့တယ်။
အဟောင်းပစ္စည်း ရောင်းတဲ့ဆိုင်ပါ။ အစိုးရက ပြည်သူတွေအတွက် စရိတ်သက်သာရာ
သက်သာကြောင်း ဖွင့်ပေးထားတာပါ။အဟောင်းဆိုင်ဆိုပေမဲ့ အသစ်ဆိုင်လိုပါပဲ :P
Jul 22, 2010
ကလိကလိ ပြုံးစိစိ
(၁)ကွန်ပြူတာ သမားဆိုတာ
အိုင်တီနည်းပညာတွင် က၀ိတဆူဖြစ်သူ ကွန်ပြူတာ သမားတစ်ယောက်သည် လမ်းဖြတ်ကူးနေစဉ်
စကားပြောတတ်သော ဖားပြုပ်တစ်ကောင်နှင့်တွေ့ သည်။ ဖားပြုပ်ကပြောသည်။
"ရှင်ကျမကို နမ်းလိုက်ရင်  ကျမဟာသိပ်လှတဲ့ မင်းသမီးလေးအဖြစ် ဘ၀ပြောင်းသွားလိမ့်မယ်
ရှင်နဲ့ တပတ်အတူနေပြီး လိုတာမှန်သမျှ အကုန်လုပ်ပေးမယ်"
Jul 20, 2010
HAPPY BIRTHDAY (July 20)
 ဒီနေ့က အိမ်ကလူကြီးရဲ့ မွေးနေ့ပါ။
မွေးနေ့ လေးမှာ အမှတ်တရလေး ဖြစ်စေချင်တာကြောင့် လည်းကောင်း၊
ဘလော့ဂါမောင်နှမတွေကို ကျွေးချင် မွေးချင်တဲ့ ဆန္ဒလေးတားဆီးမရနိုင်တာကြောင့်
လည်းကောင်း ဒီမွေးနေ့ ပွဲလေးကို လုပ်ဖြစ်သွားပါတယ် ။
ဘလော့ဂါမောင်နှမတွေကို ကျွေးချင် မွေးချင်လွန်းလို့  ယွန်းကိုယ်တိုင်ပင်ပင်ပမ်းပမ်း ချက်ထား အဲ....
ဂူးဂဲလ် ကနေ  ရှာထား တာလေးတွေ အားပေးသွားကြပါဦးနော်.......
Jul 19, 2010
Jul 15, 2010
အသွင်တူ၏ မတူ၏
ဘုရားသခင်က လူယောကျာ်းရဲ့  နံရိုးတစ်ချောင်း နဲ့  လူမိန်းမကို ဖန်ဆင်းခဲ့သတဲ့။
လူယောကျာ်းရဲ့  နံရိုးနဲ့  လူမိန်းမဖြစ်လာရတဲ့အတွက် ထိုသူနှစ်ယောက်ပေါင်းမှ လူတစ်ယောက်ဖြစ်တယ်လို့ 
အဆိုရှိကြတယ် ။ လက်ထပ်ထိမ်းမြှားခြင်းဆိုတာ လူသားနှစ်ယောက်ကို တစ်ယောက်ထဲဖြစ်အောင်
ပေါင်းစည်းလိုက်ကြတာပါပဲ ။နှစ်ရွက်ပေါင်းမှတစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လိုပေါ့ ။
Jul 12, 2010
တခါတရံတွင် အချစ်သည် ဤသို့ .........
ဆန္ဒ
ရင်နှင့်အမျှ
မြင်ခွင့်ရလျှင်...
သခင် သိသင့်တယ်...
Jul 7, 2010
ဟယ်ရီပေါ်တာ မှော်ကစားကွင်း ဖွင့်လှစ်
ဇွန်လ ၁၈ ရက်နေ့ က စပြီး ဟယ်ရီပေါ်တာကစားကွင်းကို အမေရိကန်နိုင်ငံ ဖလော်ရီဒါ တွင် ဖွင့်လှစ်ခဲ့ပါတယ်။
ထိုကစားကွင်းကြီးကို အချိန်၅နှစ်တာ အချိန်ယူပြီး တည်ဆောက်ခဲ့ရသည်။ လာရောက်လည်ပတ်သူများမှာ
ဟယ်ရီပေါ်တာ လောကထဲသို့  တကယ်ရောက်ရှိ နေသကဲ့သို့  ခံစားကြရမည်ဖြစ်သည်။
ဖွင့်ပွဲနေ့ တွင်ပင် လူ၅၀၀၀ကျော်မှာ ကစားကွင်းထဲသို့ ဝင်ရန် တန်းစီစောင့်မျော်နေကြသည်ဆို၏ ။
Jul 2, 2010
အမှတ်တရ သူငယ်ချင်းလေး
ကျမမှာဆွေကြီးဆိုတဲ့ သူငယ်ချင်းလေးတစ်ယောက်ရှိပါတယ။်လူပုံက ပိန်ပိန်ပါးပါး အရပ်ကမြင့်မြင့်
အသားဖြူဖြူနဲ့  အမှတ်တမဲ့ ကြည့်ရင် ရတနာ(NO)  လိုလို ဘာလိုလိုပေါ့။ သူ့ ကို သူငယ်ချင်းအားလုံးက
ချစ်စနိုးနဲ့  ဆွေကြီး လို့ ခေါ်ကြပါတယ်။ နာမည် အရင်းကတော့ သီတာဆွေပါ။ ချစ်စနိုးနဲ့ အဖျားဆွတ်
ခေါ်တော့ ဆွေကြီး ပေါ့ ။ သူငယ်ချင်းထဲမှာ မျိုးကြီးလို့ ခေါ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါသေးတယ်။
သူတို့ နှစ်ယောက်ဆုံတော့ ဆွေကြီးမျိုးကြီး လို့ကျမတို့ ကနောက်လေ့ရှိပါတယ်။
Jun 18, 2010
လွဲတတ်ပလေ
တစ်နှစ်တစ်ခါ သီတင်းကျွတ် တန်ဆောင်တိုင်ရောက်ရင် မြန်မာပြည်ကို ပြန်ပြန်ြပီး သတိရလာမိတယ်
ကိုယ့်ရိုးရာ ဓလေ့အတိုင်း လူကြီးသူမတွေကို ကန်တော့တာတို့ ၊ သူငယ်ချင်းတွေနဲ့  အပျော်ခရီး ထွက်
ရတာတို့  ပြီးတော့ သီတင်းကျွတ်ညမှာ စက်ဘီးလေးတွေနဲ့  လမ်းတကာလျှောက်စီးရတာတွေ ကိုက
ဘယ်တော့မှပြန်မရနိုင်တဲ့ ဘ၀ရဲ့ အရသာလေးတွေပါ ။
Jun 12, 2010
အဲဒိနေ့ 
အဲဒိနေ့ က.....
ကျတော့်ခြေထောက်တွေ အဖြည်းဖြည်းနဲ့  အေးစက်ထုံကျဉ်လာတယ်။ ဖြေထောက်က ထုံကျဉ်မှူကို
သတိမပြုမိနိုင်လောက်အောင် ကျတော့်ရင်ထဲက နာကျဉ်နေတာတွေက ပိုမိုကြီးမားလွန်းနေတယ်။
Jun 10, 2010
အသည်းကွဲနေသော ကောင်မလေးတွေ ဖတ်ရန်
ပုံပြင်အစ
တစ်ခါတုန်းက
ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........
"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"
Jun 4, 2010
ခံစားမှူသီချင်း
Photobucketဘာရယ်ဟုတ်ဘူးးးသီချင်းလေးကောင်းလို့ တင်ထားတာPhotobucket
Jun 3, 2010
"..ခေါင်းစဉ်မဲ့ခြင်း..."
ကိုယ့်မျက်ရည်နဲ့ကိုယ် ၀မ်းနည်းခဲ့ရတာပါ
ကိုယ့်အိမ်မက်နဲ့ကိုယ် မျော်လင့်ခဲ့ရတာ..
Mar 27, 2010
ခဏပျောက်မယ်နော်
အခုတလော ကွန်နက်ရှင်သိပ်မကောင်းတာနဲ့ ပိုစ့်အသစ်မတင်ဖြစ်သေးပါဘူး။
ကွန်နက်ရှင် ကျလိုက်တက်လိုက်နဲ့  ကွန်ပြူတာရှေ့၂နာရီလောက် ထိုင်ပေမဲ့လည်း စိတ်တိုရတာပဲ
အဖတ်တင်ပါတယ်။ ဘိုးတော် ကွန်နက်ရှင်ကတော့ ဖြုံတောင်မဖြုံပါဘူး။
Mar 13, 2010
ကျမနှင့် NAIL ART
မိန်းသလေးသဘာဝ အလှအပကြိုက်ကြတာ သဘာဝပဲမဟုတ်လား။ 
လှပခြင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှူကိုရစေတယ်တဲ့ ..စာထဲမှာ ဖတ်ဖူးတာလေးပါ။ 
တနည်းပြောရရင် အကျည်းတန် မှန်ကြိုက် ဆိုသလိုပေါ့။
Mar 10, 2010
သင့်အတွက် ခဏတာ ပျော်ရွင်စရာများ
(အောက်ကအဖြေကိုကြိုမကြည့်ပါနဲ့)
မေခွန်း
၁။ မင်းရဲ့ အကြိုက်ဆုံးအရောင် က အနီ ။ အနက်။အပြာ ။အစိမ်း။ အ၀ါ ? (တခုရွေးပါ )
၂။မင်းနာမည်ရဲ အစစာလုံးကဘာလဲ?
၃။မင်းမွေးတဲ့လ?
၎၊ မင်း အဖြူရောင် ။အနကရောင် ဘယ်အရောင်ကိုပိုကြိုက်သလဲ?
၅၊ မင်းအချစ်ဆုံးလူရဲ့နာမည် (မိမိနှင့်အမျိုးတူုသောသူ
တွက်သူသည်မိန်ကလေးဖြစ်ရင်မိန်း
ကလေးနာမည်ဖြစ်ရမည်
တွက်သူသည်ယောင်္ကျားလေးဖြစ်ရင်ယောင်္ကျားလေးနာမည်ဖြစ်ရမည်)
၆၊မင်းအကြိုက်နှစ်သက်ဆုံး NO ?
၇။ မင်းလေယာဉ်မောင်းရတာကိုကြိုက်လား ။ကားမောင်းရတာကိုကြိုက်လား?
၈။မင်း ရေကန် ကိုကြိုက်လား ။ ပင်လယ်ကိုကြိုက်လား?
Mar 2, 2010
စည်းကမ်းရှိသော နိုင်ငံ၏ ထင်ရှားသော စာများ
လူမြင်ကွင်းလမ်းဘေး ဘယ်ညာ မှာတွေ့ရတက်တာက
စည်းကမ်းရှိမှ တိုးတက်မည်
မြက်ခင်းပေါ်မနင်းရ
အမှိုက်မပစ်ရ
Feb 23, 2010
၉လသာ စောင့်ပါ
အမျိုးသား တစ်ဦးသည် အလုပ်တွင် အဆင်မပြေဖြစ်တိုင်း မိမိမှာတော့
မိသားစုအတွက် နေ့စဉ်နေ့တိုင်းအလုပ်တွင် အနည်းဆုံး ၈ နာရီ အလုပ်လုပ်ရချိန်၌
ဇနီးဖြစ်သူ မှာ အိမ်တွင် အေးအေးဆေးဆေး နေနိုင်နေကြောင်းကို
တွေးမိကာဇနီးသည် ကို မနာလိုဖြစ်နေတက်သည်။မိန်းမအား မနာလိုမူတို့
အားကြီးလာသာအခါ တစ်ည ညအိပ်ရာ ၀င်ချိန်တွင် ဘုရားသခင်ကို တိုင်တည်ဆုတောင်းသည်ဟူ၏။
Feb 20, 2010
ချစ်သူပြောတဲ့အချစ်အကြောင်း
ဆောင်းတွင်းရဲ့ အေးစိမ့်စိမ့် မနက်ခင်းတစ်ခုမှာ သူ့ နာမည်ကို ကျမစတင်
သတိတားခဲ့ မိတာဖြစ်သည်။
Feb 17, 2010
Google Buzz အကြောင်း Forward Mail ရလို့ မျှဝေလိုက်ပါတယ်
Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy
လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို
သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။
Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။
ollow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။
Feb 14, 2010
မျှော်လင့်ချက်
တခါတရံ
ယုံကြည်ချက်တွေပြိုလဲ
တစ်ယောက်တည်းအထီးကျန်တဲ့အခါ
နင်ငါ့ကိုသတိရပေးပါ...
Feb 13, 2010
ကျမနှင့်ချစ်သူများနေ့ 
၂၀၀၉ ဖေဖော်ဝါရီ ၁၄
ချစ်သူများနေ့ က ကျမတို့ အိမ်ထောင်သည်တွေအတွက် ဘာမှထွေထွေထူးထူး 
မဟုတ်သလိုပါပဲ။လူပျို အပျိုတွေအတွက်ကတော့ သိပ်ပျော်စရာနေ့ လေးတစ်
နေ့ ပေါ့။ဟိုဟိုဒီဒီလျှောက်လည်ကြ စားကြသောက်ကြနဲ့ ..
ချစ်သူအချင်းချင်း လက်ဆောင်လေးတွေဖလှယ်ကြ..
ပျော်စရာလေးပေါ့ ။ဘ၀မှာကိုယ်ချစ်တဲ့ 
သူနဲ့ အတူတူရှိနေရခြင်းကလဲ တချိန်ချိန်မှာအမှတ်တရလေးတွေပဲမဟုတ်လား။
Feb 11, 2010
မိန်းခလေးများအတွက်သီးသန့်
“ဘ၀ လက်တွဲဖော် ရွေးကြည့်ချင်သူများ အတွက်”
မြန်မာ့ရိုးရာ လက်ဆန်းနည်းလေးပါ။မိန်းခလေးတွေအတွက်သီးသန့်ပါ။အရွယ်ရောက် တဲ့မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေတခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာချစ်စကားကမ်း လှမ်းခံရတာ မေတ္တာရှိကြောင်းပြောလာတာ၊ လက်ထပ်ခွင့်ပန်လာတာတွေရှိပါလိမ့်မယ်...ရင်ခုန်ရတာ တဖက် ၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ်ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ ဒီပညာ လေးကလွယ်ပါတယ်။ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နော်.
Feb 6, 2010
အကယ်ဒမီယတြာ
ဦးရုက္ခစိုး တယောက် အကယ်ဒမီပွဲ တက်ဖို့ နေပြည်တော် ရောက်နေသည်။ ယခုခရီးစဉ်သည် သူ၏ ပထမဆုံး အကြိမ် နေပြည်တော် ခရီးစဉ်ဖြစ်သည်။ သူ့လက်ထဲမှာ ကင်မရာ၊ ကက်ဆက်၊ မှတ်စုစာအုပ်၊ ဘောပင်တို့နှင့် ရှုပ်နေရသည့်အထဲ ဖိုးရှုပ်က မိုးဟေကို လက်မှတ် အရယူခဲ့ဖို့ဆိုပြီး အော်တိုတအုပ် အတင်းထည့် ပေးလိုက်သေးသည်။ ဆုပေးပွဲပြုလုပ်မည့် မြို့တော်ခန်းမ အ၀င်အဝမှ အပေါက်စောင့်က သူ့ကိုအသေအချာရှာသည်။
Feb 1, 2010
ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ
ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။
Jan 27, 2010
သင် ဘယ်နိုင်ငံမှာ နေရတာ အကောင်းဆုံးလဲ ဆိုတာ
ဒီနိုင်ငံက သက်ကြီးရွယ်အို"အနန္တဂိုဏ်းဝင် ကျေးဇူးရှင်"၊ "ကြီးသူကို
ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစား" …စတဲ့ အဆုံးအမတွေနဲ့ 
ကြီးပြင်းခဲ့ရသူ၊ လိုက်နာခဲ့ရသူ ကျွန်မလို မြန်မာလူမျိုး တယောက် အတွက်
ဒီိနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘ၀ကို တွေ့ တိုင်း၊ မြင်တိုင်း၊
ကြားတိုင်း ရင်ထဲမှာ နင့်နင့်သီးသီး ဆို့ ဆို့ နင့်နင့် ခံစားရမြဲ။
ဆင်းရဲချမ်းသာမှုတွေကြား ဘယ်အရာကများ လစ်ဟင်းပျောက်ကွယ်နေလဲလို့ 
မဆုံးနိုင်မေးခွန်းတွေနဲ့ လုံးလည်လိုက်စမြဲ။
Jan 12, 2010
မိုးထဲကအလွမ်း
မိုးနံ့ လေနံ့ လေးရတာနဲ့ 
အလွမ်းတွေ ရောက်ရောက်လာတယ်
ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက်
တစ်ယောက်တည်းဆိုတဲ့အသိက
အလွမ်းတွေကို ပိုထန်စေတယ်.........
Jan 5, 2010
ကျတော်နှင့် ၂၀၁၀ နိဒါန်း
လွန်ခဲ့တဲ့ ၁ရက်နေ့ ကပေါ့....
၂၀၁၀ရဲ့  နံနက်ခင်းလေပြည်ကအေးမြလတ်ဆတ်လို့ နေတယ် ။ နှစ်သစ်မှာ စိတ်သစ်လူသစ်
ခွန်အားသစ်တွေနဲ့ အစပြုဖို့  ရင်ထဲကတွန်းအားပေးနေကြတယ် ။ ကျတော်အိမ်တံခါးကို
သော့ခတ်ပြီး အပြင်ကိုထွက်လိုက်တယ်ဆိုရင်ပဲနေရောင်ခြည်နဲ့  နံနက်ခင်းရဲ့  လေပြေက
ကျတော့်ကိုဆီးကြိုနေကြတယ် ။
Jan 4, 2010
မြန်မာလို တိုက်ရိုတ် ပြန်ထားသော စကားလုံးများ
ပြဒါးတလမ်း သံတလမ်း Mercury one way, Iron one way
လက်လွတ်စပယ် Hand Free Jasmine
ဆရာ မလုပ်နဲ့  Don’t Make the Teacher
Jan 3, 2010
လွတ်လပ်ရေးနေ့  အမှတ်တရ
နှစ်စဉ်ဇန်န၀ါရီ ၄ ရက်နေ့ကိုရောက်လာခဲ့ပြန်ပါပြီ။
အဝေးတနေရာမှာ ရောက်နေပေမဲ့ အမိနိုင်ငံရဲ့ နေ့ ကြီးနေ့ မြတ်တွေကို စိတ်မှာ
အမြဲ အမှတ်ရနေမိတယ်၊ ကလေးဘ၀တုန်းကဆို လွတ်လပ်ရေးနေ့ ရောက်ရင်
အင်မတန်ပျော်ပါတယ်၊
Dec 27, 2009
ဥာဏ်စမ်းရဲ့  အဖြေများ
သူငယ်ချင်းအားလုံး မင်္ဂလာပါရှင်.....
ဘယ်လိုလဲ..မေးခွန်းလေးတွေ လာဖတ်ပြီးခေါင်းစားသွားကြပြီလား..အဟီး..
ဆံပင်ဖြူအောင်လုပ်တာတော့ ဟုတ်ပါဘူး...တခါတလေ အပျင်းပြေလေး ရည်ရွယ်တာပါရှင်....
မေးခွန်းလေးတွေကိုလာဖြေပေးတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးတင်ပါတယ်..
(မဖြေလို့ လဲ မရဘူး ...စီဗုံးမှာ လိုက်အော်နေတာကိုးးးးးးးးးးအဲဒိအတွက်လဲ စိတ်မရှိကြပါနဲ့ )
(ခင်မင်ရတဲ့ သူငယ်ချင်းလေးတွေကို စနောက်ချင်တဲ့ သဘောနဲ့ ပါ)
အဖြေလေးတွေကတော့....
Dec 26, 2009
ဥာဏ်စမ်းလေးတွေ ဖြေပေးကြပါ
အပျော်ပေါ့နော်။ ဘယ်သူမဆို ဖြေလို့ ရပါတယ်။
ခေါင်းစားတာတော့ ဟုတ်ပါဘူး။
ကဲ..စပြီနော်။
Dec 22, 2009
လက်တွဲဖေါ်
သူမသောင်ပြင်တွင်ရပ်နေခဲ့ တာအချိန်အတော်ကြာခဲ့ ပြီ။
လေပြေတို့ ကသူမဆံနွဟ်များကိုတိုးဝှေ့ ကျီစယ်လျှက်။
ကမ်းစပ်သို့ ပြေးတကလာသော လှိုင်းများကိုကြည့်ကာ သူမနူတ်မှခပ်တိုးတိုးရေရွတ်လိုက်၏။
ခွင့်လွတ်ပါမောင်..ကျမမောင့်ကိုထားခဲ့ရပြီ...။
Dec 16, 2009
ဖတ်မိတဲ့ ဟာသတွေ
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။
တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "
Dec 14, 2009
Sweet December ..................
အပျင်းပြေ လက်ဆော့ထားတဲ့ ဓာတ်ပုံလေးတွေ.........
Dec 11, 2009
ငမောင်သိစေချင်
မနေ့ က အိမ်အပြင်မှာနှင်းတွေ ပိန်းပိတ်အောင်ကျနေတယ်..။
အလုပ်ကပြန်လာမဲ့ သူ့ ကိုစောင့်နေရင်းကျမအိပ်ရာ မ၀င်နိုင်သေးပါဘူး..
သားငယ်ကတော့ အိပ်ရာထက်မှာနှစ်ခြိုက်စွာ အိပ်မောကျနေလေရဲ့ ..။
ကျမလဲပျင်းပျင်းရှိတာနဲ့  အွန်လိုင်းတက်ခဲ့တယ်...ဘလော့လေးကိုဖွင့်..ဟိုကြည့်ဒီကြည့်ပေါ့..။
ဒီလိုနဲ့ ကျမပဲကံဆိုးချင်တာလားတော့မသိပါ.
Dec 10, 2009
ကြွေခဲ့တဲ့ ခရေ
(ခရေပန်းပုံအား မနိုင်းနိုင်းစနေ ဘလော့ဂ်မှ ကူးယူပါသည်)
အခန်း(၁)
သူစောင့်နေတာကြာခဲ့ပြီ..။ ကွန်ပြူတာရှေ့တွင် ကျောက်ရုပ်ဖြစ်တော့မည်။
ပုံမှန် ညနေ၆နာ၇ီဆို သူမလိုင်းပေါ်တက်လာနေကျ။ ခု ည ၇နာရီခွဲနေပြီ။
ဘာကြောင့်များ နောက်ကျနေတာပါလိမ့်။သူ့ ရင်ထဲ ပူပန်တတ်လာ၏ ။
Dec 8, 2009
ဆန္ဒ
မဖြစ်သင့်တာထက်
ဖြစ်သင့်တာကို
ဦးစားပေးလိုက်ရတဲ့အခါ
Dec 7, 2009
အပြန်အလှန်
သူကကျတော့်ကို
လာလာပြီး လုံးကြီးတင်တယ်
ဘယ်ရမလဲ
ကျတော်ကလဲ
ပြန်ပြန်ပြီး ဆန်ခတ်ပစ်လိုက်တယ်
Dec 4, 2009
လူနှင့်ပေါင်းသင်းဆက်ဆံရေး
ဘဝအတွက်ကြီးပွါးတိုးတက်ရေးတွင် ပေါင်းသင်းဆက်ဆံရေးသည်လည်းမပါမဖြစ်ပါသည်။
မိတ်ဆွေကောင်းရဖို့ အပေါင်းသင်းဝင်ဆံရန်လိုအပ်သည်။ထိုသို့ပေါင်းသင်းဝင်ဆံနိုင်ဖို့
ကိုယ်ကသူတစ်ပါးစိတ်ကိုနားလည်တတ်ဖို့လိုသည်။သူတစ်ပါးစိတ်ကိုနားလည်မှသာလျှင်
လူတစ်ကာနှင့်အဆင်ပြေချောမွေ့စွာဆက်ဆံနိုင်ပြီး အပေါင်းသင်းများများရရှိနိုင်မည်။
Oct 27, 2009
သူငယ်ချင်းတို့ ရေ...........
ဒီလထဲမှာ အသစ်မတင်ဖြစ်တဲ့အတွက် လာလည်တဲ့သူငယ်ချင်းတွေကို အားနာပါတယ်.....
တကယ်ကိုမအားတာပါ.......ခုတလောတော့ ရေးနိုင်သေးမှာ မဟုတ်ပါဘူး...
အလုပ်တွေရှုပ်ပြီး ဘာမှမရေးနိင်တဲ့အပြင် မပြောမဆိုနဲ့  ဘလော့ကိုပါပိတ်ထားလိုက်
တဲ့အတွက် ..စိတ်မရှိကြပါနဲ့လို့ .........
ခင်မင်စွာဖြင့်...........
ယွန်း
Sep 24, 2009
မြန်မာနိုင်ငံမှာ ကျပ် ၅,၀၀၀ တန် ငွေစက္ကူသစ် ထုတ်မည် တဲ့
24 September 2009
မြန်မာနိုင်ငံမှာ အခုလာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၅,၀၀၀ ကျပ်တန် ငွေစက္ကူသစ်တွေ ထုတ်ဝေတော့မှာ ဖြစ်တယ်လို့ ဒီညသတင်းမှာ ကြေညာသွားပါတယ်။ အရင်ငွေစက္ကူတွေလို ခြင်္သေ့တံဆိပ် မဟုတ်တော့ဘဲ ဆင်ဖြူတော်တံဆိပ်ဖြစ်ပြီး လက်ရှိ လည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူတွေကိုလည်း ဆက်ပြီး တရားဝင်အဖြစ်နဲ့ တည်ရှိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Sep 21, 2009
ဘယ်သူ့ကို အရင်ဖိတ်မလဲ
တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသုံးဦး
ထိုင်နေသည်ကို တွေ့လိုက်မိသည်။ ထိုအဘိုးအိုများကို သူမသိပေ။
"အဘိုးတို့ကို ကျွန်မ မသိဘူး။ဒါပေမဲ့ အဘိုးတို့ ဆာနေလောက်မယ်ထင်တယ်။
အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား" ဟု သူမ လောကွတ်ပြုသည်။
Sep 16, 2009
ကြိုက်နှစ်သက်တဲ့ ဘလော့ဂ် ၅ခုတဲ့....
ဝက်ဝံလေးရဲ့ နောက်ထပ်တဂ်တစ်ခု အကြွေးဆပ်လိုက်တယ်နော်..
ကြိုက်နှစ်သက်တဲ့ ဘလော့ဂ် ၅ခုတဲ့....
ကြိုက်တာကတော့ အများကြီးပဲ...ရောက်တဲ့ဘလော့တွေကလည်း အများကြီးး...
ရေးရရင်တော့ကုန်မှာ မဟုတ်ဘူးရယ်.........
Sep 9, 2009
အင်တာနက်မှ တဆင့် အမျိုးသမီး များအား ခြိမ်းခြောက်
အင်တာနက်မှ တဆင့် အမျိုးသမီး များအား ခြိမ်းခြောက်
အင်တာနက် သုံးစွဲသောအမျိုး သမီး များအား အဓိက ပစ်မှတ်ထား ပြီး အင်တာနက်မှ
တစ်ဆင့် ခြိမ်း ခြောက် ငွေတောင်း မှုများဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။
Sep 7, 2009
ကျမကို အမြင်ကတ်ရသော အကြောင်းအရင်းများ
ဝက်ဝံလေး တဂ်ထားတာပါ.........ရက်စက်ပါပေ့ဝက်ရယ်.........
ဝက်လို လူချစ်လူခင်ပေါတဲ့ သူတောင်အမြင်ကတ်တဲ့သူရှိရင်....ယွန်းတို့လိုဆို ဘယ်လိုလုပ်ပါ့မလဲနော်......
ယွန်းကို ဘယ်လိုအမြင်ကတ်သလဲဆိုတာတော့ ဘယ်သိပါ့မလဲဝက်ရယ်.........(ပေါ်တင်မှမပြောတာ..အဟီး)
ဒါပေမဲ့ ၀က်..စိတ်ကျေနပ်အောင်...ရေးပေးလိုက်မယ်.......ကိုယ်ရဲ့ မကောင်းတဲ့ ဥာဉ်လေးတွေ အကြောင်းး
အဲဒါကြောင့်လည်း အမြင်ကတ်တဲ့သူတွေတော့ရှိမှာပေါ့ နော..............စိတ်ထင်တာပြောတာပါ..
ဘာလဲဆိုတော့................ သိဘူးးးးရယ်................
Sep 6, 2009
ဘလော့ဂါ သူငယ်ချင်းများအတွက်
တခါတလေပေါ့......................
ဘာရယ်တော့ဟုတ်ဘူးး ဒီနေ့အိမ်မှာ မုန့်ဟင်းခါး ချက်စားလို့ သတိတရနဲ့ လာလည်တဲ့ သူငယ်ချင်းများအတွက်ပါ........
ဒီမှာနော်..စားသွားကြပါဦးလို့ ...မုန့်ဟင်းခါးလက်ရာပိုင်ရှင်ကတော့ ယွန်းရဲ့ ချစ်ချစ်ကြီးပေါ့....
တခါတလေ ယောက်ျားလေး တွေချက်တာ အိမ်ရှင်မတွေထက် ပိုကောင်းတယ်ဆိုလားပဲ
(အဟဲ............အဲလိုပဲ မြှောက်ပေးပြီး ချက်ခိုင်းနေတာကြာပေါ့..............)
ငါးခူနဲ့မချက်ပဲ ဆယ်မွန်ငါးနဲ့ ချက်ထားတာပါ......
ဒါပေမဲ့ ငါးခူအရသာထွက်ပါတယ်....သူငယ်ချင်းများ အ၀ စားသွားနော်..................
(ခုနေတော့ အ၀ မှာစားပေါ့ .............နောက်မှအထဲမှာဝင်စားပေါ့...အဟဲ)
ဒါကတော့ ကိုယ်တိုင်ခူးခပ်စားချင်တဲ့ သူငယ်ချင်းတွေအတွက်.................
မုန့်ဟင်းခါးနဲ့ ..... ငါးဖယ်ကြော်လေးပါ....
ဒါကတော့ မုန့်ဟင်းခါးမစားချင်တဲ့ သူငယ်ချင်းတွေအတွက် ...............
ကြက်အရေပြားကြော်....အမဲအူနဲ့ ကြက်သားအစပ်ကြော်လေး........အချဉ်ရည်နဲ့ တို့စားဖို့ပါ....
သုံးဆောင်သွားကြပါဦးးးး
ဒါကတော့ အချိုပွဲလေး....နော်.....................................................................................
ဒါတွေအားလုံးရဲ့  စပွန်စာကတော့ ယွန်းရဲ့ ချစ်ချစ်ကြီးပါ...
ကြုံတုန်းလေးကြွားတယ်လို့တော့မထင်ပါနဲ့ နော်....မှတ်မိသွားအောင်ကြေငြာဝင်လိုက်တာပါ ဟဲဟဲ)
Sep 4, 2009
စွဲလန်းခြင်း သံသရာ
ဒီအဖြစ်အပျက်လေးက တကယ်ဖြစ်ခဲ့တာလေးပါ...ဖြစ်ခဲ့တာလည်း မကြာသေးပါဘူး...
လွန်ခဲ့တဲ့ တစ်လလောက်က နံနက်စောစောပိုင်းလောက် ယွန်းမေမေဆီကဖုန်းဝင်လာတယ်...
မှတ်မိသေးတယ်... အဲနေ့ ကအင်္ဂါနေ့....
Aug 31, 2009
ကွဲ...ကြေ.............
အေးစက်နေတဲ့ညမှာ
အိုမင်းနေတဲ့..................
မီးလင်းဖိုလေးလဲ
ဒီ ရင်ကို မနွေးနိုင်ဘူး........
Aug 28, 2009
“မျက်ရည်မကျခင် သိစေချင်”
လွန်ခဲ့သော (၁၅) နှစ်ခန့် ၁၃၄၃ ခုနှစ် ပြာသိုလ၏ တစ်ခုသောည၊ တစ်ည၊ အချိန်အားဖြင့် ည (၁၁) နာရီ ကျော်နေပြီမို့ မြင်းခြံခရိုင် တောင်သာမြို့၏ ကျက်သရေဆောင် သာသနာ့ မူလိကာရာမ ကျောင်းသစ်ကျောင်း စာသင်တိုက်ကြီး အတွင်းမှ စာချ စာသင် သံဃာတော် အရှင်မြတ် (၇၀) ကျော်တို့ မိမိတို့အိပ်ရာ အသီးသီးတွင် ကျိန်းစက်တော်မူ နေကြပြီ ဖြစ်သည်။
Aug 26, 2009
ပုန်းခိုနေတဲ့ အကြောက်တရားများ
အဲဒိညပေါ့...။
မျက်နှာကြက်ကမီးရောင် ထိန်ထိန်သာနေတယ်။ပတ်ဝန်းကျင်လဲ တိတ်ဆိတ်လို့..။
ကိုယ့်အသက်ရူသံတောင် ကိုယ်ပြန်ကြားနေရသလိုမျိုးးးး။
ကျမပက်လက်အိပ်ရင်း မျက်နှာကျက်ကို အကြောင်းမဲ့ ကြည့်နေမိတယ်။
Aug 25, 2009
စကားကြီး (၁၀) ခွန်း
စကားကြီးဆယ်ခွန်း
စကားကြီး ၁၀-ခွန်း။ ။ စကားပြောထုံးနည်း ဥပဒေကြီးဆယ်မျိုးဟူလို။
Aug 23, 2009
အမှန်တရားတို့  မှောက်ကျသွားခဲ့ပြီးနောက်
ဒီလမ်း ဒီစခန်းမှာ
ဘယ်သူက သူရဲကောင်းလည်း
ဘယ်သူက ဗီလိန်လဲ
ဘယ်သူက ဘယ်သူ့ ကို
ဘယ်သူက ဘယ်သူ့ ကို
စွဲချက်တင်ရမှာတဲ့လဲ
ရိုက်ချက်ကပြင်းတယ် ။
ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့
ဟောဒီ မြေဟာ
တို့ ပိုင်တဲ့မြေ
အဲဒီမြေမှာ
လူသားခြင်းစာနာမှု ဆိုတဲ့ စကား
လိမ်လည်လှည့်ဖျားတတ်သူတို့ ရဲ့ နှုတ်ဖျား
ဝေါဟာရအသစ်များလား
ငါတို့ မှာ နာကျည်းကြေကွဲရပေါ့ ။
တကယ်တော့
သူတို့  သူမ ကို
အသေသတ်ခဲ့ကြတယ်
သူမကို တခါသတ်တိုင်း
သူတို့  နိုင်ငံတကာအလယ်မှာ အကြိမ်ကြိမ်အခါခါ သေရတယ် ။
တရားမျှတမှုတို့  ပျက်သုဉ်းလာတဲ့အခါ
ကမ္ဘာမြေဟာ နာကျင် ဆွံ့ အ
ဘုရားသခင်အလိုတော်ရတော့မဟုတ်ဘူး ။
မျှော်လင့်ထားတဲ့အတိုင်း
ဇာတ်သိမ်းက ဇာတ်နာလွန်းလှတယ်
အားကြီးသူတို့ ရဲ့ ကိုယ်ကျိုးကြည့်မှုမှာ
တရားစီရင်ရေးကို စောင့်ရှောက်တဲ့
နတ်သမီးခမျာ
အကြိမ်ကြိမ်အခါခါ ရေတိမ်နစ်ရရှာတယ်၊
ဆန္ဒပြ၊ အစည်းအဝေး၊ ဆင်ဖိုစီယမ်၊ ကွန်းဖရမ့်
လုပ်ထုံးလုပ်နည်းတွေကြားမှာ
အငြင်းပွားစရာတွေ များများလာတယ်၊
တိုင်းပြည်ကတော့ ရင်ဘတ်စည်တီး
ခေတ်ကြီးကတော့
အမှန်တရားတို့ မှောက်ကျသွားတဲ့အခါ
ဝေသာလီပြည် ဘီလူးစီးသလိုပ ။ ။
ရဲရင့်သက်ဇွဲ
..................................................
'ဒီကဗျာလေးက မိုးမခမှာ ဖေါ်ပြထားတဲ့ ကဗျာလေးပါ
ယွန်း သိပ်ကြိုက်တဲ့ ကဗျာလေးပေါ့ ...
ခုတလော ခရီးထွက်နေလို့ ပိုစ့်အသစ် မတင်ဖြစ်သေးတာနဲ့ ဒါလေးတင်လိုက်တာပါ။
(ဘာရယ်တော့ ဟုတ်ဘူးးးးးး ဆားချက်လိုက်တာ....အဟဲ....
ဆားသိပ်ငန်သွားရင် ဆောရီးးးးးးးးးးးးးးး :D )
Aug 16, 2009
ရေစုန်ထဲကဘ၀များ
အနောက်ဘက်ဆီမှ နေ၀န်းကြီးမှာ ၀င်လုဆဲဆဲရှိနေချေပြီ။
ငှက်တအုပ်ကလဲ အိမ်တန်းတက်ရန် ပျံသန်းသွားကြ၏ ။ စက်ချုပ်ရုံဝန်းဆီမှ ဘဲလ်တီးသံ သဲ့သဲ့ကြားရချိန်တွင်
အလုပ်သမားများက စက်ရုံအတွင်းမှ ပြိုဆင်းလာသကဲ့သို့ သူ့ထက်ငါအရင် ပြင်ပ၀န်းကျင်သို့ ထွက်လာကြသည်။
ပြင်ပမှ လေနုအေးတချက် ဖြတ်တိုက်လာသည်တွင် တနေကုန်ပင်ပမ်းလာသမျှ အမောပြေသွားသလို ခံစားလာရသည်။ မသီတာတစ်ယောက် အသက်ကိုဝအောင်ရူရင်း စိတ်ကိုဖြေလျော့လိုက်သည်။
Aug 15, 2009
မယားလေးယောက်
ဒီဇာတ်လမ်းလေးက တကယ့်အဖြစ်အပျက်ပါတဲ့။ ဘယ်ဆီဘယ်တုံးကမှန်းမသိရတဲ့
ကာလတစ်ခုကပဲလို့ ထားပါတော့။ မယားလေးယောက်ရှိတဲ့
ကုန်သည်တစ်ယောက်အကြောင်းပါ။ ဒီဇာတ်လမ်းလေးကို သူသေခါနီးဆဲဆဲမှာ
ရေးခဲ့တာပေါ့။ မယားလေးယောက်နဲ့လူရဲ့ ဖွင့်ဟ၀န်ခံချက်လို့လဲ
ဆိုချင်ဆိုနိုင်ပါတယ်။
Aug 13, 2009
သက်ရင့်..အလွမ်း....
အပူရောင် ခြောက်သွေ့ မှူတွေ
လေမတိုက်ပဲ ကြွေနေတယ်................................
ပွယောင်းယောင်းမြေပေါ်
Jul 29, 2009
ကျောင်းသားဘ၀အမှတ်တရများ
ကျိရှောင်သူ ဟုသူ့ ကိုကျမတို့ ကချစ်စနိုးစနောက်လေ့ရှိသည်။
သူ့ နာမည်ကကြည်ကြည်ဝေဖြစ်သည်။
သို့ ပေမဲ့ နာမည်နှင့်လိုက်အောင် ဘိုင်းခေါင်းကျောက်ဖိ သေ၀ပ်သော
မိန်းကလေး မဟုတ်ပါ။
Jul 28, 2009
စောင့်နေသူ
ရာသီရဲ့ အစမှာ
လေမတိုက်ပဲ သစ်ရွက်ကြွေတယ်...
အထီးကျန်ခုံတန်းတစ်ခုလို
Jul 27, 2009
လူသားစား အားရှိလျှင်
ခါတိုင်းလို ကွန်ပြူတာရှေ့မှာထိုင်ရင်း စိတ်ကလဲဟိုတွေးဒီတွေးပေါ့...
ဘာရယ်မဟုတ်ဘူး ပျင်းနေတာနဲ့...ဟိုဆိုဒ်ဝင်..ဒီဆိုဒ်ဝင်...လမ်းသလားနေတုန်း...
အကောင့်လုပ်ထားတဲ့ ဆိုဒ်တစ်ခုထဲရောက်သွားတယ်....
Jul 26, 2009
အမေ
"အမေ"တဲ့..
ဒီစကားလေးရေရွတ်မိရင် ကျမရင်ထဲ ဘာမှန်းမသိတဲ့ အင်အားတွေ စီးဆင်းလာသလိုမျိုး.......
လောကမှာ လူသားတိုင်းအတွက် ဘုရားကဖန်ဆင်းပေးထားတဲ့ အားကိုးအားထားပြုစရာ
ရင်ခွင်တစ်ခု..........သိပ်အေးမြတဲ့အရိပ်တစ်ခုဆိုလဲ ဟုတ်ပါတယ်...
Jul 19, 2009
အက်စစ်ဝိုင် ၂
အခန်း(၄)
.......................
မောင် သိရဲ့လား
သူဟာမောင့်အတွက် အရေးမကြီးပေမဲ့်
ကျမအတွက်တော့
ဘ၀တစ်ခုလုံး ဖြစ်ခဲ့တယ် ဆိုတာ
..................................
အက်စစ်ဝိုင်
အခန်း(၁)
..................
ဘယ်သူသိနိုင်မှာလဲ
နာကျင်နေတဲ့ နှလုံးသားက
ရှင်သန်ခြင်းတွေကို
မျှော်လင့်ချက်ကြိုးမျှင်မျှင်လေးနဲ့
သယ်ပိုးထားရတယ်ဆိုတာ..
.....................
Jul 18, 2009
ဇူလိုင်(၁၉) အာဇာနည်နေ့
နှစ်စဉ် အာဇာနည်နေ့ကို ရောက်လာပြန်ပါပြီ...
ဒီနေ့ တနေ့တာဟာ ခြောက်သွေတိတ်ဆိတ်လို့ နေတယ်..
ကျမရင်ထဲ မြန်မာပြည်ကို သတိရလာမိတယ်...ဒီအချိန်ဆိုရင်...မိုးတွေများရွာနေမလားးရယ်လို့..
အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားရိုသေစွာဖြင့် စိတ်ထဲက
၁မိနစ်လောက် ငြိမ်သက် အလေးပြုလိုက်မိတယ်..
Jul 15, 2009
အဖြူရောင် ကိုက်ခဲမှူ
ဘ၀က ရိုးရှင်းချင်ပေမဲ့
စိတ်တွေက မရိုးရှင်းဘူး
ကျမလေးစားရသော သတင်းထောက်တစ်ဦး
လေးစားသမှူနှင့် သူ့ကိုကျမ ဆရာဟုခေါ်ပါရစေ...
လေးစားထိုက်သော သူ၏စိတ်ဓာတ် ..သူ၏ပညာ..သူ၏အတွေးအခေါ်အယူအဆများ
ကျမတို့အတွက် တစ်နာရီလောက်သူနှင့်စကားပြောကြည့်လျှင် (ယူတတ်လျှင်ရမည့်)
သူဆီက အဖိုးတန်အသိပညာများ....
Jul 10, 2009
ပြောချင်ရာ
ယွန်းဆိုတာ ဘလော့ဂ်လောကကို ဘာမသိညာမသိနဲ့ ၀င်လာတဲ့သူပါ။ စာရေးချင်စိတ်လေးကို
အရင်းပြုပြီးးဒီဘလော့လေးကို တည်ဆောက်ခဲ့ပါတယ်...ဘလော့ဂ်ဂါအသိမိတ်ဆွေရယ်လို့
တစ်ယောက်မှမရှိပဲ စာရေးချင်စိတ်လေးနဲ့ စတင်တည်ဆောက်ခဲ့ပါတယ်...
Jul 9, 2009
မလိမ်ပေါင်
အချိန်ကတော့ စစ်ပြီးခေတ်..
အဘစံတစ်ယောက် လှည်းကိုခပ်သွက်သွက်မောင်းလာသည်။
အခြားမြို့မှ ကုန်ကူးပြီးပြန်လာခြင်းဖြစ်၏
Jul 8, 2009
ဖြစ်ရလေ
ငယ်ငယ်လေးကတည်းက ညီအမလိုပေါင်းဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
သူက နဲနဲရယ်ရပါတယ်..အဲ..ရယ်ရတယ်ဆိုတာအခြားနောက်ပြောက်တတ်တာမျိုး
မဟုတ်ပဲ သူ့ ပင်ကိုယ်စတိုင်က အူတူတူနိုင်တတ်သူပါ...သေသေချာချာပေါင်းကြည့်
ရင်စိတ်သဘောထားကောင်းပြီး ဖြူစင်ပါတယ်...
Jul 5, 2009
စိတ်ဝင်စားရင် အမြန်ဆက်သွယ်နိုင်သည်
အားလပ်ရက်လေးအိမ်မှာနေရတာ ခပ်ပျင်းပျင်းရှိတာနဲ့ အင်တာနက်လေးဖွင့်ပြီးရုပ်ရှင်ကြည့်ဖို့ ကြံလိုက်တယ်....ဘာရယ်တော့ ဟုတ်ပါဘူးးးး.............
Jul 1, 2009
သူငယ်ချင်းဆိုတာ
သူငယ်ချင်းတဲ့
အဆင်တန်ဆာကင်းကင်းနဲ့
ရိုးရှင်းတဲ့ နာမ်စားတစ်ခု...
Jun 27, 2009
လိုချင်တယ် အမှန်တရားးးး
(အမေစု ပုံအား မိုးမခ မှကူးယူပါသည်)
Jun 24, 2009
မြန်မာမိသားစုများနှင့် ရိုက်နှက်ခြင်းဓလေ့
"ဒီအရွယ်ကတည်းက ရိုက်ထားမှတော်ကာကျတာ"
"တုတ်ကိုကြောက်အောင်လုပ်ထားမှ.. "
စသဖြင့် ကျမတို့ပတ်ဝန်းကျင်မှာ နေ့စဉ်ကြားနေရသော စကားလုံးများ...
Jun 19, 2009
နှင်းဆီပွင့်များရဲ့ သင်္ကေတ
နှင်းဆီ ၁ပွင့်..... ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ပွင့်..... ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ ၃ပွင့်..... မင်းကိုငါချစ်တယ်
Jun 18, 2009
မွေးနေ့ ၆၄
အမေ့မွေးနေ့ ကိုရောက်ခဲ့ပြန်ပါပြီ...
(၆၄)နှစ်မြောက်မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင်
အမေ ပျော်ရွှင် ကျန်းမာပါစေ ..
အမေအမြန်ဆုံးလွတ်မြောက်ပါစေ .......လို့ ဆုတောင်းလိုက်ပါတယ်...။ ။
Jun 17, 2009
အနာဂတ်မှာဘာလဲ
နေခြစ်ခြစ်တောက်ပူနေသည်။လူများက ပူလွန်းသဖြင့် ထီး၊ဦထုပ်၊နေကာမျက်မှန် စသဖြင့်နေရောင်မှအကာအကွယ်ရရန် ၀တ်ဆင်ထားကြသည်။
အားလပ်ရက်ဖြစ်သောကြောင့် လူအများဟိုဟိုဒီဒီသွားလာနေကြ၏။
ကမ်းနဘေးတွင်ငါးမျှားသည့်လူများ ၊ အပမ်းဖြေလာကြသည့်လူများနှင့် စည်ကားနေ၏။
Jun 13, 2009
အပျိုကြီးဆိုတာ
မိန်းကလေးများကို အသက်နဲ့လိုက်ပြီး သတ်မှတ်ကြပုံကတော့…
- အသက်(၁၃)နှစ် အရွယ်မှ အသက်(၁၈)နှစ် အရွယ်ထိကို… အပျိုဖြန်း…
- အသက်(၁၈)နှစ်မှ အသက်(၂၅)နှစ်ထိကို… အပျိုစင်…
- အဲ… အသက်(၂၅)နှစ်ကျော်ရင်တော့… အပျိုကြီးလို့ သတ်မှတ်လိုက်ကြပါပြီ…
ပြီးတော့ ရှိပါသေးတယ်…
Jun 12, 2009
Blogger ပြဇာတ်
ရန်ကုန်မြို့ မြောက်ပိုင်းခရိုင်မှ Blogger ယောက်ျား ထွက်ဆိုခန်း
စကား။ ။အော်…လူ့ဘုံခန်းဝါ၊ရန်ကုန်ရွာမှာ၊ connection ခဲခက်၊ gtalk နှင့် chatting ၊
connection ကဆိုးလွန်းလို့၊အသက်ရှိစဉ်၊ မသေခင်ကို၊ gtalk sign in ၊ gmail settingနှင့်…
Jun 11, 2009
တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း
မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို
ဆက်ဖတ်ပါ...
Jun 5, 2009
ဘ၀မှာအဖြစ်ချင်ဆုံးဆန္ဒကဘာလဲ
လူတိုင်းမှာ အဖြစ်ချင်ဆုံးဆန္ဒတွေရှိကြမယ် ထင်ပါတယ်။ဖြစ်နိုင်တာ မဖြစ်နိုင်တာနောက်ထား ဘာဖြစ်ဖြစ်
မျှော်လင့်ချက်လေးတော့ရှိသင့်တယ် မဟုတ်လား..ဘယ်သူတွေ လာပဲပြောပြော ဘယ်သူတွေကပဲလှောင်ရယ်ပါစေ
မျှော်လင့်ချက်ဆိုတာ လူတိုင်းကိုယ်စီကိုယ်ငှ ရရှိတဲ့ရူးသွပ်မူလေးဆိုလဲမမှားပါဘူးထင်ပါရဲ့ ။
Jun 2, 2009
အကျဉ်းထောင်က အလင်းရောင်
ထောင်စခန်းဆိုတာ
အမှောင်လမ်းပါပဲ
ဒါပေမဲ့ - အောင်ပန်းဆွတ်တဲ့ အာဇာနည်တို့ရဲ့
တာရှည် စံမြန်းရာ။
About me
Blogger templates